Thingangyun Post Thingangyun Post is a Yangon-based news media organization focusing on local news in Yangon.

Founded in 2018, it was established by three young journalists from Yangon’s East District, where Thingangyun Township is located.

တွံ့တေးမြို့အနီးကို ဗဟိုပြု ငလျင်လှုပ်ခတ်ရန်ကုန်၊ ၂၀၂၆၊ ဇွန်၊ ၁၁ရက်သင်္ကန်းကျွန်းပို့စ်ယနေ့ ဇွန်လ ၁၁ ရက် နေ့လည် ၁၂ နာရီ ...
11/06/2026

တွံ့တေးမြို့အနီးကို ဗဟိုပြု ငလျင်လှုပ်ခတ်
ရန်ကုန်၊ ၂၀၂၆၊ ဇွန်၊ ၁၁ရက်
သင်္ကန်းကျွန်းပို့စ်
ယနေ့ ဇွန်လ ၁၁ ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်မှာ အင်အား ၄.၀ရစ်ချ်တာစကေးရှိတဲ့ ငလျင်တခု တွံတေးမြို့နယ်နယ်နိမိတ်အတွင်း ဗဟိုပြုလှုပ်ခတ်သွားတယ်လို့ MM Earthquake Alert ကနေ သိရပါတယ်။

ထုတ်ပြန်ချက်ပါ တည်နေရာအရ တွံ့တေးမြို့နယ်၊ ဆိပ်ကြီးကျေးရွာအနီးကို (၁၀)ကီလိုမီတာ အနက်ကို ဗဟိုပြုလှုပ်ခတ်သွားတာဖြစ်ပြီး၊ စက္ကန့်ပိုင်းသာ ကြာမြင့်တယ်လို့ သိရပါတယ်။

ဒီငလျင်ကို ရန်ကုန်မြို့ရှိ တာမွေ၊ မင်္ဂလာတောင်ညွန့်အပါအဝင် မြို့နယ်အချို့ကပါ ခံစားသိရှိကြရကြောင်း အွန်လိုင်းတွင်ရေးသားဖော်ပြချက်တွေအရ သိရှိရပါတယ်။

မေလအတွင်း ရန်ကုန်တိုင်း၊မြို့နယ်(၁၉)ခုမှ ပြည်သူ(၆၁)ဦး စစ်ကောင်စီရဲ့ဖမ်းဆီးခံခဲ့ရဇွန်၊ ၃ရက်၊ ၂၀၂၆၊ ရန်ကုန်၂၀၂၆ ခုနှစ်၊ မေ...
03/06/2026

မေလအတွင်း ရန်ကုန်တိုင်း၊မြို့နယ်(၁၉)ခုမှ ပြည်သူ(၆၁)ဦး စစ်ကောင်စီရဲ့ဖမ်းဆီးခံခဲ့ရ

ဇွန်၊ ၃ရက်၊ ၂၀၂၆၊ ရန်ကုန်

၂၀၂၆ ခုနှစ်၊ မေလအတွင်းမှာ ရန်ကုန်တိုင်းနယ်နိမိတ်ထဲက မြို့နယ်(၁၉)ခုမှ၊ ပြည်သူ (၆၁)ဦးမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံခဲ့ရကြောင်း Rangoon Scout Network မှ သိရပါတယ်။

အဖမ်းဆီးခံခဲ့ရတဲ့ မြို့နယ်တွေကတော့ မြောက်ဒဂုံ၊ လှိုင်၊ မြောက်ဥက္ကလာ၊ သာကေတ၊ ဗဟန်း၊ အင်းစိန်၊ တာမွေ၊ တောင်ဒဂုံ၊ ပန်းဘဲတန်း၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ လှည်းကူး၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာ၊ ဒလ၊ လှိုင်သာယာနှင့် သင်္ဃန်းကျွန်းမြိုနယ်တို့ဖြစ်ပါတယ်။ မြောက်ဒဂုံနဲ့ လှိုင်မြို့နယ်တွေမှာ အဖမ်းခံရတဲ့ အရေအတွက် အများဆုံးဖြစ်ပြီး (၈)ယောက်စီ အဖမ်းခံခဲ့ရပါတယ်။ အဖမ်းခံရတဲ့ (၆၁)ယောက်ထဲမှာ အယောက်(၂၀)ဟာ ပြန်လွတ်လာခဲ့ပြီး၊ (၁၁)ယောက်ကိုတော့ စစ်မှုထမ်းသင်တန်းကျောင်းတွေနဲ့ အကျဉ်းထောင်တွေကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ကျန်တဲ့ အယောက်(၃၀)ရဲ့ နောက်ဆက်တွဲအခြေအနေကို မသိရသေးပါ။

စစ်မှုထမ်းဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူ အယောက်(၂၀)ရှိတယ်လို့ သိရပေမယ့်၊ စစ်သင်တန်းကျောင်းကို ရောက်သွားတယ်လို့ အတည်ပြုလို့ရတဲ့ ရတဲ့အရေအတွက်က (၈)ယောက်သာရှိပြီးတော့ ကျန်တဲ့(၁၂)ယောက်ရဲ့ အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိပါ။ စစ်ကောင်စီတပ်အနေနဲ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅)ကို ပြီးခဲ့တဲ့ မေလ(၂၅)ရက်နေ့က တိုင်းစစ်ဌာနချုပ်တွေမှာ ဖွင့်လှစ်ခဲ့ကြောင်း မေလ(၂၆)ရက်နေ့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါရှိပါတယ်။

ဖမ်းဆီးခံရသူတွေဟာ သတင်းအတိအကျနဲ့ ဝင်ဖမ်းခံရသူတွေရှိသလို လမ်းပေါ်သွားနေတုန်းအဖမ်းခံရသူ၊ ထမင်းကြော်ဆိုင်ထဲမှာ အဖမ်းခံရသူ၊ ကားမှတ်တိုင်/ကုန်းတံတားအောက်မှာ ထိုင်နေစဉ်ဖမ်းခံသူ၊ လမ်းဘေးမှာ ထိုင်နေစဉ်အဖမ်းခံရသူ၊ ဆိုင်/ဂိုထောင်ရှေ့အိပ်နေစဉ်အဖမ်းခံသူတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ရှောင်တခင်ဖမ်းဆီးစစ်ဆေးမှုတွေလည်း နေရာစုံမှာ ရှိနေပြီး၊ ဧည့်စာရင်းစစ်စဉ်မှာ ရက်ကျော်နေလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အဖမ်းခံရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ အဖမ်းခံရသူတွေထဲက တချို့မှာ ငွေပေးပြီး ပြန်လွတ်လာသူတွေလည်း ရှိနေပါတယ်။

ယခု(၆၁)ယောက်ကတော့ Rangoon Scout Network မှ သတင်းအချက်အလက်ရရှိပြီး အတည်ပြုနိုင်သူတွေသာဖြစ်ပြီး၊ လက်တွေ့မှာ ပိုများနိုင်တယ်လို့ သိရပါတယ်။

သတင်း - ထက်ထက်
ဓါတ်ပုံ - Rangoon Scout Network

နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး စုပေါင်းလက်မှတ်ရေးထိုးပွဲပြုလုပ်ဇွန်၊ ၁ရက်၊ ၂၀၂၆၊ မဲဆောက်နိုင်ငံတော်အတိုင်ပင်ခံ ...
01/06/2026

နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး စုပေါင်းလက်မှတ်ရေးထိုးပွဲပြုလုပ်
ဇွန်၊ ၁ရက်၊ ၂၀၂၆၊ မဲဆောက်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအတွက် စုပေါင်းလက်မှတ်ရေးထိုးပွဲတစ်ခုကို ထိုင်းနိုင်ငံမဲဆောက်မြို့တနေရာမှာ ဒီနေ့ (ဇွန်လ၊၁ရက်နေ့)မှာ ပြုလုပ်ခဲ့ပါတယ်။

လက်မှတ်တွေကို အွန်လိုင်းအက်ပလီကေးရှင်းကနေ ကောက်ခံမှုမျိုးမလုပ်ဘဲ လူကိုယ်တိုင်စာရွက်မှာ လက်မှတ်ရေးထိုးရတဲ့ဒီလှုပ်ရှားမှုက လက်မှတ်(၃)သိန်းအထိ ရည်မှန်းချက်ထားကောက်ခံနေပြီးတော့ ကုလသမဂ္ဂနဲ့ အာဆီယံကို ပေးပို့တောင်းဆိုသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာမြန်မာပြည်တွင်းနဲ့ ပြည်ပရောက်မြန်မာတွေပါဝင်လက်မှတ်ရေးထိုးနေကြတာဖြစ်ပါတယ်။
သတင်း - ထက်ထက်၊ ဓါတ်ပုံ - ဝေလင်း
သင်္ကန်းကျွန်းပို့စ်သတင်းဌာန၊ အထဲမှာ အစီအစဉ်
#အထဲမှာအစီအစဉ်

သင်္ကန်းကျွန်းပို့စ် မီဒီယာတည်ထောင်သူ ကိုဝေလင်းယု နဲ့ မထက်ထက်အောင်တို့ကို ရန်ကုန် အင်းစိန်ထောင် က စစ်အစိုးရ တရားရုံးက သေ...
17/12/2022

သင်္ကန်းကျွန်းပို့စ် မီဒီယာတည်ထောင်သူ ကိုဝေလင်းယု နဲ့ မထက်ထက်အောင်တို့ကို ရန်ကုန် အင်းစိန်ထောင် က စစ်အစိုးရ တရားရုံးက သောကြာနေ့တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တယ် လို့ သိရပါတယ်။

သင်္ဃန်းကျွန်းပို့စ်သတင်းဌာနမှ အယ်ဒီတာ မထက်ထက်နှင့် သတင်းထောက် ကိုဝေလင်းတို့ ဖမ်းဆီးခံထားရရန်ကုန်၊ အောက်တိုဘာ ၇ ရန်ကုန်အ...
10/10/2021

သင်္ဃန်းကျွန်းပို့စ်သတင်းဌာနမှ အယ်ဒီတာ မထက်ထက်နှင့် သတင်းထောက် ကိုဝေလင်းတို့ ဖမ်းဆီးခံထားရ

ရန်ကုန်၊ အောက်တိုဘာ ၇

ရန်ကုန်အခြေစိုက် သင်္ဃန်းကျွန်းပို့စ်သတင်းဌာနမှ အယ်ဒီတာ မထက်ထက်နှင့် သတင်းထောက် ကိုဝေလင်းတို့ ၂ ဦးတို့ကို အကြမ်းဖက် စစ်ကောင်စီတပ်များက စက်တင်ဘာလဆန်းပိုင်းတွင် ဖမ်းဆီးထားကြောင်း MPFI-Dက ယနေ့ သတင်းထုတ် ပြန် သည်။

ရန်ကုန်မြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်း ကိုဝေလင်းနှင့်မထက်ထက်တို့ကို အကြမ်းဖက် စစ်ကောင်စီတပ်များက ဖမ်းဆီးထားကြောင်း၊ သင်္ဃန်းကျွန်းပို့စ်သတင်းဌာန၏ အယ်ဒီတာ သတင်းသမား မထက်ထက်တွင် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း၊ MPFI-D အနေဖြင့် အယ်ဒီတာ မထက်ထက်နှင့်သတင်း ထောက် ကိုဝေလင်း အပါအဝင် ဖမ်းဆီးထားသော သတင်းသမားများ၊ ဂျာ နယ် လစ်များကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်နှင့် သတင်းလွတ် လပ် ခွင့် အပြည့်အ၀ အာမခံ ပေးရန်၊ သတင်းမီဒီယာများအားလုံးကို သတင်းလုပ် ငန်းများ လွတ် လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် စဉ်ဆက်မပြတ် တောင်းဆိုကြောင်း MPFI-D က ထုတ်ပြန်တောင်းဆိုထားသည်။

Credit-Khit Thit Media

အကြမ်းဖက် စစ်ကောင်စီကို တော်လှန်စစ် စတင်ကြောင်း ယာယီသမ္မတမှ ကြေငြာပြီးနောက် ရန်ကုန်မြို့တွင်း အခြေအနေများ (ဓာတ်ပုံသတင်း)...
07/09/2021

အကြမ်းဖက် စစ်ကောင်စီကို တော်လှန်စစ် စတင်ကြောင်း ယာယီသမ္မတမှ ကြေငြာပြီးနောက် ရန်ကုန်မြို့တွင်း အခြေအနေများ (ဓာတ်ပုံသတင်း)

သင်္ဃန်းကျွန်းပို့စ်၊ စက်တင်ဘာ၊ ၇ရက်၊ ၂၀၂၁

သင်္ဃန်းကျွန်း EPC ရုံးရှေ့မှာ ပေါက်ကွဲမှုဖြစ်၊ တစ်ဦးဒဏ်ရာရသင်္ဃန်းကျွန်းပို့စ်၊ စက်တင်ဘာ၇ရက်၊ ၂၀၂၁အကြမ်းဖက်စစ်ကောင်စီ ...
07/09/2021

သင်္ဃန်းကျွန်း EPC ရုံးရှေ့မှာ ပေါက်ကွဲမှုဖြစ်၊ တစ်ဦးဒဏ်ရာရ

သင်္ဃန်းကျွန်းပို့စ်၊ စက်တင်ဘာ၇ရက်၊ ၂၀၂၁

အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင်ရဲနဲ့ စစ်သားတွေ အစောင့်အကြပ်ရှိတဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ လျှပ်စစ်ရုံးရှေ့မှာ စက်တင်ဘာ ၇ရက်နေ့ ညနေ ၃နာရီ ဝန်းကျင်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

"​ကားပေါ်ကနေ လှမ်းပစ်လိုက်တာ၊ ရုံးရှေ့နားကို ပစ်လိုက်တာ။ စစ်သားတွေကိုတော့ မထိဘူး၊ ဘေးက ဖြတ်သွားတဲ့ ဆိုက်ကားဆရာ ခြေထောက်ကို နည်းနည်း ထိခိုက်သွားတယ်" လို့ ရုံးနားမှာ နေထိုင်သူ တစ်ယောက်က သင်္ဃန်းကျွန်းပို့စ်ကို ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ လျှပ်စစ်ရုံးမှာ ပေါက်ကွဲမှု ဖြစ်တာ အခုဆိုရင် ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမအကြိမ် ပေါက်ကွဲမှုမှာ ဇူလိုင်လ၊ ၇ရက်နေ့တုန်းက ဖြစ်ခဲ့ပါသေးတယ်။

ပထမအကြိမ်တုန်းကတော့ လူထိခိုက်မှု မရှိပေမယ့် အဲ့ဒိ ပေါက်ကွဲမှု နောက်ပိုင်း အကြမ်းဖက်အဖွဲ့ဝင်တွေက အမြဲတမ်း လုံခြုံရေး ယူထားတာကို တွေ့ရပါတယ်။

လျှပ်စစ်ရုံးရဲ့ အဓိကဝင်ပေါက်မှာ သဲအိတ်တွေကာပြီး အစောင့် ၂ယောက် အမြဲ ရှိတက်ပြီး ရုံးအတွင်းမှာလည်း လက်နက်ကိုင် အစောင့် အနည်းဆုံး ၃ယောက်နဲ့ အထက် လုံခြုံရေး ယူထားတာကို တွေ့ရပါတယ်။

YESC Thingangyun ဆိုတဲ့ သင်္ဃန်းကျွန်းလျှပ်စစ်ရုံးရဲ့ ဖေ့စ်ဘုတ် ပေ့ချ်မှာတော့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဖော်ပြထားချက် တစုံတရာ မတွေ့ရပါဘူး။

ဓာတ်ပုံ - သင်္ဃန်းကျွန်းပို့စ်
ပုံစာ - ၂၂၂၂၂ နေ့က မြင်ရတဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ လျှပ်စစ်ရုံး အပေါ်စီး မြင်ကွင်း

07/09/2021

NUG ယာယီသမ္မတကြီး ဒူဝါလရှီးလမှ D day ကြေငြာလိုက်ပြီ

သင်္ဃန်းကျွန်းပို့စ်၊ စက်တင်ဘာ၊ ၇ရက်၊ ၂၀၂၁

လက်တလောဖြစ်ပေါ်နေသည့် စစ်ရေး ပဋိပက္ခအခြေအနေများနှင့်ပတ်သက်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့ မနက်မှာ အရေးပေါ် မိန့်ခွန်း ပြောကြားပြီး တနိုင်ငံလုံး တော်လှန်စစ် စတင် ပြိ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ယာယီသမ္မတရဲ့ အချက် (၁၄) ချက်ပါတဲ့ မိန့်ခွန်းအပြည့်အစုံကို အောက်မှာ ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

ရက်စွဲ - ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇) ရက်
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုအပေါင်းတို့ ခင်ဗျား
လွန်ခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက် စစ်အုပ်စုသည် ပြည်သူလူထု တင်မြောက်ထားသည့် ဒီမိုကရေစီအစိုးရကို အာဏာသိမ်းပြီး အာဏာရှင် စစ်ကောင်စီကို ထူထောင်ခဲ့ပါသည်။
ထိုသို့ အကြမ်းဖက်စစ်အုပ်စုမှ အာဏာလုယူပြီးနောက်ပိုင်း ပြည်သူပြည်သားများအနေဖြင့် တစ်ရက်မှ ပျော်ရွင်မှုမရရှိခဲ့ပါ။ ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများကို ရက်စက်ယုတ်မာစွာ ပစ်ခတ်သတ်ဖြတ် ရိုက်နှက်ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပုဒ်မ- အမျိုးမျိုးတပ်၍ ထောင်တွင်းအကျဉ်းချထားခြင်း အဆက်မပြတ်လုပ်ဆောင် နေသည်မှာ ၈ လ သို့ပင် ရောက်ရှိနေပြီ ဖြစ်ပါသည်။
ယခုအခါ အကြမ်းဖက်စစ်ကောင်စီတပ်များသည် လူနေရပ်ကွက်များ၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများ၊ စာသင်ကျောင်း များစသည်တို့တွင် တပ်စွဲလျက် ပြည်သူလူထုအား အနီးကပ်ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ဥစ္စာပစ္စည်း များအား ဓါးပြတိုက် လုယက်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း စသည့် လူမဆန်သော စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန် လျက်ရှိသည်မှာ တစ်ကမ္ဘာလုံး အသိပင် ဖြစ်သည်။
ပြည်သူလူထုအနေဖြင့် ဓမ္မတရားနည်းလမ်းနှင့်အညီ သည်းခံခဲ့သော်လည်း အကျိုးထူးလာဖွယ်မရှိသည်အတွက် အကြမ်းဖက် စစ်ကောင်စီအား နည်းလမ်းစုံဖြင့် ခုခံဆန့်ကျင်လျက်ရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တာဝန်ရှိသည့်အလျောက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အကြောင်းပေါ်ပေါက်လာသည့် အတွက် အောက်ပါအတိုင်း ထုတ်ပြန် ကြေညာလိုက်သည်။
(၁) ဒီနေ့ စက်တင်ဘာလ (၇) ရက်၊ တော်သလင်း လဆန်း ( ၂ ) ရက်မှစ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူတို့၏ ခုခံတွန်းလှန်စစ်သည် စတင်နေပြီ ဖြစ်သည်။ ဤတော်လှန်ရေးသည် ပြည်သူလူထု၏ တော်လှန်ရေး ဖြစ်သည့်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူပြည်သားများအားလုံး မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှည်းနေလှေအောင်း မြင်းစောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါ။
(၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။
(၃) စစ်ကောင်စီခန့် အဆင့်ဆင့်သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။
(၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များကို တသဝေမသိမ်းလိုက်နာကြပါ။
(၅) ပြည်သူ့လုံခြုံရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။
(၆) ပြည်သူများအနေဖြင့် ယနေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှုကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊ ဆေးဝါး စသည်တို့ကို စုဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်ကြပါ။ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုသတင်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များသို့ အချိန်မီပေးပို့ကြ ပါ။
(၇) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံးကလည်း မင်းအောင်လှိုင် နှင့် အကြမ်းဖက် စစ်အုပ်စုကို နည်းမျိုးစုံဖြင့် ချက်ချင်းတိုက်ခိုက်သွားကြပါ။ မိမိတို့၏ နယ်မြေများကို အပြည့်အဝ ထိန်းချုပ်ထားကြပါ။
(၈) စစ်အာဏာရှင်အုပ်စိုးမှုနှင့် စစ်အုပ်ချုပ်ရေးယန္တရားကို ပြည်သူ့အားဖြင့် တွန်းလှန်ဖျက်သိမ်း ကြပါ။
တဆက်တည်းမှာ ပြည်သူ့အုပ်ချုပ်ရေးသို့ ပြောင်းလဲနိုင်ရန်အတွက် ပြည်သူလူထုနှင့် အနီးကပ်ညှိနှိုင်း
ဆောင်ရွက်စီမံကြပါ။
(၉) အကြမ်းဖက်စစ်အုပ်စု၏ လှည့်ဖျားမှုတွင် နားယောင်ခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) များ နှင့် ပြည်သူ့စစ်အားလုံး ယနေ့မှ စ၍ ပြည်သူများနှင့် ပူးပေါင်း၍ ပြည်သူ့ရန်သူများကို စတင်ရင်ဆိုင် တိုက်ခိုက်ကြပါ။
(၁၀) ယခုတော်လှန်ရေးသည် တရားနည်းလမ်းကျသော တရားမျှတသော တော်လှန်ရေးဖြစ်သည်။ ရေရှည်ငြိမ်းချမ်းသော နိုင်ငံတော်တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် မရှိမဖြစ်လိုအပ်သည့် တော်လှန်ရေး ဖြစ်သည်။
(၁၁) မိမိတို့ နိုင်ငံတော်၏ ပကတိအခြေအနေလိုအပ်ချက်အလျောက် လုပ်ဆောင်သည်ဖြစ်၍ အိမ်နီးချင်းနိုင်ငံများ၊ ASEAN နိုင်ငံများ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း နားလည် ပေးကြလိမ့်မည်ဟု ယုံကြည်ပါသည်။
(၁၂) ပြည်သူ့တော်လှန်ရေး စတင်ပြီဖြစ်၍ မင်းအောင်လှိုင်၏ လိမ်လည်လှည့်ဖျားဖိနှိပ်မှုအောက်တွင် တာ၀န်ထမ်းဆောင်နေကြ သော တပ်မတော်သားများ၊ ပြည်သူ့ရဲများ၊ ၀န်ထမ်းများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် ချက်ချင်းဆက်သွယ် ပူးပေါင်းပါ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်ထဲရေး၀န်ကြီးဌာနများသို့ အမြန်ဆုံး သတင်းပို့ကြ ပါ။
(၁၃) ယနေ့မှစ၍ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းအားလုံး ရုံးတက်ခြင်းမပြုကြရန် သတိပေး တားမြစ်လိုက်သည်။
(၁၄) ယခုအရေးတော်ပုံတွင် အသက်၊ အိုးအိမ်၊ စွန်လွတ်အနစ်နာခံသူများကို နိုင်ငံတော်၏ သူရဲကောင်းများအဖြစ် အစဉ်အမြဲ အသိအမှတ်ပြုနေမည် ဖြစ်ပါသည်။
ပြည်သူ့အုံကြွမှုကို ကျေးလက်၊ မြို့ပြနှင့် နိုင်ငံတဝှမ်းလုံးတွင် တပြိုင်တည်းလုပ်ဆောင်ကြရမည်။ ပြည်သူလူထု၏ စည်းလုံး ညီညွတ်မှု၊ တီထွင်ဆန်းသစ်မှု၊ ဉာဏ်ရည်ထက်မြက်မှု၊ စိတ်ဓာတ် ပြင်းထန် ကြံ့ခိုင်မှုပေါ် မူတည်၍ တော်လှန်ရေးကာလ တိုတောင်း မည်ဖြစ်ပါသည်။
အာဏာသိမ်းအကြမ်းဖက် မင်းအောင်လှိုင်နှင့် အာဏာရှင်စနစ်ကို မြန်မာနိုင်ငံမှ အပြီးတိုင် ဖြုတ်ချကာ တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားပြည်သူများအားလုံး စောင့်မျှော်ခဲ့သည့် တန်းတူအခွင့်အရေးကို အပြည့်အဝ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်ကာ ပြည်ထောင်စုမြန်မာနှိုင်ငံသည်လည်း ကမ္ဘာ့အလည်တွင် တဖန် ဂုဏ်သိက္ခာထွန်းတောက်လာမည်ဖြစ်ပါသည်။
အရေးတော်ပုံ မုချအောင်ရမည်!!

13/08/2021

သွပ်ဝိုင်းကြီးNLD ရပ်ကျေးဥက္ကဌကို နေအိမ်မှာ ဝင်ဖမ်း
သင်္ဃန်းကျွန်းပို့စ်
ရန်ကုန်၊ သြဂုတ်၊ ၁၃ရက်၊ ၂၀၂၁

သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ NLD ပါတီ ရပ်ကျေးဥက္ကဌ ဦးအံ့ကျော်ကို အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင်တွေက သြဂုတ်လ၊ ၁၃ရက်နေ့ မနက်က နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးသွားပါတယ်။

"ပါသွားတာ သေချာတယ်၊ ကျွန်တော်သိတော့ ၁၁နာရီလောက် ရှိပြီ။ သူက သိပ်ပြီးရှောင်နေတာမျိုးတော့ မလုပ်ဘူး၊ ကားလည်းမောင်းနေတာဆိုတော့လေ" လို့ သွပ်ဝိုင်းကြီးရပ်ကွက် NLD ရပ်ကျေးရုံး တာဝန်ရှိသူတစ်ယောက်က သင်္ဃန်းကျွန်းပို့စ်ကို အတည်ပြုပါတယ်။

သွပ်ဝိုင်းကြီးရပ်ကွက် ပတ္တမြားလမ်းမှာ နေထိုင်တဲ့ ဦးအံ့ကျော်ဟာ ၂၀၁၅ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာ သွပ်ဝိုင်းကြီးရပ်ကွက်NLD ရပ်ကျေးဥက္ကဌ တာဝန် ယူခဲ့တာဖြစ်ပြီး၊ နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ပါဝင်သူတစ်ယောက်ဖြစ်တယ်လို့ ပါတီအဖွဲ့ဝင်တွေ ဆီကနေ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း NLD ပါတီရဲ့ သွပ်ဝိုင်းကြီးရပ်ကျေး အလုပ်အမှုဆောင် ၂ဦး အိမ်ကိုလည်း ဝင်ရောက် ရှာဖွေတာတွေကို ​ပြီးခဲ့တဲ့
သင်္ကြန်တွင်းမှာ ပြုလုပ်ခဲ့ပါသေးတယ်။

08/08/2021

၈ လေးလုံး နှစ်ပတ်လည်နေ့ လျှပ်တပြက်သပိတ် လှုပ်ရှားမှု
ရုပ်သံ - CJ တစ်ဦးမှ ပေးပို့ပါသည်။

ที่อยู่

Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Thingangyun Postผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Thingangyun Post:

แชร์