06/04/2025
❝အရိပ်ပျောက်ဖြစ်စဥ် ထိုင်းတစ်နိုင်ငံလုံးနီးပါးဖြစ်မည်❞
နေက ဦးခေါင်းပေါ်တည့်တည့် ကျရောက်တဲ့အတွက် အရိပ်ပျောက်မှုဖြစ်စေဆန်းတစ်ခု ထိုင်းနိုင်ငံနဲ့ အဝန်းမှာ မနေ့ကစပြီး ဖြစ်နေပြီလို့ သတင်းတွေမှာဖော်ပြလာပါတယ်။ ဒီဖြစ်စဥ်ဟာ ထိုင်းနိုင်ငံနဲ့ ခရိုင် ၇၇ ခုမှာ ဖြစ်မှာဖြစ်ပြီး ထိုင်း အာကာသ စူးစမ်းလေ့လာရေးဌာနရဲ့ ပြောကြားချက်အရတော့ ဒီဖြစ်စဥ်ကြောင့် အပူချိန်တွေမြင့်တက်တာ မိုးရွာတာတွေအပြင် ရာသီဥတုပြောင်းလဲမှုတွေလည်း အထိုက်အလျောက်ဖြစ်နိုင်ပါတယ်တဲ့။ ပထမဦးဆုံး အရိပ်ပျောက်ဖြစ်စဥ်ကတော့ မနေ့က နေ့လယ်ပိုင်း ယာလာ ခရိုင်မှာဖြစ်သွားခဲ့ပြီဖြစ်ပြီး နေ့လယ် ၁၂ နာရီ ၁၉ မိနစ်မှာ ဖြစ်သွားတာပါ။
နောက်ထပ်ဖြစ်မယ့် ခရိုင်တွေကတော့ အောက်ပါအတိုင်းပါ။
ချွန်ပူရီ- April 25, 12.14pm
ချချွင်ဆောင်- April 26, 12.13pm
⭐️ဘန်ကောက်- April 27, 12.15pm
လွတ်ပူရီ- April 30, 12.15pm
နခွန်ရက်ချစီမာ- April 30, 12.09pm
ဥပွန်ရက်ချသနီ- May 1, 11.58am
နခွန်စဝမ်- May 3, 12.16pm
ကော့ကင်- May 7, 12.09pm.
စခွန်နခွန်- May 8, 12.00pm
ဥထုံဌာနီ- May 9, 12.05pm
မယ်ဆိုင်၊ချင်းရိုင်- May 9, 12.17pm
လမ်ဖွန်- May 12, 12.18pm
ချင်းမိုင် May 15, 12.21pm
ဒါနဲ့တင်မပြီးပါဘူး။ ထိုင်းနိုင်ငံရဲ့ တည်နေပုံအနေအထားရ အရိပ်ပျောက်ဖြစ်စေကို နောက်တစ်ကြိမ် ဇူလိုင်လကနေ စက်တင်ဘာလအထိ ထပ်မံကြုံတွေ့ရဦးမှာဖြစ်ပြီး ရက်တွေကတော့အောက်ကအတိုင်းပါ။
မယ်ဆိုင်၊ ချင်းရိုင်- July 21, 12.27pm
ချင်းမိုင်- July 28, 12.31pm
လမ်ဖွန်- July 31, 12.29pm
ဥထုံဌာနီ -August 3, 12.15pm
စခွန်နခွန်- August 4, 12.10pm
ကော့ကင်- August 6, 12.15pm
နခွန်စဝမ်- August 9, 12.25pm
လွတ်ပူရီ- August 12, 12.23pm
⭐️ဘန်ကောက်- August 16, 12.22pm
ဥပွန်ရက်ချသနီ- August 11, 12.06pm
နခွန်ရက်ချစီမာ August 12, 12.17pm
ချချွင်ဆောင်- August 16, 12.19pm
ချွန်ပူရီ- August 17, 12.20pm
ဖူးခက်- September 2, 12.26pm
ဆုန်ကလာ- September 4, 12.17pm
ယာလာ- September 7, 12.14pm
ရက်လေးတွေမှတ်ထားပြီး ကိုယ်နေတဲ့နေရာနဲ့ နီးရင် အရိပ်ထွက် မထွက်ကြည့်ခဲ့ဦးနော် အမျိုးတို့။
Ref: NT THAILAND
#ထိုင်းရောက်မြန်မာ