10/09/2026
😱 အလှူငွေ ဘတ် 92 သန်းကို အလွဲသုံးစားလုပ်ခဲ့တဲ့အပြင် ကျောင်းမှာ အမျိုးသမီးတစ်ဦးနဲ့ အတူဆက်ဆံခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီး အဖမ်းခံရ
ကျောင်းပိုင် ပိုက်ဆံ ဘတ် 92 သန်းကို အလွဲသုံးစားပြုလုပ်ခဲ့တဲ့ ကျောင်းထိုင်ကို ရဲတွေ 10 ရက်နေ့ မနက် 06:00 နာရီက လာခေါ်သွားပါတယ်။
နေရာကတော့ နခေါ့စီအယုဓရာမြို့က (နမည်ကြီး ဘုန်းကြီးကျောင်းကြီး ဖြစ်တဲ့ วัดพุทไธศวรรย์- ဝပ်ဖူ့ထိုင်းဆဝမ်) ကျောင်း ဖြစ်ပါတယ်။
ကျောင်းထိုင်ရဲ့ လူအမည်က ကိုချိုတီး အသက် 66 နှစ် ဖြစ်ပါတယ်။
ကျောင်းပိုက်ဆံ ဘတ် 92 သန်းကို ခြေရာ ခံမိတဲ့ အစကတော့ လွန်ခဲ့တဲ့ 2 နှစ်ကျော်က ၊ကိုချိုတီးဟာ ဘတ် 92 သန်း တန်ဖိုးရှိ၊ အလှုငွေ လက်ခံပိုက်ဆံဖြတ်ပိုင်း အစောင် 20 ကျော်ကို လိမ်လည်ပြီး မရှိတော့ဘူးဆိုပြီး စရင်းဖျောက် ဖျောက်ဖျက်ခဲ့ပါတယ်။
အဲနောက် ကျောင်းငွေ အဝင် အထွက်ကို စစ်ဆေးတော့ ငွေတွေက ဘတ် 92 သန်း ပျောက်နေပါတယ်။
ငွေတွေ ဘယ်ရောက်သွားလဲဆိုပြီး စုံစမ်းကြတော့ ကိုချိုတီးက သူ့နဲ့ ရင်းနှီးတဲ့ အသက် 47နှစ်ရှိ အမျိုးသမီးကို ပိုက်ဆံတွေ ပေးထားတယ်လို့ သတင်းရပြန်တယ်။
အဲနောက် ဒီ အမျိုးသမီး ရဲ့ အကြောင်းကို ထပ်မံ စစ်ဆေးတော့ ကိုချိုတီး ရဲ့ ချစ်သူဆိုတာကို သိသွားခဲ့တယ်။
နောက်ထပ် အမျိုးသမီးရဲ့ ဘဏ်စရင်းကို စစ်တော့ နှစ်တိုင်း နှစ်တိုင်း ဘဏ်စရင်းငွေ အဝင် အထွက်မှာ ဘတ် သန်းချီပြီးလည်ပတ်နေတာကို သိသွားကြတယ်။
ကိုချိုတီး ဟာ မိမိရဲ့ ကိုပိုင် အကျိုးစီးပွါး အတွက် အသုံးပြုရန် အတွက် ကျောင်းပိုက်ဆံ ဘတ် 92 သန်းကို အလွဲသုံးစား ပြုတာကို စစ်ဆေးရမိသွားကြတယ်။
အဲနောက် 8 ရက်နေ့က ကိုချိုတီး နဲ့ ချစ်သူ အမျိုးသမီး ကို ဖမ်းဝရမ်းထုတ်ခဲ့ကြပါတယ်။
10 ရက်နေ့ မနက် 6:00 နာရီမှာတော့ ကိုချိုတီး ကို ထမင်းစားဆောင်မှာတွေ့ပြီး အမျိုးသမီး ကိုတော့ နေအိမ်ကနေ ခေါ်လာကာ ထပ်မံ စစ်ဆေးဖို့ ခေါ်ဆောင်သွားပါတယ်။
#ထိုင်းသတင်း #နေ့စဉ်သတင်း
Nanpiya Punno