14/09/2026
ဗန် 🇲🇲vs ပန်တိုဂျာ 🇧🇷မကြေပွဲ
လာမယ့် စက်တင်ဘာလ 20 ရက်နေ့မှာ
ကျင်းပမယ့် UFC 331 ပွဲစဥ်ကို ဗန် vs ပန်တိုဂျာ
ခေါင်ပွဲထိုးရမှာဖြစ်တဲ့အတွက်ကြောင့် ပရိတ်
တော်တော်များများက ဒီပွဲကို တော်တော်စိတ်ဝင်စား
ကြတယ် ပြီးတော့ ဒီပွဲက တခြား ufc flyweight
တန်းပွဲတွေနဲ့ မတူဘူး တော်တော်ကွာခြားတယ်
ဗန် က ဘောင်စင် standfight အားပြုပြီးထိုးတာ
ပန်တိုဂျာ က ဂျူဂျစ်ဆု ခါးပတ်နက်ပိုင်ရှင်ဖြစ်တဲ့အ
တွက်ကြောင့် မတူညီတဲ့စတိုင်နဲ့ ယှဥ်ပြိုင်ကြရမယ့်ပွဲ
မျိုး ကျနော်အနေနဲ့ ဗန် က နိုင်ဖို့ရာခိုင်နှုန်း ပိုများ
တယ် ကိုယ့်ဖိုက်တာမလို့ နိုင်စေချင်တာ မဟုတ်ဘူး
ဗန်က တက်လူ ပန်တိုဂျာက ကျတဲ့အရွယ် တက်လူနဲ့
ကျလူယှဥ်ပြိုင်ရမယ့်ပွဲမျိူး ဒုတိယတစ်ချက်က ဗန်
က ဘောင်စဥ် နဲ့ အချူပ်ပိုင်းကို တိုင်ရာနဲ့ပွဲမှာ တော်
တော်လေးကောင်းတယ်လို့ ပွဲကြည့်ဖူးတဲ့ လူအားလုံး
အကုန်သိတယ် ဒါကြောင့် ဒီပွဲမှာ ဗန် နိုင်ဖို့ ချက်များ
နေပြီ 🇲🇲👏👏 ပန်တိုဂျာ ဘက်က ပြောရရင် သူ့
အကွက်က တိုက်စစ်ဖွင့် ကြမ်းကြမ်းတမ်းတမ်း
ဝင်ပြီး လဲချ ပြီးနောက်ကျောကနေတက်ခွတဲ့အကွက်
တော့ သတိထားဖို့လိုတယ် ဘာပဲ ဖြစ်ဖြစ် ဗန် က
ပါးနပ်ပြီးသား👏👏👏🇲🇲အားပေးဖို့အဆင်သင့်ပဲ
လားပရိတ်သပ်တို့👏👏👏
ဗန် နိုင်ကိုနိုင်ရမယ် 10000000%