Small Parts Of Need For You

  • Home
  • Small Parts Of Need For You

Small Parts Of Need For You နည်းပညာဆိုင်ရာအခြေခံလိုအပ်ချက်လေးတွေမျှဝေပေးသွားပါမယ်....

08/03/2026

Telegram ရှိရုံနဲ့ စိုက်ပျိုးရေးပညာရှင်တစ်ယောက်ကို အမြဲတမ်း အခမဲ့ မေးလို့ရပြီ! ✨

အပင်ရောဂါတွေအတွက် ဘာဆေးသုံးရမလဲ မသိဖြစ်နေလား? မိုးလေဝသကော သေချာသိရဲ့လား?
စိုက်ပျိုးရေးပညာရှင် AI မလေး "မြမြ" ရှိရင် အကုန်လုံး အဆင်ပြေပါတယ်။

📌 ဘာတွေပါလဲ?
✅ အပင်ပုံပို့ပြီး ရောဂါမေးလို့ရတယ်။
✅ မိုးလေဝသ အခြေအနေ မေးလို့ရတယ်။
✅ အသံဖိုင်နဲ့လည်း မေးလို့ရတယ်။
✅ စိုက်ပျိုးရေး ဗဟုသုတတွေ အစုံအလင်ပါတယ်။
လက်တွေ့ စိုက်ပျိုးနေတဲ့ ဦးကြီးတို့အတွက် တကယ်ကို အသုံးဝင်မယ့် Bot လေးမို့ အခုပဲ စမ်းသုံးကြည့်လိုက်ပါဦးနော် 💚

Bot link - https://t.me/mm_weather_farmer_bot

05/04/2025

ငလျှင်ဘေးအတွက် အလှူရှင် ‌တွေ သွားရောက် လှူဒါန်းထောက်ပံ့ ခဲ့တဲ့ ဒေသတွေကို အတိအကျ Google Map မှာ မှတ်တမ်းတင်ပေးထားပေးနိုင်ပြီး နောက်လှူမယ့်အလှူရှင်တွေက လည်းဘယ်နေရာမှာ ဘာလိုအပ်နေလဲဆိုတာ အလွယ်တကူ ကြည့်ရှု့နိုင်မယ့် App လေးရေးထားပါတယ်။

App နာမည်က Myanmar Earthquake Donors Map ပါ။

ခု App မှာဘာတွေလုပ်လို့ရသလဲဆိုရင်
မိမိ (သို့မဟုတ်) အဖွဲ့အစည်း၊ အသင်း တွေက ရောက်ရှိခဲ့တဲ့ ဒေသတွေကို ကိုယ်တိုင် Google Mapမှာ Pinထောက်ပြီး ထောက်ပံ့ရေးပစ္စည်း၊ အလှူငွေ စတာတွေကို မှတ်တမ်းတင်ထားလို့ရမှာပဲဖြစ်ပါတယ်။

မှတ်တမ်းတင်ထားတဲ့ Locationတွေကိုလည်း မည်သူမဆို ပြန်လည်ကြည့်ရှု့နိုင်မှာပါ။

မှတ်တမ်းတင်ထားလို့ရတဲ့အတွက် အလှူရှင်အများအပြားရောက်ရှိပြီးဒေသတွေကိုအလွယ်တကူသိရှိနိုင်သလို အလှူရှင်တွေမရောက်သေးတဲ့ဒေသတွေကိုလည်း သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ဖုန်းထဲမှာ Gmail ရှိရုံနဲ့ Login ဝင်ရောက်ပြီး မိမိ သွားရောက်လှူဒါန်းခဲ့တဲ့ ဒေသတွေကို မှတ်တမ်းတင်နိုင်မှာပဲဖြစ်ပါတယ်။

ယခု Appလေးမှာ ဝိုင်းဝန်းကူညီ ပြီး ‌ရောက်ရှိဒေသလေးတွေကို မှတ်တမ်းတင်ပေးကြပါဦး။

အချက်အလက်အမှားတွေနဲ့ လက်ကမျဉ်းပြီး လျောက်ထည့်တာ မျိုးတွေ မလုပ်ကြဖို့ကိုတော့ မေတ္တာရပ်ခံပါတယ်။

ကိုယ်တိုင် သွားရောက်တာမျိုးမဟုတ်ဘဲ အသင်း၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တစ်ယောက်ကနေ တစ်ဆင့် လှူဒါန်းတာမျိုးကိုလည်း ခုappမှာ မထည့်ကြပါရန် မေတ္တာရပ်ခံပါတယ်။

မလိုအပ်ဘဲ location markerတွေဖောင်းပွကုန်မှာစိုးလို့ပါ။

အချက်အလက်တွေ မှန်မှန်ကန်ကန်သာထည့်ပေးကြရင် ‌အကျိုးရှိမယ့် Appတစ်ခုပါ။

မည်သည့်အကျိုးအမြတ် ရယူလိုမှု့ကြောင့်ရေးသားထားခြင်းမျိုးမဟုတ်ပါဘူး။

တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်တာလေးကို ကူညီပေးခြင်းပဲဖြစ်ပါတယ်။

Appမှာ အသုံးပြုထားတဲ့ Server Cost ကုန်ကျစရိတ်ကိုလည်း ကျွန်တော်ကပဲ ကျခံလှူဒါန်းတာပါ။

Share ပေးကြပါဦး။

Copy ယူတင်လည်းရပါတယ်။

Download Link ပါ။👇
https://bit.ly/mm-donors-map

Android Phone အတွက်ပါ။ IOS မရပါဘူး။

Address

Room 512, อพาร์ทเม้นท์ อุดมทอง, 4J5H+76W, Khlong Nueng, Soi Thep Khunchon 33

12120

Website

Alerts

Be the first to know and let us send you an email when Small Parts Of Need For You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share