Htet K.Khaing - YourConsultant

  • Home
  • Htet K.Khaing - YourConsultant

Htet K.Khaing - YourConsultant 👩🏻‍💻 𝗪𝗛𝗢 𝗔𝗠 𝗜:
I'm passionate about helping people work smarter and more productively.

In my videos, I share practical tips and strategies for boosting efficiency, using digital tools, and navigating the world of social media marketing🚀💼✨

09/03/2026
အခုတလော အိမ်မွေးတိလေးတွေပျောက်တာခဏခဏတွေ့နေရလို့ အိမ်မွေးတိလေးတွေအတွက်အသုံးဝင်မဲ့ပစ္စည်းလေးဖြစ်တဲ့ Air Tag Tracker နဲ့ GP...
27/02/2026

အခုတလော အိမ်မွေးတိလေးတွေပျောက်တာခဏခဏတွေ့နေရလို့ အိမ်မွေးတိလေးတွေအတွက်အသုံးဝင်မဲ့ပစ္စည်းလေးဖြစ်တဲ့ Air Tag Tracker နဲ့ GPS Trackerလေးတွေအကြောင်း sharingလုပ်ပေးချင်ပါတယ်ရှင်📍🐶😾

Kကြောင်လေးမှာ တပ်ပေးထားတာလေးကတော့ Air Tag Tracker လေးပါ။ Air Tag လေးတွေကတော့ များသောအားဖြင့် အပြင်သိပ်မသွားတတ်ပဲ အိမ်ထဲမှာအနေများတဲ့တိလေးတွေအတွက်ပိုသင့်တော်ပါတယ်။ သူကအရွယ်အစားသေးပြီး weightနည်းတဲ့အတွက် တပ်ပေးထားရင် ပေါ့ပေါ့ပါးပါးရှိပါတယ်။ဘက်ထရီကလည်း ၃၆၅ရက်လောက်ခံလို့ အားသွင်းစရာမလိုသလို အလွယ်တကူအသစ်လဲလို့ရပါတယ်။ Air Tag Tracker ရဲ့စျေးကလည်း သောင်းဂဏန်းဝန်းကျင်ပဲရှိလို့စျေးလည်းချိုပါတယ်ရှင်။

Air Tag Trackerမှာ Bluetooth Chip လေးပါဝင်တာဖြစ်လို့ ကိုယ့်phoneက IOS ဖြစ်ရင်တော့ internet နဲ့ bluetooth ကိုဖွင့်ပြီး Find My App နဲ့အလွယ်တကူချိတ်ပြီး သုံးလို့ရပါတယ်။ Android Phone တွေအတွက်တော့ ဝယ်တဲ့အခါမှာ သုံးရမဲ့လမ်းညွှန်ထဲက Appကို download ဆွဲပြီးသုံးလို့ရပါတယ်။

Air Tag Tracker လေးတွေဟာ Bluetooth နဲ့အလုပ်လုပ်တာဖြစ်လို့ ကိုယ်နဲ့တိလေးတွေအကွာအဝေးက ပေ၃၀ ကနေ ၅၀အတွင်းရှိနေရမှာဖြစ်ပါတယ်။ အဲ့ထက်ကျော်သွားရင်တော့ Phoneမှာ ပေးထားတဲ့ နာမည်နဲ့ Left Behind ဆိုပြီး Noti တက်ပေးမှာဖြစ်ပါတယ်။ သက်မှတ်ထားတဲ့အကွာအဝေးအတွင်းမှာ တိလေးတွေရဲ့ live location ကြည့်လို့ရသလို သွားခဲ့တဲ့လမ်းကြောင်းကိုလည်း trackလုပ်လို့ရပါတယ်။ အရေးကြီးဆုံးက internet ဖွင့်ထားရမှာဖြစ်ပြီး Internet ပိတ်ထားရင်တော့ နောက်ဆုံးရှိခဲ့တဲ့ နေရာ (Last Seen Location) ကိုပဲ ပြနေမှာဖြစ်ပြီး လက်ရှိ ဘယ်နားရောက်နေလဲဆိုတာကိုတော့ သိနိုင်မှာ မဟုတ်ပါဘူး။

အကယ်၍ ကိုယ်ရဲ့တိလေးက သတ်မှတ်ထားတဲ့အကွာအဝေးကျော်ပြီးပျောက်သွားခဲ့တယ်ဆိုရင်လည်း Air Tag Tracker ကနေ လုံခြုံစိတ်ချရတဲ့ Bluetooth signal လေးတွေကို အမြဲတမ်းသူ့အနီးအနားမှာ ရှိနေတဲ့ တခြားသူတွေရဲ့ iPhone သို့မဟုတ် Apple Device တွေက ဒီ signal ကို ဖမ်းမိသွားမှာဖြစ်ပြီး အဲ့device ကနေတဆင့် Tracker ရဲ့ တည်နေရာကို Apple ရဲ့ iCloud ဆီ လှမ်းပို့ပေးပါတာဖြစ်ပြီး ကိုယ့်ရဲ့ဖုန်းထဲက Find My App မှာ တိလေး ဘယ်နားရောက်နေလဲဆိုတာ မြေပုံနဲ့ ပြပေးတာ ဖြစ်ပါတယ်။(ဒီနေရာမှာ တစ်ဖက်လူက သူကူညီပေးနေမှန်းတောင် သိမှာမဟုတ်သလို၊ သင့်ကြောင်နေရာကိုလည်း သူတို့ မြင်ရမှာ မဟုတ်ပါဘူး)။ သတ်မှတ်ထားတဲ့Areaအတွင်းမှာ တိလေးရှိနေပြီး ချောင်ကြိုချောင်ကြားပုန်းနေလို့ရှာမတွေ့ခဲ့ရင်လည်း Appထဲမှာပါတဲ့ Play Songဆိုတာကိုနှိပ်လိုက်တာနဲ့ သူ့လည်ပတ်ကအသံမြည်လာပြီးအလွယ်တကူရှာတွေ့နိုင်ပါတယ်ရှင်။

နောက်တစ်ခုကတော့ GPS Trackerပါ။ သူကတော့ အိမ်နဲ့ခပ်ဝေးဝေးသွားဆော့တတ်တဲ့၊ အပြင်ထွက်လေ့ရှိတဲ့တိလေးတွေအတွက်ပိုသင့်တော်ပါတယ်။ GPS Tracker တွေထဲမှာ SIM card ပါဝင်ပြီး GPS ဂြိုလ်တုတွေကနေအချက်ပြမှုယူပြီး တိလေးတွေကိုခြေရာခံပေးတာဖြစ်ပါတယ်။ အရွယ်အစားအနေနဲ့အနည်းငယ်ပိုကြီးပါတယ်။ phone Internet ဖွင့်ထားယုံနဲ့ ဘယ်လောက်အကွာဝေးဖြစ်ဖြစ် Live Location မြင်ရပါတယ်။ ဒါပေမဲ့ အားသွင်းပေးဖို့လိုအပ်ပြီး batteryခံတာတော့၂ရက်ကနေ ၅ရက်လောက်အထိပဲအားခံပါတယ်။ SIM cardအတွက် Internet ဖိုးလည်းလစဉ်ပေးဖို့လိုအပ်တာဖြစ်လို့ Air Tagထက်တော့စျေးအနည်းငယ်ပိုကြီးပါတယ်ရှင်။

အခုပြောပြတဲ့ Trackerလေးတွေက တိလေးတွေအပြင်၊ ကလေးငယ်တွေ၊ သတိမေ့တတ်တဲ့သက်ကြီးရွယ်အိုတွေအတွက်လည်းသင့်တော်တဲ့ပစ္စည်းပါရှင်။ကိုယ့်ရဲ့တိလေးတွေကို ပိုပြီးကာကွယ်ပေးနိုင်ကြပါစေရှင်။ (Tracker လေးတွေ Kမရောင်းပါဘူးရှင် တိရိစ္ဆာန်ပစ္စည်းရောင်းတဲ့ဆိုင်လေးတွေမှာမေးကြည့်ပါနော်။)

"𝗧𝘂𝗿𝗻 𝗬𝗼𝘂𝗿 𝗪𝗲𝗮𝗸𝗻𝗲𝘀𝘀 𝗜𝗻𝘁𝗼 𝗦𝗧𝗥𝗘𝗡𝗚𝗧𝗛"
𝗛𝘁𝗲𝘁 𝗞 𝗞𝗵𝗮𝗶𝗻𝗴 - 𝗬𝗼𝘂𝗿𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝘁

မိဘတွေကို Bangkok - Pattaya - Ayutthaya ဆယ်ရက်ခရီးလိုက်ပို့✈️(ကိုယ်တွေရဲ့   ကTourပါဝင်join ခဲ့ကြသေးတာ😁)မိဘတွေကို သွားနို...
19/02/2026

မိဘတွေကို Bangkok - Pattaya - Ayutthaya ဆယ်ရက်ခရီးလိုက်ပို့✈️

(ကိုယ်တွေရဲ့ ကTourပါဝင်join ခဲ့ကြသေးတာ😁)

မိဘတွေကို သွားနိုင်တုန်းခရီးတွေလိုက်ပို့ကြဖို့မမေ့ပါနဲ့🚘

စားနိုင်တုန်း စားချင်တာလေးတွေဝယ်ကျွေးဖို့မမေ့ပါနဲ့🍲

ကိုယ်တွေငယ်ငယ်တုန်းကလိုချင်တာလေးတွေဝယ်ပေး ဂရုစိုက်ပေးခဲ့သလို ပြန်ဂရုစိုက်ပေးဖို့မမေ့ပါနဲ့ ♥️👩🏻‍💻

"𝗧𝘂𝗿𝗻 𝗬𝗼𝘂𝗿 𝗪𝗲𝗮𝗸𝗻𝗲𝘀𝘀 𝗜𝗻𝘁𝗼 𝗦𝗧𝗥𝗘𝗡𝗚𝗧𝗛"
𝗛𝘁𝗲𝘁 𝗞 𝗞𝗵𝗮𝗶𝗻𝗴 - 𝗬𝗼𝘂𝗿𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝘁

Cat Person ဆိုတော့လည်း ကြောင်တွေ့ရင်မနေနိုင်ဘူး😅
18/02/2026

Cat Person ဆိုတော့လည်း ကြောင်တွေ့ရင်မနေနိုင်ဘူး😅

16/02/2026
Bangkok ခဏရောက်နေလို့ အလုပ်ကိစ္စmessage လေးတွေနဲ့ phoneလေးတွေပြန်မဖြေနိုင်တဲ့အတွက် တောင်းပန်ပါတယ်ရှင်🙏
13/02/2026

Bangkok ခဏရောက်နေလို့ အလုပ်ကိစ္စmessage လေးတွေနဲ့ phoneလေးတွေပြန်မဖြေနိုင်တဲ့အတွက် တောင်းပန်ပါတယ်ရှင်🙏

29/01/2026

Google Slides မှာ AIနဲ့ချိတ်ဆက်အသုံးပြုနည်း နဲ့ Extension များထည့်သွင်းအသုံးပြုနည်း
လုပ်ငန်းခွင်ဝင်နေသူတိုင်းနဲ့ လေ့လာသင်ယူရေးလုပ်နေသူတိုင်း Google Slides ကိုအသုံးပြုတတ်ဖို့ အသေးစိတ် Video လေးကို sharing လုပ်ပေးလိုက်ပါတယ်ရှင်♥️👩🏻‍💻
"𝗧𝘂𝗿𝗻 𝗬𝗼𝘂𝗿 𝗪𝗲𝗮𝗸𝗻𝗲𝘀𝘀 𝗜𝗻𝘁𝗼 𝗦𝗧𝗥𝗘𝗡𝗚𝗧𝗛"
𝗛𝘁𝗲𝘁 𝗞 𝗞𝗵𝗮𝗶𝗻𝗴 - 𝗬𝗼𝘂𝗿𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝘁

#လုပ်ငန်းခွင်

28/01/2026

Google Slides အသုံးပြုနည်းအသေးစိတ်နဲ့ AIနဲ့ချိတ်ဆက်အသုံးပြုနည်း
လုပ်ငန်းခွင်ဝင်နေသူတိုင်းနဲ့ လေ့လာသင်ယူရေးလုပ်နေသူတိုင်း Google Slides ကိုအသုံးပြုတတ်ဖို့ အသေးစိတ် Video လေးကို sharing လုပ်ပေးလိုက်ပါတယ်ရှင်♥️👩🏻‍💻
"𝗧𝘂𝗿𝗻 𝗬𝗼𝘂𝗿 𝗪𝗲𝗮𝗸𝗻𝗲𝘀𝘀 𝗜𝗻𝘁𝗼 𝗦𝗧𝗥𝗘𝗡𝗚𝗧𝗛"
𝗛𝘁𝗲𝘁 𝗞 𝗞𝗵𝗮𝗶𝗻𝗴 - 𝗬𝗼𝘂𝗿𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝘁

#လုပ်ငန်းခွင်

22/01/2026

လုပ်ငန်းခွင် Annual Report Meeting Presentation Slideပြင်ဆင်နည်းအသေးစိတ် 👩🏻‍💻

လုပ်ငန်းခွင်ဝင်နေသူတိုင်း Professional ကျကျပြင်ဆင်တင်ပြသင့်တဲ့ Annual Report Meeting ဆိုတာ ဘာလဲ??

ဘယ်အချက်အလက်တွေနဲ့ ပြင်ဆင်ရတာလဲ??

Annual Report Meeting Presentation အတွက် Meeting Slides ပြင်ဆင်နည်းအသေးစိတ်ကိုဘယ်လိုလုပ်ရမလဲ??

♥️👩🏻‍💻

"𝗧𝘂𝗿𝗻 𝗬𝗼𝘂𝗿 𝗪𝗲𝗮𝗸𝗻𝗲𝘀𝘀 𝗜𝗻𝘁𝗼 𝗦𝗧𝗥𝗘𝗡𝗚𝗧𝗛"
𝗛𝘁𝗲𝘁 𝗞 𝗞𝗵𝗮𝗶𝗻𝗴 - 𝗬𝗼𝘂𝗿𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝘁

#လုပ်ငန်းခွင်

Address

No. 13 Ruam Mit Alley, Soi Ruam Mit

10400

Alerts

Be the first to know and let us send you an email when Htet K.Khaing - YourConsultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htet K.Khaing - YourConsultant:

Shortcuts

  • Want your business to be the top-listed Media Company?

Share