22/08/2025
အမျိုးသမီးလေးတို့ကို အချိန်ရရင် ဖတ်ကြည့်စေချင်ပါတယ် 🤍✨
ဆွေမျိုးတစ်ယောက်ရဲ့ လိင်-ပိုင်းဆိုင်ရာစော်ကားမှုကြောင့် အသက်(၁၄)နှစ်နဲ့ ကိုယ်ဝန်ဆောင်ခဲ့ရပေမယ့် ဒီနေ့အချိန်မှာတော့ အလွန်အောင်မြင်ကျော်ကြားတဲ့ Media သမား၊ အလှူအတန်းရက်ရောတဲ့ ဘီလျံနာသူဌေးမကြီးအဖြစ် ရပ်တည်နေတဲ့ Oprah Winfrey …
သူ့ငယ်ဘဝအကြောင်းကို သိခဲ့ရချိန်မှာ ကျမဟာ သိပ်အံ့ဩပြီး ကိုယ်ချင်းစာမိတယ်။ မိဘနှစ်ပါးမှာ အမေက အိမ်အကူ၊ အဖေက လယ်သမား။ အဖွားဖြစ်သူက စောင့်ရှောက်ပေးထားရင်း အသက် ၉နှစ်အရွယ်တည်က လိ-င်ပိုင်းဆိုင်ရာ အကြိမ်ကြိမ်စေ-ာ်ကားမှုတွေကို ခံခဲ့ရပြီး၊ ၁၄ နှစ်မှာတော့ သူဟာ ကိုယ်ဝန်ရခဲ့တယ်။ စိတ်ဒဏ်ရာတွေ ဘယ်လောက်တောင် ခံစားရမလဲလေနော် …။ အဲလိုနဲ့ သူက ကလေးလေးကို မွေးခဲ့ပေမယ့် ကလေးက အသက်မရှင်ခဲ့ပြန်ဘူး။ ဒါပေမဲ့ သူ့ရဲ့အဖေလယ်သမားကြီးက ဒီသမီးလေးဘဝကို ပစ်မထားခဲ့ပါဘူး။ ကျောင်းပညာမှာ အားပေးခဲ့ပြီး၊ Oprah ဟာ Tennessee State University မှာ ပညာရပ်တစ်ခုဖြစ်တဲ့ Speech Communication နဲ့ Performing Arts များအတွက် ပညာသင်ယူခဲ့ပါတယ်။
အဲ့ဒီ့ကနေမှတဆင့် The Oprah Winfrey Show: Oprah Winfrey ဟာ Chicago-based talk show “The Oprah Winfrey Show” နဲ့အတူ အောင်မြင်မှုတွေ ရလာခဲ့ပြီး (၂၅)နှစ်ကြာ ၁၉၈၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီ့ show ဟာ သမိုင်းတစ်လျှောက်မှာ အဆင့်အတန်းအမြင့်ဆုံး talk show တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ပရိသတ်တွေရဲ့ အားပေးမှုအကြီးအကျယ်ရရှိခဲ့ပါတယ်။နောက်ပြီး ၂၀၁၁ ခုနှစ်မှာ၊ Oprah ဟာ သူပိုင်တဲ့ TV network ဖြစ်တဲ့ Oprah Winfrey Network (OWN) ကို စတင်ခဲ့ပါတယ်။ OWN ဟာလည်း မီဒီယာလောကမှာ ထိပ်တန်းအစီအစဉ်တွေနဲ့အတူ အောင်မြင်ခဲ့ပြန်ပါတယ်။
ပြီးတဲ့အခါ Oprah Winfrey ဟာ လှူဒါန်းမှုနဲ့ ပတ်သက်ပြီး ကျော်ကြားတဲ့သူပါ။ လုပ်ငန်းတွေ၊ ပညာရေးအထောက်အကူပေးမှုတွေမှာ ဝင်ရောက်
ပါဝင်ခဲ့ပါတယ်။ သန်းပေါင်းများစွာသော ဒေါ်လာတွေလှူဒါန်းပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ ကိစ္စအဝဝကို တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးခဲ့ပါတယ်။ Oprah Winfrey ရဲ့ ငွေကြေးအခြေအနေဟာ အနည်းဆုံး US$ ၂.၇ ဘီလီယံ ကျော်ရှိပြီး၊ သူဟာ ကမ္ဘာ့အကျော်ကြားဆုံး မီဒီယာပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါပြီ။
သူဟာ အဲလိုအရမ်းအောင်မြင်လာတဲ့အချိန်မှာ အမျိုးသမီးတွေအတွက် စံမနူနာဖြစ်အောင် သူ့ရဲ့ ငယ်ဘဝကို Speak out လုပ်ခဲ့ပါတယ်။ ခက်ခဲကြမ်းတမ်းလွန်းတဲ့လမ်းတွေဟာ ထိပ်ဆုံးကို တွန်းပို့နိုင်တယ်ဆိုတာ Oprah Winfrey ရဲ့ ဘဝဟာ အကြီးမားဆုံး ဥပမာတစ်ခုလည်း ဖြစ်ပါတယ်။ တကယ်တော့ … သာမာန်လူတွေ နားလည်နိုင်ဖို့ခက်ခဲတဲ့ ဒဏ်ရာတွေနဲ့ ရှင်သန်ရုန်းကန်နေရတဲ့ အမျိုးသမီးတွေဟာ သူတို့ကို နာကျင်စေတဲ့လူတွေကြောင့်ပဲ အမြင့်ဆုံးကို ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း အလွယ်တကူ အရှုံးမပေးတတ်ဖို့ လိုတာပေါ့။ ကျမကို မိထွေးက အင်္ကျီရင်ဘတ်ကို ဆောင့်ဆွဲပြီး ပါးကိုရို-က်ရင်း နင့်ကို ဖ-ာတန်းပို့ပစ်မယ်လို့ အော်တိုင်းမှာ၊ ကျမဟာ နောင်ဆယ်နှစ်မှာ သပ်ရပ်လှပပြီး၊ အမျိုးသမီးတွေကို ကူညီဖေးမနိုင်တဲ့ လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို အမြဲမြင်ယောင်ရင်း .. အပင်ပန်းဆုံးနေ့တွေ ညတွေကို ကျော်ဖြတ်ခဲ့ဖူးတယ်။
ဘဝဟာ တိုတောင်းလှတဲ့အချိန်ခဏလေးဖြစ်ပေမယ့်၊ လောကဓံတွေကလည်း တစ်နည်းမဟုတ်တစ်နည်းနဲ့ ရိုက်ချနေပေမယ့်၊ ကိုယ့်ရဲ့လက်ထဲမှာပဲ ကိုယ့်အနာဂတ်ကရှိနေတာပါ။ ဘယ်တော့မှ အရှုံးမပေးလိုက်ဖို့ပဲလိုပါတယ်။ ဒီစာဟာ ပျော်ရွှင်နေတဲ့ဘဝနဲ့ ကြီးပြင်းလာသူတွေအဖို့ အံ့အားသင့်စရာ၊ လှောင်ပြောင်စရာ (ဟယ် ငါတို့ဒီဘဝမရခဲ့ဘူး ကံကောင်းလိုက်တာ၊ ဟင် ငါတို့အဖေအမေက သိပ်ချစ်တာလေ) ဖြစ်နေရင် ကျေးဇူးပြုပြီး ကျော်သွားလိုက်ပါ။ ခက်ခဲမွန်းကျပ်နေသူတွေအတွက်တော့ အထောက်အကူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
အားလုံးပဲ တစ်နေ့တာရဲ့အစမှာ ပြည့်ဝသောခွန်အားနဲ့ ဉာဏ်ပညာကို တည်ဆောက်နိုင်ကြပါစေ 🩷✨🦋
Witchy Candy 🍭