အိမ်/တိုက်ခန်း/အဆောင် အငှား၊အရောင်း - ရန်ကုန် Home Care HC

အိမ်/တိုက်ခန်း/အဆောင် အငှား၊အရောင်း - ရန်ကုန် Home Care HC အိမ်/တိုက်ခန်း/အဆောင် အငှား၊အရောင်း - ရန်ကုန်

40' x 60' နှင့် မြေတစ်ဧက🍀တစ်ဧကမှာ ၄၃၆၀၀ စတုရန်းပေ☘️၄၃၆၀၀ စတုရန်းပေ = ၂၀၈.၈ ပေ X ၂၀၈.၈ ပေ🍀၄၃၆၀၀ စတုရန်းပေ​= ၄၀ ပေ x ၆၀ ပေ...
29/05/2025

40' x 60' နှင့် မြေတစ်ဧက

🍀တစ်ဧကမှာ ၄၃၆၀၀ စတုရန်းပေ
☘️၄၃၆၀၀ စတုရန်းပေ = ၂၀၈.၈ ပေ X ၂၀၈.၈ ပေ
🍀၄၃၆၀၀ စတုရန်းပေ​= ၄၀ ပေ x ၆၀ ပေ (၁၈ကွက်)
 = ၂၀ ပေ x ၆၀ ပေ (၃၆ကွက်)
= ၂၅ ပေ x ၅၀ ပေ (၃၄ကွက်)

🍀၄၀ ပေ x ၆၀ ပေ​= ၀.၀၅၅ ဧက
🍀၂၀ ပေ x ၆၀ ပေ​= ၀.၀၂၇ ဧက
☘️၂၅ ပေ x ၅၀ ပေ​= ၀.၀၂၉ ဧက

အကြမ်းတွက်
၂၀၀ ပေ x ၂၀၀ ပေ​= ၁ ဧက
၁၀၀ ပေ x ၂၀၀ ပေ​= ၁/၂ ဧက ( ၅မူး)
၁၀၀ ပေ x ၁၀၀ ပေ​= ၁/၄ ဧက (၁မတ်)
၅၀ ပေ x ၁၀၀ ပေ​= ၁/၈ ဧက ( ၁မူး)

to Owner

02/05/2025

1. By the way = ဒါနဲ့ စကားမစပ်
2. If so = ဒီလိုဆိုရင်၊ဒါဆိုရင်
3. So = ထို့ကြောင့်
4. Therefore = ထို့ကြောင့်
5. Thus = ထို့ကြောင့်၊ ဤသို့ဖြင့်၊
6. That is why = ဒါ့ကြောင့်
7. For this reason = ဤအကြောင်းကြောင့်
8. even if = ပင်လျင်၊တောင်မှ
9. As you know = မင်းသိတဲ့အတိုင်းပဲ
10. Actually = တကယ်တော့
11. In fact = တကယ်တော့
12. of course = တကယ်တော့
13. only if = မှသာလျှင်
14. Finally = နောက်ဆုံးမှာတော့
15. Eventually = နောက်ဆုံးမှာတော့
16. At last = နောက်ဆုံးတွင်
17. Especially = အထူးသဖြင့်တော့
18. In a way = တစ်နည်းအားဖြင့်
19. In other words = တစ်နည်းအားဖြင့်
20. In this way = ဤနည်းအားဖြင့်
21. To be exact = တိတိကျကျပြောရရင်
22. but = သို့သော်
23. However = သို့သော်လည်း
24. Although = သော်လည်း၊ ပေမဲ့လည်း
25. as if = သကဲ့သို့
26. only then = သို့မှသာလျှင်၊ ဒါမှသာလျှင်
27. as though = သလို၊ သဖွယ်၊ပမာ၊သကဲ့သို့
28. otherwise =သို့မဟုတ်လျှင်၊တစ်နည်းအားဖြင့်
29. on the other hand = အခြားတစ်ဘက်မှာတော့
30. in the same way = အဲ့ဒီနည်းလမ်းအတိုင်း
31. as well as = ကဲ့သို့၊လည်းပဲ
32. Generally = ယေဘုယျအားဖြင့်
33. In general = ယေဘုယျအားဖြင့်
34. Similarly = အလားတူစွာ
35. Besides = ထို့ပြင်၊၄င်းပြင်
36. Moreover = ထို့အပြင်
37. Furthermore = ထို့ပြင်
38. In particular = အထူးသဖြင့်
39. All in all = အားလုံးကို ခြုံကြည့်သော်။
40. In conclusion = နိဂုံးချုပ်ရသော
crd

🏡၂၀၂၅-၂၀၂၆ ခုနှစ်အတွက် အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ(ဒဂုံမြို့သစ်၄မြို့နယ်)  #အိမ်ခြံမြေ
28/04/2025

🏡၂၀၂၅-၂၀၂၆ ခုနှစ်အတွက် အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ(ဒဂုံမြို့သစ်၄မြို့နယ်)
#အိမ်ခြံမြေ

ငလျှင်မဖြစ်မှီက တိုက်ခန်း တိုက်တာ တို့ကို ဝယ်ရာ   စရံသာပေးချေခဲ့ပြီး အပြီးသတ်ငွေ မချေမီမှာ တိုက်ခန်း တိုက်တာ တို့ငလျှင်ဒ...
10/04/2025

ငလျှင်မဖြစ်မှီက တိုက်ခန်း တိုက်တာ တို့ကို ဝယ်ရာ စရံသာပေးချေခဲ့ပြီး အပြီးသတ်ငွေ မချေမီမှာ တိုက်ခန်း တိုက်တာ တို့ငလျှင်ဒဏ်ခံရလို့ ပြိုကျသွား ရင် ဘယ်လို့လုပ်မလဲ။
ပဋိဉာဉ် ဥပဒေ ပုဒ်မ ၅၆ အရ ပဋိဉာဉ်က ဆက်လက်ဆောင်ရွက်လို့မရတော့ဘူးလေ။ ပျက်ပျယ်သွားပြီ။
ပေးထားတဲ့စရံငွေ ကို ပဋိဉာဉ် ဥပဒေပုဒ်မ ၆၅ အရ
ပြန်တောင်းလို့ရပါသည်။
Crd: ဦးခင်မောင်ဆွေ

04/04/2025

ကန်ထရိုက်တိုက်ပြိုကျ ပျက်စီးသွားလို့ အခန်းဆုံးရှုံးသွားရင် အခန်းပြန်မရတော့ဘူးလားလို့ လာမေးကြလို့ပါ

👇
အခန်းပိုင်ရှင်တွေက အဆောင်အဦးအသစ်ဆောက်ရာတွင် ကျသင့်သည့်အချိုးကျထည့်ဝင်ငွေ ပြန်ပေးသည့်တိုင်အောင် မြေရှင်က လက်မခံပါက စည်ပင်မှာ အဆောက်အဦးသစ်ဆောက်တာ ကန့်ကွက်လို့ရပါသည် စည်ပင်ကမြေရှင်နဲ့ အခန်းပိုင်ရှင်တွေခေါ်ညှိသည့်တိုင် မြေရှင်က လက်မခံပါက စည်ပင်ကယာယီမြေရှင်အဖြစ်ဆောင်ရွက်ပြီး အဆောက်အဦအသစ်ဆောက်လို့ရပါသည် မြေရှင်ကို မူလနေရာမှာ အခန်းပြန်ပေးမယ် ဒါပေမဲ့ ကုန်ကျစရိတ်ငွေတော့ သွင်းရလိမ့်မယ်
မြေငှားကမြေငှားစည်းကမ်းမချိုးဖောက်ပဲ သဘာဝဘေးအန္တရာယ်ကြောင့် နှင်လို့မရပါဘူး တရားရုံးကလည်း ၁၃(၃) အရ အမှုဆုံးဖြတ်ပါလိမ့်မယ် မြေရှင်မြေပိုင်တာမို့ အထပ်မြင့်မဆောက်တော့ဘူး လုံးချင်းပဲဆောက်မယ်ဆိုတာမျိုးမရသလို ကန်ထရိုက်အပ်မှာမို့ အခန်းတွေမပေးဘူးဆိုတာမျိုးလည်းမရပါ

အခန်းပိုင်ရှင်များ တက်ညီလက်ညီကြိုးစားဆောင်ရွက်ပါ အချိုးကျသင့်ငွေပြန်ထည့်ရင် မူလနေရာ မူလအလွှာမှာ အခန်းပြန်ရပါလိမ့်မယ်

ဒေါ်အေးမွန်အောင် (တရားလွှတ်တော်ရှေ့နေ)

♦️ # # #ကျွန်တော်လည်းခံထားရဘူးပါတယ်။တစ်ချို့သန်လျှင်က လူတွေ အရောင်းအဝယ် ကတိမတည်ကြပါ။ လူတိုင်းတော့မဟုတ်ပါ။ # # #အရောင်းအဝ...
14/09/2024

♦️ # # #ကျွန်တော်လည်းခံထားရဘူးပါတယ်။တစ်ချို့သန်လျှင်က လူတွေ အရောင်းအဝယ် ကတိမတည်ကြပါ။ လူတိုင်းတော့မဟုတ်ပါ။

# # #အရောင်းအဝယ်တစ်ခုမှာ.....

ရောင်းသူဘက်က ဒီအိမ်ကိုဒီဈေးနဲ့ရောင်းမယ် လို့ ကမ်းလှမ်းတယ်။

ဝယ်ယူသူဘက်ကလည်း ဒီဈေး (အဖိုးစားနား)အတိုင်း ဝယ်မယ်လို့ လက်ခံတယ်။

နှစ်ဘက်သဘောတူလက်ခံပြီးနောက်မှာ ဝယ်ယူသူဘက်က စရံငွေတစ်စိတ်တစ်ဒေသကိုချတယ်။

နောက်ဆုံးကျန်ငွေ မချေခင် စပ်ကြားကာလ မှာ
ရောင်းသူဘက်မှ သူ့အိမ်ကို ပိုက်ဆံပိုပေးတဲ့သူရှိလာတဲ့အခါမှာ ပထမဝယ်သူကို နောက်ဝယ်သူမှ ပိုပေးလို့ရောင်းလိုက်တော့မည်ဖြစ်ကြောင်း အကြောင်းကြားပြောဆိုပါတယ်။

ရောင်းသူမှ ပထမဝယ်သူ ပေးထားတဲ့ စရံငွေရဲ့ ၂ဆ ကိုပေးလျော်ပြီး အရောင်းအဝယ်ကို အလွယ်တကူဖျက်လိုက်တယ်။
အရပ်စကားနဲ့ဆိုရင် ပွဲလှန်လိုက်တယ်ပေါ့။

ရောင်းသူတွေဟာ နောက်ဝယ်သူမှပိုက်ဆံပိုပေးပြီးဝယ်တဲ့အခါ (သို့မဟုတ် )အခြားအကြောင်းအရာတွေကြောင့် မရောင်းလိုတော့သည့်အခါ ဝယ်ယူသူပေးထားတဲ့ စရံငွေရဲ့ ၂ဆ ကိုပေးလျော်လိုက်ရင်ရပြီ။ ပွဲပျက်ပြီဟု သာ မှတ်ယူနေကြပါတယ်။

ဒီအရောင်းအဝယ်ကို ဆက်လုပ်ခြင်းမလုပ်ခြင်းကို #ရောင်းသူမှဆုံးဖြတ်ပိုင်ခွင့်မရှိပါ။
ဝယ်ယူသူကသာ ဆုံးဖြတ်ရမည်သာဖြစ်ပါတယ်။

( နှစ်ဦးနှစ်ဘက် အပြန်အလှန် သဘောတူအရောင်းအဝယ်ဖျက်သိမ်းခြင်းကို မဆိုလိုပါ။)

ဝယ်ယူသူဘက်မှ အဆိုပါအရောင်းအဝယ်ကို
ဆက်မလုပ်လိုပါက ရောင်းသူမှပေးလျော်သည့် စရံငွေ ၂ဆ ကိုလက်ခံနိုင်သလို ရောင်းသူအား ***** ပဋိညာဉ် အတိုင်းဆက်လက်ဆောင်ရွက်ပေးစေလိုမှု**** ဆိုပြီး ရောင်းသူကို အရောင်းအဝယ်ဆက်လုပ်ရန် တရားစွဲဆိုပိုင်ခွင့်ရှိပါတယ်။

ဒါနဲ့ပတ်သတ်ပြီး ဆုံးဖြတ်ထားတဲ့ စီရင်ထုံးကိုပူးတွဲလေ့လာနိုင်အောင် တင်ပေးလိုက်ရပါတယ်။

*****ပဋိညာဉ်အတိုင်းဆောင်ရွက်ဖို့နဲ့ ပျက်ကွက်ရင်ငွေပမာဏ ဘယ်လောက်ပေးရမယ်ဆိုတဲ့ ပဋိညာဉ်မှာ ပဋိညာဉ်ပျက်ကွက်သူ(ရောင်းသူ)က ဘယ်သဘောတူညီချက်အတိုင်း ဆောင်ရွက်လိုတယ်လို့ ရွေးချယ်ပိုင်ခွင့်မရှိဘဲ ပဋိညာဉ်အတိုင်းဆောင်ရွက်လိုတဲ့ တရားလို(ဝယ်သူ) က သာ ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ တရားရုံးချုပ်က အဆုံးအဖြတ်ပြုပါတယ်
ဦးအဘတ်(စ်) နှင့် ဦးအောင်သိုက် ၁၉၉၆၊ မ-တ-စ၊ စာ- ၆၈ စီရင်ထုံးဖြစ်ပါတယ်******

အဲ့တော့ ရောင်းသူတွေအနေနဲ့ အရောင်းအဝယ်ကို စရံငွေ ၂ဆ ပေးလျော်ရုံဖြင့် အရောင်းအဝယ်
မပျက်သွားနိုင်သေးဘူးဆိုတာ သတိကြီးစွာထား
စေလိုပါတယ်..



လေးစားစွာဖြင့်...

04/05/2024

အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC) ဆိုတာဘာလဲ ?
-------------------------
အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC) မရသေးဘဲ လူနေထိုင်ခွင့်မရှိပါဘူး။ အဆောက်အအုံ ဆောက်လုပ်ပြီးစီးပါကတည်ဆောက်ခြင်းအတွက် အခွန်ပေးဆောင်ရန် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ထံတင်ပြပြီး ကျသင့်အခွန်ပေးဆောင်ရမှာဖြစ်ပါသည်။ ထိုသို့ပေးဆောင်ထားသည့် အခွန်စည်းကြပ်ပြီးကြောင်း ထောက်ခံချက်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနတွင် အဆောက်အအုံပြီးစီးကြောင်း သက်သေခံလက်မှတ် (BCC) လျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်ထားရာတွင် လိုအပ်သည့်စာရွက်စာတမ်းများကတော့

၁။ ဆောက်လုပ်ခွင့်ပြုမိန့်မိတ္တူ

၂။ ဆောက်လုပ်ခွင့်ပြုပုံစံ (Drawing) မိတ္တူ

၃။ ဆောက်လုပ်ခွင့်ပုံစံစစ်ဆေးခငွေသွင်းချလံမိတ္တူ

၎။ အဆောက်အအုံပြီးစီးကြောင်းမှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာနှင့်စစ်ဆေးရေး အင်ဂျင် နီယာများ၏မှတ်ချက်ပါရှိသောမှတ်တမ်းစာအုပ် (Log Book)

၅။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာ တည်းတွင်အပေါ်/အောက်ကူးရန်)

၆။ စီးပွားရေးလုပ်ငန်းသုံးအဆောက်အအုံပုံစံဖြစ်ပါက မီးသတ်ဦးစီးဌာန၏ထောက်ခံချက်မူရင်းနှင့် Fire Safety Certificate မိတ္တူ

၇။ အဆောက်အအုံ၏ရှေ့၊ နောက်၊ ဝဲ၊ ယာ ဓါတ်ပုံများ

၈။ ရာပြတ်ဌာန၏အခွန်စည်းကြပ်ပြီးကြောင်းထောက်ခံချက်

၉။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင်သန့်ရှင်းရေးဌာန၏ အမှိုက်စွန့်ပစ်ရန်လုံလောက်သည့် အမှိုက်ပုံးထားရှိမည်ဖြစ်ကြောင်းခံဝန်

၁၀။ Lift ပါဝင်သောအဆောက်အအုံဖြစ်ပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ဓါတ်လှေကား အသုံးပြုခွင့်လက်မှတ်

၁၁။ (၁၈) ခန်းနှင့်အထက် အဆောက်အအုံဖြစ်ပါကTransformer တပ်ဆင်သုံးစွဲခွင့်ပြုကြောင်း ရန်ကုန် မြို့တော်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း၏ထောက်ခံချက် စသည့်တို့ဖြင့် လျှောက်ထားရမှာ ဖြစ်ပါသည်။

Crd

ပဉ္စမထပ် ၁၈'×၅၄' ပေအမှတ်၇၄၉ အောင်မေတ္တာလမ်း လေးတောင်ရပ်ကွက် သာကေတ ၇၅၀ ညှိုနှိုင်းဆက်သွယ်ရန် ၀၉၄၃၀၅၂၆၁၀
02/03/2024

ပဉ္စမထပ် ၁၈'×၅၄' ပေ
အမှတ်၇၄၉ အောင်မေတ္တာလမ်း လေးတောင်ရပ်ကွက် သာကေတ
၇၅၀ ညှိုနှိုင်း
ဆက်သွယ်ရန် ၀၉၄၃၀၅၂၆၁၀

ที่อยู่

Phra Nakhon

เบอร์โทรศัพท์

+959975376928

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ အိမ်/တိုက်ခန်း/အဆောင် အငှား၊အရောင်း - ရန်ကုန် Home Care HCผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง အိမ်/တိုက်ခန်း/အဆောင် အငှား၊အရောင်း - ရန်ကုန် Home Care HC:

แชร์