22/08/2026
သံယောဇ ဆိုတဲ့ ဇာတ်လမ်းကို ဗုဒ္ဓဘာသာမူရင်းဇာတ်တော်တစ်ပုဒ် ဟုတ်မဟုတ်တော့ ကျွန်တော် အတည်မပြောနိုင်ပါ။ ဒါပေမယ့် ငယ်စဉ်ကတည်းက ကြာနီကန်ဆရာတော်ကြီး ဟောပြောတာတွေထဲမှာ ကြားဖူးခဲ့ပြီး၊ နောက်ပိုင်း ဇာတ်အဖွဲ့တွေက နောက်ပိုင်းဇာတ်လမ်းအဖြစ် ကပြတာတွေ၊ တိပ်ခွေခေတ်က အသံဇာတ်လမ်းတွေအဖြစ် လူအမ်ား နားထောင်ဖူးကြတဲ့ ဇာတ်တစ်ပုဒ် ဖြစ်ပါတယ်။
တစ်ခါတုန်းက အလွန်ချမ်းသာတဲ့ သံယောဇသတို့သားဆိုတဲ့အမည်နဲ့ သူဌေးကြီးတစ်ယောက် ရှိခဲ့မူးပါတယ်။
သူ့မှာ အိမ်ကြီးတွေ ရှိတယ်။ မြေယာတွေ ရှိတယ်။ မြေပေါ်မြေအောက် ရွှေငွေတွေ အများကြီး ရှိတယ်။ သားသမီးတွေ ရှိတယ်။ ချစ်ခင်ရတဲ့ ဇနီးလည်း ရှိတယ်။ လူတွေရဲ့အမြင်နဲ့ဆိုရင် သူဟာ ဘဝမွာ လိုအပ်သမျှ အားလုံးပြည့်စုံတဲ့သူတစ်ယောက် ဖြစ်ပါတယ်။
ဒါပေမယ့် သူ့ဘဝရဲ့ ထူးခြားချက်တစ်ခုကတော့ သူဟာ ရှိပြီးသားအရာတွေကို ခံစားတတ္သူ မဟုတ်ဘဲ၊ ရှိထားတာတွေ မဆုံးရှုံးအောင်၊ တိုးပွားသည်ထက်တိုးပွားအောင် စောင့်ရှောက်နိုင်ဖို့ပဲ အမြဲစိုးရိမ်နေသူ ဖြစ်ပါတယ်။
သူဟာ ငွေကို ရှာတယ်။ ဒါပေမယ့် အသုံးမချဘူး။ ကုသိုလ်တရားတွေ မပြုခဲ့ပါဘူး။ အိမ်ကြီးတွေ ဆောက်နိုင်ပေမယ့် ရိုးရိုးရှင်းရှင်းပဲ နေတယ်။ အစားအသောက်ကောင်းကောင်း စားနိုင်ပေမယ့် ခြိုးခြံတယ်။ သူ့ရွှေငွေတွေကိုတော့ ဘယ္သူမွ မသိအောင် မြှုပ်နှံထားပြီး အချိန်တိုင်း စိတ်ပူစောင့်ကြည့်နေ လေ့ရှိပါတယ်။
လူတွေက သူ့ကို တစ်ခါတလေ မေးကြတယ်။
သူဌေးကြီးရေ၊ ဒီလောက်စည်းစိမ်တွေ ရှိနေပြီ။ ဘာကြောင့် ဒီလိုပဲ သိမ်းထားရတာလဲ။ ကိုယ်လည်း မခံစား၊ သူများကိုလည်း မပေးဘူးဆိုရင် ဒီပစ္စည်းတွေက ဘာအတွက်လဲ
သူကေတာ့ ပြန်ဖြေတတ်တယ်။
ရှာနိုင်တုန်းရှာထားမှ စိတ်ချရတာပေါ့။ ဒီနေ့ရှိတာ မနက်ဖြန် မရှိနိုင်ဘူး။ စုထားမွ ကိုယ့်မှာရှိမှကိုယ့်ပိုက်ဆံ
သူ့အတွက် စည်းစိမ်ဆိုတာ ဘဝကို ပိုကောင်းအောင် အသုံးချရမယ့်အရာ မဟုတ်တော့ဘဲ များသည်ထက်များအောင် ရှာဖွေရမယ့်အရာ၊ ပိုင်ဆိုင်ပြီးတဲ့နောက် ဆုံးရှုံးမသွားအောင် ကာကွယ်ရမယ့်အရာ ဖြစ်လာခဲ့တယ်။
နှစ်တွေ ကုန်သွားတယ်။ သူ့ဆံပင်တွေ ဖြူလာတယ်။ ခန္ဓာကိုယ် အိုမင်းလာတယ်။ ဒါပေမယ့် သူ့စိတ်ကတော့ မြှုပ်နှံထားတဲ့ ရွှေငွေတွေနဲ့ မခွာနိုင်သေးဘူး။
နောက်ဆုံးမှာ သေလောက်တဲ့ ရောဂါတစ်ခုနဲ့အတူ သေခြင်းတရားက သူ့ဆီကို ရောက်လာခဲ့တယ်။
သူဟာ လူတိုင်းလိုပဲ ဒီလောကကနေ ထွက်ခွာရတော့တယ်။ သားကို ထားခဲ့ရတယ်။ ဇနီးကို ထားခဲ့ရတယ်။ အိမ်တွေ၊ မြေတွေ၊ ရွှေငွေတွေကို ထားခဲ့ရတယ်။
ဒါပေမယ့် သူ့ခန္ဓာကိုယ်သေသွားပေမယ့် သူ့စိတ်ကတော့ မေသေသးဘူး။
သူ့စိတ်ထဲမှာ အတွေးတစ်ခုတည်းပဲ ရှိနေတယ်။
ငါတစ္ဘဝလုံး ကြိုးစားပြီး ရှာခဲ့တာတွေ ဘာဖြစ်နေပြီလဲ။ ငါ့သား ဘယ်လိုနေသလဲ။ ငါ့ဇနီး ဘယ်လိုနေသလဲ။ ငါစုဆောင်းထားခဲ့တဲ့ စည်းစိမ်တွေ ဘယ်သူတွေ လက်ထဲရောက်သွားပြီလဲ၊ ငါ့ပစ္စည်းတွေ အခုဘာဖြစ်နေပြီလဲ
အဲဒီသံယောဇဉ်တွေကြောင့် သူဟာ သေခြင်းကို လက်မခံနိုင်တော့ပါဘူး။
ငရဲပြည့်ရှင် ယမမင်းက ကုသိုလ်ကင်းမဲ့ခဲ့တဲ့ သံယောဇကို သံရေပူငရဲဆီပို့ဖို့ လာခေါ်တဲ့အခါ သူက မသွားခင် သူ့အိမ်ကိုတစ်ခေါက်ပြန်ကြည့်ဖို့ ခွင့်တောင်းခဲ့ပါတယ်။
ကြှနျုပျမှာ မပြီးဆုံးသေးတဲ့ အရာတွေ ရှိပါသေးတယ်။ ကြှနျုပျခနြျထားခဲ့တဲ့အရာတှကေို တစ်ကြိမ်လောက် ပြန်ကြည့်ခွင့်ပေးပါ
ယမမင်းက သူ့စိတ်ရဲ့ ကပ်ငြိမှုကို သိပေမယ့် ခွင့်ပြုလိုက်တယ်။
သူဌေးကြီးဟာ လူ့လောကကို ပြန်ရောက်လာခဲ့တယ်။
သူ့အိမ်ကို ပြန်သွားတယ်။ သူ့စည်းစိမ်တွေကို ပြန်ကြည့်ချင်တယ်။ သူ့ဘဝတစ်ခုလုံး ရင်းပြီး ရှာဖွေခဲ့တဲ့အရာတွေကို ပြန်မြင်ချင်တယ်။
ဒါပေမယ့် သူမြင်လိုက်ရတဲ့အရာက သူမျှော်လင့်ထားတာ မဟုတ်ခဲ့ဘူး။
သူတစ္ဘဝလုံး အပင်ပန်းခံပြီး ရွာခဲ့တဲ့ ရွှေငွေတွေ၊ သူဆုံးရှုံးမှာကြောက်လို့ မြှုပ်နှံထားခဲ့တဲ့ စည်းစိမ်တွေကို သူမရှိတော့တဲ့နောက် သူ့ဇနီးနဲ့ နောက်လင်ဖြစ်သူက အသုံးပြုပြီး ပျော်ရွှင်စွာ နေထိုင်နေကြတာကို တွေ့လိုက်ရတယ်။
သူ့အတွက် အလွန်နာကျင်စရာကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်ခဲ့တယ်။
သူဟာ အဲဒီစည်းစိမ်တွေအတွက် အသက်ရှင်ခဲ့တယ်။ အဲဒီအရာတွေကြောင့် အိပ္မေပ်ာ္ခဲ့ဘူး။ အဲဒီအရာတွေကို ထိန်းသိမ်းဖို့ သူ့ဘဝရဲ့ အချိန်တွေကို ပေးခဲ့တယ်။
ဒါပေမယ့် အခုတော့ သူမရှိတော့တဲ့အချိန်မှာ သူရှာခဲ့သမျှတွေက သူမဟုတ်တဲ့ တခြားသူတွေရဲ့ ဘဝကို ဖြည့်ဆည်းပေးနေကြတယ်။
သူသည်းမခံနိုင်တော့ပါဘူး။
ဒါတွေဟာ ငါ့ဟာတွေပါ။ ငါတစ္ဘဝလုံး ကြိုးစားပြီး ရှာခဲ့တာတွေပါ။ ဘာကြောင့် သူတို့က သုံးစွဲနေရတာလဲ
သူဟာ ယမမင်းဆီ ပြန်သွားပြီး တရားမျှတအောင်စီရင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ယမမင်းက သူ့စကားကို နားထောင်ပြီး စီရင်ချက်ချပေးခဲ့ပါတယ်။
သင်ပြောတဲ့ ပစ္စည်းတွေထဲက မင်းအသက်ရှင်စဉ်မှာပဲ မင်းနံ့သက်ဆိုင်တယ်။ မင်းသေဆုံးပြီဖြစ်တဲ့အတွက် လက်ရှိဘဝနဲ့ သက်ဆိုင်ပြီး မင်းပိုင်ဆိုင်တဲ့အရာဟာ ကူးတို့ခ တစ်မတ်ပါပဲ
သူဌေးကြီး တိတ်ဆိတ်သွားတယ်။
အခုအချိန်မှာ အသက်ရှင်စဉ်က သူပိုင်ဆိုင်ခဲ့တဲ့
ရွှေတွေ မပါလာဘူး။
ငွေတွေ မပါလာဘူး။
အိမ်တွေ မပါလာဘူး။
မြေတွေ မပါလာဘူး။
လူသေတဲ့အခါ ကူးတို့ခအဖြစ် ပါးစပ်ထဲ ထည့်ပေးတဲ့ တစ်မတ်ငွေပါ။ သင်နဲ့အတူ ပါလာတဲ့ ပိုင်ဆိုင်မှုဆိုတာ အဲဒါတစ်ခုတည်းပါပဲ
သူဌေးကြီးဟာ ဘာမှမပြောနိုင်တော့ဘူး။
တစ္ဘဝလုံး စုဆောင်းခဲ့တဲ့ ရွှေငွေတွေထဲက တစ်ပြားတောင် သူနဲ့အတူ မလိုက္လာခဲ့ဘူး။ သူအလွန်တန်ဖိုးထားခဲ့တဲ့အရာတွေဟာ သူ့ဘဝကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘဲ၊ နောက်ဆုံးမှာ သူ့နောက်ကို လိုက်လာနိုင်တာက တစ်မတ်ငွေလေးသာ ဖြစ်ခဲ့တယ်။
ဒီဇာတ်ရဲ့ အဓိပ္ပာယ်က ပစ္စည်းဥစ္စာ မရှိသင့်ဘူးလို့ ပြောတာ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ စည်းစိမ်ရှိနိုင်တယ်။ ကြိုးစားပြီး တည်ဆောက်နိုင်တယ်။ ဒါပေမယ့် အဲဒီအရာတွေကို အသုံးချဖို့ မေ့သွားပြီး၊ အဲဒီအရာတွေကိုပဲ ဘဝရဲ့ အဓိကအရာအဖြစ် ဖက်တွယ်ထားခြင်းဟာ အဓိပ်ပါယျရှိရဲ့လားဆိုတာပါပဲ။
သူ့မှာ ပိုင်ဆိုင်မှုတွေ အများကြီးရှိခဲ့ပေမယ့် ရှိတာတွေကို အသက်ရှင်နေစဉ်မှာ မခံစားနိုင်ခဲ့တာပါ။
နောက်ဆုံးမှာ သူသိလိုက်ရတာက လူတစ်ယောက်ရဲ့ တကယ့်ပိုင်ဆိုင်မှုဆိုတာ သူမြှုပ်နှံသိမ်းဆည်းထားနိုင်တဲ့အရာ မဟုတ်ဘဲ၊ အသက်ရှင်နေစဉ်မှာ အဓိပ္ပာယ်ရှိအောင် အသုံးချနိုင်ခဲ့တဲ့ အရာတွေ ဖြစ်တယ်ဆိုတာပါ။
တစ်ခါတလေ လူဟာ ပစ္စည်းတွေကို ပိုင်ဆိုင်တယ်လို့ ထင်နေတတ်ပေမယ့် အမှန်မှာတော့ ပစ္စည်းတွေကပဲ လူရဲ့ဘဝကို ချည်နှောင်ထားတတ်ပါတယ်။
အဲဒီချည်နှောင်မှုကို သံယောဇ လို့ ခေါ်ပါတယ်။