AhM-Phyo

AhM-Phyo Trying to be a better life in game.Please Like & Follow to injoy our Streams and Informations.

တစ်ညမှာ အဆောင်နေ ကောလိပ်ကျောင်းသားလေးယောက်ဟာ မနက်ဖြန် စာမေးပွဲ တစ်ခုဖြေဆိုရမှာ သိထားရက်နဲ့ပဲ့ ပါတီပွဲ မှာပဲ့ တညလုံး  နေခ...
11/09/2024

တစ်ညမှာ အဆောင်နေ ကောလိပ်ကျောင်းသားလေးယောက်ဟာ မနက်ဖြန် စာမေးပွဲ တစ်ခုဖြေဆိုရမှာ သိထားရက်နဲ့ပဲ့ ပါတီပွဲ မှာပဲ့ တညလုံး နေခဲ့ကြသတဲ့ 🤦‍♂️🤦‍♂️🤦‍♂️🤦‍♂️
နောက်တစ်နေ့မနက်မှာတော့ သူတို့ရဲ့ စာမေးပွဲ မဖြေရအောင် ခွင့်ယူဖို့ အစီအစဉ်ဆွဲခဲ့ကြပီး စာမေးပွဲ ဖြေဆိုချိန်ကျမှ တကိုယ်လုံး ညစ်ပေအောင်လုပ်သွားကြပီးနောက် ဆရာရုံးခန်းသို့ သွားကြသတဲ့..😁
သူတို့သည် ယခင်ညက အဆောင်အပြန်မှာ သူတို့ ကားဟာ တိုင်ယာပေါက်ပီး တစ်ညလုံး သူ တို့၏ကားကို ကျောင်းဝင်းသို့ပြန်တွန်းခဲ့ကြရတယ် လို့ သူတို့ ဆရာကို ပြောခဲ့ကြသတဲ့ကွယ် (ကိုတွေကျောင်းတက်တုန်းက အတိုင်းပဲ့ ဥာဏ်များချက်)😂🤣😂🤣
ဆရာက အသေအချာ စဉ်းစားပီး ကျောင်းသားတွေ အဆင်ပြေစေရန် အတွက် သုံးရက်အကြာမှ ပြန်လာဖြေဖို့ ခွင့်ပေးလိုက်သတဲ့ 🤔
ဖြေရမဲ့ ရက်‌ရောက်တော့ ကျောင်းသားတွေဟာ ဆရာရုံးကို သွားကြတာပေါ့ ဆရာက ကျောင်းသားလေးယောက်စလုံးကို သီးခြားအခန်းတွေမှာ စမ်းသပ်စစ်ဆေးဖို့ ခွဲပီး ထားလိုက်သတဲ့ ကျောင်းသားတွေဟာ စာလေ့လာဖို့အခွင့်အရေးရထားတဲ့အတွက် အဆင်ပြေကြပါတယ်ပေါ့ အဲတာနဲ့ မေးခွန်းလွှာ ကို ဖွင့်ကြည့်တဲ့ အခါ
မေးခွန်း 2 ခုရှိခဲ့သတဲ့
1. သင့်နာမည် __________ (1 မှတ်)
2. ဘယ်တာယာက ပေါက်ခဲ့တာလဲ အဖြေမှန် ရွေးပါ (99 အမှတ်)
-ညာဘက် ညာဘက်
-ရှေ့လက်ဝဲ
-ညာဘက် နောက်ပြန်
-လက်ဝဲဘက် နောက်ပြန်
(မင့်တို့ 4 ယောက် အဖြေ မတူရင်တော့ တေပီသာမှတ်)
မေးခွန်း သတ်ပီလေ ... 🤣🤣🤣🤣🤣
လိုအပ်တဲ့ဆုံးဖြတ်ချက်များချရသည့်အခါ ကိုယ်လုပ်ခဲ့မိတဲ့ လုပ်ရပ်များအတွက်လည်း တာဝန်ယူဖို့ အမြဲလိုအပ်ပါတယ်..
ဒီလို မဟုတ်ပဲ သင့် အမှားများအတွက်နဲ့ အခြားလူများကို အပြစ်တင်ခြင်း ကိုယ့်အမှားကို ဖုံးဖိကွယ်ဖို့ ဆင်ခြေ ဆင်လက်တွေပေးပီး အမှားတွေကို ထပ်ဆက်ပြုလုပ်ပီး အခြားသော သူများကို ဖိအားဖြစ်စေတာတွေဟာ လူ့ ကျင့်ဝတ် နဲ့ မကိုက်ညီ သော အပြုအမှုသာ ဖြစ်ကြောင်း....

ညစ်ပတ်သွားတဲ့ ‌ငွေပိုက်ဆံတစ်နေ့ မှာ လူအများလေးစားခံရတဲ့ ဟောပြောသူတစ်ဦးဟာ ပရိသတ်ပေါင်း 150 ရှိတဲ့ နှီးနှောဖလှယ်ဟောပြောပွဲ...
09/09/2024

ညစ်ပတ်သွားတဲ့ ‌ငွေပိုက်ဆံ
တစ်နေ့ မှာ လူအများလေးစားခံရတဲ့ ဟောပြောသူတစ်ဦးဟာ ပရိသတ်ပေါင်း 150 ရှိတဲ့ နှီးနှောဖလှယ်ဟောပြောပွဲတစ်ခုမှာ ဒေါ်လာ 20 တန် အသစ်တစ်ချပ်ကို ပြသခြင်းဖြင့် စတင်ခဲ့သတဲ့...
သူက "ဒီဒေါ်လာ 20 တန် ကို ဘယ်သူ လိုချင်တာလဲ" လို့မေးတယ်...
လူအားလုံးက လိုချင်တယ်လို့ ခေါင်းညိတ်ခဲ့ကြတယ်...
သူက "ဒီငွေကို တစ်ယောက်ယောက်ကို ပေးပါ့မယ် ဒါပေမဲ့ ပထမဦးဆုံးအနေနဲ့..." လို့ပြောပီး အဲဒီနောက် ‌ပိုက်ဆံ ကို လုံးချေပစ်လိုက်သတဲ့...
"ကဲ..တစ်ယောက်ယောက် လိုချင်သေးသလား" လို့ လူအုပ်ကို ပြန်မေးတယ်...
လက်ပေါင်း 150 အားလုံးက လေထဲလှန်းထောင်ပြ‌ပီး သူယူမယ် ငါယူမယ် ပြောကြသတဲ့...
ထို့နောက် ဟောပြောသူက ပိုက်ဆံကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး ဖိနပ် နဲ့ ဖိနင်းလိုက်သတဲ့...
အဲဒီနောက် သူဟာ ပြန်ကောက်ယူပီး လူအုပ်ကိုထောင်ပြလိုက်သတဲ့ ငွေပိုက်ဆံက အတော် ညစ်ပတ်သွားခဲ့ပီပေါ့ကွယ်....
"အခုကော လိုချင်တဲ့သူ ရှိတုန်းပဲ့လား" ဟု သူထပ်မေးတဲ့ အခါလည်း လက်တိုင်း ထောင်တက်သွားနေကြဆဲပဲ့ပေါ့ကွယ်...
ဟောပြောသူက "ဒီငွေပိုက်ဆံကို ဖျက်ဆီးဖို့ သူဘာပဲလုပ်လုပ်နေပါစေ လူတွေက အဲဒီငွေရဲ့တန်ဖိုး ဟာလျော့ကျမသွားပဲ ဒေါ်လာ 20 တန်ဖိုးရှိမြဲရှိနေဆဲဖြစ်လို့ လိုချင်ကြသေးတယ်" လို့ လူအုပ်ကို ဆက်ပြောပြလိုက်သတဲ့ကွယ်...

"ကျွန်တော် တို့ ဘဝတွေမှာလည်း အရည်အချင်းမပြည့်မီဘူးလို့ ခံစားရတဲ့အထိ ခက်ခဲတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ရလေ့ရှိပါတယ်. အယ်လို ခက်ခဲမှုတွေကြောင့် ကျွန်ုပ်တို့မှာ ကိုယ့်နဲ့ မကိုက်ညီတာတွေ နှိပ့်ချရမှုတွေကို ရွေးချယ်လိုက်ရတာတွေ ရှိတတ်ကြပါတယ်
ဒါပေမဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ သင်ဟာ သင်ပါ..
သင့် ဆီက ဘယ်သူမှ ယူဆောင်မသွားနိုင်တဲ့ သင့်တန်ဖိုးက မပြောင်းမလဲ ရှိ‌နေဦးမှာပါ..."

1940 အလွန်နှစ်တွေတုန်းကပေါ့....     အငြိမ်းစားယူထားတဲ့ အသက် 65 နှစ်အရွယ် လူကြီးတစ်ယောက်ဟာ အိမ်အသေးလေး တစ်လုံးမှာနေထိုင်သ...
08/09/2024

1940 အလွန်နှစ်တွေတုန်းကပေါ့....
အငြိမ်းစားယူထားတဲ့ အသက် 65 နှစ်အရွယ် လူကြီးတစ်ယောက်ဟာ အိမ်အသေးလေး တစ်လုံးမှာနေထိုင်သတဲ့ စီးစရာ ကားအိုလေးတစ်စီးနဲ့ပေ့ါ...
ပြောင်းလဲဖို့အချိန်တန်လာခဲ့တဲ့တစ်နေ့မှာ သူ့ မိတ်ဆွေ သူ့မိသားစုတွေ အရမ်းကြိုက်ကြတဲ့ သူ့လက်ရာ ကြက်ကြော်အကြောင်းတွေးရင်းနဲ့ သူဟာဆုံးဖြတ်ချက်တစ်ခု ချလိုက်သတဲ့ အခြားသူတွေလည်း အကျိုးရှိမယ် ဆိုပီး သူတွေးရင်းပေါ့ကွယ်...
သူဟာ နေအိမ်ရှိရာ Kentucky ပြည်နယ် ကနေထွက်ခွာခဲ့ပြီး သူရဲ့ ကြက်ကြော်နည်းလမ်းကို စားသောက်ဆိုင်‌တွေမှာ ရောင်းချဖို့ကြိုးစားလျက်နဲ့ နိုင်ငံတစ်ဝှမ်းလုံး ခရီးသွားခဲ့သတဲ့.. အချို့သောဆိုင်တွေမှာ သူ့နည်းကို အခမဲ့တောင် ကမ်းလှမ်းပြီး ရောင်းရငွေအနည်းငယ်ကိုပဲ တောင်းဆိုခဲ့သတဲ့ကွယ်....
ဒါပေမဲ့ စားသောက်ဆိုင်အများစုက သူ့ရဲ့ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ကြတယ် အတိအကျဆိုရလျှင် စားသောက်ဆိုင်ပေါင်း 1,009 ဆိုင်ပါတဲ့...
ဒီလောက်ငြင်းပယ်မှုကို ခံခဲ့ရပြီးတဲ့နောက်မှာတောင် သူဇွဲရှိစွာနဲ့ပဲ့ သူ့ကိုယ်သူနဲ့ သူ့ကြက်‌ကြော်နည်းကို ယုံကြည်နေဆဲပါပဲ့....
စားသောက်ဆိုင် 1,010 ဆိုင်မြောက်မှာတော့ သူ့ကို လက်ခံခဲ့ပီး ဒီကစ သူ့ရဲ့ ကြက်ကြော် ဟာ အရမ်းကို အောင်မြင်လာခဲ့သတဲ့ကွယ်....

ဟုတ်ပါတယ် မိတ်ဆွေတို့ သိတဲ့ KFC (Kentucky Fried Chicken) ကြက်ကြော်ဆိုင်တို့ ရဲ့ တည်ထောင်သူ Colonel Hartland Sanders ရဲ့ ဇာတ်လမ်းလေးပဲ့ ဖြစ်ပါတယ်

ဒီကနေ ရရှိနိုင်တဲ့ သင်ခန်းစာအများကြီး ရရှိစေပါတယ်...
- ပထမအနေနဲ့ အောင်မြင်မှုရှာဖို့ ဘဝမှာ ဘယ်တော့မှ နောက်ကျလွန်းမှာ မဟုတ်ပါဘူး ဆိုတာ...
ယနေ့‌‌ခေတ် လူ့အဖွဲ့အစည်းမှာ အသက်အရွယ်တစ်ခုလွန်လာပြီးတဲ့နောက် ဘယ်တော့မှ အောင်မြင်တော့မှာ မဟုတ်တော့ဘူးလို့ တွေးတောတတ်ကြတယ်... သို့‌သော် Colonel Hartland Sanders သည် ထိုအတွေးအခေါ် မှားကြောင်း သက်သေထူသည့် ဥပမာတစ်ခုဖြစ်တယ်မလား..

- ဒီဇာတ်လမ်းက ဇွဲရှိခြင်းရဲ့ အစွမ်းကိုလည်း ဖော်ပြနေပါတယ်...
ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုရှိပြီး တခြားသူတွေလည်း သင့်အလုပ်ကို ယုံကြည်စိတ်ချစေရပါ့မယ် သင်နဲ့ သင့်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ငြင်းပယ်မှုတွေကို လျစ်လျူရှုနိုင်တဲ့ ယုံကြည်မှု နဲ့ ရှေ့ဆက်သွားခြင်းကသာ အောင်မြင်နိုင်မှာ ဆိုတာပါပဲ့...

07/09/2024

တစ်ခါတုန်းက လူတစ်ယောက်ဟာ ဆင်စခန်းကို ဖြတ်လျှောက်သွားတဲ့အခါ ဆင်တွေဟာ ခြေထောက်တစ်ချောင်းမှာ ချည်ထားတဲ့ ကြိုးငယ်ငယ်လေးတစ်ပင် နဲ့ပဲ လုံခြုံနေတာကို သတိပြုမိပီး ဆင်တွေဟာ ဘာဖြစ်လို့ ကြိုးကနေ လွတ်မြောက်ဖို့ မရုန်းကန်တာလဲလို့ သူတွေး‌မိတာပေါ့....
ဆင်တွေဟာ ဒီကြိုးလောက်တော့ ပြတ်နိုင်လောက်အောင် ခွန်အားရှိကြတာ သေချာတယ်လေ....
နောက်သူက ဆင် တွေ ဘာကြောင့် လွတ်မြောက်ဖို့ မကြိုးစားကြတာလဲ လို့ ဆင်ထိန်း တစ် ယောက်ကို မေး တဲ့အခါ.... ဆင်ထိန်း က
ဆင်ကလေး အရွယ်ကတည်းကစပီး ဒီလိုကြိုးအရွယ်အစားကိုပဲ့ ဆင်ကြီးဘဝအထိ တစ်လျှောက်လုံးအသုံးပြုတယ် ဟု ပြန်ပြောပြလေသတဲ့
ဆင်ကလေးတွေက ကြိုးကနေ လွတ်မြောက်ဖို့ ဆိုရင်တော့ အရမ်းသေးနေတယ် ကြိုးက သူတို့ထက် ပိုခိုင်မာတယ်ဆိုတဲ့ အခြေအနေနဲ့ ကြီးပြင်းလာကြတာလေ....
ဆင်ကြီးများ ဖြစ်လာကြသည့်တိုင် ကြိုး သည် သူတို့ကို ချုပ်ထားနိုင်ဆဲ ဖြစ်သည် ဟု သူတို့ထင်ကြဆဲပဲ့ဖြစ်ပီး သူတို့က လွတ်မြောက်ဖို့ ရုန်းကန်ရန်မကြိုးစားကြတော့ဖူးတဲ့....

ဒီဖြစ်ရပ်လေးမှာမြင်ရတာကတော့ အကူအညီ.မျှော်လင့်ချက်မဲ့တာကိုပါပဲ့.... ကြိုးစားရုန်းကန်သော်လည်းမလွတ်မြောက် နာကျင်မှုသာရပီး ရှောင်ရှားဖို့ရာလည်းနည်းလမ်းမရှိဘဲ အကျဥ်းအကျပ်အခြေအနေတစ်ခုထဲမှာ အချိန်တော်တော်ကြာကြာ နေခဲ့ရတဲ့‌ နောက်ပိုင်းမှာတော့ လွတ်မြောက်နိုင်တဲ့ အခြေအနေ ကို ရောက်လာခဲ့သည့်တိုင် အရင်ကလိုနာကျင်မှုကို ပြန်ခံစားရမှာကိုစိုးရိမ်ပီး ရုန်းကန်ဖို့ ကြိုးစားတော့မှာမဟုတ်တော့ဖူးဆိုတာပေါ့...
ဒီအတိုင်းပါပဲ့မလား မိတ်ဆွေတို့လည်း....
အတိတ်တုန်း တခုခုအတွက်ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့အခါ ငါဒီဟာမလုပ်နိုင်ဘူးလို့ သတ်မှတ်ထားတဲ့ စိတ်သဘောထားနဲ့ ဘဝကို ဖြတ်သန်းပီး အသက်ရှင်နေကြတာပါ....
တကယ်တော့ မိတ်ဆွေတို့ရဲ့ အဆုံးစွန်းအောင်မြင်မှုအတွက် အချို့သော ကို့ကိုယ်ကိုကန့်သတ်ထားတဲ့ ယုံကြည်ချက်စိတ်အစွဲ များကို စွန့်လွှတ်ရမှာပါ...
အတိတ်က ကျရှုံးမှုတွေကနေ မသင်ယူ မလေ့လာနိုင်ဖူးဆိုတဲ့ ယူဆချက်ကို မကိုင်စွဲပါနဲ့ သင်မလုပ်နိုင်ဖူးလို့ အခြားသူတွေကိုလည်းပြောခွင့်မပေးပါနဲ့...

ကဲ လူတိုင်း အတိတ်ကကျရှုံးမှုမှ သင်ခန်းစာယူပီး အခွင့်အရေးရတဲ့အခါ အောင်မြင်အောင် ကြိုးစားနိုင်ကြပါစေလို့........

Hi morning allဒီမနက်အတွက် စကားစုလေးကတော့            “Don’t let anyone rent a space in your head, unless they’re a good t...
06/09/2024

Hi morning all

ဒီမနက်အတွက် စကားစုလေးကတော့
“Don’t let anyone rent a space in your head, unless they’re a good tenant.” လေးပါဗျ….

“ခေါင်းထဲထည့်ဖို့ မသင့်တဲ့လူတွေအကြောင်း တွေးပီး ခေါင်းရှုပ်မခံနေပါနဲ့” လို့ပဲ့ ကျွန်တော် ရှယ်ပါရစေ…

လူတိုင်း မကောင်းတဲ့ လူ၊ပတ်ဝန်းကျင် ကြောင့် ခေါင်းရှုပ်ရခြင်းမှ ကင်းဝေးကြပါစေလို့

အိပ်ယာဝင်အတွေးအခေါ်ပုံပြင်လေးပေါ့ကွယ်🫠🤗       တနေ့သောအချိန်တုန်းကပေါ့ အတွေးအခေါ်ပါမောက္ခတစ်ဦးက စာသင်ချိန်တခုမှာ အိုးအကြည...
05/09/2024

အိပ်ယာဝင်အတွေးအခေါ်ပုံပြင်လေးပေါ့ကွယ်🫠🤗
တနေ့သောအချိန်တုန်းကပေါ့ အတွေးအခေါ်ပါမောက္ခတစ်ဦးက စာသင်ချိန်တခုမှာ အိုးအကြည်ကြီး တခုထားပီး သူက အနောက်မှာမတ်တတ်ရပ်နေခဲ့ပီးတော့ပေါ့…👨‍🏫🫙
သူက အိုးထဲကို ကျောက်တုံးကြီးတွေနဲ့ဖြည့်ပြီး “အိုးပြည့်ပီသလား” လို့ ကျောင်းသားတွေကို မေးသတဲ့…🪨🪨🪨🪨🪨
သူ၏ကျောင်းသားအားလုံးက အိုးဟာပြည့်နေပီဖြစ်တယ်လို့ ပြောခဲ့ကြတာပေါ့…🤗
ထို့နောက် သူသည် အိုးထဲကျောက်စရစ်ခဲများ ထပ်ထည့်ခဲ့ပြီး ကျောက်တုံးကြီးများအကြား ယိုပီးဝင်သွားနိုင်ရန် အိုးကို လှုပ်လှုပ်ပေးခဲ့ပြီးတော့ "အိုးပြည့်ပီသလား" လို့ပြန်မေးပြန်သတဲ့…
ကျောင်းသားတွေကလည်း အိုးဟာပြည့်နေပီဖြစ်ကြောင်း လို့ ထပ်ပြောကြတာပေါ့ကွယ်…🤔
နောက်ထပ် ပါမောက္ခသည် အိုးထဲ ကျန်ကြွင်းလွတ်လပ်နေသောနေရာအားလုံးကို သဲထပ်လောင်းလိုက်ပီးမေးတဲ့အခါ ကျောင်းသားများကလည်း အိုးပြည့်နေပီကြောင်း ထပ်၍ပြောပြန်သတဲ့ကွယ်…😅
နောက် ပါမောက္ခကြီးက ကျောင်းသားတွေကို ရှင်းပြသတဲ့
အိုးက သင့်တို့ဘဝ ဖြစ်ပီး ကျောက်တုံးကြီး‌ေတွကျောက်စရစ်ခဲတွေသဲတွေဟာ သင့်တို့ဘဝကိုဖြည့်ဆည်းခဲ့တဲ့ အရာတွေပေါ့ကွယ်...
ကျောက်တုံးကြီးဆိုတာကတော့ သင့်တို့မိသားစုနှင့်အချိန်ဖြုန်းခြင်းနှင့် သင့်လျော်သောကျန်းမာရေးထိန်းသိမ်းခြင်းကဲ့သိုသော အရေးကြီးဆုံးသောအရာများနှင့် လုပ်ဆောင်သင့်သောအရာများကို ကိုယ်စားပြုတာပေါ့. ဒီဟာက တကယ်လို့ ကျောက်စရစ်ခဲများနှင့် သဲများ ပျောက်ကွယ်သွားမည်ဆိုလျှင်တောင်မှ ဒီအရာတွေကအိုးအပြည့်ရှိနေဆဲဖြစ်ပြီး သင့်တို့ဘဝသည် အဓိပ္ပာယ်ရှိနေဆဲဖြစ်ကြောင်း ဆိုလိုသတဲ့...
ကျောက်စရစ်ခဲများသည် သင့်တို့ဘဝတွင် အရေးကြီးသောအရာများကို ကိုယ်စားပြုနိုင်သော်လည်း မရှိသော်ငှာလည်း ရှင်သန်နိုင်တဲ့ အရာတွေပေါ့ကွယ် ပြောရမည်ဆိုရင် အလုပ်၊ အိမ်၊ ဝါသနာနှင့် မိတ်ဆွေဖွဲ့မှုစသည့်တွေက သင့်တို၏ဘဝတာကို အဓိပ္ပာယ်ရှိစေသည့်အရာများဖြစ်သော်ငှါးလည်း ယင်းတို့သည် အရေးကြီးလှတာ မဟုတ်ချေ ထိုသိုသောအရာများသည် သင့်ဘဝမှာ များသောအားဖြင့် အမြဲတည်မြဲနေတာ မဟုတ်သည့်အတွက် သင့်တို့ဘဝကောင်းမွန်ရေးအတွက် မရှိမဖြစ်ဆို၍လိုအပ်သည်အရာများ မဟုတ်ပါဖူးကွယ့်
နောက်ဆုံးသော သဲသည် သင့်တို့ဘဝတွင် ကျန်သောဖြည့်စွပ်ပစ္စည်းများနှင့် ရုပ်ပစ္စည်းပိုင်ဆိုင်မှုများကို ကိုယ်စားပြုတာပေါ့ ပြောရမည်ဆိုလျှင်ကား ရုပ်မြင်သံကြားကြည့်ခြင်း၊ နှစ်သက်ရာ လူမှုမီဒီယာဆိုက် ကြည့်ရှုသုံးစွဲ စီမံခန့်ခွဲခြင်း ကဲ့သို့သော သေးငယ်သောအရာများ ဖြစ်နိုင်ပီး ဒီအရာတွေဟာ သင့်တို့ဘဝအတွက် အပြည့်အဝ အဓိပ္ပာယ်မရှိပါဘဲ အချိန်ဖြုန်းဖို့ ဒါမှမဟုတ် လုပ်ငန်းငယ်လေးတွေ ပြီးမြောက်အောင်လုပ်ဖို့သာအတွက်မဟုတ်ပါလား..
နိဂုံးချုပ်ပြောရလျှင်
အိုးထဲ သဲထည့်ပြီး အစပြုမယ်ဆိုရင် ကျောက်တုံးကြီးတွေ ဒါမှမဟုတ် ကျောက်စရစ်ခဲတွေအတွက် နေရာမရှိဘူးဆိုတဲ့ အဓိက အချက်ပါပဲ့....
အကယ်၍ သင်၏အချိန်အားလုံးကို သေးငယ်ပြီး အရေးမပါသောအရာများအတွက် အသုံးပြုမည်ဆိုလျှင် အမှန်တကယ်အရေးကြီးသောအရာများအတွက် နေရာမရှိတော့ပါ...
ဒီတော့ အဓိပ္ပာယ်ရှိသော ဘဝတွေရရှိစေဖို့ သင့်ဘဝတစ်လျောက်လုံးရဲ့ မရှိမဖြစ်သော အရေးပါသော ကျောက်တုံးကြီး များကိုပဲ့ အဓိကထားအာရုံစိုက်ကြပါရပါ့မယ်….

ကဲ ဒီတော့ အားလုံးပဲ့ ကိုယ်အနားအမြဲရှိနေမဲ့ မိသားစု နဲ့ ကိုယ့်ကျန်းမာရေးအပြင် မိသားစု့ကျန်းမာရေးများကိုပါ ဂရုစိုက်ပေးနိုင်ကြပီး အသက်ရှည်အနာမဲ့ကြပါစေလို့
Good Night…

Good Morning ပါ ☕️🧇🍳ဘဝ့နေထိုင်နည်းတွေ ဟောပြောနေတဲ့ အမေရိကန် Author စာရေးဆရာ Anthony Robbins ရဲ့စကားစုလေးတခု ရှယ်ချင်တာဗျ...
05/09/2024

Good Morning ပါ ☕️🧇🍳
ဘဝ့နေထိုင်နည်းတွေ ဟောပြောနေတဲ့ အမေရိကန် Author စာရေးဆရာ Anthony Robbins ရဲ့စကားစုလေးတခု ရှယ်ချင်တာဗျ

“Live life fully while you’re here. Experience everything. Take care of yourself and your friends. Have fun, be crazy,be weird.Go out and screw up! You’re going to anyway, so you might as well enjoy the process. Take the opportunity to learn from your mistakes: find the cause of your problem and eliminate it. Don’t try to be perfect; just be an excellent example of being human.”တဲ့

ကျွန်တော် နားလည်သလောက်အရဆိုရင်

“သင့်ရှိနေစဉ် ဘဝလေးမှာ အပြည့်အဝနေထိုင်ပါ…🤗
အရာရာကို တွေ့ကြုံခံစားပါ…😊
သင်ကိုယ်တိုင်နှင့် သင့်သူငယ်ချင်းများကို ဂရုစိုက်ပါ… ☺️
အခြားသူတွေရဲ့အမြင်မှာ ရူးသွပ်ထူးဆန်းနေပလေ့စေ ပျောပျော်ရွင်ရွင်သာနေထိုင်ပါ…😂
အပြင်ထွက်ပြီး တလွဲတချော်တွေ လုပ်လိုက်မိသလား ☹️ဘာပဲဖြစ်​ဖြစ်​ သွားလာတွေ့ကြုံရမှာပဲ့ အဲဒီလိုမျိုးနဲ့ အောင်မြင်မှုတွေကိုလည် ပျော်ပျော်ပါးပါးတွေ့ဆုံရတာတွေလည်းရှိလာနိုင်တာပဲ့လေ…💪
သင့်အမှားများမှ သင်ခန်းစာယူပီး အခွင့်အရေးကိုယူပါ👍ပြဿနာ၏အကြောင်းရင်းကို ရှာဖွေပြီး ဖယ်ရှားလိုက်ပါ…
ပြီးပြည့်စုံဖို့အရေးကြိုးစားနေဖို့မလိုပါဖူးနော် လူသားဖြစ်ခြင်း၏ အကောင်းဆုံး စံနမူနာ သာဖြစ်ပါစေ” တဲ့👏👏👏👏👏
လူသားအားလုံး ပျော်ရွင် ကျမ်းမာ ချမ်းသာကြပါစေ 🥰🤲

သုံး‌ပေအကွာမှ ရွှေတွင်းတခါတုန်းက ရွှေမိုင်းတွင်းတွေရှိတဲ့ ကိုလိုလန်ဘို ဆိုတဲ့နေရာလေးတခုမှာပေါ့…⛏️⛏️⛏️ယောင်္ကျားကြီးတစ်ယေ...
04/09/2024

သုံး‌ပေအကွာမှ ရွှေတွင်း

တခါတုန်းက ရွှေမိုင်းတွင်းတွေရှိတဲ့ ကိုလိုလန်ဘို ဆိုတဲ့နေရာလေးတခုမှာပေါ့…⛏️⛏️⛏️
ယောင်္ကျားကြီးတစ်ယောက်ဟာ တကိုယ်တည်းရွှေတူးလာတာ လအတော်ကြာခဲ့ပေမဲ့လည်း ရွှေမရရှိသေးတာမို့ သူ့ဘဝဟာ အတော်ကိုပင်ပန်းခက်ခဲ့လာခဲ့တာပေါ့…😣
ဒါကြောင့်မို့ သူဟာ ဒီအလုပ်ကိုအရှုံးပေးလက်လွတ်ဖို့ဖြစ်လာခဲ့ပီး သူ့ရဲ့ရွှေတူးပစ္စည်းကိရိယာတွေကို ခုမှအလုပ်စတင်ဖို့လာခဲ့တဲ့အခြားသူဆီရောင်းပီး ထွက်သွားပါတော့သတဲ့… 🥺
အသစ်မိုင်းတူးသမား ရဲ့ အင်ဂျင်နီယာဟာ မိုင်းတွင်း ကိုစစ်ဆေးကြည့်တဲ့အခါ မိုင်းတူးသမားအဟောင်းတူးခဲ့တဲ့ တနေရာကနေအနက်သုံးပေလောက်သာကွာတော့တဲ့ နေရာ ရွှေရှိနိုင်တာကို သိခဲ့ရသတဲ့ကွယ်… 😳😮😲😯🫢
အာတာနဲ့ ဒီနေရာကို မိုင်းတူးသမားအသစ် ဟာ ဆက်တူးကြည့်တဲ့အခါ ကြီးမားလှတဲ့ ရွှေတွင်းကြီးကို တကယ့်သုံးပေ အကွာအဝေး မှာတွေရှိပီး ကြီးပွါးချမ်းသာသွားပါ့သတဲ့ကွယ်….🤑🤑🤑🤑🤑

ဒီ story ကနေ ရရှိတဲ့ သင်ခန်းစာ အနေနဲ့ကျတော့…
-အခက်အခဲတွေကြားထဲမြဲမြံဖို့ ကြိုးစားဖို့…
အလုပ်ကခက်ခဲငြီးငွေ့ပီး ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူအတော်များများက သူတို့အိပ်မက်တွေကို လက်လျှော့လိုက်ကြတာများပါတယ်.ဒါပေမဲ့ သင်ထင်ထားတာထက် ပန်းတိုင်ဟာ ပိုပီးနီးကပ်နေတတ်ပီမို့ နည်းနည်းလောက် အခက်အခဲတွေဖြတ်သန်းဖို့ ကိုယ်ဟာကို တွန်းအားပေးလိုက်လျှင် အောင်မြင်လာပါ့လိမ့်မယ်.
-အသင်းအဖွဲ့ နဲ့ နည်းပညာတွေကို စည်းကမ်းတကျ သုံးတတ်ဖို့
ခုလိုခေတ်ကြီး နည်းပညာနဲ့ပတ်ဝန်းကျင်တွေကို မလေ့လာပဲ တစ်ယောက်တည်းအောင်မြင်နိုင်ဖို့ဆိုတာ မလွယ်ကူနိုင်ပါဖူး.ကိုယ်တတ်သမျှနဲ့အသင်းအဖွဲ့ကို ပံ့ပို့ပီးအတူတကွလုပ်ကိုင်မယ်ဆိုရင်တော့ အောင်မြင်မှုဆိုတာ လက်တကမ်းအကွာလောက်သာဖြစ်တယ်ဆိုတာပဲ့.

ဒီဇာတ်လမ်း ကိုတော့ လူတိုင်းကြားဖူးနေကျဖြစ်မှာပါ
ကျွန်တော့အတွက် ခက်ခဲ့တဲ့ဒီကာလ အတွက် ရှေ့ဆက်ဖို့ အားအင်ဖြစ်စေတာမို့ ပြန် sharing လုပ်ပေးဖြစ်တာပါ. သင်လည်း ကိုယ်ချစ်တဲ့သူတွေဆီ sharing လုပ်ပေးဖို့မမေ့ပါနဲ့ 🥰

“You can’t teach children to behave better by making them feel worse. When children feel better, they behave better”“ကလေ...
03/09/2024

“You can’t teach children to behave better by making them feel worse. When children feel better, they behave better”

“ကလေး တွေကို ဆူပူပီးစိတ်ထိခိုက်စေတဲ့နည်းနဲ့ ကောင်းကောင်းမွန်မွန်ပြုမူနေထိုင်ဖို့အတွက်သင်ပေးလို့မရပါဖူး ကလေး ဆိုတာ စိတ်ချမ်းအေးချမ်းသာယာနေမှသာ သူတို့လေးတွေက အကျင့်ကောင်းတွေပြုမူလာမှာပါ”🥰😍😍

Credit Quotes

“A bad attitude is like a flat tire.You can’t go anywhere until you fix it.”“မကောင်းတဲ့ စိတ်ထား အမူအကျင့် ဆိုတာ ပေါက်ပီး...
02/09/2024

“A bad attitude is like a flat tire.You can’t go anywhere until you fix it.”

“မကောင်းတဲ့ စိတ်ထား အမူအကျင့် ဆိုတာ ပေါက်ပီး လေလျော့သွားတဲ့ တိုင်ယာ တခု လိုပါပဲ့. ပြန်ပီးမပြင်ဆင်ဖူးဆိုရင်တော့ ဘယ်ခရီးမှ ရောက်မှာ မဟုတ်တော့ဖူး"

Credit Quote

Garena Codm Clan war ပီးခဲ့တဲ့ week မှာ MSR / CCTV ကအကောင်းဆုံး ဆော့ပေးခဲ့တဲ့  အတွက် ကျေးဇူးအထူးပါဗျ ကျန်တဲ့ clanmate တွ...
19/12/2023

Garena Codm Clan war ပီးခဲ့တဲ့ week မှာ MSR / CCTV ကအကောင်းဆုံး ဆော့ပေးခဲ့တဲ့ အတွက် ကျေးဇူးအထူးပါဗျ ကျန်တဲ့ clanmate တွေလည်း ဝိုင်းဆော့ပေးကြတာကို ကျေးဇူးတင်ပါတယ် ကျွန်တော်တောင်းဆိုခဲ့တဲ့အတိုင်း clan က ပထမ ရခဲ့လို့ ဒုတိယက MSR / Gipsy နဲ့ တတိယက MSR / JoyBoy ကိုပါ ကတိအတိုင်း CP ထည့်ထားပေးပါ့မယ် MSR clan သားများအားလုံး ကိုကျေးဇူးအထူးပါနော်
ဟုတ်ကဲ့ Garena Codm ဆော့ပီး Clan ဝင်ဖို့စိတ်ဝင်စားတဲ့သူတွေကို MM/SpringRangers မှဖိတ်ခေါ်ပါရစေဗျ ပျော်ပျော်ပါးပါး ဆော့နိုင်ကြစေဖို့ပါ
ကျေးဇူးပါဗျ.....

Address


Alerts

Be the first to know and let us send you an email when AhM-Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share