YenYint ဘဝအတွက် ခွန်အားဖြစ်စေမဲ့ စာပေမျှဝေသူ။���

ကျွန်တော်တို့ နားလည်ထားရမှာက လူတိုင်းမှာ မတူညီတဲ့ ကိုယ်ပိုင်ပြသနာတွေ ကိုယ်စီရှိကြတယ်ဆိုတာပဲ။ ကိုယ့်ကိစ္စနဲ့ကိုယ် ရှုပ်နေ...
27/10/2025

ကျွန်တော်တို့ နားလည်ထားရမှာက လူတိုင်းမှာ မတူညီတဲ့ ကိုယ်ပိုင်ပြသနာတွေ ကိုယ်စီရှိကြတယ်ဆိုတာပဲ။ ကိုယ့်ကိစ္စနဲ့ကိုယ် ရှုပ်နေကြပြီး သူများရဲ့စိတ်ကို အပြည့်အဝနားလည်ပေးနိုင်ဖို့ ဆိုတာ အမြဲတမ်းလွယ်ကူမနေပါဘူး။ ဒါကြောင့်မို့ လူတိုင်းဆီက နာလည်မှုရဖို့ အမြဲတမ်းမျော်လင့်နေလို့ မရပါဘူး။အရေးကြီးတာက ကိုယ့်စိတ်ကို ကိုယ် နားလည်အောင် လုပ်ရမှာပါ။ တစ်ချိူ့အရာတွေက ကိုယ်တိုင်ဖန်တီးယူရတာ။ သူများပေးမှ ရတာမျိူးမဟုတ်လို့ပါ။ ကိုယ့်ကိုယ်ကိုယ် အားကိုးဖို့၊ ပျော်ရွှင်​အောင်ထားဖို့၊ ကျန်းမာ​အောင်​နေဖို့ ကိုယ့်မှာသာ တာဝန်ယူမှု အပြည့်အဝ ရှိတာပါ။ သူများတွေရဲ့ ကူညီမှု၊ ဂရုစိုက်မှု ဆိုတာ "ဆုလာဘ်" တစ်ခုပါပဲ။ အမြဲတမ်း ​မျှော်လင့်​နေလို့ မရပါဘူး။ ဒါကြောင့် သူများကို အပြည့်အဝ မမှီခိုဘဲ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်တဲ့ ရင့်ကျက်တဲ့ သူတစ်ယောက် ဖြစ်အောင် ကြိုးစားပြီး တည်​ဆောက်ယူကြည့်လိုက်ပါ။
ရင့်ကျက်လာတာနဲ့အမျှ စိတ်အလိုမကျတာ​တွေ၊ မ​ကျေနပ်တာ​တွေ စသဖြင့် ကိုယ့်စိတ်နဲ့ကိုယ် ပြဿနာ တက်​တာ​တွေ လည်း နည်းလာပြီး၊ အရာရာကို ဖြည့်​တွေး​ပေးတတ်လာပါလိမ့်မယ်။

ဘဝမှာဘယ်တော့မှ ပြန်မတွေ့ချင်တဲ့ လူတစ်ချို့နဲ့ ဘယ်ဆေးလိမ်းလိမ်းမပျောက်တော့မယ် ဒဏ်ရာတွေရှိတယ် သတိရရင် တိမ်တွေကိုကြည့်ပါ နာ...
23/09/2025

ဘဝမှာ
ဘယ်တော့မှ ပြန်မတွေ့ချင်တဲ့ လူတစ်ချို့နဲ့

ဘယ်ဆေးလိမ်းလိမ်း
မပျောက်တော့မယ် ဒဏ်ရာတွေရှိတယ်

သတိရရင် တိမ်တွေကိုကြည့်ပါ
နာကြည်းတဲ့အခါ မြေပြင်ကိုကြည့်ပေါ့

စိတ်ရှိလက်ရှိ ငေးခွင့်ရှိသလို
စိတ်ပျတ်လက်ပျတ်လဲ နင်းခွင့်လည်းရှိတယ်။

တည့်နေတုန်း ခင်မင်ရင်းနှီးနေတုန်း အတူသွား အတူစား အတူကဲ အသိပေး ပေါင်းခဲ့ကြတာတွေက လူကိုလူလိုသဘောထားပြီး ပေါင်းခဲ့တာမို့ပါ။...
08/09/2025

တည့်နေတုန်း ခင်မင်ရင်းနှီးနေတုန်း အတူသွား အတူစား အတူကဲ အသိပေး ပေါင်းခဲ့ကြတာတွေက လူကိုလူလိုသဘောထားပြီး ပေါင်းခဲ့တာမို့ပါ။

အဆင်မပြေ မတည့်တဲ့အချိန်မှာ သူများအတွင်းကိစ္စတွေကို အကုန်လက်ဆင့်ကမ်း လူတကာကို ဖော၊က်သည်ချတာက အော၊က်တန်းစား လုပ်ရပ်ပါ

စောင်ဂရုစိုက်လို့ပြောတာ မဟုတ်ပေမယ့်
ကိုယ့်ကိုယ်ကို အော၊က်တန်းစားဆိုတာ
သိအောင်လို့ ပြောပြရုံပါ။ မှတ်ချက် သိဖို့ Hok♥

05/09/2025

ချစ်တတ်ရင်
ဘဝမှာ ချစ်စရာတွေ ပြည့်နေတယ်။

မုန်းမယ်ဆိုရင်
ဘဝက မုန်းစရာတွေချည်းပါပဲ။

ကျေးဇူးတင်ချင်ရင်
ကျေးဇူးတရားက နေရာအနှံ့မှာရှိတယ်။

ဆဲချင်ရင်
ကိုယ်နဲ့ ပြိုင်ဆဲမယ့်သူတွေရှိတယ်။

ကိုယ် ကြီးပြင်းရင့်ကျက်ရင်
အရာအရာက လိုက်ကြီးပြင်းတယ်။

ဘဝက ကိုယ့်ကို ရွေးချယ်တာ မဟုတ်ဘူး။
ကိုယ်က ကိုယ်လိုချင်တဲ့ဘဝကို ရွေးချယ်တာပါ။

💌

27/07/2025

“ကိုယ်ချင်းစာစိတ်”ဆိုတာလည်း
ဘဝမှာ အင်မတန်မှ အရေးကြီးတဲ့
အရာတစ်ခုဖြစ်တယ်။
အထာကျကျနေလို့ရတယ်။အကြောတင်တင်း၊ခပ်ချေချေ
နေလို့ရတယ်။
သို့ပေမဲ့ တစ်ကိုယ်ကောင်းဆန်လို့
မရဘူး။အတ္တမဆန်ရဘူး။
နောက်ပြီး ကိုယ့်ကြောင့် သူတစ်ပါး
မနာကျင်ရဘူး။ကိုယ့်ကိုယ်ကိုလည်း နာကျင်အောင် မလုပ်ရဘူး။
ဒါဟာ သူတစ်ပါးကို လေးစားသလို မိမိကိုယ်ကို တန်ဖိုးထားတဲ့လက္ခ
ဏာတစ်ရပ် ဖြစ်တယ်။

ဘယ်လိုပြောခံရရင်၊ဘယ်လိုဆက်ဆံခံရရင် နာကျင်မလဲဆိုတာ
ကိုယ်တိုင် အသိဆုံးဖြစ်တယ်။
ကိုယ်တိုင်ကြုံဖူးတဲ့အတွေ့အကြုံ
ကြောင့် ကိုယ်ဟာ အရင်ထက်
ကိုယ်ချင်းစာစိတ် ပိုများလာတယ်။
လူတွေကို ပိုနားလည်လာတယ်။
ကိုယ်ချင်းစာစိတ်ရှိတဲ့လူက
လူ့ဘုံအလယ်မှာ ချီးမြှောက်ခံရတယ်။လေးစားခံရတယ်။မြတ်နိုး
ခံရတယ်။အသိအမှတ်ပြုခြင်း
ခံရတယ်။
ဘဝမှာ အများကြီးမပိုင်ဆိုင်ရင်တောင် ကိုယ်ချင်းစာစိတ်တော့
ပိုင်နိုင်အောင် ကြိုးစားပါ။
ကြိုးလည်း ကြိုးစားသင့်ပါတယ်။
ကိုယ်ချင်းစာစိတ်ရှိတဲ့လူက
လူတော်တစ်ယောက် ဖြစ်တယ်။

“ဘယ်သူသေသေ ငတေမှာရင်
ပြီးရော”ဆိုတဲ့အဆိုအမိန့်လို
မဖြစ်ဖို့ လိုတယ်။
ကိုယ့်အောင်မြင်မှု၊ကိုယ့်ပျော်ရွှင်မှုထဲ သူတစ်ပါးရဲ့ငိုမျက်ရည်၊သူတစ်ပါးဘဝကို နင်းချေပြီးမှ ရလာတဲ့အရာတွေဟာ ကြာရှည်မခံဘူး။နောက်ပြီး နှစ်မြို့စရာ မကောင်းပါ။
မှတ်လောက်စရာ မရှိပါ။

နေရာတိုင်းမှာ ကိုယ်ချင်းစာစိတ်ရှိပါ။ဘာလို့လဲဆိုရင် လူဆိုတာ
ကိုယ်စိုက်ထားတဲ့အတိုင်း ကိုယ်ပြန်
ရိတ်သိမ်းရပါတယ်။

ပစ္စည်းတွေရဲ့ တန်ဖိုးကို ပျောက်သွားမှ သိလိမ့်မယ်။ ရေတစ်ခွက်ရဲ့ တန်ဖိုးကို ရေဆာတဲ့အချိန်မှ သိလိမ့်မယ်။ ထမင်းတစ်နပ်ရဲ့ တန်...
26/07/2025

ပစ္စည်းတွေရဲ့ တန်ဖိုးကို

ပျောက်သွားမှ သိလိမ့်မယ်။

ရေတစ်ခွက်ရဲ့ တန်ဖိုးကို

ရေဆာတဲ့အချိန်မှ သိလိမ့်မယ်။

ထမင်းတစ်နပ်ရဲ့ တန်ဖိုးကို

ဗိုက်ဆာမှ သိလိမ့်မယ်။

လူတစ်ယောက်ရဲ့ တန်ဖိုးကို

အဲ့လူမရှိတော့မှ သိမယ်။

ที่อยู่

Phuket
CANBEWASHEDLIKEWATER.

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ YenYintผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์