23/10/2025
ဆေးခန်းကကျန်းမာနေဖို့အဓိက က ဝိတ်ချပါတဲ့
Bodyလေးလည်းလှလာမယ်၊နေရထိုင်ရလည်းအဆင်ပြေမယ်၊ကျန်းမာရေးလည်းသက်သာလာပါမယ်တဲ့
ကျွန်မမနက်စာကအိမ်ကနေထမင်းနည်းနည်းစားတယ်၊နေ့လည်ကျကြွေတစ်ပန်းစားတယ်၊ညနေကြအလုပ်ကကျွေးတဲ့အဟာရဖြစ်စေမဲ့ထမင်းတစ်ပန်း၊ဟင်းတစ်ပန်းကန်ပဲစားတယ်၊နေ့တိုင်းအလုပ်ထဲလမ်းများများလျှောက်ဖြစ်တယ်၊ရေခဲရေတွေနေ့တိုင်းသောက်ဖြစ်တယ်၊Patongနဲ့ Karon ကိုနေ့တိုင်းအသွားပြန်လုပ်နေရတော့မိုးတွေကလည်းမိ၊ထိုင်းနိုင်ငံကလည်းအချိန်ပြည့်မိုးရွာ၊ကိုယ့်ကျန်းမာရေးကိုပိုပြီးဂရုမစိုက်မိတော့။🥲
ပြီးတော့လေ အဆင်ပြေတော့မဲ့အချိန်ကာလရောက်
တော့မယ် ကျန်တိုင်းတစ်မျိူးမဟုတ်တစ်မျိူး၊ပိုက်ဆံတွေကကုန်ကုန်သွားတက်တယ်၊ကျွန်မကပဲကံဆိုးနေတာလား၊ပိုက်ဆံနဲ့ပဲဓာတ်မတည့်တာလားမသိတော့ပါဘူး။ကျန်းမာရေးကောင်းအောင်အစစအရာရာဆင်ခြံတုံတရားနဲ့ပဲနေပါတော့မယ်💕ကိုယ့်ကိုကိုယ်ပိုချစ်တော့မယ်💕ယောကျာ်းစကားလည်းနားထောင်ပါတော့မယ်ရှင်💓
ခုတော့ကိုယ့်ကြောင့်နဲ့သူ့ပိုက်ဆံအိတ်လေးလည်းပြောင်သလင်းခါ စိတ်မကောင်းဖြစ်မိ 🥲ဆေးဖိုးဝါးခကြီးချက်
ကလည်းတစ်ခါသွားဘတ်၁ထောင်ကျော်တက်🙂↕️ဆေးခန်းမပြချင်တော့ဘူးဆေးမယူတော့ဘူး၊ဆေးမထိုးတော့ဘူးခေါင်းခါပြတော့နေကောင်းဖို့လုပ်မှကိုဖြစ်မယ်တဲ့။
ကိုကိုက ရောဂါသည်မိန်းမကြီးကိုယူထားမိတာပဲလို့ပြောတော့ ဘားမှမဖြစ်ဘူး နေကောင်းအောင်သာနေ၊ပိုက်ဆံကပြန်ရှာလို့ရတယ်တဲ့၊ကျန်းမာနေဖို့အဓိကပဲတဲ့။💓မိန်းမကျန်းမာနေမှကိုကိုလည်းစိတ်ချမ်းသာမှာတဲ့။
ပြီးတော့ စကားမစပ် ကျွန်မမှာယောကျာ်းမိသားစုနဲ့ပတ်သတ်ရင်လည်းစိတ်ပူစရာမလိုဘူး၊စိတ်သဘောထားပြည့်၀ကြတယ်၊ကိုယ်ချင်းစာတရားရှိကြတယ်၊တစ်ခါတစ်လေ အရမ်းကို ကျွန်မအပေါ်ကောင်းလွန်းလို့အားတုံ့အားနာဖြစ်ပေးရတဲ့အခိုက်တန့်တွေအများကြီးရှိတယ်။သူတို့နဲ့ပတ်သတ်ရင်လည်းတစ်ခုခုစော်ကားမိမှာ၊မရိုမသေလုပ်မိမှာကိုအရမ်း ကြောက်မိတယ်။သူရဲ့မိသားစု စေတနာတွေက
ကိုယ့်ကိုသူတို့ရဲ့ယောင်းမ၊နှမဆိုတာထက်အများကြီးကိုပိုတယ်၊နွေးထွေးမှုတအားပေးကြလွန်းတယ်။အမေ(ယောက္ခမ)ဆိုသည်မှာလည်းဘယ်ချိန်ဖုန်းပြောပြော၊ပြုံးနေလို့ငေးမောပြီးပဲကြည့်နိုင်တယ်။အပိုစကားလည်းမဆိုတက်💗
အိမ်ထောင်ရေးကံဆိုတာ ပိုက်ဆံရှိခြင်း၊မရှိခြင်းထက် မိသားစုနှစ်ဖက်အသိုင်းဝိုင်း၊သိုက်သိုက်မြုံမြုံချစ်ခင်နေကြဖို့လိုတယ်လို့လည်းကျွန်မတော့မြင်မိတယ်၊တစ်ချိူ့အရာတွေကနှစ်ယောက်သားချစ်နေရုံနဲ့ဂရုမစိုက်ဘူး၊ကျန်တာမေ့ထားလိုက်ဆိုပြီးပြောလိုက်လို့လည်းမပြီးဘူး။ကျွန်မမှာချစ်ရတဲ့မိသားစုရော၊ချစ်ရတဲ့ယောကျာ်းရဲ့မိသားစု၀င်တွေရောရှိနေတာနဲ့တင်ကျွန်မဘ၀ဟာနေပျော်နေပါပြီ။ဘာလိုသေးလဲဆိုတော့ပြည့်ပြည့်စုံစုံနေနိုင်ဖို့နဲ့ကျန်းမာရေးကောင်းအောင်နေဖို့ပဲလိုအပ်ပါတယ်၊ အရေးကြီးဆုံးအချက်ကကျွန်မရဲ့ကျန်းမာရေးရော၊နှစ်ဖက်မိသားစု၀င်တွေရဲ့ကျန်းမာရေးရော💗 🙏
အားလုံးပဲပျော်ရွှင်၊ကျန်းမာ၊ချမ်းသာကြပါစေ💗
ခုနေကောင်းနေပါပြီ💕