Kyaunggon Thar lay channel

Kyaunggon Thar lay channel ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Kyaunggon Thar lay channel, ช่องโทรทัศน์, Phuket.

07/11/2025
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။ အညာ ဒေသ စမုံချောင်းဘေးမှာ ညောင်ပင်လှဆိုတဲ့ ရွာလေး တစ်ရွာရှိသတဲ့ကွယ်။အဲဒီရွာမှာ စိတ်သဘောထားပြ...
05/11/2025

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။
အညာ ဒေသ စမုံချောင်းဘေးမှာ ညောင်ပင်လှဆိုတဲ့
ရွာလေး တစ်ရွာရှိသတဲ့ကွယ်။
အဲဒီရွာမှာ စိတ်သဘောထားပြည့်ဝပြီး တောင်သူလုပ်ငန်းနဲ့
အသက်မွေးနေထိုင်တဲ့ ဘကြီး ဦးထွန်းဇံဆိုတဲ့ မုဆိုးဖို
အဘိုးကြီးတစ်ယောက် ရှိခဲ့တယ်။

ဘကြီးဦးထွန်းဇံမှာ အတူနေထိုင်တဲ့
သားလေးယောက်လည်း ရှိတယ်။
ဘကြီးဦးထွန်းဇံဟာ အသက်အရွယ်ကြီးရင့်လာတော့
ကျန်းမာရေးလည်း ယိုယွင်းလာတာပေါ့။
သူ ကွယ်လွန်ခါနီးမှာ စီးပွားဥစ္စာတွေ မပေးနိုင်လို့
မိဘအမွေအဖြစ် သုံးခွန်းသောစကားကို သားလေးယောက်
တို့ကို မှာကြား ပြောဆိုခဲ့သတဲ့ကွယ်။

အဲဒီစကားသုံးခွန်းကတော့---
(၁) နေ့စဉ်နေ့တိုင်း အကြီးမြတ်ဆုံးအရာကို ဦးညွှတ်ပါ၊
အတုယူပါ
(၂) ချိုမြိန်တဲ့ အစားအစာကို စားသုံးပါ နှင့်
(၃) နူးညံ့တဲ့ အိပ်ရာနဲ့ အိပ်ပါ တို့ပဲ ဖြစ်တယ်။

အဲဒီနောက်မှာတော့ ဘကြီးဦးထွန်းဇံလည်း
လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်။

အဲဒီအခါ အကြီးဆုံး သားဖြစ်သူက ဖခင်ကြီးမှာကြားချက်
အတိုင်း အကြီးမြတ်ဆုံးအရာကို ဦးညွှတ်ချင်တာနဲ့
ဆင်ထိန်းအလုပ်ကို လုပ်သတဲ့ကွယ်။
သားအလတ်ဖြစ်တဲ့သူကတော့ ချိုမြိန်တဲ့အစားအစာကို
စားချင်တာနဲ့ ပျားရည်နဲ့ လုပ်တဲ့ မုန့်တွေကို ရောင်းချသတဲ့။
တတိယသားကတော့ နူးညံ့တဲ့အိပ်ရာနဲ့ အိပ်ချင်တာနဲ့
ငှက်မွေးနဲ့ ပြုလုပ်တဲ့ အိပ်ရာခင်းတွေကို အရောင်းအဝယ်
ပြုလုပ်ခဲ့တယ်။
အငယ်ဆုံးသားလေးကတော့ ဖခင်သင်ပေးခဲ့တဲ့
"လက်သမားပညာ" နဲ့ အသက်မွေးခြင်း ပြုပါသတဲ့ကွယ်။

ဖခင်ကြီးကွယ်လွန်ပြီးနောက် သားလေးယောက်တို့ဟာ
ဖခင်ကြီး မှာကြားဆုံးမခဲ့တဲ့အတိုင်း စကားသုံးခွန်းကို
မိမိတို့ ဉာဏ်မီသမျှ တွေးတော ကြံဆ ခံယူကြပြီး
ဘဝခရီးလမ်းကို ဖြတ်သန်းခဲ့ကြရာ နှစ်ပေါင်း (၂၀)ကျော်
ကာလကို ရောက်ရှိခဲ့ကြတယ်။

အဲဒီအချိန်မှာ အငယ်ဆုံးသားလေးဟာ စီးပွားဥစ္စာ
အကြွယ်ဝဆုံး၊ အချမ်းသာဆုံး၊ အကြီးပွားဆုံး ဖြစ်နေသတဲ့။
ကျန်ရှိတဲ့ အစ်ကိုကြီးသုံးယောက်ကတော့ ဘဝကို
ပင်ပန်းဆင်းရဲစွာနဲ့ ရုန်းကန်ရင်ဆိုင် ဖြတ်သန်းနေကြရတယ်။

အဆိုပါ ဖြစ်ရပ်တွေက ဘာကိုပြနေသလဲ ဆိုတော့
ဖခင်ရဲ့စကားကို နားထောင် လိုက်နာသူချင်း တူပေမယ့်
ခံယူချက်ခြင်း၊ အမြင်ချင်း မတူတာကြောင့် ဘဝရဲ့ဖွံ့ဖြိုး
တိုးတက်ပုံချင်းလည်း မတူကွဲပြား ခြားနားသွားကြတယ်
ဆိုတာပဲ ဖြစ်တယ်။

အငယ်ဆုံးသားလေးရဲ့ ခံယူကျင့်သုံးပုံက
"နေ့စဉ်နေ့တိုင်း အကြီးမြတ်ဆုံး အရာကို ဦးညွတ်ပါ၊
အတုယူပါ" ဆိုတာ နေမင်းကြီးကို ဦးညွှတ်တဲ့အနေနဲ့
နေထွက်မှသည် နေဝင်ချိန်အထိ လုံ့လဝီရိယ၊ ဇွဲသတ္တိတို့နဲ့
အလုပ်ကို လုပ်ခဲ့တယ်။
အကြီးမြတ်ဆုံးဖြစ်တဲ့ ဘုရားစကားကို နားထောင်မှတ်သား
လိုက်နာကျင့်သုံးတယ်။ နံနက် နေထွက်ချိန်မှာ တစ်ကြိမ်၊
ညနေ နေဝင်ချိန်မှာ တစ်ကြိမ် ဘုရားကို အမြဲဝတ်ပြုတယ်။

"ချိုမြိန်တဲ့ အစားအစာကို စားပါ" ဆိုတာ ပျားရည်၊
သကာရည်နဲ့ စီရင်ထားတဲ့ အစားအစာကို ဆိုလိုခြင်း
မဟုတ် ပါ။ မိသားစု စုံစုံညီညီ ဝိုင်းဖွဲ့ပြီး အစားအစာကို
အတူတကွ စားသောက်ခိုင်းတာ ဖြစ်တယ်။
မိသားစုပျော်ပျော်ရွှင်ရွှင်နဲ့ ဝိုင်းဖွဲ့ပြီး စားသောက်ခြင်းဟာ
အချိုမြိန်ဆုံး ထမင်းဝိုင်းပဲ မဟုတ်ပါလား။
ငါးပိရည်နဲ့ စားလည်း ပျားရည်နဲ့ စားရသလို ချိုမြိန်
နေတာဟာ မိသားစုထမင်းဝိုင်းပင် ဖြစ်တယ်။

"နူးညံ့တဲ့ အိပ်ရာနဲ့ အိပ်စက်ပါ" ဆိုတာ မွေ့ရာ ကော်ဇော၊
အမွှေးနံ့သာ ထုံမွမ်းစီခြယ်ထားတဲ့ ခုတင်နဲ့ အိပ်စက်ခိုင်းခြင်း
မဟုတ်ပါ။ နောင်တပူပန်ခြင်းကင်း၊ အကြွေး ကင်းရှင်း၊
ငါးပါးသီလ လုံခြုံ၊ ဘယ်အချိန်မှာပဲ အိပ်စက်အိပ်စက်၊
ဘယ်နေရာပဲ အိပ်နေအိပ်နေ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပြီး
ပန်းမွေ့ရာပေါ်မှာ အိပ်ရသလိုမျိုး အိပ်စက်နိုင်တာကို
ဆိုလိုခြင်းဖြစ်တယ်။

အငယ်ဆုံးသားလေးက ဖခင်ကြီးရဲ့ ဆုံးမစကားကို
အထက်ဖော်ပြပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုတယ်။
နှလုံးသွင်းတယ်။ လက်တွေ့ ခံယူ ကျင့်သုံးတယ်။
အဲဒီလို ခံယူကျင့်သုံးတာကြောင့် ကြီးပွားတိုးတက်
အောင်မြင်လာခြင်း ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်း
နိုင်ဘူးတဲ့ကွယ်။

တူ၊ တူမလေးတို့ရေ...
ဒီပုံပြင်လေးကို ဝေဖန်သုံးသပ် အဖြေရှာကြည့်မယ်ဆိုရင်
ဖခင်ကြီးဟာ သားလေးယောက်ကို ရှေ့မှောက်သို့ အတူတကွ
ခေါ်ယူပြီး စကားသုံးခွန်းကို ပြောဆို ဆုံးမခဲ့တာ ဖြစ်တယ်။
မည်သူ့ကိုမှ အပိုစကား ပြောကြားခဲ့ခြင်း မရှိပါ။
ခံယူလိုက်နာသူရဲ့ဆင်ခြင်မှု၊ တွေးခေါ်မှု၊ နားလည်နိုင်စွမ်း
ရှိမှုနဲ့ ကျင့်သုံးလိုက်နာ လုပ်ဆောင်မှုတွေ မတူညီတဲ့အတွက်
အကျိုးရလဒ်များလည်း ကွာခြားရခြင်း ဖြစ်တယ်။

တူ၊ တူမတို့လည်း ဆရာမိဘများရဲ့ဆုံးမစကားတွေကို
နာယူမှတ်သားပြီး အကျိုးထိရောက်စွာ အသုံးပြုနိုင်ကြ
ပါစေ..လို့ ဆန္ဒပြုလိုက်ပါတယ်ကွယ်။

ရွှေသွေးဂျာနယ်

#မူရင်းရေးသားပူဇော်သူအားဂါဝရပြုကူးယူမျှဝေပူဇော်ပါသည်

အရမ်းမိုက်တဲ့ကားလေးဗျ အထူးရဲတပ်ဖွဲနည်းပြပါလာတဲ့လေယာဥ်ကိုမှ  အနုကြမ်းစီးမိသောအခါ ကြည့်ချင်followထားနော်
05/11/2025

အရမ်းမိုက်တဲ့ကားလေးဗျ အထူးရဲတပ်ဖွဲနည်းပြပါလာတဲ့လေယာဥ်ကိုမှ အနုကြမ်းစီးမိသောအခါ ကြည့်ချင်followထားနော်

ယနေ့၄4.11.2025 ထိုင်းနိုင်းငံမှာမိပြန်pဗျာ မြန်မာလူမျိုးတေ ပွဲစားကိုဘတ်၂၅၀၀၀ပေးpလာတာ စွဝဲစားတေကြောင့်တို့မြန်မာပြည်သားတေ...
04/11/2025

ယနေ့၄4.11.2025 ထိုင်းနိုင်းငံမှာမိပြန်pဗျာ မြန်မာလူမျိုးတေ ပွဲစားကိုဘတ်၂၅၀၀၀ပေးpလာတာ စွဝဲစားတေကြောင့်တို့မြန်မာပြည်သားတေခံရpဗျာ တကယ်စိတ်မကောင်းဘူးဗျာ😪😪😪😪

03/11/2025

A feel တစ်လှိုင်း

03/11/2025

သဘာဝအလှတရားကြီးက ဘယ်အရာနဲ့မှမလှဲနိုင်ဘူး လှပနေမှုကြီး

03/11/2025

အားလုံးပဲမင်္ဂလာညချမ်းလေးပါဗျ စိတ်ချမ်းသာကိုကျန်းမာချင်နဲ့ပြည့်စုံနိုင်ကြပါစေဗျ အိမ်မက်လှလှမက်ပါစေ

နိုင်ငံခြားဆိုတာဒီလျုမျိုးဗျ ဘဝကမလွယ်ကူဘူး အပေါ်ဖားအောက်ဖိနေကြတာ ကို့မျက်နှာရဖို့တစ်ခုတည်းအတွက် တစ်ယောက်ကိုတစ်ယောက်ခြေနင...
03/11/2025

နိုင်ငံခြားဆိုတာဒီလျုမျိုးဗျ ဘဝကမလွယ်ကူဘူး အပေါ်ဖားအောက်ဖိနေကြတာ ကို့မျက်နှာရဖို့တစ်ခုတည်းအတွက် တစ်ယောက်ကိုတစ်ယောက်ခြေနင်းကြတယ် ဘာကြောင့်လဲဗျာ ကို့လူမျိုးအချင်းချင်းရိုင်းပင်းကြရမှာဟုပ်ဘူးလား ဘာဖစ်လို့ဒီလိုတေဖစိနေကြတာလဲ ဒီလိုမဖစ်သင့်ဘူးလေ အချင်းချင်းကူညီရိုင်းပင်းကြရမယ်လေ ဒီလိုမှကို့လူမျိုးတေကောင်းကြောင်းတစ်ခြားနိုင်ငံသားတေမြင်ကြမှာအမှန်ပဲ ဒါကြောင့်တစ်ဖို့တည်းမကြည့်ပဲ အချင်းချင်းရိုင်းပင်းကူညီကြရအောင်ဗျ🙏🙏🙏

ที่อยู่

Phuket

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kyaunggon Thar lay channelผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์