ReactX

ReactX Welcome To React X

11/07/2025

၂၀၂၅ ခုနှစ် ဇူလိုင် ၉ ရက်နေ့တွင် မြန်မာနိုင်ငံစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ ပေးပို့ခဲ့သော အကြောင်းကြားစာတွင် မြန်မာနိုင်ငံမှ အမေရိကန်သို့ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်ကို ၁၀% မှ ၂၀% အထိ လျှော့ချပေးရန်၊ အမေရိကန်မှ မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကုန်ပစ္စည်းများအတွက် ၀% မှ ၁၀% အတွင်း ချိန်ညှိစည်းကြပ်ပေးရန် တောင်းဆိုထားသည်။

ထို့အပြင် လိုအပ်ပါက မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို အမြန်စေလွှတ်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းလိုသည်ဟုလည်း ဖော်ပြထားသည်။

ဤသို့ဆောင်ရွက်ရခြင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် ၄၀% စည်းကြပ်ခွန် ကောက်ခံမည်ဟု အကြောင်းကြားလာခြင်းကို တုံ့ပြန်ချက်အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံစစ်ခေါင်းဆောင်က အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများသည် နှစ်နိုင်ငံအတွက် အကျိုးကျေးဇူးမရှိဟု ထောက်ပြပြီး နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် ယင်းပိတ်ဆို့မှုများကို ဖြေလျော့ပေးရန် တိုက်တွန်းထားသည်။

ထို့အပြင် ၎င်းက မီဒီယာများနှင့် ရန်ပုံငွေစနစ်များကို ထိန်းချုပ်ပေးသည့်အတွက် အမေရိကန်သမ္မတအား ကျေးဇူးတင်ရှိကြောင်း ဖော်ပြရင်း၊ မှားယွင်းသော သတင်းအချက်အလက်များကြောင့် မြန်မာနိုင်ငံ၏ အမှန်တကယ်အခြေအနေကို နိုင်ငံတကာက နားလည်မှုလွဲမှားခဲ့ပြီး ယင်းသတင်းမှားများကို အခြေခံကာ ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နှင့် သမိုင်းကြောင်းအရ ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာ ကတိကဝတ်များကို အမြဲတမ်း ထိန်းသိမ်းခဲ့ကြောင်း၊ ကုန်သွယ်ရေး တိုးမြှင့်နိုင်ရန် မျှော်လင့်ထားကြောင်းလည်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။

စာရေးဆရာမောင်သာချို ယနေ့နံက်(၈)နာရီတွင် ပင်လုံဆေးရုံမှာ... ကွယ်လွန်သွားပါပြီ။
10/07/2025

စာရေးဆရာမောင်သာချို ယနေ့နံက်(၈)နာရီတွင်
ပင်လုံဆေးရုံမှာ... ကွယ်လွန်သွားပါပြီ။

အီရန်မှ အမေရိကန်စစ်စခန်းများကို ပြန်လည် ပစ်ခတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု နောက်ဆုံးသတင်းများအရ သိရသည်။ သို့ရာတွင် မည်သည့်စခန်းမ...
23/06/2025

အီရန်မှ အမေရိကန်စစ်စခန်းများကို ပြန်လည် ပစ်ခတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု နောက်ဆုံးသတင်းများအရ သိရသည်။ သို့ရာတွင် မည်သည့်စခန်းများကို ပစ်မည်ဆိုသည်မှာ ဆုံးဖြတ်ချက် မချမှတ်ရသေးပေ။

အီရန်နှင့် နီးကပ်သော ကာတာနိုင်ငံမှာ လေကြောင်းပိတ်ပင်လိုက်ပြီဖြစ်သော်လည်း အခြားနိုင်ငံများက လေကြောင်းမပိတ်သေးပေ။

ဒူဘိုင်းနှင့် ဆော်ဒီအာရပ်နိုင်ငံသို့ ပျံသန်းမည့် လေယာဉ်အချို့ကို ယာယီရပ်ဆိုင်းထားသည်။ ဒူဘိုင်းနှင့် အီရန်တို့၏ အကွာအဝေးမှာ (ကီလိုမီတာ ၃၀၀ ခန့်) အန္တရာယ်ရှိနိုင်သည်ဟု သတိပြုနေကြပါတယိ

အစပိုင်းတွင် ၄၈ နာရီအတွင်း တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်းခဲ့သော်လည်း ယခုအခါ နာရီပိုင်းအတွင်း ဖြစ်နိုင်သည်ဟု သတိပေးချက် (Alert) ထုတ်ပြန်ထားခဲ့သည်။

20/06/2025

အီရန်၏ Fattah ဒုံးကျည်
အစ္စရေးကာကွယ်ရေးစနစ်များ ချိုးဖောက်နိုင်

ဇွန် ၂၀၊ ၂၀၂၅

အီရန်နိုင်ငံမှ ပစ်လွှတ်လိုက်သော Fattah ဒုံးကျည်သည် အသံထက် အဆ ၁၅ မြန်သည့် အရှိန်ဖြင့် ပျံသန်းနိုင်ပြီး အစ္စရေး၏ ခေတ်မီကာကွယ်ရေးစနစ်များကို အောင်မြင်စွာ ဖောက်ထွင်းနိုင်ခဲ့သည်။

လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့နေသော ဗီဒီယိုဖိုင်များတွင် ဤဒုံးကျည်၏ အံ့ဩဖွယ်ကောင်းသည့် အရှိန်နှင့် လေထဲတွင် လမ်းကြောင်းရုတ်တရက်ပြောင်းလဲနိုင်စွမ်းများကို မြင်တွေ့နိုင်သည်။ ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများက ဤကဲ့သို့သော စွမ်းရည်မျိုးသည် လက်ရှိဒုံးကျည်ကာကွယ်ရေးစနစ်များအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ထောက်ပြခဲ့ကြသည်။

Fattah ဒုံးကျည်သည် အစိုင်အခဲလောင်စာသုံး၊ အဆင့်နှစ်ဆင့်ပါ ပဲ့ထိန်းဒုံးကျည်ဖြစ်ပြီး ကီလိုမီတာ ၁၄၀၀ (မိုင် ၈၇၀) အထိ အကွာအဝေးရှိသည်။ ၎င်း၏ စက်လုံးပုံ တွန်းကန်အား နည်းပညာကြောင့် လေထဲတွင် ဦးတည်ရာရုတ်တရက်ပြောင်းလဲနိုင်ကာ ခြေရာခံရန် အလွန်ခက်ခဲစေပါသည်။

အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က Fattah ဒုံးကျည်အား "အလှည့်အပြောင်း" တစ်ရပ်အဖြစ် သတ်မှတ်ခဲ့ပြီး ၎င်းတို့၏ နည်းဗျူဟာမြောက် လက်နက်စွမ်းရည်ကို ပြသခဲ့သည်။ ဤဖြစ်စဉ်သည် Operation True Promise III ၏ ၁၁ ကြိမ်မြောက် အဆင့်ဖြစ်ကြောင်း သိရသည်။

ဤဖြစ်ရပ်နှင့်အတူ အီရန်သည် ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့နှင့်အတူ မြန်နှုန်းမြင့်ဒုံးကျည်များ ထုတ်လုပ်နိုင်သည့် နိုင်ငံများစာရင်းတွင် ပါဝင်လာခဲ့သည်။ စစ်ရေးလေ့လာသူများက ဤကဲ့သို့သော နည်းပညာမျိုးသည် ဒေသတွင်း စစ်ရေးဟန်ချက်ညီမှုကို ပြောင်းလဲစေနိုင်ကြောင်း သတိပေးခဲ့ကြသည်။

အစ္စရေးဘက်မှလည်း တုံ့ပြန်သည့်အနေဖြင့် အီရန်အတွင်း ကာမန်ရှာရှိ စစ်စခန်းများ၊ ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ နှစ်နိုင်ငံအကြား ပဋိပက္ခ ခုနစ်ရက်ကြာမြင့်ပြီဖြစ်ကာ နောက်ထပ် အင်အားသုံးတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်းရသည်။

ဤဖြစ်ရပ်များသည် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်စေပြီး နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်လျက်ရှိသည်။ သံတမန်ရေးရာ ကြိုးပမ်းမှုများ မပြုလုပ်ပါက ဒေသတွင်း စစ်ရေးအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

20/05/2025

မြန်မာပြည်မှာ
ကိုဗစ်ရောဂါ
ကူးစက်ခံရသူ ၁ဦး
စတင်တွေ့ရှိ

06/05/2025

ရန်ကုန် ငလျင်လှုပ်ခတ်။
၆/၅/၂၀၂၅
ည ၁၀:၅၅

16/04/2025

အာကာသခရီးစဉ်မှ ပြန်လည်ရောက်လာပြီးနောက် မြေကြီးကို ချက်ချင်းနမ်းခဲ့သော အမေရိကန်အဆိုတော် ကေတီ ပယ်ရီ

အမေရိကန်အဆိုတော် ကေတီ ပယ်ရီ သည် အာကာသယာဉ်ဖြင့် ကမ္ဘာ့လေထုအပြင်အထိ ခရီးစဉ်တစ်ခု လုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာမြေသို့ ပြန်လည်ရောက်လာချိန်တွင် ချက်ချင်းမြေပြင်ကို နမ်းခဲ့သည်။ ကမ္ဘာမြေပေါ်ပြန်ရောက်လာခြင်းအပေါ် ခံစားချက်နက်ရှိုင်းမှုကိုဖော်ပြခြင်းဖြစ်ပါတယ်။

ဒီအရာကို Japan မှ ဘီလျံနာသူဌေးကြီးတစ်ဦး၏ မှတ်ချက်ကို သတိရစေပါတယ်
"အာကာသထဲကနေ ကမ္ဘာမြေကို ကြည့်တဲ့အခါ ကြည့်မဝသလောက်လှပြီး၊ ပြန်လာချင်စရာကောင်းလှတယ်။ ကမ္ဘာမြေကို ပိုချစ်လာစေတယ်" ဟု ပြောခဲ့သည်။

ထို့အပြင် သူက ကမ္ဘာ့ခေါင်းဆောင်များအား စစ်ပွဲဖန်တီးခြင်းများမှ ဝေးကွာပြီး ကမ္ဘာမြေကို ချစ်တတ်လာစေရန်အတွက် အာကာသခရီးစဉ်များတွင် ပါဝင်ကြည့်ရှုကြဖို့ အကြံပြုထားသည်

မဟာချိုင်မြို့ ဝိလ ၁၇ လမ်းထိပ် မြန်မာအချင်းချင်း ရန်ဖြစ်ဓားထိုးမှု လူသ+-တ်တရားခံ ၄ ဦးရဲ့ ပုံနဲ့ နာမည် တွေ ထိုင်း မီဒီယာမ...
15/04/2025

မဟာချိုင်မြို့ ဝိလ ၁၇ လမ်းထိပ် မြန်မာအချင်းချင်း ရန်ဖြစ်ဓားထိုးမှု လူသ+-တ်တရားခံ ၄ ဦးရဲ့ ပုံနဲ့ နာမည် တွေ ထိုင်း မီဒီယာမှာ ဖော်ပြ

MR.AUNG HTWE အသက် ၂၂ ဦး
MR.NAING NAING AUNG အသက် ၃၀ နှစ်
MR.KAUNG KHANG KYAW အသက် ၂၅ နှစ် MR.NADI WIN အသက် ၂၂ နှစ်
April 15 2025

#မဟာချိုင် #ထိုင်း

"အေးသင်္ကြန်လို့ နာမည်ပေးပြီး မင်းအောင်လှိုင်ရေကစား"
14/04/2025

"အေးသင်္ကြန်လို့ နာမည်ပေးပြီး မင်းအောင်လှိုင်ရေကစား"

မနက်၈:၅၅ က ငလျင်ကြောင့်၈လမ်း ၈၇ x၈၈ က တိုက် ပြို
13/04/2025

မနက်၈:၅၅ က ငလျင်ကြောင့်
၈လမ်း ၈၇ x၈၈ က တိုက် ပြို

Address

Mandalay

Telephone

09798610866

Website

Alerts

Be the first to know and let us send you an email when ReactX posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share