KTC knowledge Sharing
(စာတို နှင့် ဗဟု၊သုတ မျှဝေရာနေရာ)
(ဝင်ကြည့်သွား ကြိုက်ရင် like & follow လုပ်ခဲ့)

လူ့ဘဝဆိုတာ တိုတိုလေးပါ။ ⏳တစ်စိမ်းတွေအတွက် အချိန်ပေးတာကို လျှော့ပါ။ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ပါ။ သိပြ...
19/02/2026

လူ့ဘဝဆိုတာ တိုတိုလေးပါ။ ⏳

တစ်စိမ်းတွေအတွက်
အချိန်ပေးတာကို လျှော့ပါ။

ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို
အရင်ဆုံးသိအောင်လုပ်ပါ။

သိပြီဆိုရင်တော့... တွေဝေမနေဘဲ "ချက်ချင်းလုပ်ပါ"။ 👊✨

ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်က ကိုယ်တိုင်ပဲဖြစ်ပါစေ။

ဘဝမှာ မတိုးတက်တိုင်း၊ မအောင်မြင်တိုင်း "ငယ်ငယ်က ပညာမသင်ခဲ့ရလို့" ဆိုတဲ့ ဆင်ခြေနဲ့ အတိတ်ကို ပုံမချပါနဲ့။သင်ကြားဖူးတဲ့ ကမ္...
18/02/2026

ဘဝမှာ မတိုးတက်တိုင်း၊ မအောင်မြင်တိုင်း
"ငယ်ငယ်က ပညာမသင်ခဲ့ရလို့" ဆိုတဲ့ ဆင်ခြေနဲ့ အတိတ်ကို ပုံမချပါနဲ့။

သင်ကြားဖူးတဲ့ ကမ္ဘာကျော် ပညာရှင်ကြီးတွေထဲမှာ
အတန်းပညာ ဖြစ်ဖြစ်မြောက်မြောက် မရှိဘဲ
ထိပ်ဆုံးကို ရောက်သွားတဲ့သူတွေ အများကြီး ရှိပါတယ်။

• သောမတ်စ် အက်ဒီဆင် (Thomas Edison):
ကျောင်းမှာ (၃) လပဲ နေခဲ့ရပေမယ့် လျှပ်စစ်မီးသီးကို တီထွင်ပြီး ကမ္ဘာကို အလင်းပေးခဲ့သူ။

• အေဗရာဟမ် လင်ကွန်း (Abraham Lincoln):
တရားဝင် ကျောင်းပညာရေး မရှိသလောက် နည်းပါးခဲ့ပေမယ့် အမေရိကန်သမ္မတ ဖြစ်လာတဲ့အထိ ကြိုးစားခဲ့သူ။

• ဟင်နရီ ဖော့ဒ် (Henry Ford):
အတန်းပညာ မတတ်ခဲ့ပေမယ့် မော်တော်ကားလောကကို တော်လှန်ပြောင်းလဲခဲ့သူ။

မှတ်ထားဖို့က...
အောင်မြင်မှုဆိုတာ "ဘွဲ့လက်မှတ်" ထက် "သင်ယူလိုစိတ်" နဲ့ "လက်တွေ့လုပ်ဆောင်မှု" ပေါ်မှာပဲ မူတည်တာပါ။

ဘွဲ့မရှိတာက ရှက်စရာမဟုတ်ဘူး၊ ကြိုးစားလိုစိတ် မရှိတာကမှ တကယ့်အရှုံးပါ။
အတိတ်ကို အပြစ်တင်နေမယ့်အစား ဒီနေ့ကစပြီး မင်းရဲ့ဘဝကို ပြောင်းလဲလိုက်ပါ။

အချိန်တစ်ခုရောက်လာရင်အဓိပ်ပါယ်မဲ့တဲ့ စကားလုံးတွေထက်အဓိပ်ပါယ်ရှိတဲ့ စကားလုံးတွေကိုပိုရွှေးချယ်ဖြစ်လာတယ်။
18/02/2026

အချိန်တစ်ခုရောက်လာရင်

အဓိပ်ပါယ်မဲ့တဲ့ စကားလုံးတွေထက်

အဓိပ်ပါယ်ရှိတဲ့ စကားလုံးတွေကို

ပိုရွှေးချယ်ဖြစ်လာတယ်။

"လူငယ်ဘဝ ပျက်စီးခြင်းမှာ အပေါင်းအသင်းဆိုတာ အကြောင်းပြချက်တစ်ခုပဲ။ တကယ်တော့... ကိုယ့်ဘက်က လမ်းမမှားဖို့ ဆုံးဖြတ်ထားရင် ဘယ...
17/02/2026

"လူငယ်ဘဝ ပျက်စီးခြင်းမှာ အပေါင်းအသင်းဆိုတာ အကြောင်းပြချက်တစ်ခုပဲ။

တကယ်တော့...
ကိုယ့်ဘက်က လမ်းမမှားဖို့ ဆုံးဖြတ်ထားရင် ဘယ်သူကမှ လမ်းချော်အောင် ဆွဲခေါ်လို့မရဘူး။

လောကမှာ အဆိုးဆုံးရန်သူက အပေါင်းအသင်းမဟုတ်ဘူး၊ ကိုယ့်ရဲ့ ပျော့ညံ့တဲ့ စိတ်ဓာတ်ပဲ။"

"အောင်မြင်မှုနောက်ကွယ်က ဝေဖန်သံများ"ဒီဘက်ခေတ်မှာ လူတစ်ယောက်ရဲ့ အတိတ်ကို လိုက်တူးပြီး ဝေဖန်နေကြတယ်ဆိုတာ... တကယ်တော့ လက်ရှ...
16/02/2026

"အောင်မြင်မှုနောက်ကွယ်က ဝေဖန်သံများ"

ဒီဘက်ခေတ်မှာ လူတစ်ယောက်ရဲ့ အတိတ်ကို လိုက်တူးပြီး ဝေဖန်နေကြတယ်ဆိုတာ...
တကယ်တော့ လက်ရှိသူ့ရဲ့ အောင်မြင်မှုကို မနာလိုဖြစ်နေကြလို့ပဲ ဖြစ်ပါတယ်။

ကိုယ့်ထက်နိမ့်ကျနေတဲ့သူဆိုရင် ဘယ်သူမှ လှည့်တောင်ကြည့်မှာ မဟုတ်သလို...
အတိတ်အကြောင်းတွေကိုလည်း အားအားယားယား ပြောနေကြမှာ မဟုတ်ပါဘူး။

အခုလို အတိတ်ကို လက်နက်သဖွယ်သုံးပြီး အပုပ်ချနေကြတာဟာ...
သူ့ရဲ့ လက်ရှိခြေလှမ်းတွေက သင်တို့ကို မမီနိုင်တော့လိုပါ ။ ဝေဖန်မှုတွေကို အားအင်အဖြစ်ပြောင်းလဲပြီး ရှေ့ဆက်နေဖို့သာ အရေးကြီးပါတယ်။

"လူဖြစ်ဖို့ထက် လူပီသဖို့က ပိုအရေးကြီးတယ်"ဘွဲ့ဒီဂရီတွေ ဘယ်လောက်ပဲ စုံနေပါစေ...ပစ္စည်းဥစ္စာတွေ ဘယ်လောက်ပဲ ချမ်းသာနေပါစေ......
15/02/2026

"လူဖြစ်ဖို့ထက် လူပီသဖို့က ပိုအရေးကြီးတယ်"

ဘွဲ့ဒီဂရီတွေ ဘယ်လောက်ပဲ စုံနေပါစေ...
ပစ္စည်းဥစ္စာတွေ ဘယ်လောက်ပဲ ချမ်းသာနေပါစေ...

ကိုယ်ချင်းစာတရားနဲ့ လူပီသတဲ့ စိတ်ဓာတ်မရှိရင်တော့ ဒါတွေဟာ အနှစ်မရှိတဲ့ အခွံတွေပါပဲ။

တကယ့်တန်ဖိုးဆိုတာ ကိုယ်ရထားတဲ့ ပညာနဲ့ ဥစ္စာကို တပါးသူအပေါ် ဘယ်လို စိတ်ထားနဲ့ ဆက်ဆံသလဲဆိုတာမှာပဲ မူတည်ပါတယ်။

လူပီသတဲ့ စိတ်ထားနဲ့ တန်ဖိုးရှိတဲ့ လူသားတစ်ယောက်အဖြစ် ရှင်သန်ကြလိုတယ်။

#လူပီသပါစေ #စိတ်ထား

လောကမှာ အဆင်ပြေပြေ ရှင်သန်နိုင်ဖို့..."မျက်စိမှိတ်ပြီး ဘယ်သူ့ကိုမှ မယုံနဲ့"ယုံကြည်မှုဆိုတာ တစ်ခါပေးမိရင် ပြန်ရုတ်သိမ်းဖိ...
14/02/2026

လောကမှာ အဆင်ပြေပြေ ရှင်သန်နိုင်ဖို့...

"မျက်စိမှိတ်ပြီး ဘယ်သူ့ကိုမှ မယုံနဲ့"
ယုံကြည်မှုဆိုတာ တစ်ခါပေးမိရင်
ပြန်ရုတ်သိမ်းဖို့ ခက်ခဲပါတယ်။

သတိမပါတဲ့ ယုံကြည်မှုက
သင့်ကို တစ်နေ့ ဒုက္ခပေးလာနိုင်လို့ပါ။

"မစူးစမ်း မဆင်ခြင်ဘဲ ဘယ်ကိစ္စမှ အာမမခံနဲ့"

ကိုယ့်စကားဟာ ကိုယ့်ရဲ့ တန်ဖိုးပါ။
သေချာမသိဘဲ လွယ်လွယ်ကူကူ
အာမခံမိခြင်းက ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို
ကိုယ်တိုင် ဖျက်ဆီးသလို ဖြစ်တတ်ပါတယ်။

သတိရှိရှိနဲ့ ဆင်ခြင်တုံတရားကို လက်ကိုင်ထားပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းကြပါစို့။

အကောင်းမြင်စိတ်ရှိပါဆိုတာ အချိန်တိုင်း ပြုံးပျော်နေဖို့ကို ဆိုလိုတာမဟုတ်ပါဘူး။ ခက်ခဲတဲ့နေ့ရက်တွေနဲ့ ကြုံလာရရင်တောင် "ဒါဟ...
12/02/2026

အကောင်းမြင်စိတ်ရှိပါဆိုတာ အချိန်တိုင်း ပြုံးပျော်နေဖို့ကို ဆိုလိုတာမဟုတ်ပါဘူး။

ခက်ခဲတဲ့နေ့ရက်တွေနဲ့ ကြုံလာရရင်တောင် "ဒါဟာ ခေတ္တခဏပဲ၊ အချိန်တန်ရင် ငါကျော်ဖြတ်နိုင်မှာပါ၊ ကောင်းတာတွေ ပြန်ဖြစ်လာမှာပါ" ဆိုတဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားတတ်ဖို့ပါ။

နေဝင်ချိန်တိုင်းဟာ နောက်တစ်နေ့ရဲ့ နေထွက်ချိန်အတွက် အားယူခြင်းသက်သက်သာ ဖြစ်ပါတယ်။

"လက်လွှတ်လိုက်ရမှာကို ကြောက်လို့...အတင်းအကျပ် ဆုပ်ကိုင်ထားခဲ့မိတဲ့ လက်တစ်စုံ။တကယ်တမ်း ဖြေလျှော့လိုက်တဲ့ အချိန်ကျမှငါဆုပ်...
11/02/2026

"လက်လွှတ်လိုက်ရမှာကို ကြောက်လို့...
အတင်းအကျပ် ဆုပ်ကိုင်ထားခဲ့မိတဲ့ လက်တစ်စုံ။
တကယ်တမ်း ဖြေလျှော့လိုက်တဲ့ အချိန်ကျမှ
ငါဆုပ်ကိုင်ထားတဲ့ လက်ထဲမှာ
ဘာမှမရှိခဲ့ဘူးဆိုတာ သိလိုက်ရတာက...
ဟာသဆန်ပေမယ့် တကယ်ကို မရယ်ရတဲ့ ဘဝအမှန်တရားပဲ။"

လူတစ်ယောက်အကြောင်းကို သင်အကုန်သိတယ်လို့ မထင်လိုက်ပါနဲ့။သူပြသသလောက်ပဲ သင်သိရတာပါ။လူတိုင်းမှာ ဖုံးကွယ်ထားတဲ့၊ ဝှက်ထားတဲ့ က...
10/02/2026

လူတစ်ယောက်အကြောင်းကို
သင်အကုန်သိတယ်လို့ မထင်လိုက်ပါနဲ့။
သူပြသသလောက်ပဲ သင်သိရတာပါ။

လူတိုင်းမှာ ဖုံးကွယ်ထားတဲ့၊
ဝှက်ထားတဲ့ ကိုယ်ပိုင်သမိုင်း
ကြောင်းတွေ အသီးသီး ရှိကြပါတယ်။
အပေါ်ယံမြင်ကွင်းတစ်ခုတည်းနဲ့
လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို
ဆုံးဖြတ်လို့ မရနိုင်ပါဘူး။

"ကိုယ့်အပေါ် မကောင်းတဲ့သူတွေပျောက်ကွယ်သွားပါစေလို့...ဘယ်တော့မှ ဆုမတောင်းမိစေနဲ့။ဘာဖြစ်လို့လဲဆိုတော့...အဲ့ဒီဆုသာ တကယ်ပြည့...
09/02/2026

"ကိုယ့်အပေါ် မကောင်းတဲ့သူတွေ
ပျောက်ကွယ်သွားပါစေလို့...
ဘယ်တော့မှ ဆုမတောင်းမိစေနဲ့။
ဘာဖြစ်လို့လဲဆိုတော့...

အဲ့ဒီဆုသာ တကယ်ပြည့်မယ်ဆိုရင်
ကိုယ့်ပတ်ဝန်းကျင်က အသိမိတ်ဆွေတွေရော၊
ဆွေမျိုးသားချင်းတွေရော...

တော်တော်များများ ပျောက်ကွယ်သွားလိမ့်မယ်။

(လောကမှာ ကိုယ့်အပေါ် စိတ်ရင်းနဲ့ ကောင်းတဲ့သူဆိုတာ ရှားပါးလွန်းလို့ပါပဲ။)"

သတိထား ကြည့်လိုက်...သင် ခက်ခဲနေတဲ့အချိန်သင့်ကို တကယ်တမ်း လက်ကမ်းကူညီတာကသူတို့ကိုယ်တိုင်လည်း ရုန်းကန်နေရတဲ့၊ သိပ်အဆင်မပြေ...
08/02/2026

သတိထား ကြည့်လိုက်...
သင် ခက်ခဲနေတဲ့အချိန်
သင့်ကို တကယ်တမ်း
လက်ကမ်းကူညီတာက
သူတို့ကိုယ်တိုင်လည်း
ရုန်းကန်နေရတဲ့၊
သိပ်အဆင်မပြေလှတဲ့ သူတွေဖြစ်နေတတ်ပြီး...
ကူညီဖို့ အကြောင်းပြချက်အမျိုးမျိုးနဲ့
ငြင်းဆိုတတ်သူတွေကတော့တော်တော်လေး
အဆင်ပြေပြည့်စုံနေကြတဲ့
သူတွေ ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် ဘဝမှာ ဘယ်သူက
"လူအစစ်" လဲဆိုတာ
သင် အောက်ခြေကျနေတဲ့
အချိန်တွေကပဲ သက်သေပြသွားပါလိမ့်မယ်။
ဘယ်လောက်ပဲ ပြည့်စုံနေပါစေ...
ကိုယ်ချင်းစာတရား မရှိရင်တော့
လူ့တန်ဖိုးက သုညပါပဲ။

ที่อยู่

Sa Kaeo

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KTCผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์