Khaing K & K

မင်းဒုက္ခရောက်နေတာတောင်မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့ ။ဘယ်သူကမှ မင်းကို ကူညီဖို့ တာဝန်ရှိမနေပါဘူး ။မင်းရဲ့အခက်အခဲတွေ...
12/10/2025

မင်းဒုက္ခရောက်နေတာတောင်
မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့ ။
ဘယ်သူကမှ မင်းကို ကူညီဖို့ တာဝန်ရှိမနေပါဘူး ။

မင်းရဲ့အခက်အခဲတွေ အကြပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလား လို့
အပြစ်မတင်ချင်ပါနဲ့ ။

ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့
လူလာဖြစ်နေကြတာ မဟုတ်ဘူး။

မင်း အထီးကျန်တယ် အဖော်မပြုရကောင်းလားလို့
မနာကျည်းလိုက်ပါနဲ့ ။

မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း၊ မိတ်ဆွေရင်း၊ အဖော်မွန်စစ်
ပါချင်ပါလာမယ် ။ မပါချင် မပါဘူး ။

လမ်းခုလတ်က လှည့်ထွက်သွားတာလည်း
ဖြစ်ချင်ဖြစ်မယ် ။

သေချာတာ ကိုယ် သွားချင်တဲ့လမ်း
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ ။

မင်းဒုက္ခရောက်နေတာတောင်
ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက် ။
ဘယ်သူမှ မရှိဘူးလား
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ။

ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက် ။
မချစ်တော့ဘူးလား
လွတ်လပ်ခွင့်ပေးလိုက် ။

သူတစ်ပါး စိတ်နှလုံးအိမ်ထဲမှာ
နေရာတစ်ခုရဖို့ဆိုတာ
မင်း တောင်းဆိုလို့ မရဘူး ။

တစ်ဖက်က ပေးသလောက်ပဲ မင်းနေရမယ် ။
ကျေနပ်တာ မကျေနပ်တာ မင်းကိစ္စပါ ။
ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာမဟုတ်ဘူး။
ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေလေ ။

ထွေထွေထူးထူး ကြေကွဲမနေနဲ့ ။

crd

ဘဝ လမ်း🌸;;;;;;;;;;;;;;;;;;;;;;;;;;;;;ဘဝထဲမှာ နေထိုင်ရှင်သန်လာရင်းမိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေတစ်ဆထက်တစ်ဆ ရှားပါးလာမ...
12/10/2025

ဘဝ လမ်း🌸
;;;;;;;;;;;;;;;;;;;;;;;;;;;;;

ဘဝထဲမှာ နေထိုင်ရှင်သန်လာရင်း
မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေ
တစ်ဆထက်တစ်ဆ
ရှားပါးလာမှန်းသိသိလာရတယ်

အတောမသတ်တဲ့
လူတွေရဲ့ လောဘနှင့်ဒေါသတွေကို
တဖြည်းဖြည်းနဲ့ ပို၍ ပို၍ မြင်တတ်လာသလို

ကိုယ်သာအမှန်ထင်ပြီး
တဖက်သားကို မှားတယ်လို့ စွပ်စွဲ
ပုတ်ခတ်တတ်တဲ့ လူတွေကိုပိုတွေ့လာရတယ်လေ။

ချစ်ခြင်းမေတ္တာဆိုတာ
ပေးတိုင်း ပြန်မရတတ်သလို
အတင်းလုပ်ယူလို့မရတဲ့အရာမှန်းသိလာပါပြီ။

လူတွေအကြိုက်
ဆယ်ခါလိုက်လည်း
မလိုက်တစ်ခါ ရှိခဲ့ခြင်းက
ကြီးစွာရန်သူ မှတ်ထင်ခံရဘူးတယ်။

ကိုယ်က
ရိုးရိုးသားသားနေပေမယ့်
စိတ်သဘောမရှင်းတဲ့လူတွေပဲ တွေ့နေရသေးတယ်။

ဘယ်လောက်ပဲ
စေတနာထားပြီးလုပ်ပေးခဲ့သော်လည်း
တုန့်ပြန်စေတနာကို မျှော်ကိုးလို့မရမှန်းသိလာပြီလေ။

နောက်ဆုံးတော့
လောကဓံက ဘာတွေပဲပေးပေး
ကိုယ်က လက်ခံနိုင်ဖို့ကြိုးစားရမှာပဲပေါ့။

အဆိုးတွေကို
လက်မခံချင်ကြပေမယ့်
အကောင်းတွေကို အလွယ်တကူမရနိုင်တဲ့အခါ
ဖြစ်တည်ခဲ့သမျှကို ကျေနပ်စွာလက်ခံနိုင်မှနေသာမှာပါ

လိုချင်တာတွေ
မရနိုင်တဲ့ဘဝအခြေအနေမှာ
ရတာလေးနဲ့ ရောင့်ရဲတင်းတိမ်လိုက်ရတာလည်းရှိတယ်။

ပျော်စရာထက်
အဆင်ပြေတယ်ဆိုရုံလေး
ဘဝကိုဖြစ်သလို ဖြတ်သန်းရတဲ့အခိုက်လည်းရှိ
ပြန်တော့....

ဘဝခရီးလမ်းမှာ
ကြုံဆုံလာသမျှ
ကြံ့ကြံ့ခံရင်ဆိုင်ရင်း သင်ယူရင်းနဲ့ပဲ
ရှေ့ခရီးကိုဆက်လက်လျှောက်လှမ်းနေရမှာပဲလေ။

credit.ဒေါက်တာ မသိင်္ဂီ

အိုးဟိုး!! ရှယ်ပဲ!! ရှာလကာရည်တစ်ပုလင်းတည်းနဲ့ ဒီလောက်တောင် အသုံးဝင်တယ်လို့ ကျွန်တော်လည်း ခုမှပဲ သိတော့တယ်ဗျာ။ အိမ်သန့်ရှ...
11/10/2025

အိုးဟိုး!! ရှယ်ပဲ!! ရှာလကာရည်တစ်ပုလင်းတည်းနဲ့ ဒီလောက်တောင် အသုံးဝင်တယ်လို့ ကျွန်တော်လည်း ခုမှပဲ သိတော့တယ်ဗျာ။ အိမ်သန့်ရှင်းရေး၊ ပုရွက်ဆိတ်နဲ့ အင်းဆက်ပိုးမွှားတွေ မောင်းထုတ်ဖို့အပြင်၊ သစ်ပင်တွေကိုပါ အားဖြည့်ပေးနိုင်တာဆိုတော့ တကယ့်ကို တန်ဖိုးရှိပါတယ်။

ဒီနည်းလမ်းတွေကို သိမ်းထားပါ စမ်းကြည့်ဖို့ ပြောပြပေးပါ့မယ်။ အသုံးပြုချင်သူတွေအတွက် လွယ်ကူအောင် ရှင်းပြပေးထားပါတယ်နော်။

✅အဝတ်လျှော်ရာတွင် ရနံ့ကြာရှည်ခံစေရန်
အဝတ်လျှော်တဲ့အခါ ရှာလကာရည်ကို စားပွဲဇွန်း ၁-၂ ဇွန်းခန့် ထည့်လိုက်ပါ။ အဝတ်တွေဟာ သန့်ရှင်း၊ မွှေးကြိုင်ပြီး အနံ့အသက်မထွက်တော့ပါဘူး။ အရိပ်ထဲ လှန်းရင်တောင် အဆင်ပြေပါတယ်။

✅ပုရွက်ဆိတ်၊ အင်းဆက်ပိုးမွှားနှင့် အနှောင့်အယှက်ပေးသော သတ္တဝါများကို မောင်းထုတ်ရန်
ရှာလကာရည်ကို အိမ်ထောင့်ချိုးတွေ၊ သူတို့သွားလာတဲ့ လမ်းကြောင်းတွေမှာ လိုက်သုတ်ပေးပါ သို့မဟုတ် ရေဖြင့်ရောပြီး ဘူးထဲထည့်၍ ဖျန်းပေးပါက အဆိုပါသတ္တဝါများ ဝင်မလာတော့အောင် ကူညီပေးပါလိမ့်မယ်။

✅အပင်များကို ပိုးမွှားဒဏ်မှ ကာကွယ်ရန်
ရှာလကာရည် စားပွဲဇွန်း ၂ ဇွန်း + အရက်ဖြူ စားပွဲဇွန်း ၂ ဇွန်း + ရေ ၂၀ လီတာ တို့ကို ရောစပ်ပါ။ အရွက်များ စိုရွှဲသွားအောင် ဖျန်းပေးပါ။ မကြာခဏ ပြုလုပ်ပေးပါက ပိုးမွှားတွေ အကုန်ပျောက်သွားပါလိမ့်မယ်။

✅ထမင်းကို နူးညံ့ပြီး စားကောင်းစေရန်
ထမင်းမချက်ခင် ဆန်တစ်ခွက် လျှင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း သာ ရှာလကာရည် ထည့်ပေးပါ။ ထမင်းဟာ မွှေး၊ နူးညံ့ပြီး အကြာကြီး မပျက်စီးဘဲ ခံပါတယ်။ နည်းနည်းလေးပဲ ထည့်တာမို့ အချဉ်ဓာတ်ကို စိုးရိမ်စရာ မလိုပါဘူး။

✅အဖြူရောင်အဝတ်များမှ အဝါကွက်များကို ဖယ်ရှားရန်
အင်္ကျီကော်လံ၊ လက် သို့မဟုတ် အဝတ်ဟောင်းများမှ အဝါကွက်များပေါ်သို့ ရှာလကာရည်ကို လောင်းချပြီး ၁၅ မိနစ်မှ ၃၀ မိနစ်ခန့် ထားပါ။ ပြီးမှ ပုံမှန်အတိုင်း လျှော်ဖွပ်ပေးပါ။ အစွန်းအထင်းများ အများကြီး ပိုပြီး လွယ်လွယ်ကူကူ ထွက်သွားပါလိမ့်မယ်။

✅မှန်များကို ကြည်လင်တောက်ပစေရန်
ရှာလကာရည် နှင့် ပန်းကန်ဆေးဆပ်ပြာ ကို ပမာဏ တူညီစွာ ရောစပ် ပါ။ ရေမြှုပ်ဖြင့် တို့ယူပြီး မှန်ကို သုတ်ပေးပါ။ ခဏထားပြီး ရေဆေးချလိုက်ပါက မှန်က အသစ်လို ကြည်လင်တောက်ပသွားပါလိမ့်မယ်။

✅ကြမ်းပြင်ကို အနံ့အသက်ကင်းအောင် တိုက်ချွတ်ရန်
ရှာလကာရည် ၁ ဆ ကို ရေ ၃ ဆ နှင့် ရောစပ်၍ ကြမ်းပြင်ကို တိုက်ချွတ်ပါ။ အနံ့အသက်တွေ ပျောက်ပြီး ကြမ်းပြင်ကလည်း သန့်ရှင်းလာပါလိမ့်မယ်။

✅အိမ်သာခွက်ကို သန့်ရှင်းရေးလုပ်ရန်
အိမ်သာခွက်ထဲသို့ ရှာလကာရည် လောင်းထည့်ပါ။ မိနစ် ၃၀ မှ ၁ နာရီခန့် ထားပြီးနောက် ဘရက်ရှ် (Brush) ဖြင့် တိုက်ချွတ်ပေးပါ။ အခက်အခဲဆုံး အစွန်းအထင်းတွေတောင် လွယ်လွယ်ကူကူ ထွက်သွားပါလိမ့်မယ်။

ဘယ်သူမှ မစမ်းရသေးဘူးဆိုရင် တကယ်ပဲ အကြံပေးချင်ပါတယ်။ မီးဖိုချောင်ထဲက ဒီအသုံးဝင်တဲ့ ပစ္စည်းလေးဟာ အရာရာကို ကူညီပေးနိုင်ပြီး သုံးရတာ တကယ်ကို တန်ပါတယ်ဗျာ။

ကိုယ့်ကို ချစ်လို့ရတယ်မုန်းလို့ရတယ်ခင်လို့ရတယ်မခင်ချင်လည်းရတယ်မတော်ချင်လည်းရတယ်မခေါ်ချင်လည်းရတယ်ကိုယ့်ဘဝနဲ့ ကိုယ်နေကိုယ်...
11/10/2025

ကိုယ့်ကို ချစ်လို့ရတယ်
မုန်းလို့ရတယ်

ခင်လို့ရတယ်
မခင်ချင်လည်းရတယ်

မတော်ချင်လည်းရတယ်
မခေါ်ချင်လည်းရတယ်

ကိုယ့်ဘဝနဲ့ ကိုယ်နေ
ကိုယ်လမ်းကိုသာ တည့်တည့်လျှောက်
စိတ်မဆိုးဘူး
အပြစ်မတင်ဘူး။

ဒါပေမယ့်
ခလုတ် ခဏခဏလာမတိုက်နဲ့
မလေးမစား လာမလုပ်နဲ့
ရိသလို ရွဲ့သလို
မထိတထိ လာမပြောနဲ့
လက်မခံဘူး။

ဘာလုပ်ချင်လဲ
ဘာဖြစ်ချင်လဲ မေးရင်
ဘာမှတော့ ပြန်လုပ်မှာမဟုတ်ဘူး
ဘာမှလည်း မဖြစ်ချင်ဘူး။

နောက်တစ်ခေါက်
ပတ်သက်စရာ မရှိတော့ဘူး။

မနောသီရိ♥️

#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ
#ဆရာအောင်သင်းစာပေ
#စာပေဗဟုသုတများ

စက္ကူပန်းလေးရဲ့ အလှတရား 💐💜ရနံ့မမွှေးပေမယ့် သူရဲ့အဆင်းလေးကြောင့်ရင်မှာလဲနွေးစေတယ် အမြင်မှာလည်းအေးစေတယ်ရနံ့မရွေးဘူးဆိုရင်....
11/10/2025

စက္ကူပန်းလေးရဲ့ အလှတရား 💐💜
ရနံ့မမွှေးပေမယ့် သူရဲ့အဆင်းလေးကြောင့်
ရင်မှာလဲနွေးစေတယ် အမြင်မှာလည်းအေးစေတယ်
ရနံ့မရွေးဘူးဆိုရင်...
စက္ကူပန်းလေးတွေကိုလည်း ချစ်ကြည့်လို့ရပါတယ်

စက္ကူပန်းလေးရဲ့အဓိပ္ပာယ်က " ငြိမ်းချမ်းပါစေနော် " တဲ့ 🫶

🥰
11/10/2025

🥰

ပါးစပ်စည်းကမ်းမရှိတဲ့လူတစ်ချို့ရဲ့ စကားကို နားယောင်ပြီးစိတ်သောကရောက်မနေပါနဲ့ကိုယ်လုပ်စရာရှိတာကိုသာဆက်လုပ်ပါ။  #ဦးအောင်သ...
11/10/2025

ပါးစပ်စည်းကမ်းမရှိတဲ့
လူတစ်ချို့ရဲ့ စကားကို နားယောင်ပြီး
စိတ်သောကရောက်မနေပါနဲ့
ကိုယ်လုပ်စရာရှိတာကိုသာ
ဆက်လုပ်ပါ။

#ဦးအောင်သင်း #စာပေ #စာဖတ်ပါ #စာပေဟောပြောပွဲ

ပို့တင်ရင် မမြင်ချင်ယောင်ဆောင်သူတွေကောပဲ😒
25/09/2025

ပို့တင်ရင် မမြင်ချင်ယောင်
ဆောင်သူတွေကောပဲ😒

18/09/2025

ဆရာကြီး ဦးအောင်သင်းရဲ့ အကြိုက်ဆုံးစကားလုံးများ
___________________

ဘာကြောင့် စာဖတ်ဖို့လိုသလဲ ………

လူနဲ့တိရစ္ဆာန် ဘယ်သူကသာလဲမေးရင်
လူကသာတယ်လို့ပဲဖြေကြတယ်
စဉ်းစားကြည့်ရအောင် ……

မြင်းလောက်အပြေးသန်သလား ?

ဆင်လောက်ခွန်အားကြီးသလား ?

ငါးလောက်ရေကူးကျွမ်းသလား ?

ကျီးကန်တို့လဒတို့လောက်
မျက်စိလျှင်လား ?

အယ်ဇေးရှင်းခွေးလောက်
အနံ့ခံကောင်းလား ?

ကျွန်တော်တို့က
အဖွဲ့အစည်းနဲ့ဘာနဲ့ညာနဲ့
စည်းလုံးတယ် ဘာညာနဲ့မပြောနဲ့

ပျားတွေလောက်မစည်းလုံးဘူးနော်
ပျားတွေဟာသိပ်ဝီရိယကောင်းတယ်

ပန်းပွင့်မညိုးခင် မနက်စောစော
ကတည်းက လုံ့လစိုက်ပြီး
အလုပ်လုပ်တယ်

ပျားတစ်ကောင်းဟာ
ပန်းဝတ်ရည်ကိုတွေ့လာရင်
သတင်းလာပိုတယ်
သူကဦးဆောင်ခေါ်သွားတယ်
နောက်ကပျားတွေကလည်း
ထပ်ကြပ်မကွာလိုက်တယ်
သူတို့ယူလာတဲ့ဝတ်ရည်ကို
သိုလှောင်တဲ့နေရာမှ အတိတကျ ထားတယ်
ဘယ်ပျားကမှမခိုးဘူး။
မှောင်ခိုမချဘူး
ကောင်းလိုက်တဲ့ဗီဇ

ရှဉ့်လျှောက်လို့ရအောင်
လမ်းချန်ပေးထားတယ်

သူများသွားလမ်းပိတ်မထားဘူး
လူတွေလို ဘယ်သူသေသေ
ပြီးပြီးရောဆိုတဲ့
စိတ်ယုတ်မရှိဘူး
ပျားအုံးကိုထိရင်
အသေခံကာကွယ်တယ်
ကြည့်စမ်း

ပျားတွေနိုင်ငံတော်သည်
ဘယ်လောက်အားကျဖို့ကောင်းလဲ
ဘယ်လောက်အတုယူဖို့ကောင်းလဲ
ကောင်းပြီး ဆက်စဉ်းစားကြရအောင်
လူတွေဟာတိရစ္ဆာန်တွေထက်
ဘယ်နေရာသာသလဲ
အဖြေထုတ်ကြည့်ရင်
သုံးမျိုးပဲရှိတယ်

၁။ အလှအပကိုခံစားတတ်ခြင်း
ဖန်တီးတတ်ခြင်း

၂။ ကိုယ့်ကျင့်တရားရှိခြင်း

၃။ ကျိုးကြောင်းဆင်ခြင်နိုင်ခြင်း
ဥာဏ်ပညာရှိခြင်း

လူတွေဟာအလှအပကိုခံစားတတ်တယ်
ဖန်တီးတတ်တယ်
တိရစ္ဆာန်တွေမှာကိုယ်ကျင့်တရားမရှိဘူး
ကြီးနိုင်ငယ်ညှင်းတယ်
မကောင်းတာကောင်းတာသူတို့မသိဘူး
ကိုယ်ကျင့်တရားဆိုတာလည်းမရှိဘူး
လူတစ်ယောက်မှာ ကိုယ်ကျင့်တရားမရှိရင်
တိရစ္ဆာန်နဲ့မခြားနားဘူး
ကျိုးကြောင်းဆင်ခြင်ဥာဏ်
ပညာကြီးတယ်

ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာသိတယ်

ကိုယ့်ထက်အားကြီးတဲ့ဆင်ကို
ချွန်ပေါက်ပြီးသစ်ဆွဲခိုင်းတယ်

မြင်းကိုပါးချုပ်တတ်ပြီးခွစီးတယ်
လှည်းတပ်ဆွဲခိုင်းတယ်

ရေးကူးကျွမ်းတဲ့ငါးကို
ငါးများချိတ်နဲ့မျှားတယ်
ပိုက်နဲ့ဖမ်းတယ်

ကိုယ့်ထက်စည်းလုံးပါတယ်ဆိုတဲ့ပျားကို
ဖွတ်စားတယ်
ဒါဘာလို့လဲ
လူတွေကတိရစ္ဆာန်တွေထက်
အကျိုးအကြောင်းဆင်ခြေနိုင်လို့
ဥာဏ်ပညာကြီးလို့ပေါ့
လူတွေကတိရစ္ဆာန်တွေအပေါ်
လွှမ်းမိုးနိုင်တာဟာ
ဥာဏ်ပိုကြီးလို့

ဒါဆိုရင်လူအချင်းချင်းရော
သေချာစဉ်းစားကြည့်
လူတွေမှာလည်း
ပညာကြီးတဲ့လူက
ပညာနည်းတဲ့သူကို
လွှမ်းမိုးနိုင်မှာပေါ့

သူများနိုင်ငံမှာသွားပြီး
အောက်ကျို့ခံ အလုပ်လုပ်ရတယ်
သူတို့လောက် ငါတို့ပညာမတတ်လို့ပဲ

ဒါကိုတို့နိုင်ငံက လူတွေက
အခုချိန်ထိပညာကို
တန်ဖိုးထားရကောင်းမှန်းမသိဘူး ……

အမြင်ကျယ်တဲ့သူက အမြင်ကျဉ်းတဲ့သူကို
လွှမ်းမိုးနိုင်မှာပေါ့

အဲ့ဒီတော့ သူများလွှမ်းမိုးတာမခံရအောင်
သူများခေါင်းပုံဖြတ်တာမခံရအောင်
သူများလူလည်းကျတာမခံရအောင်
သူများအနိုင်ကျင့်တာမခံရအောင်
ပညာတတ်ဖို့ အမြင်ကျယ်ဖို့
အသိပညာရှိဖို့ ဗဟုသုတရှိဖို့လိုတယ်
ဘာလုပ်ရမလဲ ။

စာဖတ်ရမှာပေါ့
စာဖတ်တယ်ဆိုတာ
သူများအမှား
ကိုယ်ဆက်မမှားအောင်လုပ်တာ
သူများအတွေ့အကြုံ
ကိုယ့်အတွေ့အကြုံအဖြစ် ရယူတာ ……

စာဖတ်တဲ့နေရာမှာ
ဦးနှောက်ကို ခွန်အားဖြစ်စေမယ့်
စာမျိုး များများဖတ်ပါ။

ဘဝကိုဦးနှောက်ကဦးဆောင်တာ
အသိပညာရစေမယ်စာတွေ
များများဖတ်စေချင်တယ် ။



အခက်ခဲ ပြသနာတွေကြားမှာ အလုလဲ ကြုံးနေရပြီးလား မင်းကြိုးစားနေလို့ပါ။ဘဝတွက် မောပန်းလာပြီးဆို မင်းကြိုးစားနေလို့ပါ ကြိုးစားရ...
09/09/2025

အခက်ခဲ ပြသနာတွေကြားမှာ
အလုလဲ ကြုံးနေရပြီးလား
မင်းကြိုးစားနေလို့ပါ။

ဘဝတွက် မောပန်းလာပြီးဆို
မင်းကြိုးစားနေလို့ပါ ကြိုးစားရင်
တကယ်လဲပင်ပန်းပါတယ်။

အချိန်ရဲ့ တန်ဖိုးကိုသိပြီး
အသုံးချတက်နေပြီးဆိုရင်
မင်းတကယ်ကြိုးစားနေတာပါ။

လိုချင်တာထက် လိုအပ်တာ
ခွဲခြားတက်လာတာဟာ
မင်းကြိုးစားနေလို့ပါ။

ကျန်းမာရေးကို အဓိကထားပြီး
ကြံ့ခိုင်အောင် လေ့ကျင့်နေပြီးဆို
မင်းကြိုးစားနေလို့ပါ။

ကျရှုံးမှုတွေနဲ့ ပေးဆပ်မှုတွေ
များနေပြီးလား အဲ့တာဆို
မင်းတကယ်ကြိုးစားနေတာပါ။

မာယာများတဲ့ ကြားထဲမှာ
မင်းပြုံးတက်နေပြီးလား
မင်းကြိုးစားနေလို့ပါ။

နှလုံးသားထက် ဦးနှောက်ကို
အစာကျွေးတက် နေပြီးဆိုမင်းတကယ်
ကြိုးစားနေလို့ပါ။

ကြိုးစားပါသူငယ်ချင်း ကြိုးစားမှု
အောင်မြင်မှုတွေက
မင်းနဲ့တကယ် ထိုက်တန်ပါတယ်။

Credit

Follow Maung Siraz Sr.

08/09/2025

အပျိုကြီး လူပျိုကြီးတွေအိမ်ထောင်ပြုသောအခါ::::

Bkk Dobby အသား ကိုမှ ပိတ်စ ဖိုး သာသာနဲ့ မင့်က ထုပ်ပေးထားပါတယ်ရှင့် 🥰🥰🥰Lb 90 to 130 ထိရ ငွေကြိုလွဲပို့ခအပြီးတစ်ထည်-120B5 ...
14/01/2025

Bkk Dobby အသား ကိုမှ ပိတ်စ ဖိုး သာသာနဲ့ မင့်က ထုပ်ပေးထားပါတယ်ရှင့် 🥰🥰🥰

Lb 90 to 130 ထိရ

ငွေကြိုလွဲပို့ခအပြီး
တစ်ထည်-120B
5 ထည်တတွဲ -400

အထည်အသင့်ရ

ที่อยู่

Samphanthawong

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Khaingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์