A Z Channel TV နာမည်ကြီး ထိုင်းသတင်းတွေကို နေ့စဉ်တင်ဆက်ပေးနေပါသည်

ကလေးအိပ်ယာခင်းအောက် ခွေနေတဲ့ မြွေပွေးကိုက်ခံရလို့ မိခင်ဖြစ်သူ သေ-ဆုံး  ရှမ်းပြည် တောင်ပိုင်း၊ အောင်ပန်းမြို့ ဘော်နှင်းကျ...
25/06/2025

ကလေးအိပ်ယာခင်းအောက် ခွေနေတဲ့ မြွေပွေးကိုက်ခံရလို့ မိခင်ဖြစ်သူ သေ-ဆုံး

ရှမ်းပြည် တောင်ပိုင်း၊ အောင်ပန်းမြို့ ဘော်နှင်းကျေးရွာအုပ်စု ဆူးပန်းကျေးရွာမှာ ဇွန်လ ၂၄ရက်နေ့ ညနေ ၃နာရီခန့်က ကလေးအိပ်ယာခင်းအောက်မှာ ခွေနေတဲ့ မြွေပွေးတစ်ကောင်က မိခင်ဖြစ်ကိုပေါက်မိရာမှ မိခင်ဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ နာရေးကူညီမှုအသင်း (အောင်ပန်း) ဆီက သိရပါတယ်။

ဆူးပန်းကျေးရွာက မိခင်တစ်ဦးဟာ သုံးလသားအရွယ်ကလေးငယ်ကို ဂျင်းစိုက်ခင်းဆီခေါ်ယူသွားပြီး စိုက်ခင်းအနီး မြက်ခင်းမှာ စောင်ခင်းကာ ချထားပြီး ပေါင်းမြက်တွေ ရှင်းလင်းနေချိန် ကလေးငယ်ဆီက ငိုသံကြားရတာကြောင့် သွားရောက်(ချီ)ချိန်မှာ

အခင်းအောက်မှာ ခွေနေတဲ့ မြွေပွေးတစ်ကောင်က မိခင်ဖြစ်သူရဲ့ ညာဘက်ခြေထောက်ကို ပေါက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတွေက မြွေကိုက်ခံရတဲ့ မိခင်ဖြစ်သူကို အောင်ပန်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ အချိန်မမှီဘဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက CJ Platform page Messenger ကနေဖြစ်စေ၊ Telegram မှာ လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။

ဓာတ်ပုံ - နာရေးကူညီမှုအသင်း (အောင်ပန်း)

#ရှမ်းပြည် #အောင်ပန်းမြို့
#ဘော်နှင်းရွာ #မြွေပွေး #ဂျင်းစိုက်ခင်း #မူ့ရင်းပို့စ်

25/06/2025

မိန်းကလေးအချင်းချင်း လိမ်ခေါ်သွားပြီး ထောင်ထွက်အမျိုးသား နဲ့ ပေးပြုကျ-င့်ခဲ့တဲ့ဖြစ်ရပ်။

"အိသံစဥ်မှူးလေး နဲ့ အထင်လွဲကြလွန်းလို့ ချစ်ရတဲ့ မမကို ချပြလာတဲ့ လှိုင်သာယာကိုကြီး။
25/06/2025

"အိသံစဥ်မှူးလေး နဲ့ အထင်လွဲကြလွန်းလို့ ချစ်ရတဲ့ မမကို ချပြလာတဲ့ လှိုင်သာယာကိုကြီး။

အဖေကမရှိ အမေကအဝေးမှာ၊ အဒေါ်တွေနဲ့နေရတာပါ ချို့တဲ့ပါတယ်တဲ့၊ သနားစရာညီမလေး ဘယ်လောက်အားငယ်နေလိမ့်မလဲ
25/06/2025

အဖေကမရှိ အမေကအဝေးမှာ၊ အဒေါ်တွေနဲ့နေရတာပါ ချို့တဲ့ပါတယ်တဲ့၊ သနားစရာညီမလေး ဘယ်လောက်အားငယ်နေလိမ့်မလဲ

ပုံပါ အမ ကို တွေ့ရှိသူများခင်ဗျာပခူးတိုင်း ရွှေကျင် ကျောက်ကြီး ကျောက်မှော်ဘုရားကြီးကျေးရွာ အယ်ဘာစုဖေါ အသက်30ဝန်းကျင်မြဝတ...
24/06/2025

ပုံပါ အမ ကို တွေ့ရှိသူများခင်ဗျာ

ပခူးတိုင်း ရွှေကျင် ကျောက်ကြီး ကျောက်မှော်ဘုရားကြီးကျေးရွာ အယ်ဘာစုဖေါ အသက်30ဝန်းကျင်
မြဝတီမဲဆောက်ဖက်-14ရက်2လပိုင်အလုပ်သွားလုပ်မယ်ဆိုကာရွာမှာထွက်သွားပြီးအခုချိန်အထိလုံးဝအဆက်သွယ်မရဘူး သူ့သမီးလေးကလဲမကြာခဏငိုယိုပြီးမိခင်ကိုမေးတယ်

ပုံပါ အမကို တွေ့ရှိပါက ကျေးဇူးပြုပြီး အောက်ပါဖုန်းနံပါတ်ကိုဆက်သွယ်အကြောင်းကြာပေးပါခင်ဗျ။

ဆက်သွယ်ရဖုန်းမြန်မာဖုန်း09403681661---09893200195ထိုင်းဖုန်း0618819803

ပြီးခဲ့တဲ့ ၁၈ရက် နေ့က "ထိုင်းနိုင်ငံ စမူပရကန်မြို့မှာထမင်းစားနေကြတဲ့မြန်မာတွေကို ဆူညံလို့ဆိုပြီးထိုင်းလူမျိုးမှတဦမှ သေန-...
23/06/2025

ပြီးခဲ့တဲ့ ၁၈ရက် နေ့က "ထိုင်းနိုင်ငံ စမူပရကန်မြို့မှာ
ထမင်းစားနေကြတဲ့မြန်မာတွေကို ဆူညံလို့ဆိုပြီး
ထိုင်းလူမျိုးမှတဦမှ သေန-တ်နဲ့လိုက်ပ-စ်ခဲ့တာကြောင့်၊
မဝိုင်းဝိုင်းဆိုတဲ့ မြန်မာအမျိုးသမီးတဦး ကျည်မှန်ပြီး သေ-ဆုံးခဲ့ပါတယ်

ဗီဒီယိုအပြေးစုံရဲ့လင့် ချထားပေးပါတယ် 👇
https://www.facebook.com/share/v/15buYqtYkh/

အသက် ၁၆နှစ်အရွယ် မိန်းကလေးတစ်ဦး Happy Water သောက်ပြီး‌ဆုံး၂ဝ၂၅ ဇွန်လ ၂၃ ရက်သျှမ်းပြည် မိုင်းပန်မြို့နယ် လွိုင်နွဲ့ရွာရှိ...
23/06/2025

အသက် ၁၆နှစ်အရွယ် မိန်းကလေးတစ်ဦး Happy Water သောက်ပြီး‌ဆုံး

၂ဝ၂၅ ဇွန်လ ၂၃ ရက်

သျှမ်းပြည် မိုင်းပန်မြို့နယ် လွိုင်နွဲ့ရွာရှိ KTV ဆိုင်တွင် အသက် ၁၆ အရွယ် မိန်းကလေးငယ်တစ်ဦး Happy Water စိတ်ကြွဆေး ရည် သောက်သုံးပြီးနောက်tay ဆုံးသွားခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၁ ရက် ညပိုင်းတွင် အသက် ၁၆ နှစ်အရွယ် နန်း ကျိုးငင်းသည် ၎င်းသူငယ်ချင်းနှင့်အတူ မိုင်းပန်မြို့နယ် လွိုင်နွဲ့ရွာ ရှိ KTV ဆိုင်သို့ သွားရောက်လည်ပတ်ပြီး

Happy Water စိတ်ကြွဆေးရည်ကို သောက်သုံးရာ ရုတ်တရက်သေဆုံးသွားခဲ့ ကြောင်း မိုင်းပန်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်း သံတော်ဆင့်ကို ပြောသည်။

“သူငယ်ချင်းတွေနဲ့စုပြီး KTV သွားလည်ကြတာ၊ Happy Water သောက်ပြီးတော့ အဲ့သလို ရုတ်တရက်ဆုံးသွားတာပဲ။ အစတုန်းက ဆေးရုံကိုပို့လိုက်သေးတယ်၊ ဆေးရုံကလက်မခံတော့ အိမ်ကိုပြန် ခေါ်လာတာ” ဟု ၎င်းကပြောသည်။

#မူ့ရင်းပို့စ်

" #မြွေဆိပ်နိုင်သောမရိုးပင်"အကြင်အိမ်၌ မရိုးပင်စိုက်ထားအံ့၊ထိုမရိုးပင်ရှိသောအိမ်၌ အသို့လျှင် ဆေးသမားများ၀င်ထွက်သွားလာရအံ...
23/06/2025

" #မြွေဆိပ်နိုင်သောမရိုးပင်"

အကြင်အိမ်၌ မရိုးပင်စိုက်ထားအံ့၊ထိုမရိုးပင်ရှိသောအိမ်၌ အသို့လျှင် ဆေးသမားများ၀င်ထွက်သွားလာရအံ့နည်း ဟူ၍ မရိုးပင်၏ဂုဏ်ကို ချီးကျူးဖွဲ့ဆိုထားခြင်းရှိ၏။

ဆိုလိုသည်မှာ မရိုးပင်စိုက်ပျိုးထားသော အိမ်သည် ရောဂါ ဝေဒနာတို့ ကျရောက်ခဲ့ပါက မည်သည့်ရောဂါမျိုး၊ အနာမျိုး၊ အဆိပ်မျိုးကိုဖြစ်စေကာမူ ထိုမရိုးပင်သည် ပယ်ချိုးသုတ်သင် ကယ်တင်နိုင်သောကြောင့် ဆေးသမားတော်များကို ပင့်ခေါ်ရန်မလိုဟုဆိုလိုခြင်းဖြစ်လေသည်။

မရိုးပင်ကို ငဖြူကြီးပင်၊နွားဖြူကြီးပင်၊ကျွဲနပေါင်းပင်၊ဖြူကြီးပင်၊ နွားနို့ခဲပင်၊ ကျွဲပေါက်ပင်စသည်ဖြင့်နေရာဒေသ အလိုက် အခေါ်အဝေါ်များရှိပါသည်။ ဆေးအသုံးများပြား၍ မရိုးနိုင်အောင် ဆေးဖက်၀င်လှသောကြောင့် မရိုးပင် ဟုခေါ်လေသလား ထင်မိအောင်ပင်ဖြစ်ပါသည်။

မုရိုးပင်ရာတွင် မုရိုးဖြူနှင့်မုရိုးနီဟူ၍ နှစ်မျိုးရှိပါသည်။ အဖြူမျိုးနှင့်အနီမျိုး နှစ်မျိုးစလုံး၏ အစေးသည် ခါး၍အနည်း ငယ်ငန်သော သတ္တိရှိပါသည်။ မရိုးပင်နှင့်ပတ်သက်၍ အံ့ဖွယ်အစွမ်းထက်မြက်လှကြောင်း လက်တွေ့ကြုံခဲ့ဖူးပါသည်။

ချင်းတွင်းမြစ်ကမ်းနဘေးရှိ ပလူဇ၀ရွာလေးသည် ဝါးအလွန်ထွက်ပါသည်။အထူးသဖြင့် မျှင်ဝါး၊ တင်းဝါး များထွက်သောကြောင့် နွေကာလတွင် သစ်ဝါးပွဲစားများ ရောက်ရှိလာတတ်ကြပြီး ဝါးများ၀ယ်ယူစုဆောင်းကာ ဖောင်ဖွဲ့၍ ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာ၊ရေစကြိုမြို့များသို့ ပို့ဆောင်ခြင်းဖြစ်၏။

ထိုကြောင့် ပလူဇ၀မှ ချောင်းဆုံရွာ ထိုမှတဆင့် အလွန်ဝေးကွာသောဝါတောကြီးများဆီသို့ အလုအယက်ဝါးခုတ် ထွက်ရသည်။ ထိုချိန်ကာလသည်ကား ထိုအရပ်ဒေသရှိ တောနေလူတို့၏ ၀မ်းရေးအတွက်သာမက မြိုးမြိုးမြက်မြက် အပို၀င် ငွေလေးများရတတ်ကြလေသည်။

တစ်နေ့ ချောင်းဆုံရွာလေးသို့ လူနာထမ်းပုခက်စင်နှင့် ပိုးထိလူနာ ဝါးခုတ်သမားမောင်သောင်းအား ဝါးခုတ်အလုပ်သမားများထမ်း၍ ရောက်လာသည်။မြွေပွေးခြေကျင်း၀တ်ကို ကိုက်သည်ဟုဆိုသည်။

လူနာအား ဘာလုပ်ပေးထားသနည်း၊ အခုအထိသတိရနေသည်မို့လည်း အံ့သြမိစွာမေးကြည့်မိသည်။

ဆရာကျွန်တော်တို့နယ်ဖက်မှာ ပိုးထိပြီးဆိုတာနဲ့ တောထဲမှာပေါက်တဲ့ မရိုးပင်ရဲ့ အရွက်နဲ့ အစေးကို ဝါးဆစ်ဗူးထဲ ထည့်ထောင်းပြီး ဆီးကင်းလောက်လုံးကြတယ်။

ပြီးရင် အဲ့ဒီမရိုး အရွက်နဲ့အစေးလုံးလို့ ရတဲ့ ဆေးကိုနာရီ၀က်ခြား တစ်လက်လုံးလောက်တိုက်ပြီး ဆေးရုံရောက်အောင်ပို့တာပဲ။တကယ်ကို အဆိပ်ကိုနိုင်နင်းတဲ့ အပင်ပဲဆိုလေသည်။

ထိုနည်းဖြင့် ရုတ်တစ်ရက်အဆိပ်ပြင်းသောမြွေဆိပ်ကိုကာကွယ် ဟန့်တားထိန်းသိမ်းရင်း မစိန်ဆေးရုံ၊ ကလေးဝဆေးရုံ သို့ပို့ကြလေ သည်။

ထိုကြောင့်လည်း ပြင်းထန်သောမြွေပွေးကိုက်ခံရသည့် လူနာသည် သတိမလစ်ပါ။အကိုက်ခံရသော ညာဖက်ခြေထောက် မှ ှပေါင်ထိပ်ထိ တင်းရောင်နေသောလည်း အဆိပ်ကိုထိန်းချုပ်ထားနိုင်ပြီး ဆေးရုံအထိပို့ဆောင်နိုင်၍ အသက်ချမ်းသာခွင့်ရသည်ကို ကြုံခဲ့ဖူးပါသည်။

တင်ပြလိုသည်မှာ မရိုးပင်သည် တောသူတောင်သားအများ မဖြစ်မနေသိသင့်သိအပ်သော အဆိပ်နိုင်သောဆေးပင်ဖြစ်လေသည်။ ယနေ့အချိန်အထပင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသအချို့မှာ သိပ္ပံဆေးဝါးများဖြင့် စနစ်တကျကုသရန် ခက်ခဲနေဆဲဖြစ်ပါသည်။

ထိုကြောင့် ပြင်းထန်သောမြွေတို့ကိုက် ခဲခြင်းခံရပါက လက်တလော အဆိပ်ကိုပြေစေပြီး အသက်ကိုဆန့်ထားနိုင်သော မရိုးပင်အား သတိရစေ လိုပါသည်။

မြွေဆိပ်နှင့်ပတ်သက်၍ ရှင်နာဂသိန်ပုံပြဆေးအဘိဓာန်အဆို

(က) မရိုးမြစ်နှင့် ဝါဂွမ်းမြစ်ကို ဆတူကြိတ်၍ အနည်းငယ်မျှသောက်မူမြွေဆိပ်ကျဆင်းလိမ့်မည်။

(ခ) မရိုးရွက်ကို မရိုးစေးနှင့်ကြိတ်၍လုံးပါ။ ယင်းအလုံးကို တစ်နာရီခြားတစ်လုံးကျတိုက်ပါက ပြင်းထန်သောမြွေဆိပ်များကျဆင်း၏။(တစ်လုံးကို ရွေးကြီးစေ့သာသာလုံးပါ)။

လမ်းဘေးဝဲယာတလျှောက် သဘာ၀အတိုင်း ပေါများစွာ ပေါက်နေတတ်သော မရိုးပင်အား အရွက်ချိုးကြည့်လိုက်က ဖြူဖြူပျစ်ပျစ် အစေးအနှစ်တို့ထွက်လာတတ်ပေသည်။ထိုအပင်၏ ဆေးဖက်၀င်ပုံများ အလွန်များပြားလှသောကြောင့် ပြည့်စုံစွာ ရေးသားနိုင်ခြင်းမရှိပါ။

သေချာသည်က ဆေးအသုံးသိသူတို့အတွက် မရိုးပင်အား အိမ်တွင်စိုက်ထားခြင်းဖြင့် သမားတော်တစ်ပါး ပင့်၍ထားဘိသကဲ့သို့ဖြစ်နေမည်ဆိုပါလျှင် မှန်မည်ထင်မိပါတော့သည်။

#ကျန်းမာရေးဗဟုသုတရကြပါစေ #မူ့ရင်းပို့စ်

အရှေ့အလယ်ပိုင်း အပစ်အခတ်ရပ်ဖို့ ရုရှား၊ တရုတ် တောင်းဆို။ဇွန် ၂၃၊ ၂၀၂၅ အီရန်အပေါ် အမေရိကန်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ကုလသ...
23/06/2025

အရှေ့အလယ်ပိုင်း အပစ်အခတ်ရပ်ဖို့ ရုရှား၊ တရုတ် တောင်းဆို။

ဇွန် ၂၃၊ ၂၀၂၅

အီရန်အပေါ် အမေရိကန်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးတွင် ရုရှား၊ တရုတ်၊ ပါကစ္စတန်တို့က “အရှေ့အလယ်ပိုင်းဒေသမှာ ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်ရေးအဆို” ကို တင်ပြခဲ့ပြီး။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အတည်ပြုရန်တောင်းဆိုကြောင်း Reuters သတင်းက ဆိုသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း အမေရိကန်၏ အီရန်နျူကလီးယား အဆောက်အအုံနေရာများကို ဗုံးကြဲတိုက်ခိုက်မှုမှာ အန္တရာယ်ရှိသည့် အလှည့်အပြောင်းကို ဖော်နေကြောင်း၊

တိုက်ခိုက်မှုများရပ်၍ အီရန်နျူကလီးယားအစီအစဉ်နှင့်ပတ်သက်ပြီး ဆက်တိုက်ညှိနှိုင်းများလုပ်ရန် ပြတ်ပြတ်သားသား ဆောင်ရွက်ရမည်ဟု ပြောသည်။

ဇွန် ၁၃ ရက်မှစ၍ အစ္စရေးနှင့် အီရန်ကြား အပြန်အလှန်တိုက်ခိုက်နေစဉ်မှာပင် ယမန်နေ့က အီရန်၏ နျူကလီးယား အဆောက်အအုံနေရာများကို အမေရိကန်မှ ဗုံးကြဲပစ်လိုက်ခြင်း ဖြစ်သည်။

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေလက်ဗ်ရော့က ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအား ထည့်သွင်းခြင်းမပြုဘဲ မိမိကိုယ်မိမိ ကာကွယ်ပိုင်ခွင့်ကို သုံးခြင်းသည် လုံးဝရှုပ်ထွေးမှုဖြစ်စေကြောင်း မှတ်ချက်ပြုသလို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း

နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ၏ ကြီးကြပ်မှုအောက်ရှိ အဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ခြင်းမှာ ကုလသမဂ္ဂပဋိညာဉ်နှင့် ယင်းမူဝါဒများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း အမေရိကန်တိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်ဟု South China Morning Post က ဆိုသည်။

ပုံစာ - အီရန် နျူကလီးယားအဆောက်အအုံများအား အမေရိကန် ဗုံးကြဲပြီးနောက် အီရန်ဒုံးကျည်များ အစ္စရေးကို ပစ်လွှတ်ခဲ့/ Reuters, AP

#မူ့ရင်းပို့စ်

22/06/2025

ထမင်းစားနေတဲ့မြန်မာတွေကို ဆူညံလို့ဆိုပြီး၊
ထိုင်းလူမျိုးတစ်ဦးမှ သေန-တ်နဲ့လိုက်ပ-စ်ခဲ့တာကြောင့်
မဝိုင်းဝိုင်းဆိုတဲ့ မြန်မာအမျိုးသမီးတစ်ဦး သေ-ဆုံးခဲ့ပါတယ်။

#ထိုင်းသတင်း

မနေ့ညက အမေရိကန်က အီရန်နူကလီးယားစက်ရုံများကို လေယာဉ်ဖြင့် ဗုံးကျဲချလိုက်ခြင်းဖြင့် အစ္စရေး-အီရန်စစ်ပွဲတွင် ပါဝင်လာ၊ အမေရိ...
22/06/2025

မနေ့ညက အမေရိကန်က အီရန်နူကလီးယားစက်ရုံများကို လေယာဉ်ဖြင့် ဗုံးကျဲချလိုက်ခြင်းဖြင့် အစ္စရေး-အီရန်စစ်ပွဲတွင် ပါဝင်လာ၊ အမေရိကန်သမ္မတ ထရမ့်က နိုင်ငံကို မိန့်ခွန်းပြောမည်

ဇွန် ၂၂

အမေရိကန်ပြည်ထောင်စုက အီရန်နူကလီးယားစက်ရုံများကို လေယာဉ်ဖြင့် ဗုံးကျဲချလိုက်ခြင်းဖြင့် အစ္စရေး-အီရန်စစ်ပွဲတွင် ပါဝင်လိုက်သည်။

ယနေ့ မြန်မာစံတော်ချိန် ဇွန်လ ၂၂ ရက်နေ့( အမေရိကန်စံတော်ချိန် ဇွန်လ ၂၁ ရက်နေ့)တွင် အမေရိကန်က အီရန်နိုင်ငံ၊ Fordow၊ Natanz နှင့် Isfahan တို့ရှိ နျူကလီးယား စက်ရုံများကို အမေရိကန်ဗုံးကျဲလေယာဉ်များဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊

တိုက်ခိုက်မှုမှာ အလွန်အောင်မြင်ပြီး လေယာဉ်အားလုံး ယခုအခါ အီရန်လေပိုင်နက်မှ ထွက်သွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတထရမ့်က ကြေညာသည်။

"Fordow၊ Natanz နဲ့ Esfahan အပါအဝင် အီရန်မှာရှိတဲ့ နျူကလီးယားနေရာ ၃ နေရာကို ကျနော်တို့ အောင်မြင်စွာ တိုက်ခိုက်မှုကို ပြီးမြောက်ခဲ့ပြီးပါပြီ။

လေယာဉ်အားလုံးဟာ အခု အီရန်လေကြောင်းရဲ့ ပြင်ပမှာ ရှိနေပါပြီ။ ဗုံးအပြည့်တင်ထားပြီးတော့ Fordow ပေါ်ကို ကျဲချလိုက်ပါတယ်။ လေယာဉ်အားလုံး ဘေးကင်းစွာ အိမ်ပြန်နိုင်ပါပြီ။

ကျနော်တို့ရဲ့ အမေရိကန် စစ်သည်တော်များအတွက် ဂုဏ်ယူပါတယ်။ ဒါကို စွမ်းဆောင်နိုင်တဲ့ ကမ္ဘာပေါ်မှာ တခြားစစ်တပ် မရှိပါဘူး။ အခုချိန်ဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အချိန်ရောက်ပါပြီ" ဟု အမေရိကန်သမ္မတထရမ့်က ကြေညာသည်။

အီရန်- အစ္စရေးစစ်ပွဲတွင် အမေရိကန်ပြည်ထောင်စုက တရားဝင် ပါဝင်လာခြင်းကြောင့် စစ်ပွဲကြာရှည်ခြင်းနှင့် အီရန်ဘက်မှလည်း။

အခြားစစ်အင်အားကြီး နိုင်ငံကြီးများ ပါဝင်လာနိုင်သည်ဆိုသော သုံးသပ်မှုများကိုလည်း နိုင်ငံတကာ သတင်းဌာနများတွင် ကျယ်ပြန့်စွာ သုံးသပ်ဖော်ပြနေကြသည်။

အမေရိကန်စံတော်ချိန် ယနေ့ ည ၁၀ နာရီအချိန် အမေရိကန်သမ္မတ ထရမ့်က နိုင်ငံသို့ မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရှိရသည်။

#မူ့ရင်းပို့စ်

ကျောင်းသူတစ်ယောက်ကို အုပ်စုဖွဲ့ အ-နိုင်-ကျ-င့်တဲ့ Video ကြည့်ပြီး ကိုယ့်သမီးလေးသာ ဆိုရင် ဆိုတဲ့ စိတ်နဲ့ မျက်ရည်ကျရတယ်။ဒီ...
21/06/2025

ကျောင်းသူတစ်ယောက်ကို အုပ်စုဖွဲ့ အ-နိုင်-ကျ-င့်တဲ့ Video ကြည့်ပြီး ကိုယ့်သမီးလေးသာ ဆိုရင် ဆိုတဲ့ စိတ်နဲ့ မျက်ရည်ကျရတယ်။

ဒီလို မို-က်ရို-င်းတာမျိုးက အရမ်း တရားလွန်တယ်။ တောင်းပန်ရင်တောင် ကျေအေးရမယ့် ကိစ္စမျိုး မဟုတ်ဘူးလို့ ပြောလာတဲ့ "မင်းသမီး မျိုးစန္ဒီကျော်

#မူ့ရင်းပို့စ်

ที่อยู่

Samut Sakhon
74000

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ A Z Channel TVผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์