Ara Kan Myo Myat

Ara Kan Myo Myat We Love AraKan

24/11/2025

သာလီစွပါ ဗိုလ်ချုပ် 🙏

21/11/2025

ငါတို့လေးစားအားကိုးရတဲ့ဗိုလ်ချုပ်
#ဗိုလ်ချုပ် #ရခိုင်
#ရခိုင်သတင်း #ရခိုင်သမိုင်း #ရခိုင်စာပေ #သတင်း

11/11/2025

ဗိုလ်ချုပ် ကျေးဇူးတင်စကား
#ရခိုင်တတ်တော် #ရခိုင်
#ရခိုင်သတင်း #ရခိုင်သမိုင်း #ရခိုင်စာပေ #ဗိုလ်ချုပ်ထွန်းမြတ်နိုင်

27/10/2025

ကိုပြည်ကိုလူမျိုးအတွက် မင်းတာဝန်ကျီပါရေ
#ရခိုင် #ရခိုင်သတင်း #ရခိုင်သမိုင်း #ရခိုင်စာပေ

27/10/2025

ဂေါတမီရင်ခွင် မနှင်းဇာဖြူ BBC အင်တာဗျူး



#ဂေါတမီရင်ခွင် #ရခိုင် #မနှင်းဇာဖြူ

အာရက္ခတပ်တော်စစ်ဦးစီချုပ် မွတ်ဆလင်ခေါင်းဆောင်တွေနဲ့ မောင်တောမှာ တွေ့ဆုံ(နှစ်ပတ်ခန့်ကြာပြီးနောက် မောင်တောမြို့မ ဂျာမေဗလီက...
16/09/2025

အာရက္ခတပ်တော်စစ်ဦးစီချုပ် မွတ်ဆလင်ခေါင်းဆောင်တွေနဲ့ မောင်တောမှာ တွေ့ဆုံ
(နှစ်ပတ်ခန့်ကြာပြီးနောက် မောင်တောမြို့မ ဂျာမေဗလီကြီးကို ဖွင့်လှစ်နိုင်ခဲ့)

နိရဉ္စရာ၊ စက်တင်ဘာ ၁၅/၂၀၂၅

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဥက္ကဋ္ဌ၊ အာရက္ခတပ်တော်(AA) စစ်ဦးစီချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ မောင်တောမြို့သို့ ရောက်ရှိလာပြီး မွတ်ဆလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက် မောင်တောမြို့မ ဂျာမေဗလီကြီးကို ဖွင့်လှစ်နိုင်ခဲ့တယ်လို့ အာရက္ခမင်းသမီးမီဒီယာ(APM)မှာ သတင်းရုပ်သံ ထုတ်လွင့်လာပါတယ်။

ခရိုင်မွတ်ဆလင်ရေးရာ ဥက္ကဋ္ဌ ဦးမောင်မောင်အေးက ဗိုလ်ချုပ် မောင်တောမြို့သို့ ရောက်ရှိ လာခဲ့တယ်ဆိုတာကို APM ကို အခုလို ပြောဆိုပါတယ်။

“ ၂၀၂၅ ခုနှစ် ၈ လပိုင်း ၃၀ ရက်နေ့မှာ ကျနော်ရို့ ဗိုလ်ချုပ်ရောက်လာတဲ့နေ့မှာ ကျွန်တော်တို့ တင်ပြပေးပါတယ်။ အဲဒီ တင်ပြပေးတဲ့ နောက်ဆုံးကြိုးစားပမ်းချက်ပါ။ ဒီလို ဖွင့်ပေးတယ် မဟုတ်ပါလား။ ဖွင့်ပေးတာကို အထူးကျေးဇူးတင်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်”လို့ ပြောဆိုပါတယ်။

အာရက္ခတပ်တော် စစ်ဦးစီးချုပ်ကိုယ်တိုင် မောင်တောမြို့သို့ ရောက်ရှိလာပြီး ဒေသခံ မွတ်ဆလင် အသိုင်းအဝိုင်းနဲ့ နွေးထွေးစွာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒီမောင်တောမြို ဂျာမေဗလီကြီးကို လူမျိုးနှစ်ခုကြား လူမှုသဟဇာတဖြစ်စေရေး၊ အာရက္ခပြည်မှာ မှီတင်းနေထိုင်တဲ့ လူမျိုးတိုင်း မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်နိုင်ရေးအတွက် အာရက္ခပြည်သူ့အစိုးရက ဖွင့်ပေးတာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

မောင်တောမြို့မ ဂျာမေဗလီကြီးကို ၂၀၁၂ ခုနှစ် ဇွန် ၈ ရက်နေ့ လူမျိုးရေး ပဋိပက္ခဖြစ်ပွားပြီးချိန်က စပြီး အုပ်ချုပ်သူ အစိုးရ အဆက်ဆက်က ၁၃ နှစ်ကြာ ပိတ်ထားခဲ့ရာကနေ အခုနှစ် ၂၀၂၅ စက်တင်ဘာ ၁၂ ရက်နေ့မှာ အာရက္ခတော်လှန်ရေးအစိုးရက ပြန်လည် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်

12/09/2025

လေးစားပါရေ ဗိုလ်ချုပ်🙏🙏

ကြည်နူးဖို့ကောင်းရေဗိုလ်ချုပ်မိသားစု
24/05/2025

ကြည်နူးဖို့ကောင်းရေဗိုလ်ချုပ်မိသားစု

သာလီစွ ညဇာဖက်ချေ ပါနန်း
08/04/2025

သာလီစွ ညဇာဖက်ချေ ပါနန်း

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က Leadership ကောင်းတယ်။ အဟောအပြောကောင်းတယ်။ သူ့လူတွေကို စည်းရုံးသိမ်းသွင်းနိုင်တယ်။ သူ့ကိုအတွင်း...
20/03/2025

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က Leadership ကောင်းတယ်။ အဟောအပြောကောင်းတယ်။ သူ့လူတွေကို စည်းရုံးသိမ်းသွင်းနိုင်တယ်။ သူ့ကိုအတွင်းဘက်ကနေ အကြံ
ကောင်းဥာဏ်ကောင်းပေးတဲ့ပညာရှင်တွေ မဟာဗျူဟာရေးဆွဲပေးတဲ့ ပညာရှင်တွေရှိတယ် ။ အထူးသဖြင့် စစျတိုကျတျောတဲ့ ပြင်သစ်ကနပိုလီယန်လို ဗီယက်နမ်က ဒင်ဘင်ဖူးသူရဲကောင်း ဗိုငုရင်ဂီယက်လို ဂျာမနီက ဖီးလ်မာရှယ်ရွမ်းမဲလ် တို့လို တကယ့်စစ်သားစစ်စစ်မြေပြင်တပ်မှုးကြီးတွေ သူ့မှာရှိတယ် ။ အောက်ခြေရဲဘော်တွေကလည်း တဦးချင်းစီ တဦးချင်းစီ နပိုလီယန်လေးတွေလို့တင်စားလောက်အောင်ထိ တိုက်ရည် ခိုက်ရည်ပြည့်ဝကြတယ် လက်သံပြောင်ကြတယ် ။အထူးသဖြင့် လူငယ်တွေရဲ့ ထောက်ခံမှုကို ရရှိအောင်သူလုပ်နိုင်တယ်။လူလတ်ပိုင်း လူကြီးပိုင်း တွေကလည်း အရမ်းသဘောကျကြတယ်
သံတမန်နည်းကို ကောင်းကောင်းအသုံးချနိုင်တယ်။ Hard Power and soft Power ကို Mix လုပ်နိုင်တယ်။ Transformational Leadership ကို ကောင်း
ကောင်းအသုံးပြုနိုင်တယ်။ လူငယ်တွေကို ပညာတတ်ဖြစ်အောင်သူမွေးထုတ်နိုင်တယ်။ ရခိုင်ပြည်နယ်အတွင်း လူမျိုးနွယ်စုခွဲခြားမှု ပဋိပက္ခတွေ ဥာဏ်အမြော်
အမြင်ရှိရှိ ဖြေရှင်းနိုင်တယ်။လူမျိုးစွဲ ဘာသာစွဲကင်းတယ်။ ရန်သူကို ကိုယ့်လူဖြစ်လာအောင် စည်းရုံးသိမ်းသွင်း
နည်းတွေ အသုံးပြုတယ်။ နိုင်ငံရေး စစ်ရေး သုခမိန်တပါးပါပဲ ခေတ်သစ်တော်လှန်ရေး ပရော်ဖက်ဆာဒေါက်တာ တဦးပါပဲ အေအေနည်းမဟာဗျူဟာဆိုပြီး သီးသန့်ပညာရပ်တခု သူဦးဆောင်ပြီး ကျမ်းပြုလိုက်ပါပြီ နောက်ပိုင်း တော်လှန်ရေးတွေမှာ ဝန်သာမခံကြတာ သူ့နည်းအတိုင်း လိုက်လုပ်နေကြတာ တွေ့ရတယ် ။

ရန်သူကိုတိုက်သွားတဲ့နေရာမှာ သူပုန်လောကမှာရှားတယ် မရှိသလောက်ပဲ ဂျီနီဗာကွန်ဗင်းရှင်းကို အပြည့်အဝ လိုက်နာပြီးတိုက်သွားတယ် အရှင်မိသူတွေ မှည့်တပေါက်မှ မစွန်းအောင် ထားခဲ့တယ် ရန်သူ့သက်ကြီးပိုင်းစစ်သားတွေကို ချက်ချင်းလွတ်ပေးခဲ့တယ် ကျန်သူများကိုလည်း စုံစမ်းစစ်ဆေးပြီး ကျန်းကျန်းမာမာနဲ့ ပြန်လွတ်ပေးခဲ့တယ် လက်ဖျားနဲ့တောင်မတို့ခဲ့ဘူး Arakan Army အာရကန်အာမီဟာ သူပုန်အဖွဲ့လို့တောင်ပြောရခက်တယ် စနစ်တကျလေ့ကျင့်ထားတဲ့
U S Army ကျနေတာပဲ တကယ့် ပရော်ဖက်ရှင်နယ် အာမီကြီးတခုပါပဲ။

#ရခိုင်
#ရခိုင်သမိုင်း
#ရခိုင်သတင်း
#သတင်း

ที่อยู่

Surin

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ara Kan Myo Myatผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์