The Sharing Circle

  • Home
  • The Sharing Circle

The Sharing Circle The Sharing Circle ရဲ့ ရည်ရွယ်ချက်ကတော့
လူတိုင်းကို ဗဟုသုတတွေ မျှဝေပေးပြီး သူတို့ရဲ့အောင်မြင်မှုပန်းတိုင်ကို အထောက်အကူဖြစ်စေဖို့ပါ။

“သင်ဟာ အရာရာကို သိနေပြီးသားဖြစ်ပေမယ့် ဘာကြောင့် မအောင်မြင်သေးတာလဲ?”အောင်မြင်တဲ့အသက်မွေးဝမ်းကြောင်းတစ်ခုကိုတည်ဆောက်ဖို့၊ ...
23/12/2025

“သင်ဟာ အရာရာကို သိနေပြီးသားဖြစ်ပေမယ့် ဘာကြောင့် မအောင်မြင်သေးတာလဲ?”

အောင်မြင်တဲ့အသက်မွေးဝမ်းကြောင်းတစ်ခုကိုတည်ဆောက်ဖို့၊ ဘဝရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် ဇွဲရှိရှိနဲ့ မလျှော့သောစိတ်ဓာတ်က အဓိကအကျဆုံးသော့ချက်ဖြစ်ပါတယ်။

ရလဒ်ကောင်းတွေရဖို့၊ အောင်မြင်မှုအသီးအပွင့်တွေကို ခံစားရဖို့ဆိုရင် စိတ်ရှည်သည်းခံပြီး ကြိုးစားအားထုတ်ဖို့လိုပါတယ်။

ကျွန်တော်တစ်ယောက်တည်းရဲ့အမြင်ကိုပြောရရင် လူအများစုက သိတဲ့အသိပညာချင်း သိပ်မကွာခြားကြပါဘူး။ အဓိကကွာခြားသွားတာက စရဏလို့ခေါ်တဲ့ အလေ့အကျင့်တွေပါပဲ။

လူအများစုကတော့ ပြောနိုင်ကြတယ်၊ ဘာကဘယ်လို ငါသာဆိုရင် ဘယ်လိုပိုကောင်းအောင် လုပ်ပြလိုက်မယ် အစရှိသဖြင့်ပေါ့။ ဒါပေမဲ့ တကယ်လုပ်တဲ့အခါ အခက်အခဲတွေကြောင့် လက်လျှော့သွားတတ်ကြပါတယ်။

လူတွေရဲ့ဦးနှောက်ဟာ အသိပညာထက် အလေ့အကျင့်အတိုင်း လုပ်ဆောင်လေ့ရှိပါတယ်။
ဒါကြောင့် အဆိုးသံသရာထဲမှာပဲ နစ်မွန်းပြီး အမှားတွေကို ထပ်ခါထပ်ခါ ကျူးလွန်မိတတ်ကြပါတယ်။

ခက်ခဲတဲ့အပိုင်းတွေရောက်လာရင် ကိုယ့်ကိုယ်ကို အားပေးနှစ်သိမ့်ပြီး လက်လျှော့လိုက်ကြတာ များပါတယ်။

နောက်တစ်ဆင့်ကို တက်လှမ်းဖို့ဆိုရင် စည်းကမ်းရှိခြင်း၊ ကိုယ့်ကိုယ်ကို ပေးထားတဲ့ကတိတွေကို တည်ခြင်း၊ မိမိကိုယ်ကို လေးစားမှုရှိခြင်းတို့ပါဝင်တဲ့ Growth Mindset (တိုးတက်လိုစိတ်ရှိသော အတွေးအမြင်) နဲ့ Open Minded (အသစ်တွေကို လက်ခံသင်ယူနိုင်ခြင်း) ဖြစ်ခြင်းတွေက မရှိမဖြစ်လိုအပ်ပါတယ်။

ဒီလိုမှသာ ကောင်းမွန်တဲ့အကြောင်းအရာတွေ၊ ဘဝအတွက်လိုအပ်တဲ့အရာတွေကို သင်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။

အတွင်းထဲမှာ ကောင်းမွန်တဲ့အကြောင်းတရားတွေ များလာလေလေ၊ ရလဒ်တွေကလည်း ကောင်းမွန်လာလေလေပါပဲ။

ဒါကြောင့် အဆိုးသံသရာ (သို့မဟုတ်) သက်တောင့်သက်သာဇုန်ထဲကနေ ရုန်းထွက်ဖို့လိုပါတယ်။

ကျွန်တော်စမ်းသပ်ကြိုးစားခဲ့တဲ့အထဲကတစ်ခုက လက်ရှိအခြေအနေနဲ့ ဝေးကွာတဲ့ပန်းတိုင်ကို မျှော်မကြည့်ဘဲ လက်ရှိအခြေအနေမှာ အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ လုပ်နိုင်ဖို့ အားထုတ်တာက ပိုထိရောက်မှုရှိပါတယ်။

သွားချင်တဲ့နေရာနဲ့ အလှမ်းဝေးနေသေးရင် ရောက်နေတဲ့နေရာမှာ အကောင်းဆုံးလုပ်ဆောင်ပါ။ ကောက်ရိုးမီးလို တောက်လောင်ပြီးအလုပ်မဖြစ်တာထက်စာရင် သေးငယ်တဲ့အရာလေးတွေကနေ စတင်ပြင်ဆင်သွားသင့်ပါတယ်။

လိုရာခရီးကို သက်လုံကောင်းကောင်းနဲ့ ဇွဲရှိရှိလျှောက်လှမ်းနိုင်ပြီး အောင်မြင်သူတစ်ယောက် ဖြစ်လာမှာပါ။ ဘဝစာမေးပွဲကို ဖြေဆိုနိုင်ဖို့ဆိုရင် အလေ့အကျင့်တွေ မှန်ကန်ဖို့လိုအပ်ပါတယ်။

ဒီနေ့ကစပြီး ကိုယ့်ဘဝအတွက် အလေ့အကျင့်ကောင်းတစ်ခုကို ရွေးချယ်ပြီး စတင်လုပ်ကြည့်ပါ။

အောင်မြင်မှုဆိုတာ တစ်နေ့တည်းနဲ့ မရပေမယ့်
နေ့ရက်တိုင်းလုပ်တဲ့ အရာလေးတွေကနေ သေချာပေါက် တည်ဆောက်နိုင်ပါတယ်။

#အသိပညာမျှဝေခြင်း #အောင်မြင်မှု #ဇွဲရှိခြင်း #အလေ့အကျင့်ကောင်းများ #ဘဝအတွက်သင်ခန်းစာ

တံခါးတွေက ခေါက်မှ ပွင့်တယ်ဆိုသလိုပဲ ကျွန်တော်တို့ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ အခွင့်အလမ်းတွေကို မျှော်လင့်တတ်ကြတယ်မဟုတ်လာ...
22/12/2025

တံခါးတွေက ခေါက်မှ ပွင့်တယ်ဆိုသလိုပဲ ကျွန်တော်တို့ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ အခွင့်အလမ်းတွေကို မျှော်လင့်တတ်ကြတယ်မဟုတ်လား ?

အခွင့်အလမ်းတွေ စိုက်စိုက်မြိုက်မြိုက် ရောက်လာဖို့အတွက်ဆိုရင် လမ်းကြောင်းတွေ ဖွင့်ပေးထားဖို့လိုတယ်။

"ငါတော့ လမ်းပျောက်နေပြီ၊ ငါ့ဘဝကြီးက သွားပါပြီ" လို့ တွေးလိုက်ရင် တကယ်သွားပါပြီပဲ ဖြစ်သွားမှာပါ။

ကိုယ့်ရဲ့ ဘူနေတဲ့စိတ်ကို အရင်ဆုံး အဓိပ္ပာယ်ပေးပါ။
ဘာမှ စဉ်းစားမရရင် စာဖတ်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ။

ကျွန်တော်တို့ သေချာကြိုးစားခဲ့တယ်၊ လုံလောက်တဲ့ ကိုယ်စွမ်း ဉာဏ်စွမ်း အကုန်သုံးပြီး အားထုတ်ခဲ့ရဲ့သားနဲ့ အဆင်မပြေဖြစ်သွားတယ်၊ ရှုံးသွားတယ်ဆိုရင် ဒါက တကယ်မရှုံးဘူး။

နောင်တ ကင်းကင်းနဲ့ သင်ခန်းစာယူပြီး ဒီနေရာမှာ ငါ့ရဲ့ အားနည်းချက်က ဘာဖြစ်မလဲ၊ နောက် မမှားအောင် ဘယ်လိုပြင်ဆင်မလဲဆိုတာ ဆန်းစစ်မယ်၊ ပြန်ကြိုးစားမယ်ဆိုရင် သေချာတယ် ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်မှာဖြစ်တယ်။

လူတော်တွေကြား ရောက်အောင်သွားပါ၊ ခင်လို့ရတယ်၊ အလုပ်တွဲလုပ်လို့မရတဲ့သူတွေကို ရှောင်ပါ။ ကိုယ်တိုင်လည်း လူတော်ဖြစ်အောင် 𝗦𝗸𝗶𝗹𝗹 တွေဖြည့်၊ အလားအလာရှိတဲ့ လူငယ်တစ်ယောက်ဖြစ်နေရမယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ကို ဆွဲချပြီး ဘေးထိုင်ဘုပြောတွေရှိရင် 𝗡𝗲𝘁𝘄𝗼𝗿𝗸 ပြောင်း၊ ကိုယ့်လို 𝗘𝗻𝗲𝗿𝗴𝘆 ကိုက်တဲ့သူတွေနဲ့ 𝗡𝗲𝘁𝘄𝗼𝗿𝗸𝗶𝗻𝗴 လုပ်ပါ။

ကျွန်တော် ခု 𝗦𝗵𝗮𝗿𝗶𝗻𝗴 လုပ်ပေးနေတဲ့ အကြောင်းအရာတွေက ၂ နှစ်အတွင်း ကျွန်တော်ကိုယ်တိုင် သေချာစမ်းသပ်ကြည့်ပြီးမှ ရလဒ်တွေ ထိရောက်မှုရှိတာမို့ ဒီကသူတွေကို ထုပ်ပိုးပြီး ပေးနေတာဖြစ်ပါတယ်။

ဘဝက ခမ်းနားနေဖို့မလိုပါဘူး၊ လုပ်စရာရှိတာ လုပ်ပြီး ရလဒ် တကယ်ထွက်နေဖို့ပဲလိုတာပါ။

အဲ့ဒါကြောင့် အခက်အခဲတွေကြားထဲက ရုန်းထွက်ပြီး အောင်မြင်မှုတွေရယူနိုင်ဖို့အတွက်ဆိုရင်...

* ကိုယ့်ရဲ့အားနည်းချက်တွေကို သေချာဆန်းစစ်ပြီး ပြင်ဆင်ပါ။
* ကိုယ့်ကိုတန်ဖိုးမြှင့်တင်ပေးနိုင်တဲ့ 𝗦𝗸𝗶𝗹𝗹 အသစ်တွေကို လေ့လာသင်ယူပါ။
* 𝗣𝗼𝘀𝗶𝘁𝗶𝘃𝗲 𝗘𝗻𝗲𝗿𝗴𝘆 တွေပေးနိုင်တဲ့ 𝗡𝗲𝘁𝘄𝗼𝗿𝗸 တစ်ခုကို တည်ဆောက်ပါ။

ဒီအချက်တွေကို အလေးထားမယ်ဆိုရင် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့နေပါစေ ရုန်းထွက်နိုင်မှာသေချာပါတယ်။ 💪

ဒီ 𝗣𝗼𝘀𝘁 လေးကနေ တွေးစရာအကြံကောင်းတွေ ရသွားမယ်လို့ ယုံကြည်ပါတယ်။ ✨

#𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲𝘀𝗵𝗮𝗿𝗶𝗻𝗴 #အားပေးစကား #အောင်မြင်မှု #ဘဝတိုးတက်ရေး

မသိသေးတာကို တစ်ထစ်ချ ယုံကြည်လိုက်ခြင်းကကိုယ့်ဘဝရဲ့ အခွင့်အလမ်းတချို့ကို ကိုယ်တိုင်ပိတ်လိုက်တာ ဖြစ်နိုင်ပါတယ်။ကျွန်တော့်ဘ...
21/12/2025

မသိသေးတာကို တစ်ထစ်ချ ယုံကြည်လိုက်ခြင်းက
ကိုယ့်ဘဝရဲ့ အခွင့်အလမ်းတချို့ကို ကိုယ်တိုင်ပိတ်လိုက်တာ ဖြစ်နိုင်ပါတယ်။

ကျွန်တော့်ဘဝမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်အတွင်းကမှ စွဲမြဲနေတဲ့ အတွေးအမြင်တွေ (𝗹𝗶𝗺𝗶𝘁𝗶𝗻𝗴 𝗯𝗲𝗹𝗶𝗲𝗳𝘀) ဟာ မှားယွင်းနေတယ်ဆိုတာကို သေချာသိလိုက်ရတယ်။

ဒါကြောင့် ဒီစာကို ဖတ်နေတဲ့ မိတ်ဆွေတို့မှာလည်း ဒီလိုအစွဲအလမ်းတွေရှိရင် ကျွန်တော့်လိုမျိုး အမှားတွေ မဖြစ်အောင်၊ အချိန်ကုန်သက်သာအောင် ပြန်လည်မျှဝေပေးချင်ပါတယ်။

လူမှုဆက်ဆံရေးနယ်ပယ်မှာဆိုရင် ကိုယ်နဲ့သိတဲ့သူက ကိုယ်တိုင်မသိတဲ့တစ်ယောက်ကို “ဟျောင့် အဲ့တစ်ယောက် သတိထားနော်” လို့ပြောရင် အသိရဲ့စကားကို ယုံကြည်ပြီး မသိသေးတဲ့သူကို အလွတ်ကြီး မယုံကြည်ဖြစ်နေတာမျိုးတွေ ရှိတယ်။ ထိုနည်းတူ 𝗦𝗼𝗰𝗶𝗮𝗹 𝗺𝗲𝗱𝗶𝗮 ပေါ်မှာ တက်လာတဲ့ သူများအကြောင်းကိုဖတ်ပြီး အဟုတ်ထင်နေတာမျိုးလည်း ရှိတယ်။

တကယ်တော့ မသိစိတ်မှာ ထင်နေတာပါ။ လက်တွေ့မှာ ထင်ထားတာမျိုး ဖြစ်ချင်မှဖြစ်နိုင်မယ်။ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒီလောက်ထိပဲ တွေးသင့်တယ်ဆိုလိုတာပါ။ တစ်ထစ်ချ လက်ခံလိုက်တာမျိုးက 𝗹𝗶𝗺𝗶𝘁𝗶𝗻𝗴 𝗯𝗲𝗹𝗶𝗲𝗳 ဖြစ်တာပေါ့။

သူစိမ်းတွေဆို မယုံကြည်ရဘူး၊ သူစိမ်းတွေက မကောင်းဘူးဆိုတာလည်း အစွန်းရောက်ပါတယ်။

ဆရာဖြိုးပိုင်ရဲ့ 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 နည်းလမ်းဆိုရင် သူစိမ်းကနေ အသိ၊ အသိကနေ ဖောက်သည်၊ ဖောက်သည်ကနေ အမာခံပရိသတ်၊ အမာခံပရိသတ်ကနေ အတွင်းလူဆိုပြီး ကြိုးစားတည်ဆောက်ဖို့ ဆရာ 𝗚𝘂𝗲𝘀𝘁 𝗦𝗽𝗲𝗮𝗸𝗲𝗿 𝗭𝗼𝗼𝗺 မှာ လေ့လာမှတ်သားခဲ့ရပါတယ်။

သူစိမ်းဆိုတာ မကောင်းဘူးလို့ တစ်ထစ်ချပြီး 𝗹𝗶𝗺𝗶𝘁𝗶𝗻𝗴 𝗯𝗲𝗹𝗶𝗲𝗳 ဖြစ်နေမယ်ဆိုရင် ဒီနည်းလမ်းတွေကို တည်ဆောက်ဖို့ ဝေးသွားနိုင်ပါတယ်။

ယောက်ျားဆိုတာ သန်မာရမယ်၊ မငိုရဘူးဆိုတာမျိုးတွေလည်း 𝗹𝗶𝗺𝗶𝘁𝗶𝗻𝗴 𝗯𝗲𝗹𝗶𝗲𝗳 တွေပါပဲ။ ဒီလိုမျိုးဖြစ်နေတဲ့ ကိစ္စတွေက တစ်ယောက်နဲ့တစ်ယောက်တော့ တူချင်မှတူပါလိမ့်မယ်။ ကျွန်တော်က သတိထားပြီး ဆန်းစစ်လို့ရအောင် အစဖော်ပေးတာမျိုးပါ။

ကျွန်တော်တို့ရဲ့ ငယ်ဘဝနဲ့ ကြီးပြင်းလာမှု၊ ပတ်ဝန်းကျင်ပေါ်အခြေခံပြီး 𝗹𝗶𝗺𝗶𝘁𝗶𝗻𝗴 𝗯𝗲𝗹𝗶𝗲𝗳 တွေ ရှိနေတတ်ပါတယ်။

𝗦𝗲𝗹𝗳 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 အားကောင်းလာပြီး 𝗟𝗶𝗺𝗶𝘁𝗶𝗻𝗴 𝗯𝗲𝗹𝗶𝗲𝗳 တွေကို ဖြေရှင်းနိုင်ဖို့ ခေါင်းမာနေတာမျိုး၊ တင်းခံနေတာမျိုးတွေ မလုပ်ဘဲ လက်တွေ့ကျကျ စဉ်းစားကြည့်ရင် အခွင့်အလမ်းတွေလည်း ပိုပြီးရလာမှာ အသေအချာပါပဲ။

ရူပ်နေတာလေးတွေ ရှင်းသွားမယ်လို့ ယုံကြည်ပါတယ်။

#𝗸𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲𝘀𝗵𝗮𝗿𝗶𝗻𝗴 #𝗹𝗶𝗺𝗶𝘁𝗶𝗻𝗴𝗯𝗲𝗹𝗶𝗲𝗳𝘀 #𝘀𝗲𝗹𝗳𝗮𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 #𝗽𝗲𝗿𝘀𝗼𝗻𝗮𝗹𝗴𝗿𝗼𝘄𝘁𝗵

စိတ်ပညာဆိုတာနဲ့ အရင်က ရူးကြောင်ကြောင်လို့ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာ စိတ်ပညာရဲ့ အရေးပါပုံကို သဘောပေါက်လာတယ...
21/12/2025

စိတ်ပညာဆိုတာနဲ့ အရင်က ရူးကြောင်ကြောင်လို့ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာ စိတ်ပညာရဲ့ အရေးပါပုံကို သဘောပေါက်လာတယ်။ စိတ်ဆိုတာ အရှိတရားမဟုတ်ဘဲ အဖြစ်တရားတစ်ခုပါပဲ။

ပါချုပ်ဆရာတော်ကြီးရဲ့ တရားတော်တွေထဲမှာရော၊ ဆရာဖြိုးရဲ့ စာတွေထဲမှာပါ ဖတ်ဖူး၊ နာဖူးတာလေးတွေ ရှိတယ်။ ဥပမာ မြစ်ရေဟာ အမြဲစီးဆင်းနေပေမဲ့ ပထမမြင်လိုက်ရတဲ့ ရေတွေက ကိုယ့်ရှေ့မှာ ရှိမနေတော့ဘူး။ အဆက်မပြတ် စီးဆင်းနေလို့သာ ရှိတယ်လို့ ထင်ရတာမျိုးပေါ့။

အကြမ်းဖျင်းပြောရရင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်နဲ့ စိတ်တွေက အတွေးအကြံတွေနဲ့ ပြင်ပအာရုံတွေ ပေါင်းစပ်ပြီး ဒေါသ၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု စတဲ့ ခံစားချက်တွေကို ဖြစ်ပေါ်စေတာပါ။ ဒီသဘောတရားကို အနှေးပြကွက်နဲ့ သတိထားကြည့်နိုင်ဖို့အတွက် 𝗠𝗶𝗻𝗱𝗳𝘂𝗹𝗻𝗲𝘀𝘀 𝗺𝗲𝗱𝗶𝘁𝗮𝘁𝗶𝗼𝗻 ကို တစ်နေ့ ၅ မိနစ်လောက် စမ်းကြည့်ရင်တောင် ဖမ်းယူနိုင်ပါတယ်။

ဒီလို နားလည်လာတဲ့အခါ ကိုယ့်ကိုယ်ကို 𝗘𝗻𝗲𝗿𝗴𝘆 ကောင်းအောင် ထားနိုင်လာတယ်။ အတွင်းစိတ်က ရှင်းလင်းလာရင် အပြင်မှာလည်း ရလဒ်တွေက ကောင်းလာတာ သေချာတယ်။ စိတ်ကောင်းရှိတဲ့လူဆိုတာ မရှိပါဘူး။ စိတ်ကောင်းတွေ များများရှိဖို့ ကြိုးစားရတာပါ။ စိတ်ဆိုတာ အမြဲလျှော်ဖွတ်နေရတဲ့ အဝတ်အစားတစ်ထည်လိုပဲလို့ ဆရာဖြိုးရဲ့ စာတွေထဲမှာ မှတ်သားခဲ့ရတယ်။

စိတ်ဒဏ်ရာအများစုက ကလေးဘဝမှာ ရခဲ့တာတွေ များပါတယ်။ ကျွန်တော်ဆိုရင်လည်း ငယ်ငယ်က အနိုင်ကျင့်ခံရတာမျိုး၊ စကားများတဲ့ ကလေးမို့ လေအိုးလို့ အခေါ်ခံရတာမျိုးတွေက ကြီးတဲ့အထိ အကြောက်တရားတွေ ဖြစ်လာစေခဲ့တယ်။ ဒီလို စိတ်ပညာရဲ့ အခြေခံအကြောင်းအရာလေးတွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က နားလည်ခဲ့ရင် ကျွန်တော့်ဘဝက ဒီထက်ပိုပြီး သက်တောင့်သက်သာ ရှိခဲ့မှာ အမှန်ပါပဲ။

ဒါကြောင့် အတွင်းစိတ်ကို ရှင်းလင်းဖို့ ကြိုးစားကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ရဲ့ အတွင်းစိတ်ကို ဂရုစိုက်ခြင်းအားဖြင့် ဘဝမှာ ပိုမိုပျော်ရွှင် အောင်မြင်နိုင်ကြပါစေ။ 😊

#စိတ်ပညာ #𝗦𝗲𝗹𝗳𝗖𝗮𝗿𝗲 #𝗠𝗶𝗻𝗱𝗳𝘂𝗹𝗻𝗲𝘀𝘀 #𝗜𝗻𝗻𝗲𝗿𝗣𝗲𝗮𝗰𝗲 #𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴

ကျွန်တော် အလုပ်ကို ကြိုးစားလုပ်တယ်။ ဘာလို့လဲဆိုတော့ အလုပ်ကြိုးစားရင် ဝင်ငွေပိုရမယ်လို့ ယုံကြည်လို့ပေါ့။ တကယ်တမ်း လက်တွေ့...
20/12/2025

ကျွန်တော် အလုပ်ကို ကြိုးစားလုပ်တယ်။ ဘာလို့လဲဆိုတော့ အလုပ်ကြိုးစားရင် ဝင်ငွေပိုရမယ်လို့ ယုံကြည်လို့ပေါ့။ တကယ်တမ်း လက်တွေ့ဘဝမှာ အဲဒီလို မဖြစ်ပါဘူး။ အလုပ်တွေ များများလုပ်လေလေ ကိုယ်ပိုင်အချိန် မရှိသလောက် ရှားပါးလာလေလေပဲ။ ထင်သလောက်လည်း အမြတ်အစွန်းတွေ ပိုတိုးမလာဘူး။ ဒါနဲ့ ကျွန်တော် စဉ်းစားဖြေရှင်းရတော့တာပေါ့။ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့။

နောက်ပိုင်း လူတစ်ယောက် အလုပ်ချိန် ဘယ်လောက်ကြာကြာ လုပ်လဲဆိုတာထက် ဘယ်လောက်အထိ အလုပ်ဖြစ်လဲဆိုတာက ပိုအရေးကြီးမှန်း သဘောပေါက်လာတယ်။ ဒီအချက်ကနေတစ်ဆင့် ဘယ်အချိန်အတွင်း အလုပ်ဖြစ်အောင် လုပ်လို့ရမလဲ၊ အလုပ်ပြီးမြောက်မှုတွေကို မြန်မြန်ဆန်ဆန် လုပ်ဖို့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုပြင်ဆင်သင့်လဲဆိုတာတွေကိုပါ သိလာတယ်။

ဒီလိုတွေ မသိခင် ကျွန်တော့်ရဲ့ ပထမဆုံးခြေလှမ်းက စာဖတ်မယ်၊ စာဖတ်ရင် တစ်ခုခုထူးခြားလာမှာပဲဆိုပြီး စခဲ့တာပါ။ ၂၀၂၄ နှစ်အစ ၂ လပိုင်း၊ ၃ လပိုင်းလောက်မှာ စာကြည့်တိုက်မှာ စာအုပ်သွားငှားပြီး ဖတ်ဖြစ်တဲ့ ပထမဆုံးစာအုပ်က "ဗုဒ္ဓအလိုကျ" ဆိုတဲ့ စာအုပ်ပါ။ စာအုပ်နာမည်ကို ကြည့်ပြီး ကျွန်တော်နဲ့ နီးစပ်မယ်ထင်လို့ ငှားဖတ်ဖြစ်သွားတာ။ တကယ်ဖတ်ကြည့်တော့မှ ကျွန်တော့်ရင်ထဲ မရှင်းလင်းတာတွေ ရှင်းသွားပြီး နေရထိုင်ရ အတော်လေး အဆင်ပြေသွားတယ်။

ကျွန်တော်တို့ ငယ်ဘဝတွေမှာ သိချင်တာရှိလို့ လူကြီးတွေကို မေးခွန်းမေးတဲ့အခါ "ကလေးက ကလေးလိုနေစမ်း" ဆိုတာမျိုး ကြုံရတတ်သလို တချို့ကျတော့လည်း လိုချင်တဲ့အဖြေ မရဘဲ ဝေ့လည်ကြောင်ပတ်ပြီး ထင်ကြေးတွေနဲ့ အဖြေပေးကြတယ်။

ဒီလိုနဲ့ ကြီးပြင်းလာတဲ့ ကျွန်တော့်အတွက် ရင်ထဲမှာ မေးခွန်းတွေ အများကြီးနဲ့ ရှုပ်ထွေးနေတော့တာပေါ့။ ဘုရားရှိခိုးစာတွေ အလွတ်ရပြီး အော်နေပေမဲ့ ဘာတွေရွတ်နေမှန်း တကယ်မသိဘူး။ မေတ္တာသုတ်ရွတ်ကြရင်လည်း အနီးအနားက လူကြီးတွေက မေတ္တာထားတယ်ပြောပြီး သူတို့နဲ့ အဆင်မပြေတဲ့သူကို ရည်ရွယ်ပြီး ရွတ်ကြတာများတယ်။ ပဋ္ဌာန်းရွတ်ရင် ကြမ်းတယ်၊ သူတို့ မခံနိုင်ဘူးဆိုတာတွေလည်း ကြားရပြန်တယ်။ ဒါတွေက ကျွန်တော့်အနေနဲ့ လက်ခံလို့မရတဲ့ အခြေအနေတွေပါ။

အဲဒီစာအုပ်ထဲမှာ ဟေတုပစ္စယောကို ရှင်းပြထားတာက နားလည်ရလွယ်ကူပြီး အတွေးအခေါ်တွေ ရှင်းလင်းသွားစေတယ်။ အများကြီးသိချင်တာထက် နားလည်ရလွယ်ပြီး ထိမိတဲ့အဖြေကို ကျွန်တော်လိုချင်တာ။ အဲဒီလို ကွက်တိပဲ။ လောဘ၊ ဒေါသ၊ မောဟတဲ့။ သူတို့ရဲ့ ပြောင်းပြန် အလောဘ၊ အဒေါသ၊ အမောဟ။ လူတစ်ကိုယ်ထဲမှာ စိတ် ၆ မျိုး ဖြစ်နေတာကို ဟေတုပစ္စယောလို့ ခေါ်တယ်ပေါ့။

ကျွန်တော် ငယ်စဉ်ကတည်းက ကိုယ့်အခွင့်အရေးကို မတောင်းတတ်ဘူး။ သူများကို ဗဟိုပြုပြီး စဉ်းစားတာများတယ်။ တစ်ခုခုကိုယ့်ဘက်က ပြောဆိုမိရင်တောင် အပြစ်ရှိသလို ခံစားနေမိတာ။ စီးပွားရေးလုပ်တဲ့နေရာမှာလည်း ကိုယ်က စိတ်ကောင်းရှိပါတယ်ဆိုတဲ့ အထင်ခံချင်တော့ တကယ်စေတနာရှိတာ မဟုတ်ဘဲ ငါ့ကို မကောင်းမြင်သွားမလားဆိုတဲ့ ကြောက်စိတ်နဲ့ ဆုံးဖြတ်ချက်အမှားတွေ ချဖြစ်တယ်။ ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားချက်မျိုးတွေ ခဏခဏဖြစ်တဲ့အခါ အတွင်းထဲမှာ မရှင်းလင်းဘဲ ရှုပ်ထွေးနေတာပေါ့။

အဲဒီစာအုပ်လေးတစ်အုပ်ကနေ စာဖတ်ခြင်းကို စခဲ့တာ အခုတော့ ၂ နှစ်နီးပါး ရှိပါပြီ။ ငှားဖတ်တာလည်း အဲဒီတစ်အုပ်ပါပဲ။ နောက်ပိုင်း စာအုပ်ဖတ်သမျှ ဝယ်ဖတ်ဖြစ်တော့တယ်။ လိုအပ်လာတိုင်း ထပ်ခါထပ်ခါလည်း ဖတ်တယ်။ ပြုပြင်ပြောင်းလဲလိုတဲ့စိတ်ရှိလာတဲ့အခါ အတွင်းစိတ်ကို အရင်ရှင်းပါ။ မေးခွန်းကောင်းတွေရဲ့အဖြေကို ဖြေပေးနိုင်တဲ့သူတွေဆီ သွားပြီး မေးပါ။

နောက်ဆုံးအနေနဲ့ ကျွန်တော် ၆.၂.၂၄ ရက်နေ့မှာတော့ ဆေးလိပ်သောက်ခြင်းကို လုံးဝ ဖြတ်နိုင်ခဲ့ပါတယ်။

#𝗸𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴 #𝘀𝗲𝗹𝗳𝗶𝗺𝗽𝗿𝗼𝘃𝗲𝗺𝗲𝗻𝘁 #𝗽𝗲𝗿𝘀𝗼𝗻𝗮𝗹𝗱𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 #ဗုဒ္ဓအလိုကျ #𝗧𝗵𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴𝗖𝗶𝗿𝗰𝗹𝗲

𝗡𝗲𝘁𝘄𝗼𝗿𝗸𝗶𝗻𝗴 က ဘဝအတွက် ဘာလို့အရေးကြီးလဲ? 🤔လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းတွေ၊ အတွေ့အကြုံတွေရှိကြပါတယ်။ ဒါတွေကို မျှဝေဖလှယ...
19/12/2025

𝗡𝗲𝘁𝘄𝗼𝗿𝗸𝗶𝗻𝗴 က ဘဝအတွက် ဘာလို့အရေးကြီးလဲ? 🤔

လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းတွေ၊ အတွေ့အကြုံတွေရှိကြပါတယ်။ ဒါတွေကို မျှဝေဖလှယ်ပြီး အချင်းချင်း အကူအညီပေးနိုင်ဖို့ဆိုရင် 𝗡𝗲𝘁𝘄𝗼𝗿𝗸𝗶𝗻𝗴 က မရှိမဖြစ်လိုအပ်ပါတယ်။ ကိုယ့်အကျိုးလိုလားတဲ့ မိတ်ဆွေကောင်းတွေနဲ့ ချိတ်ဆက်ထားနိုင်ရင် ဘဝမှာ အခက်အခဲတွေကြုံလာတဲ့အခါ အများကြီး အထောက်အကူဖြစ်စေပါတယ်။

𝗡𝗲𝘁𝘄𝗼𝗿𝗸𝗶𝗻𝗴 ကောင်းခြင်းရဲ့ အကျိုးကျေးဇူးများ 👇
* အခွင့်အလမ်းသစ်များ ရရှိခြင်း
* ဗဟုသုတနဲ့ အတွေ့အကြုံများ တိုးပွားလာခြင်း
* ပြဿနာများကို အလွယ်တကူ ဖြေရှင်းနိုင်ခြင်း
* ကိုယ့်ရဲ့ 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗕𝗿𝗮𝗻𝗱𝗶𝗻𝗴 ကို တည်ဆောက်နိုင်ခြင်း

𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗕𝗿𝗮𝗻𝗱𝗶𝗻𝗴 ဆိုတာ ကိုယ့်ရဲ့ ပုံရိပ်ကို လူအများကြားမှာ ဘယ်လိုမြင်စေချင်လဲဆိုတာကို ဖန်တီးတည်ဆောက်တာပါ။ ကိုယ့်ရဲ့ အရည်အချင်း၊ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး လူသိများအောင် လုပ်ဆောင်ခြင်းအားဖြင့် ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။ 𝗡𝗲𝘁𝘄𝗼𝗿𝗸𝗶𝗻𝗴 ကောင်းကောင်းနဲ့ 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗕𝗿𝗮𝗻𝗱𝗶𝗻𝗴 ကိုပါ သေချာတည်ဆောက်ထားမယ်ဆိုရင် ဘဝမှာ အောင်မြင်မှုတွေ ရရှိဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။

𝗧𝗵𝗲 𝗦𝗵𝗮𝗿𝗶𝗻𝗴 𝗖𝗶𝗿𝗰𝗹𝗲 ကနေ 𝗡𝗲𝘁𝘄𝗼𝗿𝗸𝗶𝗻𝗴 နဲ့ 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗕𝗿𝗮𝗻𝗱𝗶𝗻𝗴 တည်ဆောက်ရာမှာ လိုအပ်တဲ့ ဗဟုသုတတွေကို မျှဝေပေးသွားမှာပါ။

#𝗡𝗲𝘁𝘄𝗼𝗿𝗸𝗶𝗻𝗴 #𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹𝗕𝗿𝗮𝗻𝗱𝗶𝗻𝗴 #𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴 #𝗧𝗵𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴𝗖𝗶𝗿𝗰𝗹𝗲

☘️ ကျွန်တော့်အတွေ့အကြုံလေးတစ်ခုကို ဝေမျှချင်ပါတယ်။ယုံကြည်ရာခရီးကိုစတင်ဖို့ အချိန်သိပ်မရခဲ့သလိုရွေးချယ်စရာတွေလည်း အများကြ...
19/12/2025

☘️ ကျွန်တော့်အတွေ့အကြုံလေးတစ်ခုကို ဝေမျှချင်ပါတယ်။
ယုံကြည်ရာခရီးကိုစတင်ဖို့ အချိန်သိပ်မရခဲ့သလိုရွေးချယ်စရာတွေလည်း အများကြီးမရှိခဲ့တာကြောင့် မြန်မြန်ဆန်ဆန်ပဲ ဆုံးဖြတ်ခဲ့ရပါတယ်။

☘️ ဒီလိုမြန်မြန်ဆန်ဆန်ဆုံးဖြတ်ခဲ့ရတော့ ရင်ဆိုင်ရတဲ့အခက်အခဲတွေကလည်း ထင်ထားတာထက်ပိုများခဲ့ပါတယ်။

☘️ ဒါတွေကိုပြန်ပြောပြနေတာက ဝိုင်းပြီးသနားစေချင်လို့မဟုတ်ပါဘူး။ အခုလိုကာလမှာ လူတိုင်းနီးပါး အသက်ရှူကြပ်နေကြတယ်ဆိုတာ နားလည်ပါတယ်။

☘️ ဒါကြောင့် လမ်းပျောက်နေသူတွေ၊ အထူးသဖြင့် ညီငယ်ညီမငယ်တွေအနေနဲ့ အလားတူဆုံးဖြတ်ရခက်တဲ့ကိစ္စတွေကို ကြုံတွေ့လာတဲ့အခါ အကူအညီဖြစ်စေချင်တဲ့စေတနာနဲ့ ရေးသားခြင်းဖြစ်ပါတယ်။

☘️ အဲဒီအချိန်တွေမှာ ကျွန်တော့်ကို အကူညီဖြစ်စေခဲ့တဲ့အရာက 𝗢𝗽𝗲𝗻 𝗠𝗶𝗻𝗱𝗲𝗱 ဖြစ်ခြင်းပါပဲ။ မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိဖို့၊ အရင်ကဘယ်လိုဆိုပြီး ရွှေထီးဆောင်းခဲ့တာတွေကို ပြန်လွမ်းမနေဘဲ အတတ်နိုင်ဆုံး လက်တွေ့ဘဝနဲ့အသားကျအောင်နေထိုင်ဖို့၊ အခြေအနေတွေကို အမြန်ဆုံးလက်ခံနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

☘️ သင်ယူလိုစိတ်အမြဲရှိနေဖို့၊ ဘဝအတွက်အရေးမပါတာတွေကို အာရုံမထားဘဲ တစိုက်မတ်မတ်အလုပ်လုပ်ခဲ့ခြင်းတွေက လက်ရှိအချိန်မှာ လမ်းကြောင်းတစ်ခုပေါ်ရောက်စေခဲ့တယ်လို့ဆိုရမှာပါ။

☘️ ဒီအခြေနေတွေ ကြုံတွေ့ရတဲ့အခါ မိမိရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ Self Awareness အားကောင်းမူတွေက အမှားနည်းစေမှာဖြစ်ပါတယ်။

☘️ နောက်ထပ်မေးချင်တဲ့‌ မေးခွန်းကောင်း တွေရှိရင်လည်း 𝗰𝗼𝗺𝗺𝗲𝗻𝘁 မှာမေးထားလို့ရပါတယ်။ အချိန်ရတဲ့အခါ ထပ်ပြီး 𝗦𝗵𝗮𝗿𝗶𝗻𝗴 လုပ်ပေးသွားပါ့မယ်။

#𝗸𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲𝘀𝗵𝗮𝗿𝗶𝗻𝗴 #𝗺𝗼𝘁𝗶𝘃𝗮𝘁𝗶𝗼𝗻 #𝗶𝗻𝘀𝗽𝗶𝗿𝗮𝘁𝗶𝗼𝗻 #𝗰𝗮𝗿𝗲𝗲𝗿𝗮𝗱𝘃𝗶𝗰𝗲 #𝘁𝗵𝗲𝘀𝗵𝗮𝗿𝗶𝗻𝗴𝗰𝗶𝗿𝗰𝗹𝗲

☘️ လူငယ်နဲ့လူကြီးကြား၊ မိဘနဲ့သားသမီးကြား၊ သူငယ်ချင်းတွေကြားမှာ မသိနားမလည်မှုတွေကြောင့် အပြစ်ရှိသလို ခံစားရစေတဲ့ စကားတွေ ...
18/12/2025

☘️ လူငယ်နဲ့လူကြီးကြား၊ မိဘနဲ့သားသမီးကြား၊ သူငယ်ချင်းတွေကြားမှာ မသိနားမလည်မှုတွေကြောင့် အပြစ်ရှိသလို ခံစားရစေတဲ့ စကားတွေ ပြောမိတတ်ကြပါတယ်။

☘️ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဒီလိုအခြေအနေတွေကို ပိုတွေ့ရတတ်ပါတယ်။

☘️ "မိဘကို ခံမပြောရဘူး"၊ "ဆရာကို အထွန့်မတက်ရဘူး"၊ "မိဘနဲ့ဆရာက အမြဲမှန်တယ်" ဆိုတဲ့ အတွေးအမြင်တွေက ခိုင်မာနေတတ်ပါတယ်။

☘️ ဒီလိုအခြေအနေမှာ ကိုယ့်ရဲ့အမြင်ကို ပြန်လည်ထောက်ပြပြီး အကျိုးအကြောင်းပြောရင် "ခံပြောတယ်"၊ "ယဉ်ကျေးမှုမရှိဘူး" ဆိုပြီး အပြစ်ရှိသလို ပြောဆိုခံရတတ်ပါတယ်။

☘️ သားသမီးတွေဘက်ကလည်း လိုချင်တာမရရင်၊ ဖြစ်ချင်တာမဖြစ်ရရင် "မွေးထားတာပဲ၊ လုပ်ပေးရမယ့်တာဝန်ရှိတာကို မလုပ်ပေးဘူး" ဆိုပြီး မိဘကို အပြစ်တင်တတ်ကြပါတယ်။

☘️ ဆရာတပည့်တွေကြားမှာလည်း "နင်ကဆရာလား၊ ငါကဆရာလား" ဆိုတဲ့ စကားတွေနဲ့ ပြန်လည်စောဒကတက်တတ်ကြပါတယ်။

☘️ တပည့်တွေ မကောင်းရင် ဆရာ့မှာ တာဝန်ရှိတယ်ဆိုပြီး အပြစ်တင်ခံရတတ်ပါတယ်။

☘️ အမြဲတော်တဲ့သူ၊ အမြဲအလိုက်သိတဲ့သူက တစ်ခါလောက် မှားတာနဲ့ အပြစ်တင်ခံရပြီး အမြဲညံ့တဲ့သူ၊ ဆိုးတဲ့သူက နည်းနည်းလေးလိမ္မာတာနဲ့ ချီးမွမ်းခံရတတ်ပါတယ်။

☘️ တကယ်တော့ ဒီအရာတွေကို လိုက်ခံစားနေမယ့်အစား ကိုယ့်ဘဝတိုးတက်ရေးကို ဦးစားပေးသင့်ပါတယ်။ ကိုယ်ရဲ့ လွတ်လပ်စွာပြောဆိုလုပ်ကိုင်မှုတွေက တခြားသူကို မထိခိုက်ဘူးဆိုရင် အဆင်ပြေပါတယ်။

☘️ ဒီလိုမျိုး အပြစ်ရှိတယ်လို့ ခံစားရအောင် ပြောဆိုခံရရင်လည်း "ဒါဟာ သူ့ရဲ့အမြင်ပဲ၊ ငါတကယ်မဖြစ်ဘူး" ဆိုတာကို သုံးသပ်နိုင်ရပါမယ်။ ကိုယ်တိုင်ကလည်း အဲဒီလိုမျိုး မပြောဖြစ်အောင် ဂရုစိုက်ဆင်ခြင်သင့်ပါတယ်။

☘️ ဒီလိုမှသာ ပိုမိုကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်မှာ လေးစားချစ်ခင်ခံရမှာပါ။

☘️ လူမှုဆက်ဆံရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း မျှဝေပေးသွားမှာပါ။

#𝗧𝗵𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴𝗖𝗶𝗿𝗰𝗹𝗲 #𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴 #လူမှုဆက်ဆံရေး #အမြင်ချင်းဖလှယ်ခြင်း

☘️ ကျွန်တော်လည်း ဆေးလိပ်၊ အရက်၊ ကွမ်း အကုန်စုံအောင် သုံးခဲ့ဖူးပါတယ်။ ကိုယ်တွေ့အရ ကျန်းမာရေးကို တကယ်ထိခိုက်စေပါတယ်။ ဖြတ်ဖ...
18/12/2025

☘️ ကျွန်တော်လည်း ဆေးလိပ်၊ အရက်၊ ကွမ်း အကုန်စုံအောင် သုံးခဲ့ဖူးပါတယ်။ ကိုယ်တွေ့အရ ကျန်းမာရေးကို တကယ်ထိခိုက်စေပါတယ်။ ဖြတ်ဖို့ကြိုးစားတော့လည်း အတော်လေးကို စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ရပါတယ်။ အရေးမပါတာကို အရာထင်နေသလို ခံစားရပြီး အချိန်တွေလည်း အတော်ကုန်ပါတယ်။

☘️ ဒါကြောင့် အစကတည်းက မလုပ်မိရင် အကောင်းဆုံးပါပဲ။

☘️ ဒီအရာတွေကို ရှောင်ရှားဖို့ ခက်ခဲနေတယ်ဆိုရင် လုံးဝမဖြတ်နိုင်ရင်တောင် တဖြည်းဖြည်း လျှော့ချသွားဖို့ တိုက်တွန်းချင်ပါတယ်။

☘️ လူတော်တော်များများက အလေ့အကျင့်တစ်ခုကို ဖျောက်ဖျက်ဖို့အတွက် အခြားအလေ့အကျင့်တစ်ခုနဲ့ အစားထိုးလေ့ရှိကြပါတယ်။ ဥပမာ - ဆေးလိပ်သောက်ချင်စိတ်ဖြစ်လာတဲ့အခါ သကြားမပါတဲ့ ပီကေဝါးတာမျိုး၊ ရေနွေးကြမ်းသောက်တာမျိုး လုပ်ပေးခြင်းအားဖြင့် ဆေးလိပ်သောက်ချင်တဲ့စိတ်ကို လျော့ပါးသက်သာစေပါတယ်။

☘️ နောက်တစ်ခုက ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပေးခြင်းအားဖြင့် စိတ်ဖိစီးမှုတွေကို လျော့ချနိုင်သလို အိပ်ရေးပျက်တာတွေကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးခြင်းအားဖြင့်လည်း ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။

☘️ အဓိကကတော့ ကိုယ့်ရဲ့စိတ်ကို ထိန်းချုပ်နိုင်ဖို့နဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ပါပဲ။

#ကျန်းမာရေး #အလေ့အကျင့် #ရှောင်ကြဉ် #𝗦𝗲𝗹𝗳𝗖𝗮𝗿𝗲

☘️ 𝗖𝗗𝗠 လုပ်ဖို့ ဆုံးဖြတ်ပြီး ကိုယ့်လမ်းကိုယ်ဖောက်ဖို့ ကြိုးစားတဲ့အခါ ဘာတွေအခက်အခဲရှိခဲ့လဲ…☘️ ပထမဆုံး စုဆောင်းထားတဲ့ ငွေက...
18/12/2025

☘️ 𝗖𝗗𝗠 လုပ်ဖို့ ဆုံးဖြတ်ပြီး ကိုယ့်လမ်းကိုယ်ဖောက်ဖို့ ကြိုးစားတဲ့အခါ ဘာတွေအခက်အခဲရှိခဲ့လဲ…

☘️ ပထမဆုံး စုဆောင်းထားတဲ့ ငွေကြေးမရှိဘူး။ အသက်မွေးဝမ်းကြောင်းအတွက် လုပ်ကိုင်စားဖို့ 𝗦𝗸𝗶𝗹𝗹 လည်းမရှိဘူး။ ဘယ်ကိုသွားရမယ်ဆိုတာလည်း မသိဘူး။

☘️ အရင်ဆုံး စဉ်းစားလိုက်တာက ဒီမှာမနေချင်ဘူး။
ဒါကြောင့် ဒီကလွတ်ရာကို အရင်သွားမယ်။ နောက်ပြီး လွတ်မြောက်နယ်မြေတစ်ခုဆီ ဆက်သွားမယ်ပေါ့။ တိုင်းရင်းသားအဖွဲ့အစည်း အဆက်အသွယ်ဆိုတာလည်း မရှိနေပြန်ဘူး။

☘️ ပြန်တွေးကြည့်ရင် ဖြတ်သန်းခဲ့တဲ့ ၄ နှစ်ကျော်ဝန်းကျင်က တော်တော်လေး 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 ဖြစ်ခဲ့တယ်။

☘️ အခုပြောပြမယ့်အကြောင်းအရာလေးကတော့ အဲဒီလိုအခြေအနေမျိုးမှာ ရုန်းကန်ခဲ့ရတဲ့ ကျွန်တော့်ရဲ့အတွေ့အကြုံတွေပါ။ ကျွန်တော် 𝗖𝗗𝗠 လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဘာမှမရှိတဲ့အခြေအနေကနေ စခဲ့ရတာပါ။ အဲဒီအချိန်မှာ ကျွန်တော်သိလိုက်ရတာက…

☘️ ကိုယ်ပိုင်အရည်အချင်း (𝗦𝗸𝗶𝗹𝗹) ဆိုတာ ဘယ်လောက်အရေးပါလဲ??

ငွေကြေးမရှိရင် ပြဿနာမဟုတ်သေးဘူး။ ကိုယ်ပိုင်အရည်အချင်းတစ်ခုခုရှိရင် ရုန်းကန်လို့ရသေးတယ်။ ကျွန်တော့်မှာ ဘာအရည်အချင်းမှမရှိတော့ တော်တော်လေး အခက်အခဲဖြစ်ခဲ့တယ်။

ဒါကြောင့် ကိုယ်တတ်ကျွမ်းတဲ့ပညာတစ်ခုခုကို တတ်မြောက်အောင်လေ့လာထားဖို့ တိုက်တွန်းချင်ပါတယ်။ အခုဆိုရင် 𝗢𝗻𝗹𝗶𝗻𝗲 မှာ 𝗦𝗸𝗶𝗹𝗹 မြှင့်တင်လို့ရတဲ့ 𝗖𝗼𝘂𝗿𝘀𝗲 တွေ အများကြီးရှိပါတယ်။

☘️ စိတ်ဓာတ်မကျဖို့ အရေးကြီးတယ်

ဘယ်လောက်ပဲခက်ခဲတဲ့အခြေအနေဖြစ်ပါစေ စိတ်ဓာတ်မကျဖို့ အရေးကြီးပါတယ်။ ကျွန်တော်ဆိုရင် အစပိုင်းမှာ တော်တော်လေး စိတ်ဓာတ်ကျခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့လမ်းကို အဆုံးထိလျှောက်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် အခက်အခဲတွေကို ရင်ဆိုင်နိုင်ခဲ့တယ်။

☘️ အကူအညီတောင်းဖို့ မရှက်ပါနဲ့

ကျွန်တော် အခက်အခဲတွေကြုံလာတဲ့အခါ အကူအညီတောင်းဖို့ မရှက်ခဲ့ပါဘူး။ ကျွန်တော့်ကို ကူညီနိုင်မယ့်သူတွေကို ရှာပြီး အကူအညီတောင်းခဲ့တယ်။ အဲဒီလို အကူအညီတောင်းတဲ့အတွက် ကျွန်တော် အခက်အခဲတော်တော်များများကို ကျော်လွှားနိုင်ခဲ့တယ်။

ဒါတွေကတော့ ကျွန်တော့်ရဲ့အတွေ့အကြုံတွေထဲက တချို့ပါ။ နောက်ပိုင်းမှာလည်း ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ခရီးအကြောင်းကို ဖြေးဖြေးချင်းပြောပြပေးသွားပါမယ်။

#𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴 #𝗖𝗗𝗠 #အခက်အခဲ #အတွေ့အကြုံ

☘️ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေကို အားလုံးသိပြီးသား ဖြစ်မယ်ထင်ပါတယ်။ ☘️ ကျွန်တော်ဟာလည်း လူငယ်တစ်ယ...
17/12/2025

☘️ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေကို အားလုံးသိပြီးသား ဖြစ်မယ်ထင်ပါတယ်။

☘️ ကျွန်တော်ဟာလည်း လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေနဲ့ စကားပြောဖြစ်တဲ့အခါ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး အများစုက စိတ်ကူးယဉ်ဆန်ဆန် အစီအစဉ်တွေပဲ ရှိကြတာကို တွေ့ရပါတယ်။ လက်တွေ့ကျကျ ကြိုတင်ပြင်ဆင်ထားတာမျိုး မတွေ့ရသေးပါဘူး။

☘️ 𝗖𝗗𝗠 ဝန်ထမ်းတစ်ယောက်အနေနဲ့ အထူးသတိပေးချင်တာက ဒီအာဏာသိမ်းအဖွဲ့ရဲ့ ခိုင်းစေမှုတွေကို မလုပ်ချင်ဘူးဆိုရင် သူတို့ လုပ်လို့မရအောင် လွတ်မြောက်နိုင်မယ့် နည်းလမ်းတွေကို ကြိုတင်ပြင်ဆင်ထားပါ။

☘️ သူတို့ဟာ ခင်ဗျားတို့ထင်ထားတာထက် အဆပေါင်းများစွာ ယုတ်မာကောက်ကျစ်တတ်ပါတယ်။ ဒါကိုလည်း သိထားပြီးသား ဖြစ်မှာပါ။ ထပ်လောင်းသတိပေးတာပါ။

☘️ မျိုးရိုးဘယ်လောက်ကောင်းကောင်း ရေခံမြေခံ မကောင်းရင် ရှင်သန်ဖို့ ခက်ခဲပါတယ်။

☘️ ကိုယ်တိုင်ထိန်းချုပ်လို့ရတဲ့ အရာတွေအတွက် စနစ်တကျ ဖောက်ထွက်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။

☘️ လက်ရှိအခြေအနေမှာ လူငယ်တွေအနေနဲ့ မိမိကိုယ်ကို ကာကွယ်ဖို့၊ ရပ်တည်နိုင်ဖို့အတွက် အရေးကြီးတဲ့ ဗဟုသုတနဲ့ အတတ်ပညာတွေကို လေ့လာသင်ယူထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဘယ်လိုအခြေအနေမျိုးမှာမဆို ရင်ဆိုင်ဖြေရှင်းနိုင်မှာပါ။

𝗧𝗵𝗲 𝗦𝗵𝗮𝗿𝗶𝗻𝗴 𝗖𝗶𝗿𝗰𝗹𝗲 က လူငယ်တွေအတွက် အထောက်အကူဖြစ်စေမယ့် ဗဟုသုတနဲ့ အတွေ့အကြုံတွေကို ဆက်လက်မျှဝေပေးသွားမှာပါ။

#𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴 #𝗧𝗵𝗲𝗦𝗵𝗮𝗿𝗶𝗻𝗴𝗖𝗶𝗿𝗰𝗹𝗲 #𝗖𝗗𝗠 #𝗠𝘆𝗮𝗻𝗺𝗮𝗿 #လူငယ် #စစ်မှုထမ်းဥပဒေ

"𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗱𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 အတန်းတွေတက်၊ စာတွေဖတ်၊ တိုးတက်ဖို့တွေလုပ်နေတာ အပိုတွေပါကွာ" လို့ အပြောခံရရင် ဘယ်လိုခံစားရမလဲ 🤔တကယ်...
16/12/2025

"𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗱𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 အတန်းတွေတက်၊ စာတွေဖတ်၊ တိုးတက်ဖို့တွေလုပ်နေတာ အပိုတွေပါကွာ" လို့ အပြောခံရရင် ဘယ်လိုခံစားရမလဲ 🤔

တကယ်တော့ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်နေတာဟာ ဘယ်တော့မှ အပိုအလုပ်မဟုတ်ပါဘူး။ ပိုပင်ပန်းတယ်လို့ ခံစားရနိုင်ပေမဲ့ ရေရှည်မှာ အကျိုးအများကြီးရှိပါတယ်။

📚 စာဖတ်ခြင်း၊ သင်တန်းတက်ခြင်းတွေက ဗဟုသုတတွေ တိုးစေပြီး အတွေးအခေါ်အမြင်တွေကိုလည်း ကျယ်စေပါတယ်။ ဒါ့အပြင် ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းတွေကိုလည်း သိလာစေပါတယ်။

💪 ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုပိုရှိလာပြီး စိတ်ဓာတ်လည်း တက်ကြွလာစေပါတယ်။ အဲဒီအခါ အလုပ်မှာလည်း ပိုပြီး ထိရောက်လာနိုင်ပါတယ်။

🎯 အဓိကကတော့ ကိုယ်တက်တဲ့သင်တန်း၊ ဖတ်တဲ့စာတွေက ကိုယ့်ရဲ့အလုပ်နဲ့ ဘဝအတွက် တကယ်အသုံးဝင်ရဲ့လားဆိုတာကို သေချာစဉ်းစားဖို့ပါပဲ။ ကိုယ်နဲ့ သက်ဆိုင်တဲ့အရာတွေကို လေ့လာသင်ယူမယ်ဆိုရင် အချိန်ကုန်သက်သာသလို ပိုပြီးလည်း ထိရောက်မှုရှိပါတယ်။

အလုပ်ပိုတွေ လုပ်နေတာပါလို့ အပြောခံရရင် စိတ်မပျက်ပါနဲ့။ ကိုယ့်ရဲ့တိုးတက်မှုကို တန်ဖိုးထားပြီး ဆက်ကြိုးစားပါ။ တစ်နေ့မှာ သင့်ရဲ့ကြိုးစားမှုတွေက အသီးအပွင့်တွေ သေချာသီးလာပါလိမ့်မယ်။ 😊

#𝗽𝗲𝗿𝘀𝗼𝗻𝗮𝗹𝗴𝗿𝗼𝘄𝘁𝗵 #𝗸𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲𝘀𝗵𝗮𝗿𝗶𝗻𝗴 #𝘁𝗵𝗲𝘀𝗵𝗮𝗿𝗶𝗻𝗴𝗰𝗶𝗿𝗰𝗹𝗲 #အသိပညာမျှဝေခြင်း #ကိုယ်တိုင်တိုးတက်အောင်လုပ်ဆောင်ခြင်း

Address


63110

Website

Alerts

Be the first to know and let us send you an email when The Sharing Circle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share