28/10/2025
တိုင်းအဆင့်ရဲမှူး ဆီးနင်းလိုက်ပါလာတဲ့ကားတန်း မိုင်းဆွဲခံရလို့ ၄ ဦးသေဆုံး ၊ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ
By - ထက်မြတ်
Date - October 28 , 2025
မကွေးတိုင်း ၊ မင်းတုန်းမြို့ဘက်မှ ၊ ဝန်တွင်းကျေးရွာဘက်ကိုတိုင်းအဆင့်ရဲမှူး ဆီးနင်းလိုက်ပါလာတဲ့ကားတန်း မိုင်းဆွဲခံရလို့ ၄ ဦးသေဆုံး ၊ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်၄တပ်ရင်းက ထုတ်ပြန်ထားပါတယ် ။
အောက်တိုဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်လောက်မှာ စစ်ကော်မရှင်တပ်လက်အောက်ခံတပ်သားတွေဟာ ကား ၄ စီးဖြင့်ထွက်လာချိန် သရက်ခရိုင်အမှတ် (၄)တပ်ရင်း၊ တပ်ခွဲ(၂)ရှိ တပ်ဖွဲ့ဝင်များဟာ မဲဇလီကျေးရွာနဲ့ ဝန်တွင်းကျေးရွာကြား၊ ပုသိမ်-မုံရွာလမ်းပိုင်းပေါ်တွင်ကင်းပုန်းဝပ်ပြီးအသင့်စောင့်ဆိုင်းခဲ့ပါတယ် ။
အဲဒီနောက် တိုင်းအဆင့်ရဲမှူး ဆီးနင်းလိုက်ပါလာတဲ့ကား ၄ စီးဟာ ဝန်တွင်းကျေးရွာဘက်ကိုမောင်းနှင်းလာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဖိုးဝှီးကားတစ်စီး မိုင်းထိမှန်မောင်းပြေးသွားပြီး ၎င်းကားနောက်အားလိုက်လံပစ်ခတ်ခဲ့ရာ ကားအားလမ်းပေါ်မှာရပ်ထားခဲ့လိုက်ပြီး ကားပေါ်ရှိစစ်ကော်မရှင်တပ်သားတွေကို ကျန်ကား ၃ စီးက လာရောက်ခေါ်ယူသွားတယ်လို့ သိရပါတယ် ။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၄ ဦးခန့်ထိခိုက်သေဆုံးနိုင်ပြီး ၎င်းတို့ဆီကနေ 7.62ကျည် (၇၈) တောင့် ၊ G3ကျည် (၂၄)တောင့်၊ကာဘိုင်ကျည် (၁၇)တောင့်၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နဲ့ ငွေသား (၃၀၀၀၀၀)ကျပ်သိမ်းဆည်းရရှိခဲ့ကာ ၎င်းတို့ကားကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ပြီးတဲ့နောက် စစ်ကော်မရှင်တပ်သားေတွဟာ မင်းတုန်းမြို့အဝင် ၊ (၅)မိုင်စစ်ဆေးရေးဂိတ်ကနေလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်တဲ့အတွက် ဒေသခံပြည်သူများနှင့်ခရီးသွားပြည်သူများအနေဖြင့် ဂရုစိုက်နေထိုင်သွားလာကြပါရန် အသိပေးထုတ်ပြန်ထားပါသေးတယ်။