People's Radio Myanmar

People's Radio Myanmar ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก People's Radio Myanmar, บริษัทผลิตงานแพร่ภาพและสื่อ, Tak.

Independent community radio born out of Myanmar's Spring Revolution, supporting a democratic and pluralistic Myanmar.

နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာတဲ့ လွတ်လပ်တဲ့ လူထုအခြေပြု ရေဒီယို ဖြစ်ပါသည်။

01/09/2026

Sport||- နိုင်ငံအသင်းမှ အနားယူလိုက်တဲ့ မက်ဆီ


#မက်ဆီ

01/09/2026

စက်တင်ဘာလ ၁ ရက်အင်္ဂါနေ့ ည ၈ နာရီ သတင်း

ဒီကနေ့ညအတွက် တင်ဆက်ပေးမယ့် သတင်းခေါင်းစဉ်တွေကတော့ -

• တနင်္သာရီမြို့နယ်မှာ ရွာပေါင်း ၂၀ ထက်မနည်း ရေကြီးနေတဲ့ သတင်း

• ဖားကန့်မှာ စက်သုံးဆီ ခိုးထုတ်နေတဲ့ မူးယစ်ဆေးသမားတွေကို ဖမ်းမိခဲ့တဲ့ သတင်း

• အင်းလေးမှာ ၄ ရက်တာအတွင်း အမျိုးသား ၆ ဦး စွပ်စွဲဖမ်းဆီးခံထားရတဲ့ သတင်း

• အမေရိကန်စစ်သား ၅,၀၀၀ လာရောက်ပြီးနောက် လိင်လုပ်ငန်း အားကြီးလာမှာကို ပြည်သူတွေ စိုးရိမ်နေတဲ့ သတင်း

• အိန္ဒိယအနေနဲ့ ရေခွဲဝေမှုစာချုပ်ကို ဆက်လက်လိုက်နာရမယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်တဲ့ သတင်းတွေ

•နိုင်ငံအသင်းမှ အနားယူလိုက်တဲ့ မက်ဆီဆိုတဲ့သတင်းအပါအဝင် PRM ရဲ့ နောက်ဆုံးရ စိတ်ဝင်စားဖွယ် ပြည်တွင်း ပြည်ပ သတင်း ၊ အားကစားသတင်းတွေနဲ့ မိုးလေဝသသတင်းတွေကို တင်ဆက်ပေးတော့မှာပါ။

01/09/2026

Tv||- နက်ဖြန် စက်တင်ဘာလ ‌၂ ရက်နေ့အတွက် မိုးလေဝသကြိုတင်ခန့်မှန်းချက်


#မိုးလေဝသ

01/09/2026

Tv||- စစ်တပ်ပေါ်တာဖမ်းတဲ့ စီမံချက် ကရင်လက်နက်ကိုင်အရေခြုံတွေပါ ပြေးမလွတ်တော့တဲ့ အခြေအနေရှိလာနေ


#ကရင်လက်နက်ကိုင်

ဖားကန့်တွင် စက်သုံးဆီခိုးထုတ်သည့် မူးယစ်ဆေးသမားများအား ဖမ်းဆီးရမိ။စက်တင်ဘာ ၊ ၁ ၊ ၂၀၂၆ ။ကချင်ပြည်နယ် ၊ ဖားကန့်မြို့၊ အေးမ...
01/09/2026

ဖားကန့်တွင် စက်သုံးဆီခိုးထုတ်သည့် မူးယစ်ဆေးသမားများအား ဖမ်းဆီးရမိ။

စက်တင်ဘာ ၊ ၁ ၊ ၂၀၂၆ ။

ကချင်ပြည်နယ် ၊ ဖားကန့်မြို့၊ အေးမြသာယာ ကျေးရွာအုပ်စု ၊ မော်မောင်းလယန်ကျေးရွာမှာ ဒီဇယ်ခိုးထုတ်ယူနေတဲ့ မူးယစ်ဆေးသုံးစွဲသူတွေကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ ညောင်ပင်ကုန်းအနီးက မူးယစ်ဆေးဝါးသုံးစွဲသူ တွေနေထိုင်တဲ့ မိုးကာတဲမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ဆီခိုးထုတ်မှုကို အုပ်စုလိုက်လုပ် ဆောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

" KNDBC ဆိုဒ်ထဲက ဆီတွေခိုးထုတ်ခံရတာ။ ဒီကောင်တွေအဲလိုလုပ်စားတာ ကြာနေပြီ။ စစ်ရှောင်တုန်းကလည်း ရွာထဲက အိမ်တွေကို ဝင်ဖောက်တာ ဒီကောင်တွေဖြစ်လောက်တယ် " လို့ မော်မောင်းလယန်ကျေးရွာမှာနေထိုင်တဲ့ဒေသခံတစ်ဦးက Manau Voice ကိုပြောပါတယ်။

လက်ရှိ စက်သုံးဆီခိုးယူသူတွေကိုသက်ဆိုင်ရာအဖွဲ့အစည်းက ဖမ်းဆီး ထိန်းသိမ်းထားပြီး ထွက်ပြေးလွတ်မြောက်နေသူတွေကိုလည်း လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။

" ဖမ်းခံထားရတဲ့သူက အကုန်ဖော်တော့ ကွင်းဆက်တွေ ပြန်ဖမ်းရမိတယ်။ အဲ့ဘက် တကယ့် သူခိုးဓားပြတွေ စုပြီး နေတဲ့နေရာ ဟုတ်တယ်" လို့ မြို့မရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ရေးကြောင့် တနှစ်ကျော်ကြာ နေရပ်စွန့်ခွါရတဲ့ ပြည်သူ့နေအိမ်တွေထဲကိုလည်း အခုလို ခိုးဝင်လုယက်တာတွေရှိခဲ့ပြီး ခိုးဝင်လုယက်သူတွေအထဲမှာ စစ်ကော်မရှင်တပ်သားတွေ ပါဝင်ခဲ့သလို အခုလို မူးယစ်ဆေးဝါးသုံးစွဲသူတွေလည်း ပါဝင်ခဲ့ပါတယ်။

အခုအချိန်မှာတော့ တစ်နှစ်ကျော်ကြာစစ်ဘေးရှောင်ခဲ့ရတဲ့ မော်မောင်းလယန် ကျေးရွာကို စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA ) တို့ရဲ့ နှစ်ဖက်ခွင့်ပြုချက်နဲ့ ဩဂုတ်လ ၁ ရက် နေ့ကစပြီး ကျေးရွာအတွင်း ပြန်လည် နေထိုင်ခွင့်ရရှိခဲ့ပါတယ်။

သတင်း - Ah Gu
ဓါတ်ပုံ - CJ
စာမူတည်းဖြတ် - ကိုကျော်ဝဏ္ဏ

ပုံစာ - ကချင်ပြည်နယ် ၊ ဖားကန့်မြို့ ၊ မော်မောင်းလယန်ကျေးရွာရှိ KNDBC ကုမ္ပဏီတွင် စက်သုံးဆီခိုးထုတ်သူများနေထိုင်သည့် နေရာအား တွေ့မြင်ရစဉ်။

နိုင်ငံအသင်းမှ အနားယူလိုက်တဲ့ မက်ဆီBy – Lin Khaအာဂျင်တီးနားအသင်းရဲ့ ဂန္တဝင်ကစားသမားလည်းဖြစ် လက်ရှိအသင်းခေါင်းဆောင်လည်းဖြ...
01/09/2026

နိုင်ငံအသင်းမှ အနားယူလိုက်တဲ့ မက်ဆီ

By – Lin Kha

အာဂျင်တီးနားအသင်းရဲ့ ဂန္တဝင်ကစားသမားလည်းဖြစ် လက်ရှိအသင်းခေါင်းဆောင်လည်းဖြစ်တဲ့ လီယွန်နယ်မက်ဆီဟာ နိုင်ငံ့လက်ရွေးစင်ဘဝကနေ တရားဝင်အနားယူလိုက်ပြီ ဖြစ်ကြောင်း လက်ရေးမူနဲ့ ရေးထားတဲ့ စာရွက် ၃ ရွက်နဲ့ ကြေငြာလိုက်ပါတယ်။

အသက် ၃၉ နှစ်အရွယ်မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ အကောင်းဆုံးခြေစွမ်းပြပြီး အာဂျင်တီးနားကို ဗိုလ်လုပွဲ ပို့ဆောင်ခဲ့တဲ့ လီယွန်နယ်မက်ဆီဟာ စပိန်ကို ရှုံးနိမ့်အပြီးမှာပဲ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူကြောင်းကို လက်ရေးနဲ့ ချရေးခဲ့ပေမယ့် အခုမှ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ လက်ရွေးစင်ဘဝကို စွန့်လွှတ်ဖို့ ဇဝေဇဝါ ဖြစ်နေခဲ့ပုံရပြီး ပြီးခဲ့တဲ့ ဩဂုတ်လမှာ ဖခင်ဖြစ်သူ ဂျော့ရှ် မက်ဆီ ဆုံးပါးသွားပြီးနောက် အနားယူဖို့ သေချာသွားခဲ့ကြောင်း ဆိုခဲ့ပါတယ်။

မက်ဆီက ဒီဆုံးဖြတ်ချက်ဟာ သူ့အတွက် အလွန် ခက်ခဲနာကျင ပင်ပန်းစွာ ချခဲ့ရတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဆု ဖလားရခဲ့တဲ့ အချိန်မှာရော မရခင်အချိန်မှာရော အမြဲတသမတ်ပေးဆပ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

မက်ဆီဟာ အသက် ၁၇ နှစ်အရွယ်ကတည်းက လက်ရွေးစင်အသင်းမှာ ပွဲထွက်ကစားခဲ့ပြီး ၂၁ နှစ်အကြာမှာ အနားယူခဲ့တာဖြစ်ပါတယ်။

နိုင်ငံအတွက် ပွဲပေါင်း ၂၀၇ ပွဲကစားကာ ၁၂၅ ဂိုးသွင်းယူ ၆၅ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အာဂျင်တီးနား အသင်းရဲ့ သမိုင်းတစ်လျှောက် ပွဲအများဆုံးကစားထားတဲ့သူဖြစ်သလို သွင်းဂိုးအများဆုံးကစားသမားလည်းဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အဓိက ဆုဖလားအဖြစ် ကမ္ဘာ့ဖလားတစ်ကြိမ်နဲ့ ကိုပါအမေရိကဖလား နှစ်ကြိမ်ဆွတ်ခူးရရှိခဲ့ပါတယ်။

ဓါတ်ပုံ - Crd

01/09/2026

Tv||- ရှရှားသမ္မတဘလာဒီမာပူတင် ဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)ရဲ့ ၂၅ နှစ်မြောက် နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ရှ်ကိတ်မြို့သို့ သွားရောက်ခဲ့


#ပူတင်

01/09/2026

စက်တင်ဘာလ ၁ ရက်နေ့ နေ့လည်ပိုင်း သတင်းများ
+++++++++++++++++++++++++

သံအမတ်ကြီး ဦးကျော်မိုးထွန်း ရာထူးဆက်လက်ထိန်းသိမ်းနိုင်ရေး ကမ္ဘာတစ်ဝန်း ကမ်ပိန်းပြုလုပ်

သီပေါမှာ ညီမဝမ်းကွဲကို အဓမ္မပြုကျင့် သတ်ဖြတ်သူကို SSPP က သေဒဏ်ချမှတ်

မင်းတပ်၊ ဝုမ်းခုမ်ရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲ၊ ကလေး ၃ ဦး အပါအဝင် ပြည်သူ ၈ ဦး သေဆုံး

AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည့် (၆၈) ကြိမ်မြောက် Ramon Magsaysay ဆု ရရှိ

ထရမ့်ရဲ့ ရေကန်နာမည်ပြောင်းရန် ကြိုးပမ်းမှုကို ကနေဒါက ဆိုင်းဘုတ်စိုက်ထူ၍ တုံ့ပြန်

01/09/2026

Tv||- ကမ္ဘောဒီးယားမှာ အွန်လိုင်းလိမ်လည်မှုစခန်းများ အားလုံးဖျက်သိမ်းနိုင်ပြီးလို့ အစိုးရပြော

01/09/2026

Tv||- မင်းတပ်မြို့အနီး စစ်ရှောင်နေထိုင်တဲ့ရွာ လေယာဉ်ဗုံးကြခံရပြီး ၈ ဦးသေ၊ ဆယ်ချီဒဏ်ရာရ

ที่อยู่

Tak
63110

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ People's Radio Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง People's Radio Myanmar:

ทางลัด

แชร์