Kyaw Yeh I will highlight the situation happening in Myanmar. Based on these points, you can review.

31/08/2025

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း(SCO) အစည်းအဝေးပွဲကို တက်ဖို့ တီယန်ကျင်းမြို့ကို ရောက်နေပါတယ်။

တရုတ်၊ ရုရှားနဲ့ တစ်ချိန်က ဆိုဗီယက်ပြည်ထောင်စုအစိတ်အပိုင်းဖြစ်ခဲ့တဲ့အလယ်အာရှနိုင်ငံ လေးနိုင်ငံ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ ဥဇဘက်ကစ္စတန်တို့က ၂၀၀၁ ခုနှစ်မှာ (SCO)ကို စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဲဒီအဖွဲ့မှာ မြန်မာက ဆွေးနွေးဖက်နိုင်ငံဖြစ်ပါတယ်။ SCO က ဘာလုပ်လဲ၊ မြန်မာစစ်ကော်မရှင်က အဲဒီအဖွဲ့မှာ ဘယ်လို ပါဝင်ဖို့ ကြိုးပမ်းနေလဲ၊ ... ၂၀၂၄ ခုနှစ်က ဖော်ပြခဲ့တဲ့ဆောင်းပါးကို ဒီလင့်ခ် https://www.bbc.com/burmese/articles/cn09g31vywpo ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #မြန်မာ #တရုတ် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

31/08/2025
31/08/2025

ကျောက်ဖြူတွင် စစ်ကော်မရှင် (စကမ) ၏ နေဗီကို အာရက္ခတပ်တော်( AA) က ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီး

အာရက္ခမီဒီယာ ၊ သြဂုတ် ၃၀၊ ၂၀၂၅

အာရက္ခပြည်၊ ကျောက်ဖြူစစ်မျက်နှာတွင် အာရက္ခတပ်တော်(AA) က စစ်ကော်မရှင်၏ ရေယာဥ် နေဗီတစ်စင်းအား လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မီးလောင်ပျက်စီး၍ ထွက်ပြေးသွားရကြောင်း သိရသည်။

၎င်းနေဗီသည် အာရက္ခတပ်တော်
(AA)တပ်ဖွဲ့ဝင်များရှိရာ မီတာ ၁ သောင်း ( ၆ မိုင်ကျော် ) အကွာ မာန်အောင်ကျွန်း နှင့် ရမ်းဗြဲကျွန်းအကြား သွားလာကင်းလှည့်နေခြင်းဖြစ်သည်။

သြဂုတ်လ(၂၉)ရက်နေ့ ညနေ ( ၅ )နာရီခွဲခန့်အချိန်တွင်
အာရက္ခတပ်တော်(AA)၏ ကမ်းခြေစောင့်တပ်က
လှမ်းပစ်ရာတွင် စစ်ကော်မရှင်၏နေဗီကို လက်နက်
ကြီးကျည်ထိမှန်သွားခဲ့ခြင်းဖြစ်သည်ဟု ပြောရေးဆို
ခွင့်ရှိသူ ဦးခိုင်သုခက ပြောပါသည်။

ဦးခိုင်သုခက " မာန်အောင်ကျွန်းနဲ့ ရမ်းဗြဲကျွန်းကြားမှာ ဩဂုတ် ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲခန့်မှာ အာရက္ခတပ်တော် ကမ်း ခြေစောင့်တပ်က ထိမှန်အောင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ် "ဟု ပြောဆိုထားသည်။

ပစ်ခတ်ခံရ၍ မီးလောင်သွားသည့် သင်္ဘောမှာ မည်သည့်အမျိူးအစား ဖြစ်ကြောင်းအတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း အကြီးစားစစ်သင်္ဘောအမျိုးအစားဖြစ်ပြီး သင်္ဘောတွင် ပါလာသော စစ်ကော်မရှင်တပ်သားများကို အခြားသင်္ဘောတစ်စီးပေါ်သို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ကျောက်ဖြူပင်လယ်ပြင်တစ်လျှောက် စစ်ကော်မရှင်နေဗီ ၄ စီးထက်မနည်း ရှိနေပြီး အနီးအနားကျေးရွာများသို့ နေ့စဥ် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်း ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

ပစ်ခတ်ခံရသည့် သင်္ဘောမှာ စစ်ကော်မရှင်၏ Frigate အမျိုးအစား ရေတပ်သင်္ဘောကြီး ခြောက်စင်း အနက်မှ တစ်စင်းဖြစ်နိုင်ပြီး အမေရိကန်ဒေါ်လာ သန်း ၇၀ အထက် ဆုံးရှုံးနိုင်ကာ စစ်ကော်မရှင်၏ ကြီးမားသည့်ဆုံးရှုံးမှု ဖြစ်နိုင်ကြောင်း သုံးသပ်သူအချို့က ဆိုသည်။

ဓာတ်ပုံ - စစ်​သဘ်ောမီးလောင်နေပုံ /CJ

အာရက္ခမီဒီယာ

31/08/2025
26/08/2025
26/08/2025
31/07/2025

ဒုတိယဗိုလ်ချုပ်ကြီး ညိုစော - စစ်ခေါင်းဆောင်ရဲ့ အကြံပေးအသစ်

31/07/2025
တနိုင်ငံလုံး ရေကြီးနေတာတောင် ဗုံးကျဲနိုင်သေးတယ်။ နေပြည်တော် ရေမကြီးပါစေနဲ့။
29/07/2025

တနိုင်ငံလုံး ရေကြီးနေတာတောင် ဗုံးကျဲနိုင်သေးတယ်။ နေပြည်တော် ရေမကြီးပါစေနဲ့။

မိုးကုတ်မြို့ထဲက နေရာ ၃ ခုကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံး ၅ လုံး ကြဲချမှုမှာ ဒဏ်ရာရသူ ၉ ဦးရှိတယ်လို့လည်း TNLAက ဆိုပါတယ်။

ဒီသတင်းအပြည့်အစုံနဲ့ အတူ ဇူလိုင် ၂၉ ရက် သတင်းများကို ဘီဘီစီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဒီလင့်ခ် https://www.bbc.com/burmese/live/cy08gzke74pt ကိုနှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #မိုးကုတ် #လေကြောင်း #စစ်တပ်

29/07/2025

ဗန်းမော်သို့ ဦးတည်နေသည့် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီး ရွှေကူသို့ ပြန်ဆုတ်
---------------------------------
ဧရာဝတီမြစ်အတွင်း ဆန်တက်နေသော စစ်သင်္ဘော ၃ စီး မြစ်ကျဉ်း၊ ရေစီးသန်သည့် နေရာတွင် တိုက်ခိုက်ခံရသဖြင့် ၁ စီး ထိခိုက်သွားသည်ဟု သိရသည်။

ရွှေကူနှင့် ဗန်းမော်မြို့ကြားရှိ ဧရာဝတီမြစ်၏ အကျဉ်းဆုံးနေရာများတွင် မြစ်ပြင်အကျယ်မှာ ပေ ၄၅၀ ခန့်သာ ရှိခြင်း၊ ကျောက်ဆောင်ပေါများကာ ရေစီးသန်ခြင်းတို့ကြောင့် စစ်သင်္ဘောများကို တိုက်ခိုက်ရန် နေရာကောင်းဖြစ်နေသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/65543/

ที่อยู่

663/Soi Mitsamphan 2
Tak
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kyaw Yehผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์