04/11/2025
တရုတ်နိုင်ငံမှာကျားဖြန့်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်နဲ့ သားဖြစ်သူ ပယ်ရင်ချိန်အပါ ၅ ဦးကို တရုတ်အစိုးရရဲ့ ကွမ်တုံပြည်နယ်၊ ရှန်ကျန်းမြို့ တရားရုံးက ဒီကနေ့ နိုဝင်ဘာ ၄ ရက်မှာ သေဒဏ်အမိန့် ချလိုက်ပါတယ်။
ကိုးကန့်ရဲ့ ထင်ရှားတဲ့ မိသားစုကြီး လေးခုဖြစ်တဲ့ ပယ်အိမ်၊ ဝေအိမ်၊ မြီအိမ်နဲ့ လျို အိမ်တို့ဟာ ကျားဖြန့်အပါအဝင်အမှုပေါင်းများစွာနဲ့ စွပ်စွဲခံရပြီး တရုတ်က အကျဥ်းထောင်တွေထဲမှာ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာကတော့ ကွယ်လွန်သူ ကိုးကန့်သူဌေးကြီး မြီရှောက်ချန်းရဲ့သား မြီကော်ဖျင်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်း စတဲ့ မြီမိသားစုအပါအဝင် လူ ၁၁ ဦးကို တရုတ်တရားရုံးတစ်ရုံးက စက်တင်ဘာ ၂၉ ရက်မှာ သေဒဏ်အမိန့်ချမှတ်ထားပါတယ်။
ဒီသတင်းအပြည့်အစုံနဲ့ အတူ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၄ ရက် ဘီဘီစီရဲ့ နိုင်ငံတဝန်း သတင်းများ အနှစ်ချုပ်ကို ဒီလင့်ခ် https://www.bbc.com/burmese/live/crex2dp910et ကိုနှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #မြန်မာ #တရုတ် #ကျားဖြန့် #ပယ်အိမ် #ကိုးကန့် #သေဒဏ်အမိန့်