17/08/2025
⛰️✨ မိမိကိုယ်ကို အနားယူစေဖို့ အချိန်ပေးကြရအောင်…
🌿 တခါတလေ ပင်ပန်းနေတဲ့နေ့တွေမှာ စိတ်ထွက်ပေါက်ပေးဖို့ ၊ ခဏလောက် တိတ်တဆိတ်နေဖို့ နေရာလေးတစ်ခု လိုအပ်လာတတ်တယ်…
အဲ့လိုအချိန်တိုင်းမှာ ဒီလို တောင်တန်းတွေ၊ သဘာဝရှုခင်းတွေရှိတဲ့နေရာက ခေတ္တနားခိုရာပဲ။ချင်းမိုင်ထဲကနေ အရမ်းလည်း မဝေးတဲ့ ဒီနေရာလေးကတော့ တော်တော်အေးချမ်းတယ်။
⛺tentတွေချပြီး နေတဲ့သူတွေလည်းရှိတယ် ။ သူလိုကိုယ်လို လာပြီးပြန်သွားသူတွေလည်းရှိတယ် ။ နေမဝင်ခင် အချိန်မျိုးသွားနိုင်ရင် ပိုလှလောက်တယ် ။
ဝင်ကြေးကတော့ တစ်ယောက်ကို ၂၀ ဘတ် ရှိတယ်။မုန့်တွေ၊အချိုရည်တွေ၊သင်္ဘောသီးထောင်းရောင်းတဲ့ ဆိုင်သေးသေးလေးလည်းရှိတယ်။
Location လေးပေးထားမယ်နော်
https://maps.app.goo.gl/oCKt3X8wdnwDSWcv9?g_st=ipc