29/07/2025
ထိုင်းနိုင်ငံသားမှ မြန်မာလုပ်သားအား ထိုးကြိတ်
အနိုင်ကျင့်သော အမှု ထိုးကြိတ်သူမှ ဝန်ချတောင်း
ပန် လျော်ကြေး ဘတ်ငါးသောင်းပေး သူမှားယွင်း
ကြောင်းလည်း အွန်လိုင်းပေါ် Video ဖြင့် သုံးရက်
တိတိ တောင်းပန်သွားမည်
= = = = = = = = = = = = = = = = = = = = = =
ထိုင်းနိုင်ငံ ပထုန်ဌာနီရှိ ပထုံဆေးရုံအနီးတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသားအပေါ် အနိုင်ကျင့်ခဲ့သည့်အတွက် 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)မှ နစ်နာသူအမျိုးသား၏ သူဌေးနှင့်ပူပေါင်း၍ ရှေ့နေဖြင့် သက်ဆိုင်ရာနယ်မြေခံရဲစခန်းတွင် ယနေ့ဇူလိုင်လ၂၉ ရက်နေ့တွင် စတင်အမှုဖွင့်တိုင်ကြားခဲ့သည်။
ထိုင်းအာဏာပိုင်များမှ ထိုးကြိတ်သူအား
ချက်ချင်း ရဲစခန်းသို့ ဆင့်ခေါ် ခဲ့ရာ
ကျူးလွန်သူထိုင်းအမျိုးသားဘက်မှလည်း နယ်မြေခံရဲစခန်း၌ ရဲအရာရှိများ၊ရှေ့နေ နှင့်
𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ဝင်များ ရှေ့မှောက်တွင် ဝန်ခံခဲ့ပြီး နစ်နာသူမြန်မာအမျိုးသားအား ဝန်ချတောင်းပန်ကာ လျော်ကြေးအဖြစ် ထိုင်းဘတ်ငွေ(၅)သောင်းအား ပေးဆောင်စေသည့်အပြင် ထပ်မံ၍ မည့်သည့်ပြဿနာမျှ ထပ်မရှာတော့ပါရန် လက်မှတ်ရေးထိုးစေခဲ့သည်။
နစ်နာသူအားလည်း ကျူးလွန်သူထိုင်းအမျိုးသားမှ onlineမှ တစ်ဆင့် Video ရုပ်သံဖြင့် သုံးရက်
တိတိ ပြန်လည်တောင်းပန်သွားမည်ဖြစ်ကြောင်း
Video ဖိုင်ကိုလည်း ရှေ့နေလက်ထဲ အရောက်
ပေးပို့သွားဖြစ်ကြောင်း ဝန်ခံကတိပြုလက်မှတ်
ရေးထိုးခဲ့ပါသည်။
ယခုအမှုဖြစ်စဉ်တွင်လည်း MHAC မဟာမိတ်
အဖွဲ့အနေဖြင့် ထိုင်းဥပဒေပါအတိုင်း ကျူးလွန်
သူအား ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံစေသည်
အထိ ရှေ့နေနဲ့အတူ ဆောင်ရွက်ပေးနိုင်ပေမဲ့
ကာယကံရှင်ကိုသားညီ မှ သူရဲ့ ၈ လအရွယ်
သမီးလေး ယခုရက်ပိုင်း နှလုံးခွဲစိတ်ရမှာ
ဖြစ်တာက တစ်ကြောင်း ကျူးလွန်သူသည်
ဌင်းနေထိုင်သော နယ်မြေတွင် လူအုပ်စုဖြင့်
အင်အားကြီးသူ ဖြစ်တာက တစ်ကြောင်း
မှားယွင်းပါကြောင်း ဝန်ချတောင်းပန်ခဲ့
သဖြင့် ယခုလောက်ဖြင့် အမှုကိုအဆုံးသတ်
ခဲ့ရပါသည်။
သို့ပေမဲ့ မြန်မာနိုင်ငံသားတစ်ဦး အပေါ် ယခု
လို ဥပဒေမဲ့အနိုင်ကျင့်ခဲ့ရင် ယခုလို ဥပဒေဖြင့်
ပြန်ကိုင်ပြီး ကာကွယ်ရပ်တည်ပေးသည့် အဖွဲ့
အစည်းတွေ ရှိပါလား ဆိုတာ ပြသနိုင်ခဲ့ပါသည်။
𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)မှလည်း နစ်နာသူမြန်မာအမျိုးသားအပေါ် အမှုပြီးဆုံးသည်အထိ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး ကျူးလွန်သူ မှ
တောင်းပန်သော ရုပ်သံ Video တင် မတင်
စောင့်ကြည့်သွားပါမည်။
ပုံ- ရဲစခန်းတွင် ဝန်ချတောင်းပန်ခဲ့သော ကျူး
လွန်သူထိုင်းနိုင်ငံသား၊နစ်နာသူနှင့်အမျိုးများ၊
MHAC အဖွဲ့သားများ၊အမ်ယူဂျီအစိုးရအလုပ်
သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတို့အား တွေ့ရစဉ်
#ထိုင်းရောက်မြန်မာ