𝚃𝚁𝙰𝚄𝙼𝙰

  • Home
  • 𝚃𝚁𝙰𝚄𝙼𝙰

𝚃𝚁𝙰𝚄𝙼𝙰 တစ်ဖြေးဖြေးနဲ့ဝေးကြရမှာပဲ !!

10/04/2025

'နွေ' တဲ့ စိတ်ပျက်စရာပဲ ပူတယ်
လူတစ်ယောက်နဲ့ လွဲတယ်
ပြီးတော့ လူပါရူးသွားတယ်...။

-နီယွန်

10/04/2025

ငါ့ကိုယ်ငါ
ကောင်းမွန်စွာ တည်ဆောက်နေခြင်းဟာ
မင်းကို
မြတ်နိုးခြင်းတမျိုးပါ ။

-မြကျေး

10/04/2025

ဝတ်ကျေတန်းကျေ
ဆက်ဆံရေးတွေကို
အဆုံးသတ်ပစ်လိုက်တဲ့အခါ
နှလုံးသားကအေးချမ်းလာတယ်။

09/04/2025

သစ်ရွက်တွေ ကြွေရင် အသံမထွက်ဘူး။
ပြီးတော့ တမြည့်မြည့်နဲ့ ခြောက်သွေ့
ဆွေးရိပစ်လိုက်ကြတာတွေလေ။
စိမ်းစိုတုန်းကလည်း ငြိမ်ငြိမ်သက်သက်ပဲ။
ဆွေးမြည့်သွားတော့လည်း ငြိမ်ငြိမ်သက်သက်ပဲ။
ဘယ်လောက်အားကျစရာ ကောင်းသလဲ၊
အဲဒါကြောင့် ထိခိုက်လေ
သစ်ရွက်နုတွေကို ကြည့်လေပဲ။

-မြကျေး

09/04/2025

အရင်တုန်းက မိတ်ဆွေတွေဟာ
အခုသူစိမ်းတွေ ဖြစ်နေပါပြီ
အရင်တုန်းက သူစိမ်းတွေဟာလည်း
အခု မိတ်ဆွေတွေ ဖြစ်နေပါပြီ

-ဘုန်းခေ

09/04/2025

ဘယ်မှာနေနေ
သေဘေးက မလွတ်ပါဘူး…။
နေရေးကလည်း
သူလိုကိုယ်လိုပါပဲ။ ။

-မောင်လှမျိုး (ချင်းချောင်းခြံ)

08/04/2025

ပင်ပန်းတယ် မဟုတ်လား
ထုတ်မပြောချင်တာတွေလည်း ရှိတယ်မဟုတ်လား
ငိုလို့မရလို့ ရယ်လိုက်ရတဲ့ ဟာသတွေလည်း
များပြီးမဟုတ်လား ။
အဆင်ပြေရဲ့လားမေးတိုင်း ဒီလိုပါပဲလို့ ဖြေတတ်ခဲ့တာ
ဘယ်အချိန်လောက်ကတည်းကဆိုတာ
မမှတ်မိတော့ဘူး မဟုတ်လား ။

-မြကျေး

08/04/2025

တခါတလေ
အကောင်းဆုံးဆီကိုရောက်ဖို့
အဆိုးဆုံးကို ကျော်ဖြတ်ရတာရှိတယ်

-ဘုန်းခေ

08/04/2025

တစ်စုံတစ်ယောက်ကိုမေ့ပစ်နိုင်ဖို့
ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ်
ကြိုးစားနေကြတဲ့သူတွေဆိုတာ
လက်ညှိုးထိုးမလွဲအောင်ကို ရှိနေတယ်...။
ဝမ်းနည်းစရာပါပဲ...။
အများစုဟာ မအောင်မြင်နိုင်ခဲ့ကြဘူး...။

-မိုးနေ့

07/04/2025

ကျွန်တော်လေ
ကိုယ်မတတ်နိုင်တာ သေချာပြီဆိုရင်
ဝမ်းမနည်းတော့ဘူး
စိတ်မကောင်းလည်း မဖြစ်တော့ဘူး။

-မြကျေး

07/04/2025

ကိုယ်ကျရှုံးသွားရင်
ကြိတ်​ပျော်​နေသူ​​တွေက
ဘာလို့ ကိုယ့်​ဘေးကလူ​​တွေ ဖြစ်​​နေရတာလဲ

-ဘုန်းခေ

07/04/2025

အဝေးကကြည့်တယ်
စိတ်နဲ့ အနားတိုးနမ်းမယ် ..
ကိုယ်မြတ်နိုးတဲ့ "ပန်း"ပဲ
ရိုးရိုးလေး "လွမ်း"ရရင်ပြည့်စုံတယ်....

-မောင်လှမျိုး (ချင်းချောင်းခြံ)

Address


Telephone

+959781471603

Website

Alerts

Be the first to know and let us send you an email when 𝚃𝚁𝙰𝚄𝙼𝙰 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝚃𝚁𝙰𝚄𝙼𝙰:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share