08/09/2026
မိတ္ထီလာတွင် အငှားယာဉ်မောင်းအား သေနတ်ဖြင့် ပစ်သ-တ်၍ ကားလုယူသွားသည့် လူကုန်တား ဒုရဲအုပ်ကို နေပြည်တော်၌ ဖမ်းဆီးရမိ 🇲🇲
နေပြည်တော်မှ မိတ္ထီလာသို့ ငှားရမ်းစီးနင်းလာသည့် အငှားယာဉ်မောင်း ကိုဝင်းကိုအား သေနတ်ဖြင့် ပစ်သ-တ်ကာ မော်တော်ယာဉ် လုယူထွက်ပြေးသွားသည့် လူကုန်ကူးမှု နှိမ်နင်းရေးတပ်ဖွဲ့မှ ဒုရဲအုပ် ရဲရင့်အောင် ဆိုသူကို စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဘောဂသီရိအဝိုင်းအနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၆ ရက် ညနေပိုင်းတွင် ပြစ်မှုကျူးလွန်သူ ဒုရဲအုပ်သည် မိတ္ထီလာမြို့အဝင် ကန်ကြီးကုန်းကျေးရွာအနီး၌ ယာဉ်မောင်းအား ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်သတ်ကာ ကားကို လုယူခဲ့ခြင်းဖြစ်ပြီး၊ စစ်ဆေးရေးဂိတ်များ တင်းကြပ်နေသဖြင့် ကားကို စွန့်ပစ်ထားခဲ့ကာ နေပြည်တော်သို့ ပြန်လည်ဝင်ရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ လတ်တလောတွင် ပြစ်မှုကျူးလွန်သူ ဒုရဲအုပ်အား မိတ္ထီလာမြို့မရဲစခန်း၌ (ပ) ၁၄၉/၂၀၂၆၊ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
#ရွှေသစ်သတင်း