မြောက်ခင်ရန်း ထောက်ပို့

  • Home
  • မြောက်ခင်ရန်း ထောက်ပို့

မြောက်ခင်ရန်း ထောက်ပို့ နွေဦးတော်လှန်ရေး ပြည်ပရောက် ယောထောက်ပို့အဖွဲ့

စစ်ရှောင်စခန်း တစ်ခုမှကျောင်းဆရာ /မ များအား လစဉ်အသုံးစရိတ်အဖြစ် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်ဗျ အားလုံးရဲ့ စုပေါင်းပါဝင်မူတစ်...
25/08/2025

စစ်ရှောင်စခန်း တစ်ခုမှကျောင်းဆရာ /မ များအား လစဉ်အသုံးစရိတ်အဖြစ် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်ဗျ အားလုံးရဲ့ စုပေါင်းပါဝင်မူတစ်ခုဖြစ်လို့ ကျေးဇူးတင်ပါတယ်ဗျ

#မခရထောက်ပို့

19 July မမေ့နိုင်ဆိုတဲ့အတိုင်းကျွန်တော်တို့ရင်ထဲမှာ ယခုထိတိုင်မေ့မရပါဘူး😢 #မခရထောက်ပို့ #နွေဦးတော်လှန်ရေး #ဂန့်ဂေါမြောက်...
19/07/2025

19 July မမေ့နိုင်ဆိုတဲ့အတိုင်း
ကျွန်တော်တို့ရင်ထဲမှာ ယခုထိတိုင်မေ့မရပါဘူး😢

#မခရထောက်ပို့
#နွေဦးတော်လှန်ရေး
#ဂန့်ဂေါမြောက်ပိုင်းစစ်ဘေးရှောင်
#မြောက်ခင်ရန်းထောက်ပို့
#အာဇာနည်နေ့

ကျွန်တော်တို့ဂန့်ဂေါမြောက်ပိုင်းစစ်ရှောင်စခန်းများသို့ ဆန်အိတ်၂၅တင်း လှူဒါန်းပေးပါသော Save For Yaw အဖွဲ့အား စစ်ရှောင်မိဘ...
11/07/2025

ကျွန်တော်တို့ဂန့်ဂေါမြောက်ပိုင်းစစ်ရှောင်စခန်းများသို့ ဆန်အိတ်၂၅တင်း လှူဒါန်းပေးပါသော Save For Yaw အဖွဲ့အား စစ်ရှောင်မိဘပြည်သူများကိုယ်စား မခရထောက်ပို့အဖွဲ့မှအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။
နောက်နောင်များတွင်လည်း ဂန့်ဂေါမြောက်ပိုင်းစစ်ရှောင်စခန်းများတွင်လိုအပ်လျှက်ရှိသော ပညာရေး၊ကျန်းမာရေးအစရှိသောလိုအပ်ချက်အသီးသီးတို့အား ပါဝင်အား‌ဖြည့်ကူညီပေးပါရန် တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။



#ဂန့်ဂေါမြောက်ပိုင်းစစ်ဘေးရှောင်
#မခရထောက်ပို့
#နွေဦးတော်လှန်ရေး

အားလုံးပဲ မင်္ဂလာနေ့ရက်အခါတော်နေ့လေးပါဗျ။ဒီနေ့ဟာဝါဆိုလပြည့် ဗုဒ္ဓဘာသာဝင်များအတွက်အထွဋ်အမြတ်ထားရာ အခါတော်နေ့တစ်နေ့ဖြစ်ပါတ...
09/07/2025

အားလုံးပဲ မင်္ဂလာနေ့ရက်အခါတော်နေ့လေးပါဗျ။
ဒီနေ့ဟာဝါဆိုလပြည့် ဗုဒ္ဓဘာသာဝင်များအတွက်အထွဋ်အမြတ်ထားရာ အခါတော်နေ့တစ်နေ့ဖြစ်ပါတယ်။

စစ်အာဏာရှင်လူတစ်စုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ စစ်ဘေးရှောင်မိဘပြည်သူများရဲ့ဒုက္ခတွေကြားထဲမှာ ဓမ္မစကြာအခါတော်နေ့လိုနေ့ထူးနေ့မြတ်တွေမှာ ဘာသာရေးပွဲမကျင်းပနိုင်ခဲ့တာ ၄နှစ်တာကျော်လို့ ၅နှစ်တာကာလသို့ရောက်ရှိလာခဲ့ပါပြီဗျ။
မျိုးဆက်သစ်လူငယ်များရဲ့ဘာသာပွဲတော်တွေနဲ့ဝေးကွာလာရမှုကြာင့် ဘာသာရေးအသိများပျောက်ကွယ်မသွားကြရစေရန်ရည်ရွယ်၍ ဝါဆိုလပြည့်နေ့၊ဓမ္မစကြာအခါတော်နေ့ အကြောင်းအားဖော်ပြလိုက်ရပါတယ်ခင်ဗျာ။
🙏🙏🙏

"ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လဲဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လဲ ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လဲ ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လဲ ဖြစ်သည်။ ဧဟိဘိက္ခူ ဟူသော စကားကို စတင်ကြားရသော နေ့လဲ ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။

ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ပြီး နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သော ကြောင့်တည်း။

ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီး နောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ ခေတ်အဆက်ဆက်နိုင်ငံအစိုးရတို့က သတ်မှတ်ထားခဲ့ကြသည်။
ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို ဝါကပ်မှုများကိုပြုကြသည်။

ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက် လပြည့်လကွယ်နေ့များတွင် သီတင်းသီလဆောက်တည်၍ သူတော်ကောင်း တရား ပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။ ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာအားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်း သံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည့်ဝေါဟာရများ ပေါ်ပေါက်လာသည်။

မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ် ၏။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။"

"ဗုဒ်ဓသာသနံ စိရံတိဌတု"

#မခရထောက်ပို့
#ဂန့်ဂေါမြောက်ပိုင်းစစ်ဘေးရှောင်

တစ်လကို စစ်ဘေးရှောင်စခန်းအတွက် လိုအပ်သောဆေးများဖြစ်ပါတယ် ပြည်ပရောက် ညီအကိုမောင်နှမများအနေနဲ့လဲ တတ်နိုင်သလောက်ပါဝင်ကူညီပေ...
29/06/2025

တစ်လကို စစ်ဘေးရှောင်စခန်းအတွက် လိုအပ်သောဆေးများဖြစ်ပါတယ် ပြည်ပရောက် ညီအကိုမောင်နှမများအနေနဲ့လဲ တတ်နိုင်သလောက်ပါဝင်ကူညီပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါအပ်ပါတယ် ခင်ဗျာ 🫡🫡



#မြောက်ခင်ရန်းထောက်ပို့
#နွေဦးတော်လှန်ရေး

26/06/2025

အားလုံကြည့်သင့်တယ်ထင်တယ် လေယာဉ်ပျံတွေလာရင် မခင်စု

ကာတွန်းသရုပ်ဖော် - ဂျပန်ကြီး

အသံ - ချစ်သုဝေ၊ သုခေတ်



Happy 80 Birthday ပါအမေစုအချုပ်အနှောင်မှအမြန်ဆုံးလွှတ်မြောက်ပြီးချစ်ရတဲ့မိသားစုနဲ့အမြန်ဆုံးပျော်ပျော်ရွှင်ရွှင်နေနိုင်ပါ...
19/06/2025

Happy 80 Birthday ပါအမေစု
အချုပ်အနှောင်မှအမြန်ဆုံးလွှတ်မြောက်ပြီး
ချစ်ရတဲ့မိသားစုနဲ့အမြန်ဆုံးပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ.........🙏🙏🙏

18/06/2025

အသက် ၈၀ ပြည့် မွေးနေ့မတိုင်မီ တရက်အလိုတွင် ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်မှတ်တမ်း ရုပ်သံ ထွက်ပေါ်လာ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ တရားခွင် မှတ်တမ်းရုပ်သံကို UK အခြေစိုက် ဂါးဒီးယန်း သတင်းဌာနက ဇွန်လ ၁၈ ရက်နေ့တွင် ဖော်ပြထားသည်။
အဆိုပါမှတ်တမ်းရုပ်သံထဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးဝင်းမြင့်နှင့် အတူတွေ့ရသည်။

အမေစုရဲ့အသက် ၈၀ပြည့်မွေးနေ့
မတိုင်မီ တစ်ရက်အလိုမှာ အခုလိုရုပ်သံထွက်‌ပေါ်လာတာဟာ သွေးရိုးသားရိုးတော့မဖြစ်နိုင်ပါဘူး။

ထွက်‌ပေါ်လာတဲ့ရုပ်သံဖိုင်အရ အမေစုနဲ့သမ္မတကြီးဦးဝင်းမြင့်တို့ရဲ့ အမှုရင်ဆိုင်နေရတဲ့တရားခွင်အချိန်ဟာ ၂၀၂၂ခုနှစ်၊၈လပိုင်း၊၂၂ရက်နေ့နဲ့ ၂၀၂၂ခုနှစ်၊၁၂လပိုင်း၊၁၂ရက်နေ့ ရက်စွဲပါ CCTV မှတ်တမ်းဖိုင်ရုပ်သံဖြစ်ပါတယ်။

အမေစုနဲ့သမ္မတကြီးစကစရဲ့ မတရားအကျဉ်းချခံထားရခြင်းမှ အမြန်ဆုံးလွှတ်မြောက်ပါစေ..........
ကျန်းကျန်းမာမာနဲ့ ဘေးအန္တရာယ်ကင်းပါစေ...........
ချစ်တဲ့သူတွေနဲ့အမြန်ဆုံးဆုံစည်းနိုင်ပါစေ...🙏🙏🙏

#အမေစုနဲ့သမ္မတကြီး
#မြောက်ခင်ရန်းထောက်ပို့
#နွေဦးတော်လှန်ရေး

အားလုံးပဲမင်္ဂလာပါဗျ🙏ကျွန်တော်တို့ မခရထောက်ပို့အဖွဲ့ရဲ့လစဉ်ဆေးဝါးစောင့်ရှောက်ကူညီနိုင်ရေးအတွက်ဒုတိယအကြိမ်မြောက်အနေဖြင့်က...
30/05/2025

အားလုံးပဲမင်္ဂလာပါဗျ🙏
ကျွန်တော်တို့ မခရထောက်ပို့အဖွဲ့ရဲ့
လစဉ်ဆေးဝါးစောင့်ရှောက်ကူညီနိုင်ရေးအတွက်
ဒုတိယအကြိမ်မြောက်အနေဖြင့်
ကျွန်တော်တို့ မြေပြင်ဆေးအဖွဲ့မှ
ဒုတိယအသုတ်ကို ဂန့်ဂေါမြောက်ပိုင်းစစ်ရှောင်စခန်းတစ်ခုအား ကျန်းမာရေးစစ်ဆေးမှုနှင့်ဆေးဝါးထောက်ပံ့မှုများအား ထပ်မံသွားရောက်ကူညီခဲ့ပါတယ်‌ဗျ။

အလှူရှင်မိဘပြည်သူများအား စစ်ရှောင်ပြည်သူများကိုယ်စား ကျွန်တော်တို့အဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ🙏🙏🙏

ကျွန်တော်တို့ဆေးအဖွဲ့လေးမှလစဉ် ကျန်းမာရေးစောင့်ရှောက်မှုများအား အစဉ်မပြတ်လုပ်ဆောင်နိုင်ရန်ကျွန်တော်တို့နဲ့အတူတူ ပါဝင်လှူဒါန်းပေးကြဖို့ထောက်ပို့မိဘပြည်သူများအားထပ်မံဖိတ်ခေါ်လိုက်ရပါတယ်ဗျ။😍😍😍

#ဂန့်ဂေါမြောက်ပိုင်းစစ်ရှောင်
#မြောက်ခင်ရန်းထောက်ပို့
#နွေဦးတော်လှန်ရေး

အားလုံး မင်္ဂလာပါဗျကျွန်တော်တို့မခရထောက်ပို့မြေပြင်ဆေးအဖွဲ့လေးမှဒုတိယအကြိမ်မြောက် ဂန့်ဂေါမြောက်ပိုင်းစစ်ရှောင်စခန်းများအ...
27/05/2025

အားလုံး မင်္ဂလာပါဗျ
ကျွန်တော်တို့မခရထောက်ပို့မြေပြင်ဆေးအဖွဲ့လေးမှ
ဒုတိယအကြိမ်မြောက် ဂန့်ဂေါမြောက်ပိုင်းစစ်ရှောင်စခန်းများအား ဆေးဝါးစောင့်ရှောက်မှုလုပ်ခဲ့ပါတယ်ဗျ။
စစ်ရှောင်စခန်းတစ်ခုနှင့်တစ်ခုဝေးကွာနေခြင်းနှင့်လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်
စစ်ရှောင်စခန်းတစ်ခုချင်းစီအား ရက်ခြားကန့်သတ်၍
ဆေးဝါးထောက်ပံ့စောင့်ရှောက်ပေးလျှက်ရှိပါတယ်ဗျ။
ပထမအသုတ် သွားရောက်ထောက်ပံ့စောင့်ရှောက်ခဲ့မှုပုံရိပ်များအားမျှဝေလိုက်ပါတယ်ဗျ
အလှူရှင်များအားလုံးကိုစစ်ရှောင်မိဘပြည်သူများကိုယ်စားကျွန်တော်တို့ မခရထောက်ပို့အဖွဲ့မှအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်မျာ။🙏🙏🙏

#ဂန့်ဂေါမြောက်ပိုင်းစစ်ရှောင်
#မြောက်ခင်ရန်းထောက်ပို့
#နွေဦးတော်လှန်ရေး

အာလုံးမင်္ဂလာပါဗျကျွန်တော်တို့ မခရထောက်ပို့အဖွဲ့မှ ဂန့်ဂေါမြောက်ပိုင်းစစ်ရှောင်စခန်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှ...
20/05/2025

အာလုံးမင်္ဂလာပါဗျ
ကျွန်တော်တို့ မခရထောက်ပို့အဖွဲ့မှ ဂန့်ဂေါမြောက်ပိုင်းစစ်ရှောင်စခန်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုများလုပ်ဆောင်နိုင်ရန် ဆေးဝါးအဖွဲ့ဖွဲ့စည်း၍အစွမ်းကုန် ကြိုးစားလျှက်ရှိပါတယ်။

ဒုတိယအကြိမ်မြောက် ဆေးဝါးဖြည့်တင်းမှု့အဖြစ်
ဆေးဝါးတန်ဖိုးငွေ ၁၉၂၆၀၅၀ကျပ်(တစ်ဆယ့်ကိုးသိန်းနှစ်သောင်းခြောက်ထောင့်ငါးဆယ်ကျပ်)တိတိကို ထပ်မံဝယ်ယူဖြည့်တင်းလိုက်ပါပြီဗျ။

အလှူရှင်အားလုံးရဲ့ အလှူငွေများကို အလေအလွှင့်မရှိစေရန် ကျွန်တော်တို့အဖွဲ့မှ အပတ်စဉ်အစည်းအဝေးလုပ်ဆောင်၍စီမံသုံးစွဲလျှက်ရှိပါတယ်။

လှူဒါန်းထောက်ပို့ပါဝင်ပေးကြသူတစ်ဦးတစ်ယောက်ချင်းအား ဂန့်ဂေါမြောက်ပိုင်းစစ်ရှောင်မိဘပြည်သူများကိုယ်စား ကျွန်တော်တို့ မခရထောက်ပို့အဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်မျာ။🙏

#ဂန့်ဂေါမြောက်ပိုင်းစစ်ရှောင်
#မခရစစ်ရှောင်
#မြောက်ခင်ရန်းထောက်ပို့
#နွေဦးတော်လှန်ရေး

ဂန့်ဂေါခရိုင်၊အမှတ်(၁)တပ်ရင်းအတွက်ကျွန်တော်တို့ မြောက်ခင်ရန်းထောက်ပို့အဖွဲ့မှမြန်မာငွေကျပ်၂၀,၀၀,၀၀၀(ကျပ်သိန်းနှစ်ဆယ်)တိတ...
29/04/2025

ဂန့်ဂေါခရိုင်၊အမှတ်(၁)တပ်ရင်းအတွက်
ကျွန်တော်တို့ မြောက်ခင်ရန်းထောက်ပို့အဖွဲ့မှ
မြန်မာငွေကျပ်၂၀,၀၀,၀၀၀(ကျပ်သိန်းနှစ်ဆယ်)တိတိအားထောက်ပို့ကူညီလှူဒါန်းခဲ့ပါတယ်ခင်မျာ။

#မြောက်ခင်ရန်းထောက်ပို့
#အမျိုးသားညီညွှတ်ရေးအစိုးရ
#ကာကွယ်ရေးဝန်ကြီးငှာန
#နွေဦးတော်လှန်ရေး

Address


Telephone

+66994941417

Website

Alerts

Be the first to know and let us send you an email when မြောက်ခင်ရန်း ထောက်ပို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မြောက်ခင်ရန်း ထောက်ပို့:

  • Want your business to be the top-listed Media Company?

Share