Rakhine News

Rakhine News သတင်း

■ ကျောက်တော် အမြောက်တပ်ရင်းမှ AA တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့သည့် စစ်ကောင်စီလက်နက်ခဲယမ်းများအား ထုတ်ပြန် ဇန်နဝါရီ ၂၁ရခိ...
21/01/2024

■ ကျောက်တော် အမြောက်တပ်ရင်းမှ AA တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့သည့် စစ်ကောင်စီလက်နက်ခဲယမ်းများအား ထုတ်ပြန်

ဇန်နဝါရီ ၂၁

ရခိုင်ပြည်၊ ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် ၃၇၇ အမြောက်တပ်ရင်းအား ရက္ခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်ရရှိကြောင်းကို ဓါတ်ပုံနှင့် တကွ ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၄ ရက်နေ့နှင့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ခမရ ၅၃၉ တပ်ရင်းအား ရက္ခိုင့်တပ်တော် AAမှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ Kasi Kwa Bank ■ Release of military council weapons and ammunition captured by AA from Kyaukta Artillery Battalion

January 21

Arakan State Today, on January 21st, a news report was released along with a photo that the Rakhine Army AA attacked and captured the 377th Artillery Battalion of the Military Council Army based in Kyauktao.

On January 14 and January 16, the Khmer 539 Battalion was completely captured by the Rakhine Army AA, and a large amount of weapons and ammunition and military equipment were seized.

AA occupied Minpi and PhongtawAccording to the ground conditions, the Rakhine Army (AA) has controlled almost all of the...
20/01/2024

AA occupied Minpi and Phongtaw

According to the ground conditions, the Rakhine Army (AA) has controlled almost all of the areas of Minpya City and Paoktaw City in Rakhine State (northern).

A local who knows the ground situation said that there is no military camp left in Phong Taw, and 3 infantry battalions (Kmara-379, 380, 541) of the Military Council Army based in Minpya may have been attacked and occupied by AA.

19/01/2024

ရောင်းသူ ဝယ်သူတွေဆိုတာ အေးလို ဖြစ်နေရမှာ

ပလက်ဝ ဒေသအတွင်း သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်တပ်စီ၏ လက်နက်ခဲယမ်းများကို AA ထုတ်ပြန် (ဓါတ်ပုံသတင်း) ဇန္နဝါရီ ၁၈ ရက္ခိုင့်တက...
18/01/2024

ပလက်ဝ ဒေသအတွင်း သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်တပ်စီ၏ လက်နက်ခဲယမ်းများကို AA ထုတ်ပြန် (ဓါတ်ပုံသတင်း)

ဇန္နဝါရီ ၁၈

ရက္ခိုင့်တက်တော် AA၏ ထိုးစစ်ဆင်တိုက်မှုကြောင့် လက်ဝဒေသအခြေစိုက် စစ်ကောင်စီ၏ ရှေ့တန်းတပ်မဌာနချုပ်ဖြစ်သော ခလရ ၂၈၉၊ စကခ ၁၉ တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း AA က ထုတ်ပြန်လိုက်သည်။

အဆိုပါ တပ်ရင်းများက သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ရက္ခိုင့်တပ်တော် AA မှ အမြောက်အမြား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ပလက်ဝဒေသရှိ စစ်ကောင်စီ တပ်စခန်းများ၊ ဗျူဟာကုန်းများ၊ ဌာနချုပ်များ နှစ်ပေါင်းများစွာ အထိုင်ချတပ်စွဲထားသော မြို့သိမ်းတိုက်ပွဲမှာ အသာတကြည်ရရှိခဲ့သော တိုက်ပွဲမဟုတ်ဟု ရက္ခိုင့်တပ်တော် AA မှ ဇန်နဝါရီလ ၁၄ ရက် ညက ထုတ်ပြန်ထားသည်။

ပလက်ဝမြို့အပါအဝင် ပလက်ဝဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA မှ အလုံးစုံ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်သော်လည်း ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများရှိနေသေး၍ ပြည်သူလူထုများ အနေဖြင့် အသွားအလာ အထူးသတိထားကြရန်နှင့် ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကို တစ်ယောက်မကျန် လိုက်လံရှင်းလင်းနေကြောင်း AA ကအသိပေးထုတ်ပြန်ထားသည်။AA released the weapons and ammunition of the military constables seized in Palatwa region (Photo News)

January 18

Due to the offensive of Rakhon Tetaw AA, Khlara 289, the frontline headquarters of the military council based in Lewa region, The AA announced that the weapons and ammunition used in the attack on the 19 Saka were seized.

It is reported that the Rakhine Army AA captured a large amount of the weapons and ammunition and military equipment seized by these battalions.

military council camps in Palewa region; strategic hills, On the night of January 14th, the Rakhine Army AA announced that the city capture battle, where headquarters have been stationed for many years, was not a battle that was easily won.

The entire Palatwa region, including Palatwa, has been completely occupied and controlled by the Rakhine Army AA, but there are still military council soldiers who are fleeing.AA ปล่อยอาวุธและกระสุนของตำรวจทหารที่ยึดได้ในเขตปาลัตวา (ข่าวภาพ)

18 มกราคม

เนื่องจากการรุกของ ราคอน เตเตา เอเอ คลารา 289 ซึ่งเป็นที่ตั้งสำนักงานใหญ่แนวหน้าของสภาทหารที่ตั้งอยู่ในเขตเลวา AA ประกาศว่าอาวุธและกระสุนที่ใช้ในการโจมตี 19 Saka ถูกยึดแล้ว

มีรายงานว่ากองทัพ AA ของกองทัพยะไข่ยึดอาวุธ กระสุน และอุปกรณ์ทางทหารจำนวนมากที่กองพันเหล่านี้ยึดได้

ค่ายทหารในภูมิภาคปาเลวา เนินเขาเชิงกลยุทธ์ ในคืนวันที่ 14 มกราคม AA ของกองทัพยะไข่ได้ประกาศว่าการรบยึดเมืองซึ่งมีสำนักงานใหญ่ประจำการมาหลายปี ไม่ใช่การรบที่ชนะได้ง่ายๆ

ภูมิภาคปาลัตวาทั้งหมด รวมถึงปาลัตวา ถูกยึดครองและควบคุมโดยกองทัพ AA ของกองทัพยะไข่ แต่ยังมีทหารสภาทหารที่หลบหนีอยู่

ပလက်ဝဒေသအတွင်းမှာ အသွားအလာသတိပြုဖို့ AA သတိပေး -  ဇန်နဝါရီ ၁၅/ ၂၀၂၄ပလက်ဝဒေသအတွင်းမှာ ကစဉ့်ကလျားထွက်ပြေးနေကြတဲ့ စစ်ကောင်စ...
15/01/2024

ပလက်ဝဒေသအတွင်းမှာ အသွားအလာသတိပြုဖို့ AA သတိပေး

- ဇန်နဝါရီ ၁၅/ ၂၀၂၄

ပလက်ဝဒေသအတွင်းမှာ ကစဉ့်ကလျားထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်သားတွေ ရှိနေသေးတဲ့အတွက် ပြည်သူတွေအနေနဲ့ အသွားအလာတွေကို သတိပြုကြဖို့ ကို ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။

ပလက်ဝဒေသတစ်ခုလုံးကို AA က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်လိုက်ပေမဲ့လည်း ကစဉ့်ကလျား ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သား‌တွေရှိနေသေးတဲ့အတွက် သတိထားကြဖို့ ပြည်သူလူတွေကို အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။

ပလက်ဝဒေသက စစ်ကောင်စီတပ်စခန်း၊ တပ်ရင်းတွေ တစ်ခုမကျန် သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမဲ့လည်း စစ်ကောင်စီတပ်သားအချို့မှာ တစ်ယောက်ချင်း ဒါမှမဟုတ် အုပ်စုငယ်‌လိုက် ထွက်ပြေးလွတ်မြောက်နေတယ်လို့ AA က ဆိုပါတယ်။

ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေမှာ လက်နက်ပါတဲ့တပ်သားနဲ့ လက်နက်မပါတဲ့တပ်သားတွေရှိနေသေးတဲ့အတွက် ရက္ခိုင့်တပ်တော် AA က လိုက်လံရှင်းလင်းနေသလို ပလက်ဝဒေသက ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကိုလည်း အပြည့်အဝ ကာကွယ်သွားမယ်လို့ ဆိုပါတယ်။

ပလက်ဝဒေသက စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့စပြီး AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ နှစ်လပြည့်တဲ့နေ့မှာ ပလက်ဝဒေသတစ်ခုလုံးကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

■ တိုက်ပွဲ ပြင်းထန်နေသည့် မင်းပြားတွင် မြို့ပေါ်ရပ်ကွက် အချို့ မီးလောင်နေ ဇန်နဝါရီ ၁၁ ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတ...
11/01/2024

■ တိုက်ပွဲ ပြင်းထန်နေသည့် မင်းပြားတွင် မြို့ပေါ်ရပ်ကွက် အချို့ မီးလောင်နေ
ဇန်နဝါရီ ၁၁

ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ လတ်တလောတိုက်ပွဲများ ပြင်းထန်နေသည့် မင်းပြားမြို့တွင် ယနေ့ ဇန်နဝါရီ ၁၁ ရက်ညနေပိုင်းအချိန်တွင် မင်းပြားမြို့ပေါ်ရပ်ကွက်မှ နေအိမ်တစ်ချို့မီးလောင်ကျွမ်းသည်ကို မြင်တွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ညနေပိုင်း ၃ နာရီဝန်းကျင်ခန့်မှစ၍ မင်းပြားမြို့ ပြည်တော်လှနှင့် မင်းဘာကြီးရပ်ကွက်ဖက်တို့တွင် မီးလောက်ကျွမ်းမှု ရှိနေခြင်းဖြစ်ပြီး လောင်ကျွမ်းနေသည့် ဧရိယာမှာကျယ်ပြန့်လာလျှက်ရှိသည်ဟု မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

"မီးလောင်နေတာတွေ့နေရတယ်။ ပြည်တော်လှနန့် မင်းဘာကြီးရပ်ကွက်ဖက်က စလောင်တာ။ တစ်စတစ်စနဲ့ မီးခိုးတွေအများကြီးထွက်လာတယ်။ မီးခိုးထွက်တဲ့နေရာပိုကျယ်လာတယ်" ဟုပြောသည်။

လက်ရှိ မင်းပြားမှ နေအိမ်အချို့ မီးလောင်ကျွမ်းနေမှုမှာ စစ်ကောင်စီနေဗီမှ မင်းပြားမြို့ပေါ်သို့လက်နက်ကြီးများဖြင့်ပစ်ခတ်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

မင်းပြားတွင် လက်ရှိ မီးလောင်ကျွမ်းမှုမရှိမီ ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်က စစ်တွေဖက်မှတက်လာသည့် စစ်ကောင်စီတပ်၏ နေဗီ ၂ စီးကို ရက္ခိုင့်တပ်တော်ဖက်မှ ဝင်ရောက်တိုက်ခိုက်ရာမှ ခေါင်းလောင်းချောင်းကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းမှတစ်ဆင့် ကြပ်စင်တံတားအနီးတွင်လည်း နှစ်ဖက်တပ်များတိုက်ပွဲအပြင်းထန်ဖြစ်ပွားမှုရှိခဲ့ကြပြီး စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးအပါအဝင် လေယာဉ်တို့ဖြင့် ပစ်ကူ ပေးမှုရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

မင်းပြားမြို့တွင် ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း မင်းပြားရှိ စစ်ကောင်စီတပ်ရင်းများကို ရက္ခိုင့်တပ်တော်မှ ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်းမှုရှိခဲ့ပြီး စစ်ကောင်စီဖက်မှ လေကြောင်း အသုံးပြု၍ မြို့ပေါ်သို့ ဗုံးကြဲချလာမှုကြောင့် မြို့မဈေးကြီး မီးလောင်ကျွမ်းခဲ့ကာ လူတစ်ချို့သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြို့ခံအားလုံးနီးပါးမှာလည်း မြို့မှ တိမ်းရှောင်ခဲ့ကြရသည်။

ယနေ့ ဇန်နဝါရီ ၁၁ ရက်တွင် မင်းပြားအပြင် ပေါက်တော တောင်ဖူးကျေးရွာမှာလည်း မီးလောင်ကျွမ်းမှုရှိခဲ့ပြီး အဆိုပါ ကျေးရွာကိုလည်း စစ်ကောင်စီ၏ စစ်ရေယာဉ်မှ ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

လတ်တလော စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့မှာ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ကျောက်တော်ဘက်တို့တွင် တိုက်ပွဲများဖြစ်ပွားလျှက်ရှိနေပြီး နှစ်ဖက်တိုက်ပွဲများ ဆက်လက် ပြင်းထန်လျှက်ရှိနေသည်။

■ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ တတိယအကြိမ်တွေ့ဆုံပွဲတွင် MNDAA ကို လက်နက်ချခိုင်းဇန်နဝါရီ ၁၁ အာဏာသိမ်းစစ်ကောင်စီနှင...
11/01/2024

■ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ တတိယအကြိမ်တွေ့ဆုံပွဲတွင် MNDAA ကို လက်နက်ချခိုင်း

ဇန်နဝါရီ ၁၁

အာဏာသိမ်းစစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ တစ်လအတွင်း သုံးကြိမ်တွေ့ဆုံခဲ့ပြီး ယခုတတိယအကြိမ် တွေ့ဆုံပွဲတွင် ကိုးကန့်တပ် MNDAA ကို စစ်ကောင်စီက လက်နက်ချခိုင်းခဲ့ကြောင်း သိရသည်။

MNDAA ကို ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ အထူး ၁ ထူထောင်ခွင့်ပေးမည်ဖြစ်ပြီး သို့သော်လည်း MNDAA အနေဖြင့် လက်နက်ချရမည်ဟု စစ်ကောင်စီက တွေ့ဆုံမှုတွင် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းမှုဖြင့် တတိယအကြိမ် တွေ့ဆုံခဲ့ကြကြောင်း ရှမ်းပြည် သတင်းများက ဖော်ပြသည်။

စစ်ကောင်စီသတင်းရင်းမြစ်များနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ သတင်းရင်းမြစ်များအား ကိုးကား၍ Shan News ကဆိုသည်။

"စစ်ကောင်စီက ကိုးကန်ဒေသ အထူး ၁ ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် ကိုးကန်တပ်ဖွဲ့တွေကို လက်နက်ချခိုင်းတာပေါ့။ ပြီးတော့ စစ်တပ်အောက်မှာပဲ နေခိုင်းတာပေါ့။ အဲကြောင့် ဆွေးနွေးမှုက ပျက်သွားတာ။ ဒါကိုလည်း MNDAA အနေနဲ့ တင်းမာထားတာပေါ့" ဟု ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များကို အပြင်းအထန်တိုက်ထုတ်ပြီး ကိုးကန့်ဒေသ (လောက်ကိုင်) တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ထားသည့် MNDAA အနေဖြင့် စစ်ကောင်စီထံ လက်နက်ချရန် လုံးဝမဖြစ်နိုင်ခြင်းကြောင့် တွေ့ဆုံဆွေးနွေးမှု ရလဒ်ကောင်းများ မထွက်သေးခြင်းဖြစ်သည်။

ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ တရုတ်အစိုးရကြားဝင်မှုဖြင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး MNDAA နှင့် စစ်ကောင်စီတို့ ရက်သတ္တပတ်ကြာ ယာယီအပစ်အခတ် ရပ်စဲခဲ့ကြသည်။

ဆက်လက်ပြီး ဒီဇင်ဘာ ၂၂ ရက်ကနေ ၂၄ ရက်နေ့အထိ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ ဒုတိယအကြိမ် တွေ့ဆုံခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရှိန်လျှော့ရေးနှင့် လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်များကို အလေးထား ဆွေးနွေးခဲ့ကြသည်။

ဒုတိယအကြိမ် တွေ့ဆုံမှုနောက်တွင် လောက်ကိုင်မြို့ရှိ စစ်ကောင်စီ၏ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) တစ်ခုလုံး MNDAA ထံ လက်နက်ချခဲ့ကာ အရာရှိများအပါအဝင် တပ်သားများနှင့် တပ်မိသားစုဝင် စုစုပေါင်း ၃၇၀၀ ကျော် လောက်ကိုင်မြို့မှ စွန့်ခွာသွားခဲ့ရသည်။

လက်ရှိတွင် ကိုးကန့်ဒေသတစ်ခုလုံးကို MNDAA က အလုံးစုံ သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်းနှင့် MNDAA က ကိုးကန့်ဒေသအား ပြန်လည်ထူထောင်ရေး စတင်တော့မည်ဟု အသိပေး ကြေညာထားသည်။

တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှု အောင်မြင်မှုမရရှိခြင်းနှင့်အတူ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် တိုက်ပွဲများ တစ်ရက်ထက်တစ်ရက် ပိုပြင်းထန်လာနေသည်။

လားရှိုးမြို့ပေါ်သို့ တိုက်ပွဲများရောက်ရှိလာမည်ကို စိုးရိမ်၍ မြို့ပေါ်ဒေသခံများမှာ နေ့စဉ်နှင့်အမျှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

လားရှိုးမြို့ဒေသခံတစ်ဦးက "လားရှိုးမြို့မှာတော့ အခုတော့ အကုန်ထွက်ပြေးသွားနေကြပြီ။ တစ်ရက်ကို ကားအစီ၁၀၀ ကျော်လောက်က ထွက်ပြေးတိမ်းရှောင်နေကြပြီ။ ပြောချင်တာကတော့ အသက်ကြီးတဲ့သူတွေ ၊ ကျန်းမာရေးမကောင်းတဲ့သူတွေလည်း ထွက်ပြေးတိမ်းရှောင်ထားသင့်နေပြီပေါ့။ သတင်းတွေကိုလည်း နားစွန့်နားထောင်နေရတယ်။ အခုဆွေးနွေးမှုရလဒ်နဲ့တော့ လားရှိုးအထိတိုက်ပွဲရောက်လာနိုင်တယ်" ဟု သျှမ်းသတင်းက ဖော်ပြထားသည်။

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ တိုက်ပွဲများမှာ စစ်ဘေးရှောင် ၃၀၀၀ နီးပါးရှိသည့် လားရှိုးမြို့နှင့် မန္တလေးအထိ တိုက်ပွဲများပြန့်ကြဲသွားနိုင်ကြောင်း ရှမ်းနိုင်ငံရေးသမားများက သုံးသပ်ထားကြသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရှိန်များ ဆက်လက်မြင့်တက်ကာ ပြည်သူလူထုများလိုလားသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သွားမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်တိုင်းတွင် ပြောဆိုထားသည်။

Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၆) ရက်မြောက်နေ့တိုက်ပွဲသတင်းများ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင...
11/01/2024

Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၆) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည့် ရက္ခိုင်ပြည် တိုက်ပွဲ သတင်း

(၃) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ နံနက် (၄) နာရီခွဲအချိန်ခန့်၌ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကန်စောက် အခြေစိုက် စစ်ကောင်စီ၏ “အမြောက်တပ် (၃၇၇) တပ်ရင်း” မှ အရပ်သားပြည်သူများနေထိုင်ရာ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအား ဦးတည်ပစ်မှတ်ထား၍ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။ ထိုသို့ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များထဲမှ တစ်လုံးသည် အပေါက်ဝကျေးရွာ၊ ပေါ်တော်မူရပ်ကွက်မှ နေအိမ်တစ်ဆောင်တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် (၃၅) နှစ်အရွယ်နှင့် အသက် (၆၅) နှစ်အရွယ်ရှိ ဒေသခံအမျိုးသား (၂) ဦး သေဆုံးခဲ့ရသည်။

(၄) ရက္ခိုင်ပြည်သူလူထုအား လက်နက်ကြီး လက်နက်ငယ်များဖြင့် နေ့စဉ်နှင့်အမျှ ရမ်းကားပစ်ခတ်ပြီး စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ်ကျူးလွန်နေသော စစ်ကောင်စီ၏ ရက္ခိုင်ပြည်၊ မင်းပြားမြို့အခြေစိုက် တပ်ရင်းများဖြစ်သော ခမရ (၃၇၉) ၊ ခမရ (၃၈၀) နှင့် ခမရ (၅၄၁) တို့အား ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ နံနက် (၆) နာရီအချိန်ခန့် မှစ၍ ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ရန်သူ့ဘက်မှလည်း လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန်ခုခံလျက်ရှိသည်။ တိုက်ပွဲအတွင်း အကျအဆုံးများနှင့် အထိနာလျက်ရှိသော ရန်သူသည် မင်းပြားမြို့နှင့် အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယနေ့တစ်ရက်တည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဖားပြိုကျေးရွာမှ ဒေသခံအမျိုးသား (၁) ဦး သေဆုံးခဲ့ပြီး ဆရာတော် (၁) ပါး အပါအဝင် အပြစ်မဲ့ဒေသခံ (၅) ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ အလားတူပင် မင်းပြားမြို့၊ ဖလောင်းပြင်ကျေးရွာမှ နေအိမ် (၁) လုံးပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် မီးလောင်ပြာကျခဲ့ရသည်။

တစ်ဆက်တည်းမှာပင် နေ့လယ်ပိုင်းကလည်း ရန်သူ့ဂျက်ဖိုက်တာမှ မင်းပြားမြို့အား လူမဆန်စွာ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ မင်းပြားမြို့မဈေးကြီး မီးလောင်ခဲ့ရပြန်သည်။ ယနေ့တစ်နေ့လုံးတွင် မင်းပြားမြို့ ၌ စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားရာနေရာအပြင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်ရာ နေရာများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

(၅) ရက္ခိုင်ပြည်၊ မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်းမှ ယနေ့၊ နံနက် (၁၁) နာရီခွဲအချိန်၌ ရက္ခိုင်ရှေးဟောင်းနန်းမြို့တော် မြောက်ဦးမြို့အား လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြန်သည်။ ထိုသို့ပစ်ခတ်ရာတွင် စစ်ကောင်စီသည် မြောက်ဦးယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ် (World Heritage) စာရင်းဝင်ရန် အဆိုပြုထားသည်ကို သိပါလျက် ရက္ခိုင်လူမျိုးတို့၏ အသည်းနှလုံးဟုတင်စားကြသည့် မြောက်ဦးနန်းတော်ရာကုန်းကို လက်နက်ကြီးဖြင့် (၆) ကြိမ်တိုင်တိုင် တမင်တကာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤသည်မှာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကိုကျူးလွန်ခြင်းပင်ဖြစ်သည်။

ယင်းအပြင် ခမရ (၅၄၀) တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တချို့သည် မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်သို့ လည်း ကျရောက်ပေါက်ကွဲခဲ့ရာ ရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံအမျိုးသား (၁) ဦးမှာလည်း ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြန်သည်။ ညနေ (၄) နာရီအချိန်တွင်လည်း စစ်ကောင်စီ၏ မြောက်ဦးအခြေစိုက် “ခမရ (၃၇၇) တပ်ရင်း” မှ မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးဖြင့် တမင်တကာ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မြောက်ဦးမြို့၊ ဝါဈီးရပ်ကွက်၊ ဝါဈီးတံတားအနားရှိ လူနေအိမ် (၂) ဆောင်မှာ မီးဟုန်းဟုန်း တောက်လောင်ကာ ပြာကျခဲ့ရသည်။

(၆) ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ ထိပ်ဖူးတောင်ပေါ်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီ၏ “တပ်မ (၂၂)” လက်အောက်ခံ “ခမရ (၂၀၉) တပ်ရင်း” မှ တပ်ဖွဲ့ဝင်များသည် တောင်အနီးတစ်ဝိုက်နှင့် ပတ်ပတ်လည်၌ မိုင်းထောင်ထား မှုကြောင့် စားဝတ်နေရေးအတွက် ထင်းသွားခွေသည့် ဖုံညိုလိပ်ကျေးရွာမှ အသက် (၂၅) နှစ်အရွယ် မွတ်ဆလင်အမျိုးသား (၁) ဦးသည် မိုင်းနင်းမိခဲ့ရာမှ ညာဘက်ခြေထောက်ပြတ်ထွက်သွားခဲ့ရပြီး ဘယ်ဘက်ခြေ‌ထောက်၌ပါ ဒဏ်ရာအပြင်း အထန်ရရှိခဲ့သည်။

(၇) ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီ၏ “ဗျူဟာကုန်း” နှင့် “တပ်မ (၂၂)” တို့မှ ပူးပေါင်းတပ်ဖွဲ့ဝင် များသည် ယနေ့၊ နံနက် (၄) နာရီအချိန်ခန့်က ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာအတွင်းဝင်ရောက်လာပြီး အပြစ်မဲ့ ဒေသခံအမျိုးသား (၄) ဦးအား အင်အားသုံး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

(၈) ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့အား ယမန်နေ့၊ ညနေပိုင်းက စစ်ကောင်စီဘက်မှ လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် တုန်ချိန်ရပ်ကွက်အတွင်းရှိ ပြည်သူလူထုပိုင်အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

မိမိတို့၏ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

10/01/2024

10..1..24..နေ့ မင်းပြားဈေးကို အမလ ခွေခွေးမျးလေယဉ်မှပိုက်ခတ်၍ မီးလောင်မှု မြင်းကွင်း မှတ်တမ်းများ

ကျောက်ဖြူတွင် စစ်ကောင်စီ စခန်းကုန်းသစ်တစ်ခု တိုးချဲ့တည်ဆောက်ဇန်နဝါရီ ၈ တရုတ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ရှိ...
09/01/2024

ကျောက်ဖြူတွင် စစ်ကောင်စီ စခန်းကုန်းသစ်တစ်ခု တိုးချဲ့တည်ဆောက်

ဇန်နဝါရီ ၈

တရုတ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ရှိရာ ကျောက်ဖြူမြို့နယ်ရှိ အောင်စေတီကျေးရွာအနီး တောင်ရှည်တောင် တောရကျောင်းအနီးတွင် စစ်ကောင်စီက စခန်းကုန်းအသစ်တစ်ခု တိုးချဲ့နေကြောင်း သိရသည်။

ယနေ့ နံနက် ၈ နာရီက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောင်စေတီရွာသားများကို ခေါ်ယူ၍ စခန်းကုန်းအသစ် ပြုလုပ်မည့်နေရာကို ခြုံခုတ်ရှင်းလင်းခိုင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီးတွေထမ်းဖို့နဲ့ စခန်းနေရာတွေကို ရှင်းလင်းဖို့ ရွာက လူ ၁၀ ကျော်လောက် ခေါ်သွားတယ်။ အဲဒီမှာ အမြှောက်တွေတပ်ဆင်ပြီး စခန်းအခိုင်အမာပုံစံမျိုး လုပ်မယ်ထယ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါနေရာမှာ ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်နှင့် ချောင်းလက်တက်တစ်ခုသာခြားပြီး တောင်ရင်းရပ်ကွက်၊ စေတီယျရပ်ကွက်တို့မှ ခြေလျင်ခရီး နာရီခွဲခန့်သာ ဝေးသည်။ စခန်းကုန်းနေရာအလွန် ၁ ဖာလုံခန့်အကွာတွင် အောင်စေတီကျေးရွာရှိပြီး ဆက်သွားလျှင် ကျောက်ဖြူ - ရန်ကုန် ကားလမ်းမရှိသည့် ပြိုင်းစေ့ကေနှင့် အုန်းတော ကျေးရွာသို့ ရောက်သည်။

တောင်ရှည်တောင်အနီးတွင် အောင်စေတီ၊ အုန်းတော၊ ဂုံးချွိန် ကျေးရွာများနှင့် စေတီယျ၊ တောင်ရင်း၊ ငလပွေ့ ရပ်ကွက်တို့ရှိပြီး ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်နေသည့် ဧကထောင်ချီသော လယ်ယာမြေများနှင့် သီးနှံစိုက်ခင်းများရှိသည်။

“ဒီနေရာမှာ စခန်းကုန်းတွေ ချမယ်၊ စစ်သားတွေ နေရာယူကြလိမ့်မယ်လို့ တစ်ခါမှလည်း မတွေးဖူးဘူး။ အဲဒီနေရာ အနီးမှာ လုပ်ကိုင်စားသောက်နေတဲ့ လယ်သမားတွေလည်း အများကြီးရှိတာဆိုတော့ သွားရေးလာရေးအတွက် အခက်အခဲဖြစ်လာမှာကို စိုးရိမ်နေရတယ်” ဟု တောင်ရင်းရပ်ကွက်မှ လယ်သမားတစ်ဦးက ပြောသည်။

တောင်ရှည်တောင်အနီးတွင် မြို့ထဲနှင့်ကျေးလက်ကို အဝင်အထွက်ပြုလုပ်နိုင်သည့် ကုန်းလမ်းကြောင်းရှိသဖြင့် စစ်ရေးအရအရေးပါသည့်နေရာဖြစ်၍ စစ်ကောင်စီက စခန်းကုန်းအသစ် ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။

“တောင်ရှည်တောင်ရဲ့အောက်မှာ မြို့အနီးအနားက ကျေးရွာတွေနဲ့ မြို့ထဲရပ်ကွက်တွေကို ကုန်းကြောင်း ချိတ်ဆက်ထားတဲ့ တောလမ်းရှိတယ်။ ကျောက်ဖြူမြို့ထဲကို ကုန်းလမ်းအသုံးပြုပြီး ဝင်မယ်ဆိုရင် ရန်ကုန် - ကျောက်ဖြူ အဝေးပြေးလမ်းနဲ့ အဲဒီလမ်းပဲရှိတယ်။ ဒါကြောင့် အဲဒီနေရာမှာ စခန်းကုန်းလုပ်တာ ဖြစ်နိုင်တယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် AA တို့ တကျော့ပြန်စစ်ပွဲအတွင်း ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်ဌာနချုပ်အနီးနှင့် စနဲမြို့အနီးတို့တွင် ပြီးခဲ့သည့်လက တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း စစ်ရေးတင်းမာနေသည်။

အခြားတစ်ဘက်တွင်လည်း စစ်ကောင်စီသည် တရုတ်အစိုးရ၏ ကျောက်ဖြူ SEZ ကို အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းလျက်ရှိနေသည်။

စစ်တွေမှာ အရပ်သားကား သုံးစီး စက်သုံးဆီနဲ့ ဆန်တွေ စစ်ကောင်စီတပ် ယူဆောင်သွား~~~■ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သုံးဆောင်ရွ...
09/01/2024

စစ်တွေမှာ အရပ်သားကား သုံးစီး စက်သုံးဆီနဲ့ ဆန်တွေ စစ်ကောင်စီတပ် ယူဆောင်သွား
~~~
■ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သုံးဆောင်ရွာက အရပ်သား မှန်လုံကား အဖြူသုံးစီး၊ စက်သုံးဆီနဲ့ ဆန်အိတ်တွေကို ဇန်နဝါရီ ၈ ရက် မွန်းလွဲ နှစ်နာရီခန့်မှာ စစ်ကောင်စီတပ်နဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ စုစုပေါင်း အင်အား သုံးဆယ်ခန့်က သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကားတွေအပြင် သုံးဆောင်စုရွာအနီး ဆိပ်ကမ်းကနေ ပုဏ္ဏားကျွန်းနဲ့ တခြားနယ်ဘက်သို့ ပို့ဆောင်မယ့် စက်သုံးဆီ ၁၉ ပီပါနဲ့ ဆန်အိတ်အချို့တွေပါ ကားပေါ် တင်ယူသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီ စက်သုံးဆီတွေကို ညနေပိုင်း သုံးနာရီလောက်မှာ ပုဏ္ဏားကျွန်းနယ်တွေနဲ့ တခြားနယ်ဘက်ကိုပို့ဖို့ ကားပေါ်ကနေ ဆိပ်ကမ်းမှာ ချထားတာ။ အဲဒါကို သူတို့ (စစ်ကောင်စီ) တင်သွားကြတာ။ ဆန်အိတ်တွေလည်း ပါသွားတယ်။ ဘယ်နှစ်အိတ်ဆိုတာ အတိအကျ မသိရဘူး”

အဲဒီအဖွဲ့တွေဟာ ဇန်နဝါရီလ ၇ ရက်ကလည်း သုံးဆောင်ရွာကို ဝင်ရောက်စစ်ဆေးပြီး စက်သုံးဆီ ပီပါ ကိုးလုံးကို သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာထဲ ဝင်ရောက်ပြီး ဧည့်စာရင်း စစ်ခဲ့သလို ရွာသားတွေ တူးထားတဲ့ ဗုံးခိုကျင်းတွေကိုပါ ဖြိုဖျက်ခိုင်းခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနက်စောကြီး လာပြီးတော့ နေအိမ်နံရံတွေကို ရိုတ်ပုတ်ပြီးနိုးတယ်။ ဧည့်စာရင်းစစ်ဟန်တွေ လုပ်ပြီး ဗုံးခိုကျင်း တူးထားတာတွေကို ပတ်ကြည့်ပြီး ပြန်ဖြိုဖျက်ခိုင်းတယ်။ မဖြိုဖျက်ပေးရင် ရွာမီးရှို့မယ်လို့တောင် ခြိမ်းခြောက်သွားသေးတယ်။ အဲဒါပြီးမှ သုံးဆောင်ရွာကိုသွားပြီး ဆီတွေကို ဖမ်းသွားတာ”

ဒေသခံတွေ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို ဒီအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဇန်နဝါရီလ ၄ ရက်ကလည်း စစ်တွေမြို့၊ ရွှေပြားဆိပ်ကမ်းမှာ ငါးခြောက် လာရောင်းတဲ့ ဈေးသည်တွေကို စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးခဲ့ပြီး ကုန်ပစ္စည်းတွေကိုပါ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
______
ရခိုင်ပြည်နယ် စစ်တွေမြို့က ရဲတပ်ဖွဲ့ဝင်တွေတချို့ကို တွေ့ရစဉ်။ (Photo: RFA)

ကျောက်တော်အခြေစိုက်  ခမရ ၃၇၄ တပ်ရင်းတွင်  ရက္ခိုင့်တပ်တော် AA  ထံလက်နက်ချအညံ့ခံချင်သူနှင့် လက်နက်မချဟု ပြောဆိုသူတို့ အချင...
09/01/2024

ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းတွင် ရက္ခိုင့်တပ်တော် AA ထံလက်နက်ချအညံ့ခံချင်သူနှင့် လက်နက်မချဟု ပြောဆိုသူတို့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွား

ဇန္နဝါရီ ၉

ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းတွင် ရက္ခိုင့်တပ်တော် AA ထံလက်နက်ချအညံ့ခံချင်သူနှင့် လက်နက်မချဟု ပြောဆိုသူတို့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်အရ သိရသည်။

ယနေ့ နေ့လည်ပိုင်းအချိန်ခန့်တွင် ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းအတွင်း လက်နက်ချအညံ့ခံလိုသူ နှင့် လက်နက်မချဟုပြောဆိုသူချင်း ပစ်ခတ်မှုဖြစ်ပွား၍ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ၃၇၄ တပ်ရင်းမှ အမည်မဖော်လိုသည့် စစ်သည်တစ်ဦးက ပြောသည်။
“တပ်ရင်းထဲမှာက နှစ်ဖွဲ့ကွဲနေကြတယ်၊ ရက္ခိုင့်တပ်တော်ထံ အညံ့ခံပြီး မိသားစုဘဝအေးချမ်းစွာနေချင်တဲ့သူနဲ့ လက်နက်မချဘဲ တိုက်ပွဲဝင်ချင်သူတွေကြား စကားကြောမတည့်လို့ဖြစ်ကြတာ၊ လူတစ်ဆယ်သေတယ်၊ဒဏ်ရာရ သူတွေလည်းရှိတယ်၊အခုတော့ ကျောက်တော်ဆေးရုံကိုပို့ထားတယ်”ဟု ၎င်းက ဆိုသည်။

ယနေ့ ဇန်နဝါရီ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင်လည်း ကျောက်တော်အခြေစိုက် စကခ ၉ တပ်မတွင် လူအင်အားမလုံလောက်၍ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ဇနီး များအား လုံခြုံရေးဆောင်ရွက်ရန် စစ်သင်တန်းပေးနေရပြီး သင်တန်း ဆင်းပွဲပြုလုပ်ခဲ့သည်
#ကျောက်တော်

Photo - ခမရ ၃၇၄ တည်နေရာ

ပလက်ဝမြို့ ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA)က တိုက်ခိုက်သိမ်းပိုက်ရရှိ ===============အယိုက်လင်းကီမိုမီဒီယာ၊ ဇန်နဝါရီ ၇ ရက...
07/01/2024

ပလက်ဝမြို့ ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA)က တိုက်ခိုက်သိမ်းပိုက်ရရှိ
===============

အယိုက်လင်း
ကီမိုမီဒီယာ၊ ဇန်နဝါရီ ၇ ရက်၊ ၂၀၂၄

ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ စစ်ကောင်စီ၏ လက်အောက်ခံ ရဲစခန်းများကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်း ဒေသခံများထဲက သတင်းရရှိသည်။

ပလက်ဝမြို့ ရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့ကစ၍ တိုက်ခိုက်ခဲ့ပြိး ဇန်နဝါရီ ၅ ရက်နေ့တွင် ၎င်းရဲစခန်းအား အပြီးသတ်သိမ်းပိုက်ရရှိထားကြောင်း ဒေသခံ တစ်ဦးက ကီမိုမီဒီယာကို ပြောသည်။

"ပလက်ဝ ရဲစခန်းကို AA က သိမ်းလိုက်ပါပြီး။ မြို့ထဲမှာ AA ရဲဘော်တွေ နေရာယူ စိုးမိုးထားပါတယ်။ ရဲတွေက ခလရ ၂၈၉ တပ်ရင်းဘက် ထွက်ပြေးသွားကြပါတယ်။ ပလက်ဝမှာ ဖုန်းလိုင်းတွေလည်း ပိတ်ထားပါတယ်။"ဟု ကျောက်တော်မြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်လာသည့် ပလက်ဝဒေသခံ တစ်ဦးက ဆိုသည်။

ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ရရှိထားသည့် ပလက်ဝမြို့ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပလက်ဝမြို့ တစ်ဖက်ကမ်းရှိ စစ်ကောင်စီ၏ ခလရ ၂၈၉ ဘက်သို့ ထွက်ပြေးသွားကြသည်ဟု သိရှိရသည်။

အဆိုပါ ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့က မြို့တွင်း တျိုကျပှဲဖွဈပှားပါက ၎င်းတို့ တပ်ရင်းသို့ ပြောင်းရွှေ့ပူးပေါင်းကြရန် ညွန့်ကြားထားကြောင်း သိရသည်။

လက်ရှိ ပလက်ဝမြို့ပေါ်တွင် အရပ်သား ပြည်သူများ မရှိတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ဌာနဆိုင်ရာများဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်ဆေးရုံနှင့် အခြားရုံးများ အားလုံးပိတ်ထားရပြီး ၎င်းလက်အောက်ခံ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများလည်း ထွက်ပြေးတိမ်းရှောင်နေကြသည်။

ထို့အပြင် ပလက်ဝမြို့တွင် ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၃ နာရီချိန်မှစ၍ ဆက်သွယ်ရေးဖုန်းလိုင်းလည်း ပြတ်တောက်ထားကြောင်း သိရှိရသည်။

ပုံ- ပလက်ဝမြို့ စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့ရုံးကို တွေ့ရစဉ်

#ကီမိုမီဒီယာသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အခြေစိုက် ချင်းမီဒီယာဖြစ်သည်။

ပျောက်ဆုံးနေသည့် တင်းမရွာသား ၁၈ ဦးကိစ္စကို လက်နက်ချအညံ့ခံသည့် စစ်သားများကို ပြန်မလွတ်မီ စစ်ဆေးဖော်ထုတ်ပေးရန် မိသားစုများေ...
07/01/2024

ပျောက်ဆုံးနေသည့် တင်းမရွာသား ၁၈ ဦးကိစ္စကို လက်နက်ချအညံ့ခံသည့် စစ်သားများကို ပြန်မလွတ်မီ စစ်ဆေးဖော်ထုတ်ပေးရန် မိသားစုများတောင်းဆို

နိရဉ္စရာ၊ ဇန်နဝါရီ ၇/၂၀၂၄

မြန်မာ စစ်တပ်က ၂၀၂၀ ခုနှစ် မတ်လအတွင်းက ဖမ်းဆီးသွားပြီးနောက် ယနေ့အချိန်ထိ ပျောက်ဆုံးနေသည့် တင်းမရွာသား ၁၈ ဦး ကိစ္စကို တောင်ရှည်တောင်ဗျူဟာမှ လက်နက်ချ အညံ့ခံသည့် စစ်သားများအား ပြန်မလွတ်မီ စစ်ဆေးပေးရန် ရက္ခိုင့်တပ်တော်( AA) တာဝန်ရှိသူများကို မိသားစုများက တောင်းဆိုလိုက်သည်။

တင်းမကြီးကျေးရွာမှ ခင်ပွန်းဖြစ်သူ အဖမ်းခံခဲ့ရသည့် အမျိုးသမီးတစ်ဦးက "ကျမတို့ပြည်သူတွေကို နှစ်ရှည်လများ ဒုက္ခပေးခဲ့တဲ့ တင်းမတောင်ရှည်တောင်ကို ကိုယ့်တပ်တော်က သိမ်းပိုက်လိုက်တယ်လို့ သိရလို့ အတိုင်းမသိ ဝမ်းသာတယ်။ ဒါ‌ပေမယ့် ကျွန်မယော်ကျားအပါအဝင် စစ်တပ်က ဖမ်းဆီး ခေါ်ဆောင် သွားတဲ့ ရွာသား ၁၈ ဦးကိစ္စကို စစ်သားတွေကို ပြန်မလွတ်မီ စစ်ဆေးဖော်ထုတ်ပေးဖို့ တပ်တော်က ခေါင်းဆောင်တွေကို ကျွန်မတို့ တောင်းဆိုပါတယ်။ သူတို့ သေလား၊ ရှင်လား လူသိရှင်ကြား ထုတ်ဖော်ပေးစေချင်တယ်။ ကျမ ခင်ပွန်းကို ခုချိန်ထိစောင့်နေတုန်းပါပဲ”ဟု နိရဉ္စရာ သတင်းဌာကို ပြောသည်။

၂၀၂၀ခုနှစ် မတ်လအတွင်းက တင်းမကြီးကျေးရွာနှင့် တင်းမချေကျေးရွာမှ ရွာသား ၁၈ ဦးကို စစ်တပ်က နေအိမ်ထဲမှ ကြိုးတုတ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းတို့မှာ ယနေ့အချိန်ထိ ပျောက်ဆုံးနေသည်။

နောက်ထပ် ကျေးရွာလူကြီး တစ်ဦးက ”ကျောက်တော်မြို့နယ်က တောင်ရှည်တောင်ဗျူဟာကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီဖြစ်လို့ ရွာသား ၁၈ ဦးအမှုရဲ့ အမှန်တရားပေါ်လာတော့မယ်။ ရွာသားတွေက သူတို့ သေလား ရှင်လား သိချင်နေကြတယ်။ တောင်ရှည်တောင်ဗျူဟာမှာ သူတို့ကို အစအနဖျောက်လိုက်ပြီလို့လည်း သတင်းတွေထွက်နေတယ်။ တရားဝင်ဖြေရှင်းပေးဖို့ တင်းမရွာသားတွေက တောင်းဆိုပါတယ်” ဟု ပြောဆိုသည်။

အဆိုပါ ဗျုဟာကုန်းကို ရက္ခိုင့်တပ်တော်မှ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည့် အပေါ် အလွန်တရာပင် ဝမ်းမြောက်မိပြီး နေရပ်ပြန်နိုင်မည့် မျှော်လင့်ချက်များ ပြည့်ဝသွားပြီဟု တင်းမဆရာတော်က နိရဉ္စရာသတင်းဌာနကို မိန့်ကြားသည်။

"အခုလို သိမ်းပိုက်နိုင်တာကြားတော့ ဦးဇင်းအနေနဲ့‌ အတိုင်းမသိ ဝမ်းသာမိတယ်။ စစ်ဘေးရှောင်လာတာ လေးနှစ်ရှိပါပြီ။ ရက္ခိုင့်တပ်တော်က မိုင်းရှင်းလင်းပေးပြီး နေရပ်ကို ပြန်ခွင့်ပြုမယ်ဆိုရင် ဦးဇင်းတို့နဲ့ ရွာသူရွာသားတွေပြန်ကြမှာပါ။ ရွာသားတွေရဲ့ မျက်လုံးမှာလည်း မျက်ရည်တွေနဲ့ ဝမ်းသာပြီး တောက်ပနေတာမျိုး

တရုတ်နှင့် တပ်မိသားစုဝင်များကိုထောက်ထားပြီး လောက်ကိုင်တွင်လက်နက်ချရခြင်းဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော နိရဉ္စရာ၊ ဇန်နဝါရီ...
06/01/2024

တရုတ်နှင့် တပ်မိသားစုဝင်များကိုထောက်ထားပြီး လောက်ကိုင်တွင်လက်နက်ချရခြင်းဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

နိရဉ္စရာ၊ ဇန်နဝါရီ ၆ / ၂၀၂၄

လောက်ကိုင်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်နှင့်ချီပြီး လက်နက်ချ အညံ့ခံလိုက်ရခြင်းမှာ တရုတ်-မြန်မာချစ်ကြည်ရေးနှင့် တပ်မတော်သား မိသားစုဝင်များလုံခြုံရေးကို ဦးစားပေးစဉ်းစားခဲ့၍ ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

လောက်ကိုင်(ဒကစ)တခုလုံး လက်နက်ချအညံ့ခံ လိုက်ရသည့်ကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ပြောကြားခဲ့ကြောင်း စစ်တပ်သတင်းများကို အသားပေး ရေးသားဖော်ပြသည့် Popular News တွင်ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက "တပ်မတော် အနေနဲ့ လောက်ကိုင်ဒေသ အခြေအနေနဲ့ပတ်သတ်ပြီး အဖက်ဖက်က စဉ်းစားခဲ့ပါတယ်။ စဉ်းစားခဲ့တဲ့နေ ရာမှာ နံပါတ်(၁) အနေနဲ့ မိသားစုဝင်များရဲ့ လုံခြုံရေးကို စဉ်းစားပါတယ်။ လောက်ကိုင်ဒေသမှာက တပ်မတော်သားအပြင် တပ်မတော်သားတွေရဲ့ မိသားစုဝင်တွေ နေထိုင်တာဖြစ်တယ်။ မိသားစုဝင်တွေရဲ့ လုံခြုံရေးကို ဦးစားပေး စဉ်းစားခဲ့ပါတယ်" ဟု ပြောဆိုထားသည်။

ဆက်လက်ပြီး ၎င်းက “ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရုတ်နိုင်ငံဘက်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် တရုတ်နိုင်ငံက ဖိအားပေးမှုများနှင့်လည်း ကြုံနေရပြီး အဆိုပါ အခြေအနေတွင် တရုတ် - မြန်မာ ချစ်ကြည်ရေးကို ထည့်သွင်းစဉ်းစားကာ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်း” ပြောဆိုသေးသည်။

" အဲဒီဘက်မှာက မြန်မာ့တပ်မတော်က ပစ်ခတ်တာမဟုတ်ဘဲနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ပစ်ခတ်ပြီး မြန်မာ့တပ်မတော်က ပစ်ခတ်သယောင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပျက်ပြားအောင် လုပ်ဆောင်နေတာတွေရှိပါတယ်။ အဲဒီအချက်တွေကို ထည့်သွင်းစဉ်းစားခဲ့ပြီးဒေသခံ တပ်မှူးများအနေနဲ့ အကောင်းဆုံး စဉ်းစားခဲ့တာလို့ဘဲ ပြောချင်ပါတယ်" ဟု ၎င်းက ဆိုသည်။
လောက်ကိုင်ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီအနေဖြင့် အဖက်ဖက်မှ စဉ်းစားခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြောင်းလည်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

"တပ်မတော် အနေနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ (၇၆) နှစ် ရှိပြီး မြန်မာနိုင်ငံ မတိုးတက်တာတွေဟာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ကြောင့် ဆိုတာသိသာတယ်။ ဒါကြောင့်ဒီလက်နက်ကိုင် ပဋိပက္ခကို အမြန်ဆုံး ချုပ်ငြိမ်းနိုင်ရေးကို ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်လျက်ရှိပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လောက်ကိုင်တွင် နောက်ဆုံးကျန်ရှိနေသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် တပ်ရင်း တစ်ခုလုံးသည် ဇန်နဝါရီလ ၄ ရက်က MNDAA ထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့သည်ဟု ညီနောင် မဟာမိတ်သုံးဖွဲ့ကထုတ်ပြန်ထားသည်။

လောက်ကိုင်တွင် လက်နက်ချသူများအထဲတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ (၆) ဦးပါဝင်သော အရာရှိ ၂၂၈ ဦးနှင့် တပ်ဖွဲ့ဝင် ၁၈၉၅ ဦး၊ ပွိုင့် (၂၀၂၂) နမ်ထင်းမိန်ရှန်းမှ နောက်ဆုံးအသုတ် လက်နက်ချသူ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆၆) ဦး၊ အားလုံးပေါင်းလျှင် လက်နက်ချအလင်းဝင်သူ တပ်ဖွဲ့ဝင် စုစုပေါင်းမှာ (၂၃၈၉) ဦးရှိသည်ဟု ဖော်ပြသည်။

တပ်မိသားစုဝင်များနှင့်ပေါင်းလျှင် လက်နက်ချအလင်းဝင်သူအရေအတွက်မှာ ၃၉၉၀ ခန့်ရှိကြောင်းဆိုသည်။

၎င်းတို့အားလုံးကို ၎င်းတို့သွားလိုသည့်နေရာနှင့် လုံခြုံသော နေရာသို့ ပို့ဆောင်ထား ခဲ့ပြီလည်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။ (NN-23) Photo-NSS

Address


Alerts

Be the first to know and let us send you an email when Rakhine News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share