19/06/2025
လာမယ့် ဇွန်လ ၂၆ ရက်နေ့ဟာ ကျနော်တို့ ကရင်တိုင်းရင်းသားတွေအတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်တစ်ခု ဖြစ်လာပါတော့မယ်လို့ပြောလိုပါတယ် အဲဒီနေ့ကစပြီး Facebook ပေါ်မှာ ကျနော်တို့ရဲ့ အဖိုးတန် ထားတဲ့ ကရင်စာပေတွေကို ဘယ်လိုပဲရေးရေး၊ ဘယ်သူပဲဖတ်ဖတ်၊ မှန်ကန်တိကျစွာ မြင်တွေ့နိုင်ကြတော့မှာဖြစ်လို့ပါ
ဒါဟာ ကျနော်တို့ရဲ့ ဘာသာစကားနဲ့ စာပေတွေ ဒီဂျစ်တယ်ကမ္ဘာပေါ်မှာ တင့်တယ်ဝင့်ကြွားစွာ ရှင်သန်ခွင့်ရပြီဖြစ်တဲ့ အောင်ပွဲတစ်ခုလို့ပြောရင်လည်းမှာမယ် မထင်ပါ ကျနော်တို့ရဲ့ အသံတွေ၊ ခံစားချက်တွေ၊ ယဉ်ကျေးမှုတွေကို ကမ္ဘာကို ချပြဖို့ အခွင့်အလမ်းသစ်တွေ ပွင့်သွားပါပြီလို့ပြောချင်ပါတယ် ဒီလို ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာဖို့အတွက် နောက်ကွယ်ကနေ စွမ်းအားတွေနဲ့ ပါဝင်ပေးခဲ့ကြသူတိုင်းကို အသိအမှတ်ပြု ဂုဏ်ပြုလိုပါတယ် ဗျ၊
အထူးသဖြင့် "Stop Zawgyi, Support Unicode For Karen Languages" campaign ဟာ Facebook ကို ပြီးပြည့်စုံတဲ့ စံစနစ်(Unicode ) စနစ်ကို အမြန်ဆုံးကူးပြောင်းစေဖို့ တွန်းအားပေးနိုင်ခဲ့တယ်လို့ ယုံကြည်မိပါတယ် ဒီ campaign မှာ လက်မှတ်ထိုး ပါဝင်အားဖြည့်ပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း နှလုံးသားထဲကနေ အထူးကျေးဇူးတင်ရှိကြောင်း ပြောပါရစေခင်ဗျ၊ဒါ့အပြင် campaign ကိုဉီးဆောင်ပေးကြသူများ နဲ့ အဖက်ဖက်ကနေ ပါဝင် အားဖြည့်ပေးကြသူ အယောက်စီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်းလည်းပြောလိုပါတယ်၊
ဒီအောင်မြင်မှုဟာ ကျနော်တို့အားလုံးရဲ့ စုပေါင်းအားပါ ကရင်လူမျိုးတွေဟာ နည်းပညာ AI ခေတ်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း ကျနော် တို့ရဲ့ ဘာသာစကားကို ပိုမိုရှင်သန်တောက်ပလာအောင်၊ ကမ္ဘာကသိအောင်၊ နောင်မျိုးဆက်တွေအထိ လက်ဆင့်ကမ်းနိုင်အောင် အတူတကွ ရေးသားဖော်ထုတ်ရင်း ရှေ့ဆက်ချီတက်ကြပါစို့ခင်ဗျာ....
#ကရင်ဘာသာစကား #ကညီကျိၥ်