Nightwatch Myanmar

  • Home
  • Nightwatch Myanmar

Nightwatch Myanmar ရုပ်ရှင်အကြောင်း တင်ချင်တာတင်မည် 🎬

လော့ဒ်ကောလစ်က ရနေးရာရဲ့ သားတွေကို မျိုး၊မ၊စစ်တွေလို့ ပြောနေတုန်း ဒေမွန်သာ ဘေးမှာရှိနေရင် တော်တော်ကြည့်ကောင်းဦးမယ်။ လော့ဒ...
07/07/2026

လော့ဒ်ကောလစ်က ရနေးရာရဲ့ သားတွေကို မျိုး၊မ၊စစ်တွေလို့ ပြောနေတုန်း ဒေမွန်သာ ဘေးမှာရှိနေရင် တော်တော်ကြည့်ကောင်းဦးမယ်။ လော့ဒ်ကောလစ်က သူ့ညီဗေမွန်ကိစ္စကိုများ မေ့သွားသလားပဲ။

နောက်တစ်ခုက ရနေးရာ မဟာမိတ်လိုအပ်နေတုန်းမှာ လော့ဒ်ကောလစ်နဲ့ ပြဿနာဖြစ်တာက ကောင်းတဲ့အချက်တော့ မဟုတ်ဘူး၊ နောက်ပိုင်းကျရင် အကျိုးဆက်တွေ ရှိလာလိမ့်မယ်။

ဝေ့ရင်းလော့နဲ့ ဖူဟန်ကြားမှာ မင်းကြီးသာ ဝင်မရှုပ်ခဲ့ရင် သူတို့တကယ် ပေါင်းဖက်သွားနိုင်မှာလား?ဒီဇာတ်လမ်းမှာ တစ်ယောက်ယောက်ရဲ...
04/07/2026

ဝေ့ရင်းလော့နဲ့ ဖူဟန်ကြားမှာ မင်းကြီးသာ ဝင်မရှုပ်ခဲ့ရင် သူတို့တကယ် ပေါင်းဖက်သွားနိုင်မှာလား?
ဒီဇာတ်လမ်းမှာ တစ်ယောက်ယောက်ရဲ့ အမှားကြောင့်ဆိုပြီး အပြစ်တင်ချင်ပေမယ့် ဝေ့ရင်းလော့က ဟွမ်ကွေ့ဖေးဖြစ်လာမယ့် ကံကြမ္မာပဲ ပါလာတယ် ထင်ပါရဲ့။

Story of Yanxi Palace (2018)

Human V***r စီးရီးက Crime, Mystery, Thriller ဘက်ကို ပိုသွားထားပြီး အငွေ့လူသားကို စူပါဗီလိန်ပုံစံမျိုး မျှော်လင့်ထားသူတွေ...
04/07/2026

Human V***r စီးရီးက Crime, Mystery, Thriller ဘက်ကို ပိုသွားထားပြီး အငွေ့လူသားကို စူပါဗီလိန်ပုံစံမျိုး မျှော်လင့်ထားသူတွေကတော့ ဒီစီးရီးကို သိပ်အားရမယ် မထင်ဘူး။

ဇာတ်လမ်းပိုင်းကတော့ အရမ်းအကောင်းကြီးထဲ မပါပေမယ့် အတော်အသင့် အဆင်ပြေတယ်လို့ မြင်ပါတယ်။ ဂျပန်စီးရီးကို ကိုရီးယားတွေ ဇာတ်ညွှန်းရေးထားတော့ ကိုရီးယားစီးရီး ဖြစ်နေတာလေး တစ်ခုပဲ။

***r

ပြီးပြည့်စုံမှုကို အရမ်းရူးသွပ်တဲ့ ကျောင်းမြို့လေးတစ်မြို့မှာ ထူးဆန်းတဲ့ သွေးရောင်အပင်တစ်ပင် ပေါ်ပေါက်လာပြီး အနီရောင်အသီ...
03/07/2026

ပြီးပြည့်စုံမှုကို အရမ်းရူးသွပ်တဲ့ ကျောင်းမြို့လေးတစ်မြို့မှာ ထူးဆန်းတဲ့ သွေးရောင်အပင်တစ်ပင် ပေါ်ပေါက်လာပြီး အနီရောင်အသီးတွေ သီးပွင့်လာခဲ့ပါတယ်။
အဲ့အသီးတွေကို စားမိသူတွေဟာ သူတို့ဖုံးကွယ်ထားတဲ့ အလိုဆန္ဒတွေနဲ့ ဖိနှိပ်ထားတဲ့ ခံစားချက်တွေ နိုးထလာပြီး တစ်မြို့လုံး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ပါတော့တယ်။

ထိုင်ဝမ်စီးရီး Bloody Smart ဟာ Junji Ito ရဲ့ နာမည်ကျော် Manga တွေကို မှီငြမ်းပေါင်းစပ် ဖန်တီးထားတဲ့ ဇာတ်လမ်းအသစ်တစ်ပုဒ် ဖြစ်ပါတယ်။
Trailer အရဆိုရင် စီးရီးထဲမှာ Tomie, Soichi, Slug Girl, The Hanging Balloons, Lovesickness အစရှိတဲ့ Manga တွေ ပါဝင်လာဖို့ရှိပါတယ်။

Bloody Smart ကို July 28 ဆိုရင် Netflix မှာ ကြည့်ရှုလို့ရပါပြီ။

Obsession ထဲက အကြည်ဓာတ်လေး Bear 💋
02/07/2026

Obsession ထဲက အကြည်ဓာတ်လေး Bear 💋

အမြင်အာရုံ တဖြည်းဖြည်းပျောက်ကွယ်လာတဲ့ ဆောဂျင်တစ်ယောက် သူ့အမွှာညီမ ​ေ-သ-ဆုံး-မှု နောက်ကွယ်က အမှန်တရားကို လိုက်လံစုံစမ်းရင...
02/07/2026

အမြင်အာရုံ တဖြည်းဖြည်းပျောက်ကွယ်လာတဲ့ ဆောဂျင်တစ်ယောက် သူ့အမွှာညီမ ​ေ-သ-ဆုံး-မှု နောက်ကွယ်က အမှန်တရားကို လိုက်လံစုံစမ်းရင်း သူကိုယ်တိုင်ရော ဘယ်လိုအ-န္တ-ရာယ်တွေ ကြုံတွေ့လာရမလဲ?

နာမည်ကြီး ကိုရီးယားမင်းသမီး ရှင်မင်အာ ပါဝင်သရုပ်ဆောင်ထားတဲ့ The Eyes ရုပ်ရှင်ဟာ 2010 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ စပိန်စကားပြောရုပ်ရှင် Julia's Eyes ကို Remake ပြန်ရိုက်ထားတာဖြစ်ပြီး အခုလက်ရှိတော့ တောင်ကိုရီးယားမှာ ရုံတင်ပြသနေဆဲ ဖြစ်ပါတယ်။

ကိုယ့်ကို မျက်စိအောက်က အပျောက်မခံဘဲ တန်းတန်းစွဲချစ်ပေးမယ့် ကောင်မလေးတစ်ယောက်လောက် လိုချင်တယ်ဆိုရင် ဒါလေးရှိမယ်နော်။ ကြော...
01/07/2026

ကိုယ့်ကို မျက်စိအောက်က အပျောက်မခံဘဲ တန်းတန်းစွဲချစ်ပေးမယ့် ကောင်မလေးတစ်ယောက်လောက် လိုချင်တယ်ဆိုရင် ဒါလေးရှိမယ်နော်။

ကြောင်လေးလိုလည်း ချွဲတတ်တယ်၊ ဟင်းလည်း ချက်ကျွေးတယ်၊ အလုပ်ကနေ ပင်ပင်ပန်းပန်း အိမ်ပြန်လာရင်လည်း အပြုံးလေးနဲ့ အလိုက်တသိ ဆီးကြိုတတ်သေးတယ် 🥰

ချစ်ခွင့်မရှိတဲ့ အချစ် နှစ်ယောက်လုံး တကယ်ချစ်ခဲ့ကြပေမယ့် သူတို့စတင်တွေ့ဆုံချိန်က အရမ်းနောက်ကျသွားခဲ့တာလား? ဒါမှမဟုတ် သူတ...
30/06/2026

ချစ်ခွင့်မရှိတဲ့ အချစ်

နှစ်ယောက်လုံး တကယ်ချစ်ခဲ့ကြပေမယ့် သူတို့စတင်တွေ့ဆုံချိန်က အရမ်းနောက်ကျသွားခဲ့တာလား? ဒါမှမဟုတ် သူတို့တွေ့ဆုံမှုကပဲ မှားယွင်းနေခဲ့တာလား?

ရှေ့ဆက်တိုးခွင့်မရှိတဲ့အချစ်ကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့ တစ်သက်လုံး ရင်ထဲမှာပဲ သိမ်းဆည်းထားရမယ့်အဖြစ်ကရော ဘယ်လောက်တောင် ဝမ်းနည်းဖို့ကောင်းလိုက်မလဲ? ဒါတွေအားလုံးက သူတို့နှစ်ယောက်အတွက်တော့ အဖြေရှာမရတဲ့ ပုစ္ဆာတွေလိုပါပဲ။

In the Mood for Love ရုပ်ရှင်ဟာ ဇာတ်လမ်း အင်မတန်ရိုးရှင်းပေမယ့် အလှပဆုံး၊ အပြောင်မြောက်ဆုံး အနုပညာပြကွက်တွေကို တစိမ့်စိမ့်ခံစားကြည့်ရှုရမယ့် Masterpiece တစ်ခုလို့ပြောရမှာပါ။

ရနေးရာကို ရှေ့ကနေ အမြဲ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးနေတဲ့ ဒေမွန့်ကို သဘောတွေကျလိုက်တာရှင်။ Toxic boy လေးတောင် တအားတွေ လိမ...
30/06/2026

ရနေးရာကို ရှေ့ကနေ အမြဲ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးနေတဲ့ ဒေမွန့်ကို သဘောတွေကျလိုက်တာရှင်။ Toxic boy လေးတောင် တအားတွေ လိမ္မာနေပြီ 🙂‍↔️

အင်္ကျီအဖြူနဲ့ ဂျင်းကောင်ကို ကြည့်မရတဲ့သူတွေ အခုတော့ ဆိုဖီယာနဲ့ ပေါင်းဆဲလို့ ရပါပြီ။ ကြည့်ရတာ သူတို့နှစ်ကောင်က ဟိုးအရင်တ...
29/06/2026

အင်္ကျီအဖြူနဲ့ ဂျင်းကောင်ကို ကြည့်မရတဲ့သူတွေ အခုတော့ ဆိုဖီယာနဲ့ ပေါင်းဆဲလို့ ရပါပြီ။

ကြည့်ရတာ သူတို့နှစ်ကောင်က ဟိုးအရင်တည်းက တည်ရှိလာတဲ့ Entity တွေဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ဒီပွဲမှာ ဘယ်သူနိုင်မလဲ အပြိုင်ကြဲနေကြပုံပဲ။
ကြားထဲက ဟိုအုပ်စုပဲ ဘဝတွေပျက်နေတာ...

Address


Telephone

+66812687901

Website

Alerts

Be the first to know and let us send you an email when Nightwatch Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Media Company?

Share