22/07/2025
လောင်းလုံးတွင် အသက်မပြည့်တဲ့ မိန်းကလေး(၁)ဦးကို ဒေါနတပ်ခွဲ(၇)LPFရဲဘော်မှ မုဒိမ်းကျင့်သည့်ဟု သတင်းမှား 'ရည်ရွယ်ချက်ရှိရှိ' ဖြန့်ဝေခံရဟု ဒေါနတပ်ခွဲ(၇)မှဆို
ထားဝယ် ၊ ဇူလိုင်လ ၂၂ ရက်နေ့
လောင်းလုံးကျွန်းဆွယ်တပ်ဖွဲ့(LPF)မှ ရဲဘော်တစ်ဦးကို လိင်ပိုင်းဆိုင်ရာကျူးလွန်သည်ဟု Dawei Watch သတင်းဌာနမှဖော်ပြပြီးနောက် သတင်းကို တာဝန်ယူမှု၊တာဝန်ခံမှုမရှိကြောင်း ဒေါနတပ်ခွဲ(၇)LPF၏တာဝန်ရှိသူတစ်ဦးကဆိုသည်။
"ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်းအောက်ရှိ ချေမှုန်းရေးတပ်ခွဲ ၇ (လောင်းလုံးကျွန်းဆွယ်တပ်ဖွဲ့) က တပ်သားသည် အသက် ၁၆ နှစ်အရွယ် မိန်းကလေးအား အလိုမတူဘဲ မုဒိမ်းငါးကြိမ်ကျင့်ခဲ့ကြောင်း နစ်နာသူ ကာယကံရှင် အမျိုးသမီးနှင့် မိသားစုဝင်တို့က ပြောဆိုသည်။မုန့်ဝယ်ကျွေးမယ်၊ အလယ်လိုက်ပို့မယ်လို့ပြောပြီး ဆိုင်ကယ်နဲ့လာခေါ်တာ။ ပြီးတာနဲ့ ရော်ဘာတောတွေထဲ လျှောက်ခေါ်သွားပြီး အဲဒီမှာဖြစ်တာ” ဟု မိန်းကလေး၏ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည် "ဟု
Dawei watch သတင်းဌာနမှ July 18, 2025 ရက်စွဲဖြင့် ၎င်းတို့၏သတင်းစာမျက်နှာတွင်ရေးသားဖော်ပြခဲ့သည်။
ထိုသတင်းရေးသားဖော်ပြချက်မှာ မှားယွင်းနေပြီး မုဒိမ်းငါးကြိမ်ကျင့်ခံရသည်ဟုစွပ်စွဲချက်သည်လည်း မဟုတ်မမှန်ကြောင်း၊ မိန်းကလေးငယ်မှာလည်း အသက်(၁၆)နှစ်
မဟုတ်ဘဲ မွေးသက္က အမှန်မှာ အသက်(၁၇)နှစ်နှင့်(၅)လဖြစ်ကြောင်း ၊ မုဒိမ်းငါးကြိမ်ကျင့်ဖူးသည်မှာလဲ မမှန်ကန်
၍ (၂)ဦး သဘောတူ ခိုးရာလိုက်ပြေးသည့် ယခုလဇူလိုင်
(၁၅)ရက်နေ့ကမှသာ လင်မယားအရာ ရောက်ခဲ့ခြင်းသာ
ဖြစ်ကြောင်း ၊ နှစ်ဦးသဘောတူလင်မယားအဖြစ်(၂)ရက်
ကြာပေါင်းသင်းပြီးနောက်မှာ မိန်းကလေးကို မိသားစုဝင်များမှပြန်လာခေါ်သွားပြီးမှယခုလိုမျိုးမီဒီယာကိုအသုံးချ
ခဲ့ကြောင်း ဒေါနတပ်ခွဲ(၇)/LPFတာဝန်ရှိသူ မခေတ်အိမ်ကDICသို့ ချက်လက် တစ်ချို့နှင့်အတူ ပြန်ပြောပြသည်။
"ကျွန်မတို့လိုချင်တာကသတင်းတစ်ပုဒ်ကိုမှန်မှန်ကန်ကန်ဖော်ပြစေချင်တယ်။ မီဒီယာအကျင့်ဝတ်ညီစေချင်တယ်။
ဒီလိုမျိုး တဖက်တည်းကိုမေးမြန်ပြီး သတင်းဖော်ပြတော့
မိခင်တပ်ဖွဲ့ထိခိုက်သလို တော်လှန်ရေးလဲပုံရိပ်ကျတယ်။
ဒါကြောင့်မဟုတ်မမှန်ဝါဒဖြန့်ခဲ့တဲ့ Dawei watchအယ်ဒီတာများအနေနဲ့တာဝန်ယူမှု၊တာဝန်ခံမှုရှိစွာနဲ့ လာဖြေရှင်းပေးပါ။ဒီလိုမျိုးခေါင်းရှောင်နေမယ်ဆိုရင် တရားဥပဒေအတိုင်း မီဒီယာအကျင့်ဝတ်/စည်းကမ်းများဖောက်ဖျက်မှု ၊ မိခင်တပ်ဖွဲ့အားအသရေဖျက်မှု ၊ မိခင် တပ်ဖွဲ့ logoအား ခွင့်ပြုချက်မရှိ သုံးစွဲအသရေဖျက်မှုတို့ဖြင့်ပြန်လည်တရားစွဲဆိုအရေးယူသွားနိုင်ရန်ကြိုးစားသွားမှာဖြစ်ပါတယ်"ဟု၎င်းကဆက်ပြောသည်။
လက်ရှိတွင် ဒေါနတပ်ခွဲ(၇)/LPFမှရဲဘော် ဦးလေးကြီးကို
တပ်ဖွဲ့တစ်ခုက ဇူလိုင်(၁၇)ရက်နေ့တွင်ဖမ်းခေါ်သွားခဲ့ပြီး ဇူလိုင်(၂၂)ရက်၊နံနက်ပိုင်းထိ ပြန်လည်လွတ်လာခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရပါသည်။
အဆိုပါကိစ္စရပ်ကိုလည်း ရဲ CDM ကိုငြိမ်းမောင် ဆိုသူမှ "ဒေါနတပ်ရင်းက ရဲဘော်ကျူးလွန်းတဲ့မိန်းကလေး မွေးသက္ကရာဇ်သည်၂၁.၂.၂၀၀၈ (ကြာသပတေးနေ့) ဖြစ်သဖြင့် Dawei Watch ကတင်ထားသော သတင်းသည်သတင်းမှားဖြစ်ကြောင်းသိရှိရပါသည်။တင်ထားတဲ့သတင်းအတိုင်း အသက်(16) နှစ်ဖြစ်လျှင် ကျူးလွန်သူရဲဘော်သည် အလိုတူသော်လည်းမုဒိန်းမှုကျူးလွန်ရာရောက်ပါသည်။ သို့သော် မိန်းကလေးသည် အသက် (17)နှစ်ကျော်ပြီဖြစ်သဖြင့် (အလိုမတူမှသာမုဒိန်းမှု) မြောက်မှာဖြစ်ပြီး အလိုတူခဲ့ရင်လူခိုးမှု ရာဇသတ်ကြီးပုဒ်မ (၃၆၃) သာမြောက်ကြောင်း အသိပေးလိုက်ပါတယ်" ဟု၎င်း၏ Facebook လူမှုကွန်ယက်ပေါ်တွင် ပြီးခဲ့တဲ့နေ့ကဝေဖန်ထောက်ပြထားပါသည်။
#ဓာတ်ပုံ - ဒေါနတပ်ခွဲ(၇)/ LPF
Dawei Information Center
Dawei information Center - 2
#ထားဝယ် #လောင်းလုံး #မုဒိမ်းမှု #ဒေါန