Happiness is A Way of Travel - not a destination

  • Home
  • Happiness is A Way of Travel - not a destination

Happiness is A Way of Travel - not a destination 🎈You only live once! 🎈 TRAVEL , LIVE, SHARE 🔰

Chatgpt is also a liar 🤥.  Chatgpt လှည့်စားတာတောင် ခံနေရတယ် ဘဝက။ တစ်ခုချင်းတာ ဖတ်ကြည့်ကြပါတော့ 🥲🥲
22/08/2024

Chatgpt is also a liar 🤥.
Chatgpt လှည့်စားတာတောင် ခံနေရတယ် ဘဝက။ တစ်ခုချင်းတာ ဖတ်ကြည့်ကြပါတော့ 🥲🥲

Any Bachelor degree holders can apply ! 😎ခုခေတ်မှာ mental well-being က အရေးအကြီးဆုံးအခန်းကဏ္ဍကနေ ပါနေပါတယ်။ တကယ်ကို ment...
01/02/2024

Any Bachelor degree holders can apply !

😎ခုခေတ်မှာ mental well-being က အရေးအကြီးဆုံးအခန်းကဏ္ဍကနေ ပါနေပါတယ်။

တကယ်ကို mental health ကို စိတ်ဝင်စားတယ်ဆိုရင် ခုပဲ apply လို့ရပါပြီ။

ကောင်းတာတစ်ခုက Health and health-related field က မဟုတ်တဲ့သူတွေလည်း စိတ်ဝင်စားရင် လျှောက်လို့ရပါတယ်။

Scholarship က တစ်နှစ်ကို Master အတွက် အယောက် ၁၀၀ အထိပေးတဲ့ Presidential Scholarship ရှိပါတယ်။

partial scholarship ရှိသလို အပြင်ကနေလည်း လျှောက်လို့ ရတဲ့ scholarship တွေ ရှိပါတယ်။

try ကြည့်ပါ။

Call for applications for Master's Degree Program in Mental Health (International Program) academic year 2024 until April 22, 2024 for more details at https://cmu.to/admission

😎Bachelor Degree အတွက် ရှားရှားပါးပါးပေးတဲ့ Scholarship 😎😇ဒါမျိုးက ၂ခါမရနိုင်ပါဘူး။😇ပိုကောင်းတာက မြန်မာတွေအတွက် သီးသန့်ပ...
01/02/2024

😎Bachelor Degree အတွက် ရှားရှားပါးပါးပေးတဲ့ Scholarship 😎

😇ဒါမျိုးက ၂ခါမရနိုင်ပါဘူး။
😇ပိုကောင်းတာက မြန်မာတွေအတွက် သီးသန့်ပေးတာပါ။
😇ပေးတဲ့ တက္ကသိုလ်ကလည်း ထိုင်းမှာ Top 3 list university တစ်ခုပါ။
😇program တွေကလည်း up-to-date ဖြစ်ပြီး စိတ်ဝင်စားစရာကောင်းပါတယ်။
😇process and criteria တွေက email ပို့ပြီးတိုက်ရိုက်မေး ဆက်သွယ်ရတာမလို့ ပိုအဆင်ပြေပါတယ်။
😇ဒီမှာက flexible ဖြစ်တာမို့ Try သင့်ပါတယ်။

Best of luck , guys !

📍 How to apply for CMU admission 📍⛔Bad news is that it is needed to pay admission fee (500 baht ) starting from 2024. ⛔📍...
13/12/2023

📍 How to apply for CMU admission 📍

⛔Bad news is that it is needed to pay admission fee (500 baht ) starting from 2024. ⛔

📍Each university has its own admission rules and here is how to apply for CMU.

📍You have to go via this link

https://admission.grad.cmu.ac.th/admissions/indexeng.php?p=101&tab=3

and follow the guidelines ( there are 6 steps as you can see in photos.)

Best of luck
Dr.Nick.

📍ချင်းမိုင်မှာနေပြီး ထိုင်းစာလည်းသင်ချင်တယ်။ ငွေလည်းတစ်ပြားမှမကုန်ချင်ဘူး ဆိုသူများအတွက် 📍English below 👇📍ချင်းမိုင်တက္က...
07/12/2023

📍ချင်းမိုင်မှာနေပြီး ထိုင်းစာလည်းသင်ချင်တယ်။ ငွေလည်းတစ်ပြားမှမကုန်ချင်ဘူး ဆိုသူများအတွက် 📍

English below 👇

📍ချင်းမိုင်တက္ကသိုလ်မှာ full scholar နဲ့ ထိုင်းစာသင်ဖို့ အခုပဲ link ထဲဝင်လျှောက်လိုက်နော်။

📍 ချင်းမိုင်က Bangkok ထက်စာရင် နေစားစာရိတ်အတော်သက်သာပြီး လှပတဲ့ဖြို့လေးပါ။

📍 ထိုင်းစာသင်ဖို့ full scholar
ဖို့ဆိုတာ ဘယ်မှာမှမရနိုင်တဲ့အခွင့်အရေးပါ

📍 မြန်မယ ၊ လာအို၊ ကမ်ဘောဒီးယား နဲ့ ဗီယက်နာမ် အတွက် သီးသန့်ပေးတာဖြစ်လို့ အခွင့်ရေးကောင်းကြီးပါ။
......


Chiang Mai University's TFL (Thai as a Foreign Language) Program is offering a full scholarship, including tuition fees and one round-trip travel expense, for citizens of 🇰🇭 Cambodia, 🇱🇦 Laos, 🇲🇲 Myanmar, and 🇻🇳 Vietnam.

Apply now: https://cmu.to/t4iyk

📍ဒီWebsite ၁၀ ခုမှာ တစ်နေ့ ၂နာရီလောက် အချိန်ဖြုန်းကြည့်ပါ 📍ဒီ Website ၁၀ ခုက ပရိတ်သတ်တွေရဲ့ ဘဝကို ပိုစမတ်ကျကျ တိုးတက်လာစ...
03/12/2023

📍ဒီWebsite ၁၀ ခုမှာ တစ်နေ့ ၂နာရီလောက် အချိန်ဖြုန်းကြည့်ပါ 📍

ဒီ Website ၁၀ ခုက ပရိတ်သတ်တွေရဲ့ ဘဝကို ပိုစမတ်ကျကျ တိုးတက်လာစေမယ့် Website တွေဆိုတာကိုတော့ အာမခံပါတယ်။ ကြည့်ကြရအောင် …

1.Unplug The TV
www.unplugthetv.com

ဒီ Website ထဲကို တစ်ကြိမ်ဝင်ကြည့်လိုက်တိုင်းမှာ မတူညီတဲ့ ဗီဒီယိုအသစ်တစ်ခုကို ကြည့်ရှုရပါလိ့မ်မယ်။ ဘယ်လို ဗီဒီယိုဖိုင်မျိုးလဲဆိုတော့ မိမိကိုယ်ကိုယ် စမတ်ကျကျရှင်သန်နိုင်စေဖို့ လမ်းညွှန်ပေးမယ့် ဗီဒီယိုဖိုင်မျိုးပေါ့။ တကယ်လို့ အကြောင်းအရာက ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာမျိုးမဟုတ်ခဲ့ရင်တောင်မှ ဗီဒီယိုဖိုင်ကို ပြီးဆုံးသည်အထိ ကြည့်ကြည့်ပါ။ မတူညီတဲ့ အကြောင်းအရာတွေ တင်ပြပုံတွေထဲကနေ သင့်ကို အမြင်ကျယ်စေပြီး စိတ်ချမ်းသာမှုကို တည်ဆောက်နိုင်စေမယ့် အကြောင်းအရာတွေ မျှဝေပေးပါလိမ့်မယ်။

2.Skillshare
www.skillshare.com

နယ်ပယ်အသီးသီးက ကျွမ်းကျင်သူ ပညာရှင်တွေက သင်ခန်းစာတွေ သင်ကြားပေးမှာဖြစ်ပါတယ်။ သီအိုရီတွေ ပညာခန်းတွေ တစ်ခုမှမပါဝင်ပါဘူး။ အသုံးဝင်ပြီး ထိရောက်တဲ့နည်းတွေချည်း ချပြမှာဖြစ်ပါတယ်။ ကိုယ်ဝါသနာပါရာကို ရှာဖွေကြည့်ရုံပါပဲ။

3.University of the People
www.uopeople.edu

အကျိုးအမြတ်မယူတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖန်တီးထားတဲ့ ဒီ Website ဟာ တက္ကသိုလ်ပညာရေးကနေ ဘွဲ့ရပြီးတဲ့အထိ ပါဝင်တဲ့ ပညာရပ်နယ်ပယ်အသီးသီးက ဘာသာရပ်တွေကို လေ့လာဖို့ ကျူရှင်မဟုတ်တဲ့ အွန်လိုင်းသင်တန်းတွေကို ဖွင့်လှစ်ပေးထားပါတယ်။

4.High Brow
www.highbrow.com

ဒီ Website ကို Subscribe လုပ်ထားမယ်ဆိုရင် သူတို့ဆီကနေ ၅ မိနစ်စာ ဘာသာရပ်အလိုက် သင်ခန်းစာတွေကို နေ့စဉ် အခမဲ့ ပို့ပေးနေမှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းသလို ဗဟုသုတလည်းရပါတယ်။

5.Investopedia
www.investopedia.com

Wikipedia တော့ အားလုံးကြားဖူးကြမှာပါ။ ဒါက Wikipedia မဟုတ်ပေမယ့် Wiki လိုပဲ လူတွေကို အထောက်အကူပြုတဲ့ Site တစ်ခုပါပဲ။ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေက ရှုပ်ထွေးပြီးတော့ နားလည်ရခက်ခဲပါတယ်။ ဒါပေမယ့် မိမိနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ငွေကြေးဆိုတာ အမြဲတစေပတ်သက်နေရမှာပါ။ ဒီတော့ ဒီ Website ထဲကနေတဆင့် အချက်အလက် ကိုင်တွယ်စုဆောင်းမှုပညာရှင်တွေနဲ့ ငွေကြေးကဏ္ဍကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်ချက်တွေ အချက်အလက်တွေ ဗဟုသုတတွေ အကြံဥာဏ်တွေကို ရယူနိုင်ပါတယ်။

6.Brain Pump
www.brainpump.net

ထူးထူးထွေထွေ ဆန်းဆန်းပြားပြားတွေကိုမှ စိတ်ဝင်စားသူတွေဟာ ဒီ Site ထဲကို ဝင်ကြည့်သင့်ပါတယ်။ ကမ္ဘာတစ်လွှားက လူသိနည်းတဲ့ ဗဟုသုတတွေ အိုင်ဒီယာတွေကိုမှ သီးခြား စုစည်းဖော်ပြပေးတဲ့ Website မို့ပါ။ ဒီအတိုင်း ရှာဖွေဖတ်ရှုဖို့တောင် ခက်ခဲတဲ့ ဗဟုသုတတွေဆိုတော့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဒီလို တစုတစည်းထည်း မြင်ရဖို့ဆိုတာ ဝေလာဝေးပါပဲ။ တစ်ခုအကြံပေးချင်တာက ဒီထဲက အကြောင်းအရာတွေက လူတိုင်းအတွက် အသုံးဝင်ချင်မှ ဝင်ပါလိ့မ်မယ်။ ဒါပေမယ့် သေချာတာကတော့ သင်ဒီထဲဝင်ကြည့်ပြီးရင် အရင်ကထက်ပိုပျော်တတ်လာပြီး ပိုတီထွင်ဆန်းသစ်ချင်လာမယ်ဆိုတာပါပဲ။

7.Spreeder
www.spreeder.com

ဖြည်းဖြည်းနဲ့ မှန်မှန် စာဖတ်ကျင့်ရှိတဲ့သူတွေဟာ တဖြည်းဖြည်းချင်း ခိုင်မာအားကောင်းတဲ့ အမြင်စူးရှမှုကို ရလာပါလိမ့်မယ်။ ဒီတော့ တဖြည်းဖြည်းချင်းပဲ သူများတွေထက် တိုးတက်လာမှာပေါ့။ အခု Website ကတော့ သင်တို့ကို ခပ်မြန်မြန်စာဖတ်နိုင်အောင် ကူညီပါလိမ့်မယ်။ ကိုယ်ဖတ်ချင်တဲ့စာကို Copy/Paste လုပ်ပြီး Site ထဲထည့်ရင် Site က အမြန်ဆုံးနဲ့ အရှင်းဆုံးဖြစ်အောင် ဘယ်လိုဖတ်ရမယ်ဆိုတာကို ပြင်ဆင်လမ်းညွှန်ပေးပါလိမ့်မယ်။

8.Coursera
www.coursera.org

Coursera ဟာ အွန်လိုင်းပေါ်ကနေ Learning လုပ်ဖို့ အကောင်းဆုံး Website လို့ ညွှန်းပါရစေ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီ Website ကနေ သင်ခန်းစာတွေ Subscribe လုပ်ပြီး လေ့လာနေလို့ပါ။ သိပ်ကောင်းပါတယ်။ အခမဲ့ အွန်လိုင်း သင်ခန်းစာတွေ/သင်ကြားမှုတွေပေးတဲ့နေရာမှာ ဂုဏ်သိက္ခာအကြီးမားဆုံး Website တစ်ခုဖြစ်ပါတယ်။ Data Science တို့ Machine Learning တို့လိုမျိုး ခက်ခဲနက်နဲတဲ့ ဘာသာရပ်တွေအထိ ရှာဖွေ လေ့လာနိုင်ပါတယ်။

9.Hemingway Editor
www.hemingwayapp.com

လူတိုင်းနီးပါးက ဝါသနာကြောင့်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ စာရေးဖြစ်တတ်ကြပါတယ်။ ဒီ Website ကတော့ စာဘယ်လိုရေးရမယ်ဆိုတာကို လမ်းညွှန်ပါလိမ့်မယ်။ ကိုယ်ရေးသားထားတဲ့ စာတွေကို Site ထဲ Paste လုပ်လိုက်တဲ့အခါ စာသားတွေကို ဘယ်လိုထားသိုသင့်တယ်၊ ဘယ်လို မက်ဆေ့ခ်ျပေးမယ်၊ စာပိုဒ်တွေ ဘယ်လိုတည်ဆောက်မယ် စသဖြင့်ပေါ့လေ ပြင်ဆင်တည်းဖြတ်ပေးပါလိမ့်မယ်။ ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင် အယ်ဒီတာလေးဖြစ်နေမှာပါ။

10.edX
www.edx.org

ဒီ Website ထဲမှာ ကမ္ဘာတစ်လွှားက တက္ကသိုလ်ပေါင်းမြောက်များစွာရဲ့ အွန်လိုင်း သင်တန်းပေါင်းမြောက်များစွာကို ရှာဖွေနိုင်ပါတယ်။ ၂၀၁၆ ဒီဇင်ဘာတုန်းက ဒီ Site ကနေတဆင့် ပညာသင်ကြားခဲ့တဲ့ ကျောင်းသား ၁၀ သန်းပြည့်ခဲ့ပြီးတော့ သင်တန်းအရေအတွက်အားဖြင့်လည်း ၁၂၇၀ ခုအထိ ချိတ်ဆက်ဖွင့်လှစ်ပေးထားပါတယ်တဲ့ဗျာ။
Credit: အခရာ

30/11/2023

December is coming!! One month to 2024🫢

26/11/2023
📍လမ်းပျောက်နေတဲ့လူငယ်တွေအတွက်📍❔Screenshot မှာရေးထားတာလေးဖတ်ပြီး စာရေးသူရဲ့ စေတနာက်ုမြင်ရပါတယ်။ ( ဖတ်ကြည့်ပါနော်။) ⛔အသေးစ...
26/11/2023

📍လမ်းပျောက်နေတဲ့လူငယ်တွေအတွက်📍

❔Screenshot မှာရေးထားတာလေးဖတ်ပြီး
စာရေးသူရဲ့ စေတနာက်ုမြင်ရပါတယ်။
( ဖတ်ကြည့်ပါနော်။)

⛔အသေးစိပ် သူ့ wall မှာ ဝင်လေ့လာပါ။

⛔ကျွန်တော်တို့နဲ့ လူချင်းမသိပါ။ Idea လေးကောင်းလို့ share ပေးတာပါ။

facebook link 👇👇

https://www.facebook.com/lynnhtutnyan?mibextid=2JQ9oc

📍Nursing Science စိတ်ဝင်စားရင် PhD ခေါ်နေပါတယ်။📍link ထဲဝင်ကြည့်ရင် အသေးစိပ်တွေ့ပါလိမ့်မယ်။Call for applications for Doct...
24/11/2023

📍Nursing Science စိတ်ဝင်စားရင် PhD ခေါ်နေပါတယ်။📍

link ထဲဝင်ကြည့်ရင် အသေးစိပ်တွေ့ပါလိမ့်မယ်။

Call for applications for Doctoral Degree Program in Nursing Science (International Program) academic year 2024 until April 15, 2024 for more details at https://cmu.to/admission

Address


Telephone

+66921070967

Website

Alerts

Be the first to know and let us send you an email when Happiness is A Way of Travel - not a destination posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share