Thanlwin Myanmar Media

  • Home
  • Thanlwin Myanmar Media

Thanlwin Myanmar Media Public Media

မြင်းခြံမြို့နယ်တွင် ပျူအထိုင်စခန်းကို ဝင်ရောက်ခိုက်ခိုက်မှု ပျူ ၂ ဦးသေဆုံးပြီးစစ်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရရှ...
16/07/2025

မြင်းခြံမြို့နယ်တွင် ပျူအထိုင်စခန်းကို ဝင်ရောက်ခိုက်ခိုက်မှု ပျူ ၂ ဦးသေဆုံးပြီးစစ်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ရွာ ပျူစောထီးအထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူ စောထီး ၂ ဦးသေဆုံးပြီး စစ်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကြယ် တစ်ပွင့်အဖွဲ့ထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၁၆ ရက် မွန်းတည့် ၁၂ နာရီခန့်က မြင်းခြံမြို့နယ်၊ လယ်ကျေးရွာ ပျူစောထီး အထိုင်း အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသည့် ပျူစောထီး ၁၀ ဦးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်နေစဉ် မြင်းခြံမြို့ပေါ်မှ ရိက္ခာပို့ရန် ထွက် ခွာလာသည့် လိုက်ထရပ်ကန်တာ အမျိုးအစား ရိက္ခာပို့ကားတစ်စီးဝင်ရောက်လာသဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကြက်ဝိုင်းဆေးချနေတဲ့အချိန် ဝင်စီးတာ၊ အင်အားက ၁၀ ယောက်လောက်ပဲရှိတာ၊ ၂ ယောက် သေ တယ်၊ အဲဒီအချိန်မှာ စခန်းထဲဝင်လာတဲ့ကားကိုပါ ပစ်ခတ်တိုက်ခိုက်တဲ့တာ၊ စခ တွေ လည်းပါတယ်၊ ရိက္ခာပို့လာတဲ့ကားပါ၊ ကားတော့မသိမ်းနိုင်ခဲ့ဘူး။ တပ်နှစ်ခုကြားဆိုတော့ ကားကို သိမ်းဖို့က မလွယ် ဘူး၊ အချိန်မရတော့ ပစ္စည်းတွေပဲ သိမ်းလာခဲ့တာ။” ပြည်သူ့ကြယ်တစ်ပွင့်အဖွဲ့မှ ဗိုလ်မိုက်ခဲက ပြော ကြားသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပျူစောထီး ၂ ဦးသေဆုံးကာလက်ပစ်ဗုံး ၂ လုံး၊ကျည်ဘောက် ၂ ဘောက် နှင့် ရိက္ခာပစ္စည်းပုံး တစ်ပုံးသိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့်အဖွဲ့မှ ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂ ရက်နေ့က တူရွှင်းဘို့ရွာ တိုက်ပွဲအတွင်းကျဆုံးသွားသော ရဲဘော်အတွက် လက်စားချေတုန့် ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Wesite Link – https://thanlwinmyanmar.com/mandalay-news-279/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #မြင်းခြံမြို့နယ် #အကြမ်းဖက်စစ်တပ် #သံလွင်မြန်မာ

16/07/2025

🔰နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်မှ စီစဉ်သည့်ဘာသာပေါင်းစုံအတူလက်တွဲစစ်အာဏာရှင် ဖြုတ်ချပွဲစကားဝိုင်းဆွေးနွေးပွဲအစီအစဉ် (၂၀၅)ကို ဇူလိုင် လ(၁၆)ရက်နေ့ည (၉)နာရီတွင် ကျင်းပမည်ဖြစ်ပါသည်။
🔰ဆွေးနွေးပွဲ စတင်သည့် အချိန်တွင်
ဖော်ပြပါ Link မှတဆင့် ဝင်ရောက်နိုင်ပါသည်။
https://bit.ly/4nHCtD5
🔰တိုက်ရိုက်ထုတ်လွှင့်ပြသမည့် Pages
✅Mizzima
✅CJ Platform
✅The Tanintharyi Times
✅Compassie Voor Myanmar
✅မောင်း
✅D-Day News
✅လူထုခေတ်
✅မြို့တော်
✅MeKong News - မဲခေါင်သတင်း
✅Unsung Team
✅မျက်မှောက်ခေတ်
✅Red News Agency
✅Chindwinyoma News- Burmese Edition
✅Ayeyarwaddy Times - TV
✅Delta News Agency
✅Independent Mon News Agency
✅သံလွင်ခတ် - Than Lwin Khet News
✅ခေတ်မျက်လုံး-Era's Eye
✅The Nation Voice
✅နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်
✅နွေဦးတော်လှန်ရေး
သံဃကွန်ရက်
✅ နွေဦးတော်လှန်ရေး
မြန်မာမွတ်စလင်မ်ကွန်ရက်
✅Learn and Share - လေ့လာဝေမျှ
✅Rehmonnya FM
✅Tun Kyi page
⚠️ပြည်သူများအနေဖြင့် ပါ၀င်ဆွေနွေးနိုင်ပြီး
ဆွေးနွေးသည့် အခါတွင် ခေါင်းစဉ်နှင့် သက်ဆိုင်သည့် မေးခွန်း နှင့် အကြောင်းအရာများကိုသာ မေးမြန်းဆွေးနွေးပေးကြပါရန် မေတ္တာရပ်ခံပါသည်။
⚠️
✅✅✅
Please Like and Share our page

ပခုက္ကူမြို့လေယာဉ်ကွင်းအနောက်ဘက်သို့ ကင်းပတ်ထွက်လာသော စစ်သားများကို ကြားဖြတ် တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် ၈ ဦး သေဆု...
16/07/2025

ပခုက္ကူမြို့လေယာဉ်ကွင်းအနောက်ဘက်သို့ ကင်းပတ်ထွက်လာသော စစ်သားများကို ကြားဖြတ် တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် ၈ ဦး သေဆုံး

သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၆

မကွေးတိုင်း၊ ပခုက္ကူမြို့၊ လေယာဉ်ကွင်းအနောက်ဘက်သို့ ကင်းပတ်ထွက်လာသော စစ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၅ ရက် ညနေ ၃ နာရီက ပခုက္ကူမြို့ လေယာဉ်ကွင်း အနောက်ဘက်သို့ ကင်း ပတ်ထွက်လာသော စစ်တပ် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရန် အသင့်စောင့်ဆိုင်းခဲ့ရာ Southern Yesagyo Local တပ်ပေါင်းစု ပင်မစစ်ကြောင်းနှင့် ထိပ်တိုက်မတိုးဘဲ အရံကင်းအဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံကာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂၅ မိနစ်ခန့် အကြာဖြစ်ခဲ့ကြောင်း သိရသည်။

“အဓိကဆော်ဖို့စောင့်နေတဲ့အဖွဲ့ဘက်ကို ရောက်မလာပဲနဲ့ အရံကင်းထားတဲ့ကို စခလမ်းကြောင်းက ရောက်သွားတာ၊ အင်အားက နှစ်ဆယ်၊ သုံးဆယ်လောက်ရှိမယ်၊ အင်အားက စုပေါင်းနေတုန်း၊ ဟိုဘက်ဂိတ်က ဘယ်နှစ်ယောက်လာ၊ ဒီဘက်ဂိတ်က ဘယ်နှစ်ယောက် ထုတ် စုပေါင်းနေတုန်း၊ သူ တို့ ပုံမှန်ပတ်ကင်းအဖွဲ့ဆိုရင် အင်အားက ၅၀ အထက်သုံးတယ်။အခုလုပ်လုပ်ခဲ့ရတာက တြိဂံပုံစံ လေယာဉ်ကွင်းရှိတယ်၊ ညောင်တူးကန်ရှိတယ်၊ ဘုန်းကံရှိတယ်။ တကယ်စစ်တပ်အထိုင်ချတဲ့နေရာ‌ တွေ၊ ကိုယ်စိတ်မထင်တဲ့နေရာတွေကို အရံကင်းချထားတာ၊ အရံကင်းကနေ ရှေ့ထွက်လာတဲ့ ၇ ယောက်၊ ၈ ယောက်ကို မှောက်ကျသွားအောင်ပစ်ခတ်နိုင်ခဲ့တယ်။” ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောကြားသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ခလရ ၂၅၄ တပ်ရင်းမှ အရာရှိ တစ်ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သားအလောင်းများကို ယနေ့ ဇူလိုင်လ ၁၆ ရက်‌ နေ့လည်ပိုင်းက သုံးဘီးအစီရောင်ယာဉ်ဖြင့် ပခုက္ကူမြို့သို့ သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Southern Yesagyo Local တပ်ပေါင်းစု ၊ Southern YSO PDF ၊ ဒေါင်းညီ နောင် ၊ ပြည်သူ့အားမာန် PDF ၊ Yesagyo Revolution Group (YRG) နှင့် King Cobra တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ Southern YSO PDF တပ်ဖွဲ့အနေနဲ့ ပြည်တော်တစ်ခွင် စစ်မိစ္ဆာနှင့်ဖို့အတွက် “အောင် မောင်း တောင့်ထား ကမ်ပိန်းလုပ်ဆောင်လျက်ရှိပါတယ်၊ အဲဒီကမ်ပိန်းလေးမှာ မိဘပြည် သူတွေ ပူးပေါင်းဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောဆို သည်။

Wesite Link – https://thanlwinmyanmar.com/magway-news-399/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #ပခုက္ကူမြို့နယ် #အကြမ်းဖက်စစ်တပ် #သံလွင်မြန်မာ

16/07/2025

နွေဦးတော်လှန်ရေးသံဃကွန်ရက်က စီစဉ်ကျင်းပသော အပတ်စဉ် ဗုဒ္ဓဟူးနေ့ ဟောပြောဆွေးနွေးပွဲ
▫️ခေါင်းစဉ်
လူထုဘက်က မထေရ်များ
▫️ဟောပြောကြမည့် ဆရာတော်များ
- ဗုဒ္ဓဝိဟာရဆရာတော် (ဩစတေးလျ)
- ဆရာတော် ဦးအဂ္ဂ (နယူးဒေလီ)
▫️ဆွေးနွေးမည့်နေ့ရက်နှင့် အချိန်
နေ့ရက်:၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက် (ဗုဒ္ဓဟူးနေ့)
အချိန်: မြန်မာစံတော်ချိန် ည ၇:၃၀ နာရီ
▫️ပါဝင်နားဆင်ရန် ဆွေးနွေးပွဲ စတင်ချိန်တွင် အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်နားဆင်နိုင်ပါသည်။
👉 **လင့်ခ်**: https://bit.ly/3TvB9p9
▫️ ထုတ်လွှင့်မည့် စာမျက်နှာများ
ဤအစီအစဉ်ကို အောက်ဖော်ပြပါ စာမျက်နှာများတွင် တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
✅ နွေဦးတော်လှန်ရေးသံဃကွန်ရက်
✅ Mizzima - News in Burmese
✅ သံလွင်ခတ် - Than Lwin Khet News
✅ The Tan antharyi Times
✅ Compassie Voor Myanmar
✅ မောင်း
✅ D-Day News
✅ လူထုခေတ်
✅ မြို့တော်
✅ MeKong News - မဲခေါင်သတင်း
✅ Unsung Team
✅ မျက်မှောက်ခေတ်
✅ နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက်
✅ Red News Agency
✅ Chindwinyoma News - Burmese Edition
✅ Ayeyarwaddy Times - TV
✅ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်
✅ Delta News Agency
✅ Independent Mon News Agency
✅ Learn and Share - လေ့လာဝေမျှ
✅ CJ Platform
✅ Rehmonnya FM
✅ Tun Kyi

ရေးမြို့နယ်၊ ကွမ်းကျိုက်တပ်စခန်းအနီးရှိ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးသံလွင်မြန်မာသတင်းဇူလိုင်လ...
16/07/2025

ရေးမြို့နယ်၊ ကွမ်းကျိုက်တပ်စခန်းအနီးရှိ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၆

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာ အနီး၊ စစ်ကောင်စီလက်အောက်ခံ ကွမ် ကျိုက်တပ်စခန်းအနီးရှိ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။

ဇူလိုင်လ ၁၁ ရက် နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ကရေးမြို့နယ်မြောက်ပိုင်း၊ မော့ကနင်ကျေးရွာအနီး၊ ကွမ်းကျိုက်တပ်စခန်းအနီးရှိ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော ကာကင်းစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး တော်လှန် ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအားလုံး တစုံတရာထိခိုက်မှုမရှိပဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင် ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်‌‌ဖက်ဒရယ်ကောင်စီ (MSFC) ၏ တပ်များဖြစ်သော မွန်ပြည်တော် လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် မဟာမိတ် KNLA တပ်ရင်း ၂၇ ၊ တပ် ခွဲ ၁ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Wesite Link – https://thanlwinmyanmar.com/mon-state-news-62/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #ရေးမြို့နယ် #အကြမ်းဖက်စစ်တပ် #သံလွင်မြန်မာ

16/07/2025

စစ်တောင်းမြစ်ဝှမ်း စကားဝိုင်း

ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကက်သလစ်ဘုန်း တော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်သူမျ...
16/07/2025

ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကက်သလစ်ဘုန်း တော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်သူများအား NUG စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်

သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကက် သလစ် ဘုန်း တော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်သူများအား NUG စစ်ခုံရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်

ဇူလိုင်လ ၁၀ ရက်နေ့က ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် (၂၄/၂၀၂၅) အရ ဖွဲ့စည်း တာဝန် ပေးအပ်သည့် စစ်ခုံရုံးက အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး စွပ်စွဲခံရသူ ဒေသခံကာကွယ်ရေး အဖွဲ့ ဝင် တိုက်ကော (ခ) ဝင်းဇော်ဦးပါကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ်(၂၀) ၊ ငနေ (ခ) နိုင်းနိုင်း၊ တံခွန် (ခ) မိုးယံမြင့်မြတ်၊ တက်လူ (ခ) နိုင်ဝင်းစည်သူ၊ မိုးကြိုး (ခ) အောင်မျိုးဟိန်း၊ R6 (ခ) အောင်ဇင်မြတ်၊ စနေ (ခ) ဂျွန်ကိုထွန်း၊ ကျားကြီး (ခ) ရင်ထူးကျော်တို့ (၇) ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) / ၁၁၄ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ်(၂၀)ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ထောင်ဒဏ်အမိန့်ချမှတ်ခံထားရသူများအား သက်ဆိုင်ရာအကျဥ်းထောင်များတွင် ထိန်းသိမ်း ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော် သခင်မ ဘုရားကျောင်းမှာ သာသနာ့တာဝန်ကို ထမ်းဆောင်နေသော အသက် ၄၄ နှစ်အရွယ်၊ ဝါ တော် ၇ နှစ်ရှိ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာက ဘုန်းတော်ကြီး Father Donald Martin ရဲနိုင်ဝင်းကို ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးသတ် ဖြတ်ခံရသူ ဖာသာဒေါ်နယ်မာတင်သည် ယင်းဘုရားကျောင်း၌ တာဝန်ထမ်းဆောင်နေသည်မှာ ၂ နှစ် နီးပါးရှိပြီဖြစ်ကြောင်းသိရသည်။

Wesite Link - https://thanlwinmyanmar.com/sagaing-news-422/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #ရွှေဘိုမြို့နယ် #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #ကာကွယ်ရေးဝန်ကြီးဌာန #သံလွင်မြန်မာ

16/07/2025

AI သရော်ကဏ္ဍ ‌ 🥴မွင်းငါးသည် အဘ😂

သံလွင်မြန်မာသတင်း
ဇူလှိုင် 16 ရက်

သံလွင်မြန်မာသတင်းဌာနကနေ ကြိုဆိုပါတယ်။

အခုတင်ဆက်ပေးချင်တာကတော့ AI ထဲမှာ ဖန်တီးထားတဲ့ ဗွီဒီယိုလေး ကို တင်ဆက်ပေးချင်ပါ တယ်။

ဒီဗွီဒီယိုလေးကိုတော့ အဘနဲ့ မွင်းငါး လို့အမည်ပေးထားပါတယ်😂

နည်းပညာခေတ်နဲ့အညီ ဖန်တီးထားတဲ့ AI ဗွီဒီယို၊ ကာတွန်း၊ ရုပ်သံသီချင်း၊ သတင်းတွေကို Thanlwin Myanmar Media Page Messenger ဖြစ်စေ၊ Telegram - +66 9277 52 303 ကဖြစ်စေ၊ [email protected] ကဖြစ်စေ ပေးပို့နိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါတယ်။

နောင်ချိုမြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမည်ဖြစ်သောကြောင့် ပြည်သူများ လုံခြုံရေး သတိထားပြီး သွားလာကြပါရန်နှင့် လေ...
16/07/2025

နောင်ချိုမြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမည်ဖြစ်သောကြောင့် ပြည်သူများ လုံခြုံရေး သတိထားပြီး သွားလာကြပါရန်နှင့် လေကြာင်းရန် ကာကွယ်ရေးလမ်းညွှန်ချက်များ တိုက်နာကြပါရန် TNLA သတိပေး

သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမည်ဖြစ်သော ကြောင့် ပြည်သူများ လုံခြုံရေး သတိထားပြီး သွားလာကြပါရန်နှင့် လေကြာင်းရန် ကာကွယ်ရေး လမ်းညွှန်ချက်များ တိုက်နာကြပါရန် TNLA က သတိပေးချက်ထုတ်ပြန်ထားသည်။

ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင် နောင်ချိုမြို့ပေါ်ရှိ အရပ်ဖက် ဆိုင်ရာ စီမံအုပ်ချုပ်မှုရုံး လုပ်ငန်း များကို အခြားလုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ကာ လူထုဝန်ဆောင်မှု လုပ်ငန်းများဆက်လက်ဆောင် ရွက်နိုင်ရန် ပြုလုပ်ထားကြောင်း၊ နောင်ချိုမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေမည်ဖြစ် သော ကြောင့် တိုက်ပွဲကြားတွင် မိဘပြည်သူထုလူများ ကြားညှပ်မပိတ်မိစေရန် လုံခြုံရေးသတိထားပြီး နေ ထိုင်သွားလာကြရန်နှင့်လေကြောင်းအန္တရာယ်ကာကွယ်ရေးလမ်းညွှန်ချက်များ လိုက်နာကြရန် လို အပ်ပါကြောင်း အသိပေးထားသည်။

ထိုအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျောက်မဲ၊သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြို့တို့တွင် စစ်ကောင်စီ တပ်၏ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေသောကြောင့် မိဘပြည်သူလူထုများ အနေဖြင့် ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် သတိဝီရိယဖြင့် နေထိုင်သွားလာကြပါရန် ဆက်လက် အသိပေးထားသည်။

၂၀၂၅ ခုနှစ် မေလကတည်းက စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွါးနေသည့်နေရာနှင့် တိုက်ပွဲဖြစ်ပွါး ခြင်းမရှိသည့်နေရာများတွင် အရပ်သားပြည်သူလူထုအား ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လေ ကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသောကြောင့် မိဘပြည်သူများလူထုများသည် မြို့ဧရိယာတွင် နေထိုင်နိုင်ခြင်းမရှိတော့ဘဲဘေးကင်းရန်အတွက် မြို့ပြင်ပသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။

ပြည်သူလူထုများမြိုပြင်ပသို ပြောင်းရွှေ့နေထိုင်သော်လည်း စစ်ကောင်စီတပ်မှ ထပ်မံပြီး ပြည်သူ လူထု နေထိုင်ရာသို့ ထပ်မံပြီး တိုက်ခိုက်လာသည့်အတွက် ပြည်သူလူထုများ နေစရာပျောက်ဆုံး သွားသည့် နီးစပ်ရာမြို့များသို့ ပြောင်းရွှေ့ကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဒုက္ခသည် စခန်းသို့ စစ်ဘေးရှောင်နေခဲ့ကြရသည်ဟု ဆိုသည်။

၂၀၂၅ ခုနှစ် မေလမှ ဇူလိုင်လ ၁၅ ရက်အထိ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူလူထုကို ရည်ရွယ် ချက်ရှိရှိ ဦးတည်ခိုက်မှုကြောင့် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြိုရှိ ပြည်သူ ၂၃ ဦး သေဆုံးခဲ့ရပြီး ၈၈ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၊ ဘာသာရေးအဆောက်အအုံ ဘုန်းကြီးကျောင်း ၈ ကျောင်း၊ စာသင်ကျောင်း ၈ ကျောင်းနှင့် နေအိမ် ၂၂၀ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မေလမှ စတင်၍ ဇူလိုင်လလယ်ပိုင်းအထိ စစ်ကောင်စီတပ်သည် နောင်ချိုမြို့တွင်းနှင့် နောင်ချိုမြို့အနီးရှိကျေးရွာများသို့ ဦးတည်ပြီး မြေပြင်တွင် အင်အားအလုံးအရင်းဖြည့်တင်းကာ ထိုး စစ်ဆင်တိုက်ခိုက်ခြင်း၊လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ အဆိပ်ငွေ့ဗုံးများကျဲချ၍ တိုက်ခိုက်ခြင်းများကို နေ့စဉ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်နှင့် တအာင်း တပ်မတော် TNLA အကြား ထိတွေ့တိုက်ပွဲ ၃၁၉ ကြိမ် အပြင်းအထန်ဖြစ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၀၆ ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက် မှု ၁၆၂ ကြိမ် ၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှု ၄၆၉၂ ကြိမ် နှင့် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်မှု ၁၈၆ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Wesite Link – https://thanlwinmyanmar.com/tnla-news-184/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #နောင်ချိုမြို့နယ် #အကြမ်းဖက်စစ်တပ် #သံလွင်မြန်မာ

အထက်အရာရှိများ၏ နှိပ်စက်ခြင်းခံနေရသော စစ်မှုထမ်းတပ်သားများအနေဖြင့် ဘက်ပြောင်းခိုလှု ကြရန် အာရက္ခတပ်တော် -AA တိုက်တွန်းသံ...
16/07/2025

အထက်အရာရှိများ၏ နှိပ်စက်ခြင်းခံနေရသော စစ်မှုထမ်းတပ်သားများအနေဖြင့် ဘက်ပြောင်းခိုလှု ကြရန် အာရက္ခတပ်တော် -AA တိုက်တွန်း

သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၆

အထက်အရာရှိများ၏ နှိပ်စက်ညှင်းပန်းမှုခံနေရသော စစ်မှုထမ်းတပ်သားများအနေဖြင့် ဘက်ပြောင်း ခိုလှုံကြရန် အာရက္ခတပ်တော် -AA က ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင် တိုက်တွန်းထားသည်။

စစ်မှုမထမ်းမနေရ ဥပဒေကို ခုတုံးလုပ်ကာ အတင်းအဓမ္မစစ်သားစုဆောင်းထား မြန်မာပြည်အနှံ အပြားမှ လူငယ်များသည် တိုက်ပွဲများ ဖြစ်ပွားနေသည့် ရှေ့တန်းစစ်မြေပြင်များသို အသီးသီးသို့ ပို့ဆောင်ခြင်းကိုခံရကာ စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းသည့်ကိစ္စရပ် နှင့် စစ်အာဏာရှင် သက်ဆိုး ရှည်ရေးကိစ္စရပ်များတွင် စိတ်သဘော ဆန္ဒမပါဘဲ အစတေးခံ၊ အဖြည့်ခံများအဖြစ် ပါဝင် လျက်ရှိကြောင်း AA က ပြောဆိုထားသည်။

ရှေ့တန်းစစ်မြေပြင်သို့ အတင်းအဓမ္မ ပိုဆောင်ခြင်းခံနေရသော စစ်ကောင်စီ၏ တပ်သားသစ် (သို့မ ဟုတ်) ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် တိုက်ခိုက်လိုစိတ်မရှိဘဲ အခွင့်ရလျှင်ရသလို၊ အခြေအနေပေး လျှင်ပေး သလို ရှေ့တန်းစစ်မြေပြင်များမှ နီးစပ်ရာ တိုင်းရင်းသားလူမျိုး တော်လှန်ရေးအဖွဲ့အစည်း များထံသို့ ဘက်ပြောင်းခိုလှုံရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။

တစ်ပြိုင်နက်တည်းတွင် ဖက်ဆစ်စစ်ကောင်စီသည် မြန်မာပြည်၏ နေရာအနှံတွင် စစ်ရှုံးကာ စခန်း ပေါင်းမြောက်မြားစွာကို လက်လွှတ်ဆုံးရှုံးထားရပြီးနောက် အဆိုပါစခန်း၊ မြို့များကို ပြန်လည်သိမ်း ပိုက်ရယူရန် အပြင်းအထန် ကြိုးစားလျက်ရှိသည်။ သိုသော်လည်း ယခင်နှစ်များ၌နည်းတူ နေရာ အများစုတွင် အထိအခိုက် အကျအဆုံးများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ လက်ပူတိုက် သင်တန်းပေး ထားသော တပ်ဖွဲ့ဝင်များမှာလည်း အထက်တပ်မှူးများ၏ ဗိုလ်ကျအနိုင်ကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှု တို့ကြောင့် တိုက်လိုခိုက်လိုစိတ်မရှိတော့ဘဲ နေ့စဉ်နှင့်အမျှ ထွက်ပြေးရန် ကြိုးစားလျက်ရှိသည်ဟု ဆို သည်။

ထိုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ထံတွင် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကိုခံရပြီး အမျိုး မျိုး ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံနေရသော မြန်မာပြည်အနှံမှ လူငယ်များအနေဖြင့် အာရက္ခတပ်တော် ထံသို့ ဘက်ပြောင်းလိုပါက မည်သည့်နေရာတွင်မဆို အချိန်မရွေး ဘက်ပြောင်းလာနိုင်ကြောင်း၊ အလင်းဝင် ဘက်ပြောင်းလာသူတိုင်း၏ အသက် နှင့် လုံခြုံမှုရရှိစေရေးကို အာမခံကြောင်း အာရက္ခ တပ်တော်က ထုတ်ပြန်ထားသည်။

Wesite Link – https://thanlwinmyanmar.com/aa-news-75/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #အာရက္ခတပ်တော် #အကြမ်းဖက်စစ်တပ် #စစ်မှုထမ်း #အလင်းဝင် #သံလွင်မြန်မာ

မိုင်းငေါ့မြို့နယ်၊ မန်ပင့်တံတားအနီးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြုဲတိုက်ခိုက်မှု ခရီး သွားပြည်သူ ၁ ဦးသေဆုံးပြ...
16/07/2025

မိုင်းငေါ့မြို့နယ်၊ မန်ပင့်တံတားအနီးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြုဲတိုက်ခိုက်မှု ခရီး သွားပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၁ နယ်မြေ၊ မိုင်းငေါမြို့နယ်၊ မန်ပင့်တံတားအနီး ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရီးသွားပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယမန်နေ့ ဇူလိုင်လ ၁၅ ရက် မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်က မိုင်းငေါ့မြို့နယ်၊ မန့်ပင့်တံတားအနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာခရီးသွားပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ မန်ပင့်တံတားလည်း အနည်းငယ်ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ကလည်း သီပေါမြို့၊ တောင်မြို့ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က ဂျက် ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး ပွဲချင်းသေဆုံးခဲ့ပြိး အမျိုးသမီး ၁ ဦးနှင့် အမျိုး သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၅ လုံး ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ကျောက်မဲမြို့ တွင် ၆ ကြိမ်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာတွင် ၁ ကြိမ်၊ မိုးကုတ်မြို့တွင် ၂ ကြိမ်နှင့် သီပေါမြို့ တွင် ၂ ကြိမ် စုစုပေါင်း ၁၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် ပြည်သူလူထု ၉ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၄ ဦးနှင့် ပြည်သူ ၄၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၆၃ အိမ်၊ စာ သင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၄ ကျောင်း ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်ထားသည်။

Wesite Link - https://thanlwinmyanmar.com/tnla-news-183/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #မိုင်းငေါ့မြို့နယ် #အကြမ်းဖက်စစ်တပ် #လေကြောင်းတိုက်ခိုက်မှု Media #သံလွင်မြန်မာ

နောင်ချိုမြို့နယ် ရှေ့တန်းစစ်မျက်နှာမှ စစ်မှုထမ်းတပ်သား ၂ ဦး အလင်းဝင်သံလွင်မြန်မာသတင်းဇူလိုင်လ ၁၆ရှမ်းပြည်နယ်မြောက်ပိုင်...
16/07/2025

နောင်ချိုမြို့နယ် ရှေ့တန်းစစ်မျက်နှာမှ စစ်မှုထမ်းတပ်သား ၂ ဦး အလင်းဝင်

သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ဆင်နွဲနေသော ရှေ့တန်းစစ်မျက်မှ စစ်မှုထမ်း တပ် သား ၂ ဦး အလင်းဝင်ခဲ့ကြောင်း ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၀ ရက်နေ့က နောင်ချိုမြို့နယ်၊ တိမ်ပင်လယ်ကြီး ရှေ့တန်းတနေရာသို့ ရောက်ရှိနေသော စစ်မှုထမ်း အပတ်စဉ် ၁၀ မှ စစ်မှုထမ်းတပ်သား ၂ ဦးသည် ရှေ့တန်းကင်းပွိုင့်၌ တာဝန်ကျနေစဉ် ထွက်ပြေးလာပြီး ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံ ဆက်သွယ်ကာ အလင်းဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က စစ်တပ်ထဲမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ၊ သင်တန်းပို့ချချက်တွေမှာ ပြည်သူတွေရဲ့ ပစ္စည်း ဥစ္စာတွေကို ယူခွင့်တွေ၊ ပြည်သူတွေကို မုဒိမ်းကျင့်ခွင့်တွေ အဲလိုတွေ သင်ပေးတာကို လက်မ ခံနိုင်တဲ့ အတွက် အလင်းဝင်လာခဲ့တာဖြစ်လို့ ပြောပါတယ်။ လက်နက်ပါ ယူလာခဲ့တာလို့ ပြောတယ်၊ တစ်ချို့ နေရာတွေက လမ်းမှာဖြတ်သန်းရခက်လို့ တောထဲမှာ ဖွတ်ထားခဲ့တယ်လို့ ပြောတယ်၊ လက်ရှိ တော့လက်နက်တွေ မရသေးတဲ့အတွက် လက်နက်ပါ၊ မပါတော့ အတည်ပြုပေးလို့မရသေးဘူး” ဟု ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ကိုဖြိုးက ပြောကြားသည်။

ထိုသို့ အလင်းဝင်ရောက်ခဲ့သည့် စစ်မှုထမ်းတပ်သား ၂ ဦးကို ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ် ဖွဲ့မှ ကူညီစောင့်ရှောက်ပေးထားကာ မိသားစုနှင့် ချိတ်ဆက်၍ ပြန်ပို့ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ထပ်မံ၍ အလင်းဝင်ရောက်ရန် ချိတ်ဆက်ထားသည့် စစ်မှုထမ်းတပ်သားအများအပြားရှိပြီး အခြေအ နေအကြောင်းကြောင်း လက်ခံပေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Wesite Link - https://thanlwinmyanmar.com/cdm-news-153/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #နောင်ချိုမြို့နယ် #အကြမ်းဖက်စစ်တပ် #အလင်းဝင်

Address


Alerts

Be the first to know and let us send you an email when Thanlwin Myanmar Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thanlwin Myanmar Media:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share