Win Win's Diary

  • Home
  • Win Win's Diary
05/10/2025

?

04/10/2025

ထိုင်းလာမယ်ဆို သိသင့်တဲ့ အချက်တွေထဲက တစ်ခု

CI ဆိုတာ ဘာလဲ
ဘတ်ရိုက်တယ်ဆိုတာ ဘာလဲ

Pattaya ကနေ kohlarn ကျွန်းကို သွားတဲ့ review လေးကို ဒီလင့်ခ်လေးမှာ ကြည့်ပေးပါ။ https://www.facebook.com/share/1Co6Y2xeti...
04/10/2025

Pattaya ကနေ kohlarn ကျွန်းကို သွားတဲ့ review လေးကို ဒီလင့်ခ်လေးမှာ ကြည့်ပေးပါ။

https://www.facebook.com/share/1Co6Y2xeti/?mibextid=wwXIfr

Service ကတော့ WinWin Express မှာ package တွေ ရှိနေပြီမို့ သွားရောက်စုံစမ်းနိုင်ပါပြီရှင့်။

What is Visa?ဗီဇာဆိုတာ ဘာလဲVisa ဆိုတာ မိမိသွားလိုတဲ့နိုင်ငံထဲကို ဝင်ရောက်ဖို့ရာအတွက် တရားဝင် မှတ်တမ်းဖြစ်ပါတယ်။🛂 Arrival...
29/09/2025

What is Visa?
ဗီဇာဆိုတာ ဘာလဲ

Visa ဆိုတာ မိမိသွားလိုတဲ့နိုင်ငံထဲကို ဝင်ရောက်ဖို့ရာအတွက် တရားဝင် မှတ်တမ်းဖြစ်ပါတယ်။

🛂 Arrival Visa

ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံသားတွေ ဝင်ရောက်ခွင့်ရနိုင်ဖို့အတွက် အသုံးပြုလို့ရတဲ့ ဗီဇာအမျိုးအစားတွေကတော့ Visa Free Entry လို့ခေါ်တဲ့ အခမဲ့ဝင်ခွင့် Arrival visa ပဲ ဖြစ်ပါတယ်၊၊ လေကြောင်းလိုင်းနဲ့ တရားဝင် ဝင်ရောက်ရမှ ဖြစ်ပြီး ၁၄ရက် နေခွင့်ရှိပါတယ်။ အလုပ်လုပ်ခွင့် မရှိပါဘူး။

🛂 Tourist Visa

နောက်တစ်မျိုးကတော့ Tourist Visa လို့ခေါ်တဲ့ ခရီးသွားဗီဇာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ထိုင်းသံရုံးမှာ ဗီဇာ တောင်းခံရမှာ ဖြစ်ပြီး ရက်ပေါင်း ၆၀ နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ ရက် ၆၀ ပြည့်သွားရင်တော့ နောက်ထပ် ရက် ၃၀ ထပ်တိုးလို့ရနိုင်ပြီး စုစုပေါင်း ၉၀ ရက် နေထိုင်ခွင့် ရနိုင်မှာ ဖြစ်ပါတယ်။ သူလဲ အလုပ်လုပ်ခွင့်တော့ မရှိပါဘူး။

🛂 Non-Immigrant Visa
နောက်တစ်မျိုးကတော့ Non-Immigrant Visa လို့ခေါ်တဲ့ ဗီဇာ အမျိုးမျိုးပဲ ဖြစ်ပါတယ်။

Non-Immigrant B Visa
Non-Immigrant ED Visa
Non-Immigrant O Visa

Non-Immigrant B Visa ကတော့ အစိုးရ နဲ့ အဖွဲ့အစည်း ကုမဏီနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးပြုနိုင်ပြီး အလုပ်လုပ်ခွင့် work permit လျှောက်ထားရမှာ ဖြစ်ပါတယ်။

Non-Immigrant ED Visa ကတော့ education visa ဖြစ်တဲ့အတွက် ကျောင်း တက္ကသိုလ်တွေမှာ ပညာသင်ကြားဖို့ရာအတွက် အသုံးပြုနိုင်ပြီး သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းရဲ့ လက်ခံစာလိုပါတယ်။

Non-Immigrant O Visa ကတော့ ထိုင်းနိုင်ငံမှာနေထိုင်ခွင့်ဗီဇာရရှိထားသူရဲ့ မိသားစုဝင်များအတွက် ဖြစ်ပြီး ထိုင်းလူမျိုးနဲ့ လက်ထပ်ထားသူတွေ သားသမီးတွေ အသုံးပြုနိုင်တဲ့ ဗီဇာ ဖြစ်ပါတယ်။

🛂 Border Pass

နောက်တစ်မျိုးကတော့ Border Pass ဖြစ်တဲ့ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ဖြစ်ပါတယ်။ ၇ ရက် လည်ပတ်ခွင့်ရှိပြီး သတ်မှတ်ထားတဲ့ ကန့်သတ်နယ်မြေအတွင်းသာသွားခွင့်ရှိမှာ ဖြစ်ပါတယ်။ တာချီလိတ်-မယ်ဆိုင်နဲ့ မြဝတီ-မဲဆောက် နယ်စပ်နှစ်နေရာ ရှိပါတယ်။

ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံသားတွေ ဝင်ရောက်ခွင့်ရနိုင်ဖို့အတွက် အသုံးပြုလို့ရတဲ့ ဗီဆာအမျိုးအစားတွေထဲက နောက်ထပ် Retirement Visa လို့ခေါ်တဲ့ သက်ကြီးဗီဇာလဲ ရှိပါသေးတယ်။

Retirement Visa (Non-Immigrant O-A/O-X)

Non-Immigrant O-A Visa ကတော့ အသက် ၅၀ နှစ်အထက် မြန်မာနိုင်ငံသားတိုင်း လျှောက်ထားလို့ရနိုင်ပါတယ်။ ဗီဇာ သက်တမ်း ၁ နှစ် ရရှိပြီး နှစ်စဉ်တိုးလို့ရမှာ ဖြစ်ပါတယ်။ အလုပ်လုပ်ခွင့်မရှိဘဲ ကျန်းမာရေးနဲ့ အပမ်းဖြေအနားယူဖို့ရာအတွက် ခွင့်ပြုထားတာ ဖြစ်ပါတယ်။

Non-Immigrant O-X Visa ကတော့ Special Long Stay visa ဖြစ်ပြီး မြန်မာနိုင်ငံသားအတွက်တော့ မရနိုင်သေးပါဘူး။ ဒီ ဗီဇာကတော့ အခြားနိုင်ငံကြီးက ပတ်စပို့တွေကိုသာခွင့်ပြုထားသေးတာ ဖြစ်ပါတယ် ဆိုတဲ့အကြောင်း ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ရပါတယ်ရှင်။

ထိုင်းကိုလာမယ် ဘာတွေလိုအပ်လဲ ဆိုတာ မေးနေကြတဲ့ ချစ်ရသူတွေ အဆင်ပြေစေဖို့ရာ ရည်ရွယ်ပါတယ်။ အခြားသော တရားဝင်နေထိုင်ဖို့ရာအတွက် သိလိုသမျှများကိုလဲ မေးမြန်းနိုင်ပါတယ်ရှင်။




အခုလို AI ခေတ်ကြီးထဲမှာ အိမ်ထဲကနေ စိတ်ကြိုက်ပုံတွေ ဖန်တီးလို့ရနေပေမယ့် အခုလိုပုံတွေကတော့ တကယ်သွား တကယ်လေ့လာ တကယ်ရောက်မှ ...
22/09/2025

အခုလို AI ခေတ်ကြီးထဲမှာ အိမ်ထဲကနေ စိတ်ကြိုက်ပုံတွေ ဖန်တီးလို့ရနေပေမယ့် အခုလိုပုံတွေကတော့ တကယ်သွား တကယ်လေ့လာ တကယ်ရောက်မှ တကယ်သိမှာပါ။ edit မလုပ်
ဘဲတောင် လှနေပြီမို့ မပြင်တော့ဘူးဆို ယူတို့က လှတယ်လို့ ပြောပါတော့မလား လို့ 🥲

Phitsanulok (พิษณุโลก) လို့ ခေါ်ပြီး အတိုကောက်  P’lok လို့လည်း ခေါ်ကြပါတယ်။ ထိုင်းနိုင်ငံ North-Central (Lower Northern ...
20/08/2025

Phitsanulok (พิษณุโลก) လို့ ခေါ်ပြီး အတိုကောက် P’lok လို့လည်း ခေါ်ကြပါတယ်။ ထိုင်းနိုင်ငံ North-Central (Lower Northern Region) မှာတည်ရှိပြီး Nan River ကမ်းပေါ်မှာရှိတဲ့ အရှေ့မြောက်ဒေသအရေးကြီးမြို့တစ်မြို့ ဖြစ်ပါတယ်။

📜 သမိုင်းနောက်ခံ
• Sukhothai နိုင်ငံတော်ခေတ်၊ နောက်ပိုင်း Ayutthaya နိုင်ငံတော်ခေတ် မှာ အရေးပါတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
• ဘုရင် Naresuan the Great မွေးဖွားရာ မြို့ဖြစ်ခဲ့ပြီး စစ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အရေးကြီးနေရာ ဖြစ်ပါတယ်။

🏯 ထင်ရှားသည့်နေရာများ
• Wat Phra Si Rattana Mahathat (Wat Yai) – ထိုင်းနိုင်ငံအလှဆုံး ဗုဒ္ဓရုပ်ထု “Phra Buddha Chinnarat” တည်ရှိပါတယ်။
• Chan Palace – ဘုရင် Naresuan နေရပ်ဖြစ်ခဲ့ပြီး Chan Royal Palace ကို သွားရောက်လည်ပတ်နိုင်ပါတယ်။
• Phitsanulok Night Bazaar – Nan မြစ်ကမ်းနားရှိ အစားအသောက် နှင့် ညဈေး

🚉 သွားလာရေး
• Phitsanulok Airport – Bangkok သို့/မှ နေ့စဉ် လေယာဉ်ရှိပါတယ်။
• Railway Station – Bangkok – Chiang Mai ရထားခရီးစဉ် နေ့စဉ် ရှိပါတယ်။

🍜 အစားအစာထူးခြားချက်
• Kuay Tiew Phitsanulok (ก๋วยเตี๋ยวพิษณุโลก) – Noodle dish
• Kai Pa Lo (Chicken herbal soup)
• Nan River က မြစ်ငါးချက်များဖြစ်ပါတယ်။

မြို့ကြီး တစ်မြို့ ဖြစ်ပြီး Nan မြစ်ကြောင်းပေါ်မှာ ရှိတာကြောင့် မြစ်ကမ်းနံဘေး ရေပေါ်စားသောက်ဆိုင်တွေ အပမ်းဖြေ အနားယူစရာ နေရာတွေနဲ့ အတော်လှတဲ့ မြို့ ဖြစ်ပါတယ်။ လမ်းလေးဆုံနဲ့ မြို့လယ်လိုနေရာတွေမှာ မီးပွိုင့် သိပ်မရှိတာလဲ ထူးခြားချက်ပါ။ ကားမောင်းတာ ယဉ်ကျေးမှုရှိတဲ့ မြို့လို့ဆိုရပါမယ်ရှင်။

သွားရောက်လာ်ပတ်နိုင်တဲ့ နေရာတွေကတော့

Wat Phra Si Rattana Mahathat Woramahawihan
📍https://maps.app.goo.gl/RzdZXS9QgSD9fqHy8?g_st=ipc

Street Art By Thong
📍 https://maps.app.goo.gl/pZpFZityRxrzBbvh6?g_st=ipc

Wat Chan Tawan Tok
📍 https://maps.app.goo.gl/BmCKsn4JrLkdQCXA8?g_st=ipc

Phitsanulok railway station
📍https://maps.app.goo.gl/kdi5GQPK98z8EBrp9?g_st=ipc

Phitsanulok public park
📍 https://maps.app.goo.gl/p7Kvihs9aRgeMX6j6?g_st=ipc

Chan Royal Palace
📍 https://maps.app.goo.gl/BYqmgJht3on2VYu68?g_st=ipc

SGT. MAJ. Folk Museum
📍 https://maps.app.goo.gl/MgfZxZiAwn1Nts257?g_st=ipc

Chaloem Phrakiat Park - Phitsanulok City Park
📍 https://maps.app.goo.gl/bDVL5a3QiJGBb1HX7?g_st=ipc

Phitsanulok walking street (Saturday market)
📍 https://maps.app.goo.gl/bsnsaAenntqk2q3U7?g_st=ipc

📍ခရီးသည် လိုက်ပို့ရင်း ရောက်ဖြစ်ခဲ့တဲ့ Art In Paradise Pattaya📍👍🏼 Pattaya သွားရင် entrance fees သိပ်မကုန်ဘဲ ဝင်ရောက်လည်ပ...
12/07/2025

📍ခရီးသည် လိုက်ပို့ရင်း ရောက်ဖြစ်ခဲ့တဲ့ Art In Paradise Pattaya📍

👍🏼 Pattaya သွားရင် entrance fees သိပ်မကုန်ဘဲ ဝင်ရောက်လည်ပတ်လို့ရတဲ့ နေရာဖြစ်ပါတယ်။
3D Art Museum ဖြစ်ပြီး ပုံရိုက်ဖို့ရာအတွက် ဖုန်းထဲမှာ application download လုပ်ပြီး Illustration Video Clip တွေ ရိုက်လို့ရမှာ ဖြစ်ပါတယ်။

underwater worlds, wildlife, classic art, and fantasy scenes ဆိုပြီး ခွဲခြားထားပါတယ်။
ကလေးတွေကြိုက်နှစ်သက်တဲ့ နေရာလေးဖြစ်တာကြောင့် သားသားမီးမီးတွေ ပါတဲ့အခါ တစ်ခေါက်တစ်ခါ အရောက်အလည်သွားဖို့ အကြံပေးလိုက်ရပါတယ်ရှင်။

Google Mapping 📍 https://maps.app.goo.gl/d9YHN2qQtRNz3RQz9?g_st=ic

Coming soon !
08/07/2025

Coming soon !

🛶 Happy Moment 🛶
05/07/2025

🛶 Happy Moment 🛶

💚 With Beautiful Nature 💚
05/07/2025

💚 With Beautiful Nature 💚

📍Khao Sok National Park အံ့မခန်းအောင်လှတဲ့ သဘာဝတရားနှင့်အတူ
05/07/2025

📍Khao Sok National Park

အံ့မခန်းအောင်လှတဲ့ သဘာဝတရားနှင့်အတူ

📍Khao Sok National Park 📍Khao Sok ဆိုတာကတော့ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူလတ်ဌါနီမှာ တည်ရှိတဲ့ သဘာဝနေရာတစ်ခု ဖြစ်ပါတယ်။ ဥ...
05/07/2025

📍Khao Sok National Park 📍

Khao Sok ဆိုတာကတော့ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူလတ်ဌါနီမှာ တည်ရှိတဲ့ သဘာဝနေရာတစ်ခု ဖြစ်ပါတယ်။ ဥယျာဉ်က ထူထပ်ပြီး မိုးသစ်တောများ၊ ရေတံခွန်များ၊ ကြီးကျယ်ခမ်းနားတဲ့ ထုံးကျောက်ချောက်ကမ်းပါးများနှင့် ကျွန်းပင်ရေကန်တို့ ပါဝင်ပါတယ်။

ရေခဲခေတ်ဒဏ်မခံရသောကြောင့် ကမ္ဘာပေါ်မှာ ရှေးအကျဆုံးမိုးသစ်တောများထဲမှ တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် သစ်ပင်ပန်းမန်များနှင့် တိရစ္ဆာန်များဟာ Amasonas ပြီးနောက် ဒုတိယအချမ်းသာဆုံးဖြစ်ပါတယ်။ မိုးသစ်တောဖြစ်တာကြောင့် Khao Sok အမျိုးသားဥယျာဉ်ဟာ ဆင်၊ မြွေ၊ ကျား၊ ဝက်ဝံနှင့် ငှက်မျိုးစိတ်ပေါင်း ၁၈၀ ကျော်တို့ နေထိုင်ရာ နေရာဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ တစ်ခုတည်းသော နေထိုင်ရာဖြစ်တဲ့ Khao Sok National Park မှာ ကျားအကောင်ရေ ၂၀၀ မှ ၂၅၀ ခန့် တောရိုင်းထဲမှာ ကျန်ရှိနေဆဲဖြစ်ပါတယ်။

Khao Sok အမျိုးသားဥယျာဉ်ဟာ ထိုင်းနိုင်ငံရှိ အခြားအမျိုးသားဥယျာဉ်များထက် သွားရလာရ အနည်းငယ် ခက်ခဲပေမယ့်လဲ၊ သွားလည်ဖို့ရာ အကောင်းဆုံးနေရာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ Khao Sok ဟာ Phuket၊ Krabi၊ Koh Lak သို့မဟုတ် Surat Thani မှသွားလာနိုင်ပါတယ်။

Khao အမျိုးသားဥယျာဉ်ကို တီထွင်ဖန်တီးမှုမှာ နှစ်ထောင်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး မြူခိုးတွေဖုံးနေတဲ့ Khao Sok တောထဲမှာ ရှားပါးပြီး လှပတဲ့ အပင်တွေနဲ့ တိရစ္ဆာန်တွေ ပါဝင်ပါတယ်။ နို့တိုက်သတ္တဝါ အမျိုးပေါင်း 50 ကျော်၊ ငှက်မျိုးစိတ် 300 ကျော်နှင့် မျိုးပွားသစ်ခွများနှင့် ထန်းပင်တို့ ပေါများပေါက်ရောက်နေထိုင်ရာ နေရာဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင် ဆင်ကောင်ရေ ၆၀၀၀ ခန့်ရှိမည်လို့ ယူဆရပြီး အကောင်ရေ ၅၀ ရာခိုင်နှုန်းမှာ တောရိုင်းဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းမှာ သားမွေးကြပါတယ်။ Khao Sok National Park ဟာ မိုးသစ်တောများတွင် လွတ်လွတ်လပ်လပ် ကျင်လည်ကျက်စားတဲ့ တောဆင်ရိုင်းအကောင် ၂၀၀ ခန့်ရှိတဲ့ နေရာဖြစ်ပါတယ်။

Khao Sok မှာ ရေကူးလို့ရပြီး Cheow Larn Lake နဲ့ Khao Sok Riverside Cottages မှာရှိတဲ့ ဒေသခံမြစ်နှစ်ခုလုံးဟာ ဘေးကင်းပြီး ပျော်
ရွှင်စရာကောင်းပါတယ်။ တစ်ခေါက်တစ်ခါ အရောက်သွားဖို့ သင့်တင့်တဲ့နေရာလေး ဖြစ်တဲ့အကြောင်း ဝေမျှပေးလိုက်ပါတယ်ရှင်။
သွားလည်တုန်းက အမှတ်တရ ပုံလေးတွေလဲ တင်ပေးထားတာမို့ ကြည့်ရှုပေးပါဦးရှင့်။

Google Mapping 📍 https://maps.app.goo.gl/fW98uoPJP9YDDWtC6?g_st=ic

Address


Alerts

Be the first to know and let us send you an email when Win Win's Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Win Win's Diary:

  • Want your business to be the top-listed Media Company?

Share