DREAMs, အိပ်မက်များ

DREAMs, အိပ်မက်များ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ကြပါစေ ❤️

01/09/2025

The most favorite song “alonica”

အိပ်မက်များထဲက တခုဖြစ်တဲ့Lany concert ကြည့်မဲ့ အိပ်မက်ပြည့်ခဲ့ပီOct 2024 တုန်းက မုန်တိုင်းကြောင့် မဆုံခဲ့ရတာJune 2025 မှ...
01/09/2025

အိပ်မက်များထဲက တခုဖြစ်တဲ့
Lany concert ကြည့်မဲ့ အိပ်မက်ပြည့်ခဲ့ပီ
Oct 2024 တုန်းက မုန်တိုင်းကြောင့် မဆုံခဲ့ရတာ
June 2025 မှာ ဆုံခဲ့ရ
ဒါတောင် မိုးထဲလေထဲမှာ ။
You သီချင်းနဲ့ စထွက်လာရာကနေ XXL အဆုံးထိ
show က တကယ်ကို အရမ်းဆို အရမ်းးးးဘဲ။

The most Favorite song “alonica” ကို
Real life မှာ really နားထောင်လိုက်ရတော့
အပျော်ဆုံးဘဲ ❤️




လူမနေတဲ့ အိမ်ကလေးး
04/05/2025

လူမနေတဲ့ အိမ်ကလေးး


Entrances
01/05/2025

Entrances


ညနေခင်း
22/03/2025

ညနေခင်း

 #အိပ်မက်တွေထဲကတခု 😀Alonica သီချင်းကို live ကြည့်ချင်တာ Malibu Nights ကို live မာ အော်ဆိုချင်တာ 2024 နှစ်အစပိုင်းမှာ Lan...
19/03/2025

#အိပ်မက်တွေထဲကတခု 😀

Alonica သီချင်းကို live ကြည့်ချင်တာ
Malibu Nights ကို live မာ အော်ဆိုချင်တာ
2024 နှစ်အစပိုင်းမှာ Lany ရဲ့ “the world tour/ Asia” လာမယ်ဆိုလို့
ပျော်လိုက်တာ။ အိပ်မက်က လက်တကမ်းတော့ ရောက်လာပီပေါ့။
October မှ လာမဲ့ပွဲကို March 2024 ကတည်းက ဝယ်ပီး
တလဆီတလဆမ်းမျှော်ရင်း တွေးပီးပျော်ရင်း
ပွဲနားနီးလေ ရင်ခုန်လေဘဲ ။
ဘာလို့ဆို ကိုယ့်ဘဝမှာ ပထမဆုံး တကိုယ်တည်း သွားကြည့်မဲ့ show လေ။
အသိသူငယ်ချင်းတွေကို မေးရတာလည်း အမော..။
ဟော ပွဲရက်နီးပါပီ တပတ်လောက်အလိုက
တိုကျို နဲ့ ဆိုးလ် ပွဲမှာ အသံအိုး ထိသွားလို့ emergency room ထိရောက်သွားတယ် ဆိုလို့ ကိုယ့်မှာ ဘုရားရှိခိုး မေတ္တာပို့ ဆုတောင်းပေးခဲ့သေးတာ။

တဖန်ဖြစ်ချင်တော့ မုန်တိုင်းများကျက်စားရာ ကျနော်တို့ ထိုင်ဝမ်ကို
တိုင်ဖုန်း ဝင်ပါ့မယ်တဲ့။ မုန်တိုင်းဗဟိုချက်က ပွဲလုပ်မဲ့ မြို့ 🤦🏻‍♂️🤷🏻‍♂️။
ပုံမှန်ဆို အများဆုံး သုံးရက် အပြင်းဆုံးက တရက်ဘဲကြုံဖူးတော့
အေးဆေးပေါ့ လို့တွေးတာပေါ့။
ဟော ဒီတခါကျတော့ တရက်တရက်နဲ့ တပတ်ပြည့်တော့မယ်
ဝင်လာလိုက်တာ ပွဲနီးလေ မုန်တိုင်းက ပြင်းလေဘဲ။
Taoyuan international airport ကလည်း တရက်ပီးတရက်
လေယာဉ်တွေကို အဝင်အထွက် cancel လိုက် open လိုက်နဲ့။
ကိုယ်မှာ ရိုလာကိုစတာ စီးသလို ခံစားချက်က တက်ခိုက် ကျလိုက် 🦹🏼‍♂️
ပွဲနေ့က မုန်တိုင်းထွက်ပီး နောက်ရက်နေ့
ဘာမှ အကြောင်းမရတာနဲ့ မိုးထဲလေထဲ ရထားလက်မှတ်ပြေးဝယ်ခဲ့သေးတာ။
မရူးချေဘူးလားး။

မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ မြို့လေးရယ်
လမ်းမှာ မြေပြိုတာတွေ လမ်းကြောမသင့်တာတွေနဲ့ ဝမ်းနည်းစရာကြီးပါ။
ပွဲမစခင် တညက ကိုးနာရီ အချိနိမာ typhoon dayကြောင့် tour cancel ဆိုတော့
ကိုယ့်ကမ္ဘာလည်း ပျက်ပေါ့ 🧟‍♂️🧟
တညလုံး အိပ်လို့ မပျော် နိုင်..
လက်ထဲက ရထားလက်မှတ်ရယ် ပွဲလက်မှတ်ရယ် outfit ရယ် ထိုင်ကြည့်ရုံကလွဲ
ဘာဆက်လုပ်နိုင်မလဲနော်..

အဲ့လို့ပါဘဲ အစီအစဉ်တကျ စီစဉ်ထားခဲ့တဲ့
ကျနော့်အိပ်မက်ဟာ မပြည့်ခဲ့ဘူးပေါ့လေ 🥷🏼
ဒီဇင်ဘာလ ပွဲတော့ ပြည့်မယ်လို့ ယုံကြည့်ထားသေးတယ် 😁

ိပ်မက်များ ိပ်မက်များ

အစကတော့ ရှိတာလေးနဲ့ စားမလို့ ပါဘဲဒါပေမဲ့ မိုးက ရုတ်တရက် ထရွာလာတော့ မထူးပါဘူးပေါ့..တနေ့က စျေးက ဝယ်ထားတဲ့ မုန်ညင်းကို ဗီယက...
01/02/2025

အစကတော့ ရှိတာလေးနဲ့ စားမလို့ ပါဘဲ
ဒါပေမဲ့ မိုးက ရုတ်တရက် ထရွာလာတော့ မထူးပါဘူးပေါ့..
တနေ့က စျေးက ဝယ်ထားတဲ့ မုန်ညင်းကို ဗီယက်နမ်ဆန်မှုန့်နဲ့ရော
အရသာသင့်တင့်ရုံလေးထည့်ပီး ပေါင်းလိုက်တာ
နာရီဝက် ၄၅မိနစ်ကြာတော့ ပူပူနွေးနွေးလေး
#မုန်ညင်းပေါင်း ရရော
ကြက်သွန်ဖြူဆီသပ်ထားတာလေးရယ် ငရုတ်သီးဆီချက်ရယ် ဆိုတော့
ပြီးပြည့်စုံသော ဓနုမုန့်ညင်းပေါင်း။ အရမ်းကောင်း 😁
#ငါးမုန့်ကြော် ကတော့ သိပ်ပီးမလိုက်ဖက်ပေမဲ့
တိုဖူးခေါက်ကြော်ရယ်လို့ တွေးပီး စားလိုက်တာဘဲ 🤣

ိပ်မက်များ

Happy new year 🎊🎈 အိပ်မက်တွေ ဆက်လက်ပီး အကောင်အထည်ဖော်နိုင်ကြပါစေ   ိပ်မက်များ
01/01/2025

Happy new year 🎊🎈
အိပ်မက်တွေ ဆက်လက်ပီး အကောင်အထည်ဖော်နိုင်ကြပါစေ


ိပ်မက်များ

Winter in Taipei
28/12/2024

Winter in Taipei



24/12/2024

Merry Christmas 🎁🎄❤️

ဒီတပတ်တော့ ရှမ်းပြည်အလွမ်းပြည် #ပုစွန်ဆိတ်ထမင်းသုပ် #ဂေါ်ရခါးသီးကြော် (သက်မွန်မြင့်သီးကြော်🤣) #ငါးအစပ်ကြော်လေးတွေ ချက်ဖြ...
21/12/2024

ဒီတပတ်တော့ ရှမ်းပြည်အလွမ်းပြည်
#ပုစွန်ဆိတ်ထမင်းသုပ်
#ဂေါ်ရခါးသီးကြော် (သက်မွန်မြင့်သီးကြော်🤣)
#ငါးအစပ်ကြော်
လေးတွေ ချက်ဖြစ်တယ်..။
ဒီလိုမျိုး တလင်းပွန်ချိန် (သီးတင်းကျွတ်လအကျော်ကာလများ)ဆို ပြောင်းဖူးသိမ်းချိန် ၊ ယာသိမ်းချိန်တွေမာ တခြားရွာတွေဘက်ကနေ ပုစွန်ဆိတ်အခြောက်တွေကို ဆိုင်းထမ်းခြင်းတွေနဲ့ လာလာရောင်းတတ်ကြတာ။
တနှစ်မှ တခါထဲရယ်
အလုအယက်ဝယ်ကြခဲ့ကြတဲ့ ရွာအလွမ်းပြေပေါ့
#လိမ္မော်သီး ဆိုလည်း ဒီအချိန်ဆို ပေါပီလေ 🥰
စားကြပါအူးးနော် 😊

ိပ်မက်များ

ကျနော့်အတွက်တော့ cooking ဟာ healing တမျိုးပါအဝေးက အမေ့အိမ်ကို လွမ်းတာတွေကိုပေါ့ခုလည်း အိမ်အလွမ်းပြေ #ခရမ်းချဉ်သီးထောင်း ...
16/12/2024

ကျနော့်အတွက်တော့ cooking ဟာ healing တမျိုးပါ
အဝေးက အမေ့အိမ်ကို လွမ်းတာတွေကိုပေါ့
ခုလည်း အိမ်အလွမ်းပြေ
#ခရမ်းချဉ်သီးထောင်း
#အာလူးထောင်း
#တို့စရာ
တွေကို ချက်ဖြစ်တယ်
သူငယ်ချင်းတို့လည်း အိမ်လွမ်းရင်
အိမ်ချက်လေးတွေ ချက်စားကြည့်နော် 😍
Dopamine is released by the brain when we cook.
ချက်ပြုတ်တဲ့အခါ ပျော်ရွှင်ခြင်းဟော်မုန်းတွေကို ထုတ်ပေးသတဲ့လေ။

သေးသေးလေးဘဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တာလေးတွေကို
လုပ်ပီး ပျော်ရွှင်နိုင်ကြပါစေ 😊

ိပ်မက်များ ိပ်မက်များ

Address

Taichung

Alerts

Be the first to know and let us send you an email when DREAMs, အိပ်မက်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share