Nway Oo Nwal Pin

Nway Oo Nwal Pin Nway Oo Nwal Pin is one of the program of Than Lwin Times Media, it is focus on the promoting of Women affairs.

02/20/2026

ယုံကြည်ရာရွေးချယ်ခဲ့လို့ သားတွေရဲ့ မိခင်အဖြစ်က ပေါ်ပေါ်တင်တင်စွန့်လွှတ်ခဲ့ရသူဒေါ်မြင့်ရဲ့ နွေဦးခရီးကြမ်း ဘယ်လိုလှမ်းနေသလဲ

ဒီတစ်ပတ်မှာတော့ အမျိုးသမီးတွေအတွက် ခွန်အားပေးဝေမျှပေးဖို့ အသင့်ရှိနေတဲ့အမျိုးသမီးကြီးတစ်ဦးနဲ့ မိတ်ဆက်ပေးပါ့မယ်..။ သူမကတော့ ကိုယ့်ယုံကြည်ရာအတွက် သားတွေရဲ့စွန့်လွှတ်ခြင်းကိုခံခဲ့ရသူ၊ စစ်အာ ဏာရှင်လက်အောက်က လွတ်မြောက်ရာနယ်မြေတစ်ခုမှာ ကြုံလာသမျှအခက်ခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ဘဝကိုအေးချမ်းစွာဖြတ်သန်းနိုင်ဖို့ကြိုးစားနေသူ အသက်၇၀အရွယ်ဒေါ်မြင့်ပဲဖြစ်ပါတယ်။

သားလေးဦး သမီးတစ်ဦးနဲ့အေးချမ်းစွာဖြတ်သန်းနေခဲ့တဲ့ သူမရဲ့ဘဝဟာ အာဏာသိမ်းလိုက်ချိန်မှာတော့အား လုံးဝတစစီပြိုလဲခဲ့ရတာပါ။ ကြားနေသားနှစ်ဦး၊ စစ်အာဏာရှင်ဘက်ကိုအလေးသာတဲ့ သားနှစ်ဦးနဲ့ စစ်အာဏာ ရှင်ကို လုံးဝလက်မခံတဲ့ သူမနဲ့ သူမရဲ့သမီးတို့ဟာ စိတ်ဝမ်းတွေကွဲခဲ့ကြပြီး လားရာတွေမတူတော့ဘဲ လုံးလုံး လျားလျား ခွဲခွာခဲ့ရတာပါ။

စစ်အာဏာရှင်ကိုတွန်းလှန်ရမယ်ဆိုတဲ့ ဒေါ်မြင့်ဟာကိုယ့်ယုံကြည်ရာစိတ်ကိုသာအလိုလိုက်ခဲ့တဲ့အတွက် သားနှစ်ဦးရဲ့မုန်းတီးခြင်းကိုခံခဲ့ရတာပါ။ ဒါကြောင့်မိခင်အဖြစ်ကစွန့်လွှတ်ပါတယ်လို့ ပေါ်ပေါ် တင်တင်ကို ကြေညာခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

ဒါကြောင့်သူမရဲ့လွတ်မြောက်နယ်မြေရောက်ခရီး ကြမ်းကို ဘယ်လိုလှမ်းနေသလဲ..လက်ရှိအချိန်အထိသူမရဲ့ယုံကြည်ရာပန်းတိုင်ကို ဘယ်လိုရှေ့ဆက်နေ သလဲဆိုတာ နွေဦးနွယ်ပင်အစီအစဉ်မှတင်ဆက်ပေးလိုက်ရပါတယ်။

#နွေဦးနွယ်ပင်

02/20/2026

TLT Tv||- “သတင်းအလုပ်ကနေပြီးတော့ ပိုက်ဆံမရတော့ဘူး သတင်းတွေမလုပ်ရတော့ဘူးဆိုရင် ပိုက်ဆံရတဲ့ အလုပ်တစ်ခုကိုရှာပြီး သတင်းအလုပ်ကိုလုပ်မယ်” မော်လေး

အမျိုးသမီးတွေအတွက် ခွန်အားပေးဝေမျှပေးဖို့ အသင့်ရှိသူတစ်ဦးနဲ့မိတ်ဆက်ပေး ပါ့မယ်..။ သူမကတော့ သတင်းထောက်တစ်ဦးဖြစ်ပြီး အာဏာသိမ်းငါးနှစ်အတွင်း ရင်ဆိုင်ကြုံတွေ့နေ ရတဲ့ အခက်ခဲမျိုးစုံ ကို ကြံ့ကြံ့ခံဖြတ်သန်းနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ယုံကြည်ချက်ကို မလွှတ် တမ်း ဆုပ်ကိုင်ထားနေဆဲဖြစ်ကာ လွတ်မြောက်နယ်မြေမှာ အခုချိန်အထိသူမဘယ်လိုကြိုးစားဖြတ် ကျော်နေ ပါသလဲ။ သူမရဲ့ စိတ်ကူးစိတ်သန်းနဲ့ ဆန္ဒတွေက ဘာတွေဖြစ်မလဲဆိုတာ နွေဦးနွယ်ပင်အစီအ စဉ်က နေ တင်ဆက်ပေးလိုက်ရပါတယ်။

#နွေဦးနွယ်ပင်

02/10/2026

နိုင်ငံသားတစ်ယောက်သည်လွတ်လပ်စွာဖော်ထုတ်ပြောပိုင်ခွင့် ရှိကိုရှိရမယ်၊မရှိရဘူးဆိုတာ အဓိပ္ပာယ်ကို မရှိဘူး” ခင်ငြိမ်းသစ်

ဒီတစ်ပတ်မှာတော့ အမျိုးသမီးတွေအတွက် ခွန်အားပေးဝေမျှပေးဖို့ အသင့်ရှိနေတဲ့အမျိုးသမီးတစ်ဦးနဲ့ မိတ်ဆက်ပေးပါ့မယ်..။ သူမကတော့ သတင်းသမားတစ်ဦးလည်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်သူ မခင်ငြိမ်းသစ်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ဘဝမှာ သတင်းသမားတစ်ဦးဖြစ်ခဲ့တာကို အမြဲ ဂုဏ်ယူနေခဲ့သူတစ်ဦးဖြစ်ပြီး အစိုးရအဆက်ဆက်ပြောင်းလဲမှုတိုင်းမှာ သူမရဲ့ဘဝကိုတည်ဆောက်လိုက် ပြန်ဖျက်လိုက်နဲ့ အသစ်တဖန်ပြန်ပြန်စနေရသူတစ်ဦးဖြစ်တာမို့ သူမဘဝရင်ဆိုင်ဖြတ်သန်းရပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

#နွေဦးနွယ်ပင်

12/31/2025

“ မသေအောင်နေရင်း ဆက်တော်လှန်မယ် “
+++++++++++++++++++++++++++++++
မကျော့

အမျိုးသမီးတွေအတွက် ခွန်အားပေးဝေမျှပေးဖို့ အသင့်ရှိနေတဲ့အမျိုးသမီးတစ်ဦးနဲ့ မိတ်ဆက်ပေးပါ့မယ်..။

သူမကတော့ မကျော့ပါ။ မကျော့က ထိုင်းမြန်မာနယ်စပ်မြို့လေးကို ထွက်ပြေးတိမ်းရှောင်ရင်း အခက်ခဲတွေကြားထဲက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကြိုး စားတည်ထောင်နေသူ လည်းဖြစ်ပါတယ်။

ဒါ့အပြင် Survivors United for Rights and Justice-SURJ ရဲ့ပြင်ပဆက်ဆံရေးတာဝန်ခံတစ်ဦးလည်းဖြစ်ပါတယ်။ ဒီတော့သူမရဲ့ စိတ်ဓာတ် ခံယူချက်တွေကို မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။

သူမကတော့ အာဏာမသိမ်းခင်တုန်းက ကိုယ်ပိုင်လုပ်ငန်းလေးနဲ့ ဘဝကိုလှလှပပလေး ဖြတ်သန်းခဲ့ရသူတစ်ဦးလို့ ဆိုပါတယ်

အများနည်းတူပဲ ထိုင်းမြန်မာနယ်စပ်ကို ပြေးရတာဖြစ်ပေမယ့် အဲဒီကိုမရောက်ခင်ရင်ဆိုင်ဖြတ် သန်းခဲ့ရ တဲ့အခက်ခဲတွေကိုလည်း ပြောပြခဲ့ပါတယ်။

#နွေဦးနွယ်ပင်

12/21/2025

အာဏာသိမ်း၄နှစ်ကျော်ကာလအလွန် လမ်းသစ်ဖောက်နိုင်ခဲ့တဲ့ CDMတစ်ဦးရဲ့အားမာန်
++++++++++++++++++++++++++++++++++++++++++++++++++++++++
ဒီတစ်ပတ်မှာတော့ အမျိုးသမီးတွေအတွက် ခွန်အားပေးဝေမျှပေးဖို့ အသင့်ရှိနေတဲ့အမျိုးသမီးတစ်ဦးနဲ့ မိတ်ဆက်ပေးပါ့မယ်..။ သူမကတော့ လျှပ်စစ်ဝန်ကြီးဌာနကနေ CDMလုပ်ခဲ့သူတစ်ဦးဖြစ်ကာ လက်ရှိအချိန်မှာ တော့ ကျောင်းဆရာမတစ်ဦးဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် NGOတစ်ခုရဲ့ Gender Based Voilcence Awareness ထရိန်နာတစ်ဦး ဖြစ်လာခဲ့ပါတယ်။

CDMတစ်ဦးဖြစ်သူဝါဝါတစ်ယောက် အာဏာသိမ်းကာလလေးနှစ်ကျော်အတွင်းမှာ သူမဘာတွေ ရင်ဆိုင်ခဲ့ရသလဲ… လက်ရှိအခြေအနေတွေရောက်ဖို့ သူမဘယ်လိုဖြတ်သန်းခဲ့ရသလဲဆိုတာကို တင်ဆက်ပေး သွားပါ့မယ်..














#အမျိုးသမီးခွန်အား
ျိုးသမီး

09/30/2025

" အနည်းဆုံးတော့ မိသားစုတွေအတူတူနေရတယ်ဆိုတာ အမြတ်ပဲ..၊သူများတွေသေစေချင်နေတဲ့ အချိန်မှာ မသေတာကအမြတ်။ အဲဒါကိုမှ မိသားစုတွေစုစုစည်းစည်းနဲ့နေရတာကအမြတ်ပဲ”

မနော်လီလီဟာ အာဏာမသိမ်းခင်က အောင်မြင်နေတဲ့ကိုယ်ပိုင်စီး ပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ အာဏာသိမ်းလိုက်ချိန်မှာတော့ အရာရာပြောင်းလဲသွားခဲ့ပြီးတဲ့နောက် အခုချိန်မှာတော့ လွတ်မြောက်ရာတိုင်း ပြည်တစ်ခုမှာ အခြေချလို့ အများနည်းတူဘဝကို စိတ်ဓာတ်မကျပဲ အသစ်ကနေပြန်လည်စတင် နေသူဖြစ်ပါတယ်။ ဒီတော့သူမရဲ့ ဘဝရပ်တည်ခံယူချက် ရင်ဆိုင်ဖြတ်သန်းမှုတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်ရှုကြရအောင်ပါ

https://youtu.be/ASbb6DVv3oA
သံလွင်တိုင်းမ်တင်ဆက်ပေးနေတဲ့ နေ့စဉ်သတင်းအပါအဝင် သံလွင်ကျန်းမာ၊ ဂီတနဲ့ ကဗျာအစီစဉ်များ၊ အပတ်စဉ်နိုင်ငံတကာသတင်းစုစည်းမှုနဲ့ နေ့စဉ်အားကစားသတင်းတွေကို

အင်တာနက်ဝက်ဘ်ဆိုက် - burmese.thanlwintimes.com,
ဖေ့ဘွတ်စ် - https://www.facebook.com/thanlwintimes9
ယူကျူ့ချန်နယ် - https://www.youtube.com/
တယ်လီဂရမ် - https://t.me/thanlwintimes
တစ်တော့စ် - https://www.tiktok.com/ တွေမှာ ကြည့်ရှုအားပေးလို့ရပါတယ်။

09/10/2025

“ကိုယ်တတ်ထားတဲ့ ပညာနဲ့မြန်မာတွေ အများစုရှိတဲ့နေရာတွေကို ဆံပင်လိုက်ညှပ်ပေးတယ်။ ခေါက်ဆွဲကြော်၊ ကြာဆံကြော်ရောင်းတယ်”

မဖြူဟာ အာဏာမသိမ်းခင်က စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ပြီး မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အာဏာသိမ်းလိုက်ပြီးတဲ့အချိန်မှာတော့ သူမရဲ့ဆိုင်လေးဟာ စစ်ကောင်စီရဲ့ မကြာခဏရှာ ဖွေခံရမှုတွေ၊ တပ်ချနေထိုင်မှုတွေကြောင့် လူလုံးဝမ၀င်ရဲတော့ပဲ ပိတ်သိမ်းလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ အများနည်းတူပဲ လွတ်မြောက်ရာနေရာကို ရွှေ့ပြောင်းခဲ့ကြရပါတယ်။

ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေထိုင်ခဲ့ရတဲ့သူတွေ ဘဝကနေ အခြားတိုင်းပြည်တစ်ခုမှာ တရားမ ဝင်ပြောင်းရွှေ့ အခြေချနေထိုင်ရတဲ့အခါမှာတော့ မျှော်လင့်ထားပြီးသားရော မမျှော်လင့်ထားတဲ့အခက်အခဲ တွေနဲ့ပါ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတော့တယ်။

ဒီတော့သူမအနေနဲ့ ဒီလိုအခက်အခဲတွေကို ဘယ်လိုစိတ်ဓာတ်နဲ့ ရင်ဆိုင်ဖြတ်ကျော်နေပါသလဲ…..နွေဦးနွယ်ပင် အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

07/25/2025

"ခံယူချက်ကို မြဲမြဲမြံမြဲစွဲကိုင်ရင်း ပိုက်ဆံအိတ်လေးတွေချုပ်နေတဲ့ CDM ဆရာမ အဝင်း"
အဝင်းဟာ အာဏာမသိမ်းခင်တုန်းက မူလတန်းပြကျောင်းဆရာမတစ်ဦးဖြစ်ခဲ့ပြီး သာမာန်မိသားစုဘဝလေးနဲ့ အေးချမ်းစွာဘဝကို ဖြတ်သန်းနေသူတစ်ဦးဖြစ်ပါတယ်။ ဘဝကိုအေးအေးချမ်းချမ်းနဲ့ပုံမှန်လေးဖြတ်သန်း နိုင်ဖို့အတွက်သာ ရိုးရိုးလေးတွေးခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့်အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ သူ့ဘ၀ ဟာတစ်ခါမှတွေးမထင်ထားတဲ့ အရာတွေကြုံတွေ့ခဲ့ရပါတော့တယ်။
ဒီတော့သူ့ရဲ့ CDM ခရီးဘယ်လိုကြမ်းနေလဲ…သူမလက်ကိုင်ထားတဲ့ ခံယူချက်တွေကဘယ်လိုလဲ…။ အာဏာသိမ်းငါးနှစ်ကျော်အချိန်အထိ သူမမမှိတ်မသုန်ခံယူချက်ထားတဲ့အရာတွေက ဘာတွေများဖြစ်နေလဲဆို တာကို နွေဦးနွယ်ပင်အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ရပါတယ်

https://www.facebook.com/share/v/16sAhmsmZJ/

06/15/2025

ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ နေပြည်တော်လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကနေ CDM ပြုလုပ် လာခဲ့သူ တစ်ဦးဖြစ်တဲ့ မဝါရဲ့ ဘဝဖြတ်သန်းပုံအကြောင်းပဲဖြစ်ပါတယ်။

စစ်တမ်းဖြေဆိုရန် လင့် - https://ee.kobotoolbox.org/x/vqLFoLZK

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ပုံစံအမျိုးမျိုးဖြင့် စစ်တပ်ကို တော်လှန်ရင်းဖြစ်စေ၊ စစ်တပ်၏ မတရားဖိနှိပ်ခံရမှုကြောင့်ဖြစ်စေ မတရားဖမ်းဆီးခံရသူ၊ ဖိနှိပ်ခံရသူ၊ အတင်းအကြပ်ရွှေ့ပြောင်းခံရသူစသည့် အမျိုးသမီးများ၏ ဘဝရပ်တည်ပုံနှင့် အခက်အခဲများကြားမှ ကောင်းစွာရှင်သန်နေထိုင်ပုံတို့ကို ရည်ရွယ်သည့် နွေဦးနွယ်ပင်ဟု အမည်ပေးထားသော အစီအစဉ်ကို သံလွင်တိုင်းမ်သတင်းဌာနမှ တင်ဆက်ခဲ့ပါတယ်။

နွေဦးနွယ်ပင်အစီအစဉ်ကို အစီအစဉ် (၁၅)ခုအထိ ထုတ်လုပ်ခဲ့ပြီး မကြာမီကာလများတွင်လည်းပုံမှန်ဆက်တိုက်ထုတ်လုပ်တင်ဆက်ရန် သံလွင်တိုင်းမ်သတင်းဌာနမှ ပြင်ဆင်လျက်ရှိပါတယ် …
နွေဦးနွယ်ပင်အစီအစဉ်ကို ပိုမိုကောင်းမွန်စွာထုတ်လုပ်နိုင်ရန်အတွက် သံလွင်တိုင်းမ်သတင်းဌာနမှ အများပြည်သူတို့၏ သဘောထားစစ်တမ်းတရပ်ကိုလည်း ပြုလုပ်သွားဖို့ ရှိပါတယ်

ဒါ့ကြောင့် သံလွင်တိုင်းမ်သတင်းဌာနမှ ထုတ်လုပ်ခဲ့သော နွေဦးနွယ်ပင်အစီအစဉ်အားလုံးကို ပရိတ်သတ်များအတွက် ပြန်လည်တင်ဆက်သွားမည်ဖြစ်ပြီး ပရိတ်သတ်များလည်း ပြန်လည်ကြည့်ရှုအားပေးကာ သဘောထားစစ်တမ်းကိုလည်း ဖော်ပြထားသော Link မှ တဆင့် ဝင်ရောက်ဖြေဆိုပြီး သဘောထားမှတ်ချက်ပြုနိုင်ကြောင်း အသိပေးလိုပါတယ် …

ပိုမိုကောင်းမွန်သော အစီအစဉ်ထုတ်လုပ်နိုင်ဖို့အတွက် ပရိတ်သတ်များ၏ အားပေးကြည့်ရှုမှုနှင့်အတူ သဘောထားမှတ်ချက်ကို စစ်တမ်းတွင် ဝင်ရောက်ဖြေဆိုကြဖို့ကိုလည်း ထပ်မံတိုက်တွန်းလိုပါတယ်

06/11/2025

TLT Tv||- လူမမယ်ကလေးသုံးယောက် မိခင်၊ CDM အထက်တန်းသူနာပြုတစ်ယောက်ရဲ့ ဘဝအားမာန်

“ကလေးသုံးယောက်နဲ့ သိပ်ခက်ခဲပါတယ်။ တကယ့်ကိုခက်ခက်ခဲခဲပါပဲ။ ဒါပေမယ့်ကျွန်မလုံးဝစိတ်ဓာတ်မကျဘူး။ ကျွန်မတို့အာဏာ ကျွန်မတို့လက်ထဲ ပြန်မပေးမချင်းလုံးဝလက်လျော့သွားမှာ မဟုတ်ဘူး။ မရရတဲ့နည်း နဲ့ ဆက်ပြီးတော့ ကျော်ဖြတ်ဦးမှာပါ

စစ်တမ်းဖြေဆိုရန် လင့် - https://ee.kobotoolbox.org/x/vqLFoLZK
စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ပုံစံအမျိုးမျိုးဖြင့် စစ်တပ်ကို တော်လှန်ရင်းဖြစ်စေ၊ စစ်တပ်၏ မတရားဖိနှိပ်ခံရမှုကြောင့်ဖြစ်စေ မတရားဖမ်းဆီးခံရသူ၊ ဖိနှိပ်ခံရသူ၊ အတင်းအကြပ်ရွှေ့ပြောင်းခံရသူစသည့် အမျိုးသမီးများ၏ ဘဝရပ်တည်ပုံနှင့် အခက်အခဲများကြားမှ ကောင်းစွာရှင်သန်နေထိုင်ပုံတို့ကို ရည်ရွယ်သည့် နွေဦးနွယ်ပင်ဟု အမည်ပေးထားသော အစီအစဉ်ကို သံလွင်တိုင်းမ်သတင်းဌာနမှ တင်ဆက်ခဲ့ပါတယ်။

နွေဦးနွယ်ပင်အစီအစဉ်ကို အစီအစဉ် (၁၅)ခုအထိ ထုတ်လုပ်ခဲ့ပြီး မကြာမီကာလများတွင်လည်းပုံမှန်ဆက်တိုက်ထုတ်လုပ်တင်ဆက်ရန် သံလွင်တိုင်းမ်သတင်းဌာနမှ ပြင်ဆင်လျက်ရှိပါတယ် …
နွေဦးနွယ်ပင်အစီအစဉ်ကို ပိုမိုကောင်းမွန်စွာထုတ်လုပ်နိုင်ရန်အတွက် သံလွင်တိုင်းမ်သတင်းဌာနမှ အများပြည်သူတို့၏ သဘောထားစစ်တမ်းတရပ်ကိုလည်း ပြုလုပ်သွားဖို့ ရှိပါတယ်


ဒါ့ကြောင့် သံလွင်တိုင်းမ်သတင်းဌာနမှ ထုတ်လုပ်ခဲ့သော နွေဦးနွယ်ပင်အစီအစဉ်အားလုံးကို ပရိတ်သတ်များအတွက် ပြန်လည်တင်ဆက်သွားမည်ဖြစ်ပြီး ပရိတ်သတ်များလည်း ပြန်လည်ကြည့်ရှုအားပေးကာ သဘောထားစစ်တမ်းကိုလည်း ဖော်ပြထားသော Link မှ တဆင့် ဝင်ရောက်ဖြေဆိုပြီး သဘောထားမှတ်ချက်ပြုနိုင်ကြောင်း အသိပေးလိုပါတယ် …

ပိုမိုကောင်းမွန်သော အစီအစဉ်ထုတ်လုပ်နိုင်ဖို့အတွက် ပရိတ်သတ်များ၏ အားပေးကြည့်ရှုမှုနှင့်အတူ သဘောထားမှတ်ချက်ကို စစ်တမ်းတွင် ဝင်ရောက်ဖြေဆိုကြဖို့ကိုလည်း ထပ်မံတိုက်တွန်းလိုပါတယ်

Address

479 Butler Avenue
Akron, OH
44310

Alerts

Be the first to know and let us send you an email when Nway Oo Nwal Pin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nway Oo Nwal Pin:

Shortcuts

Share