Aakhawpa Hlaa

Aakhawpa Hlaa Video Creator

ဘာ Post မှ မတင်ပဲ Facebook က ပိုက်ဆံတွေ အလကား ပေးနေတယ်။ နေ့တိုင်းသာ တင်ရင် ဘယ်လောက်တောင်ရမှာလဲ မသိ🤭🤭
07/22/2026

ဘာ Post မှ မတင်ပဲ Facebook က ပိုက်ဆံတွေ အလကား ပေးနေတယ်။
နေ့တိုင်းသာ တင်ရင် ဘယ်လောက်တောင်ရမှာလဲ မသိ🤭🤭

“ဂျပန်တို့ရဲ့ အရှင်လတ်လတ် ခွဲစိတ်စမ်းသပ်ခန်း - Unit 731”ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေဟာ စစ်ရာဇဝတ်မှုပေါင်းများစွာကို ရက်ရ...
01/16/2026

“ဂျပန်တို့ရဲ့ အရှင်လတ်လတ် ခွဲစိတ်စမ်းသပ်ခန်း - Unit 731”

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေဟာ
စစ်ရာဇဝတ်မှုပေါင်းများစွာကို ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြပါတယ် ။ အဲ့ဒီထဲကမှ အမှောင်မိုက်ဆုံးနဲ့ အရက်စက်ဆုံးကတော့ ဆေးပညာတိုးတက်ဖို့ အမည်ခံပြီး လူသားတွေကို အရှင်လတ်လတ် မျိုးစုံစမ်းသပ်ခွဲစိတ်ခဲ့တဲ့ Unit 731 စမ်းသပ်ခန်းကြီးပဲ ဖြစ်ပါတယ် ။

Unit 731ကို တရုတ်နိုင်ငံ၊ ဟာဘင်မြို့ (Harbin) တောင်ဘက်၊ ပင်းဖန်း (Pingfang) ခရိုင်မှာ တည်ဆောက်ခဲ့တာပါ ။ ဒီစမ်းသပ်ခန်းကြီးမှာ အကျဉ်းသားတွေကို လူလို့မခေါ်ဘဲ Maruta ( သစ်လုံးများ) လို့ အမည်ပေးပြီး ရက်ရက်စက်စက် ဖြတ်ခုတ်ရင်ခွဲ စမ်းသပ်ခဲ့ကြတာပဲဖြစ်ပါတယ် ။ တရုတ်လူမျိုးအရပ်သားများနဲ့ စစ်သုံ့ပန်းတွေအပေါ်မှာ ကျူးလွန်ခဲ့တာပါ ။ Unit 731 မှာ ဘယ်လိုကျောချမ်းဖွယ်စမ်းသပ်မှုတွေ
လုပ်ခဲ့သလဲဆိုတာကို ပုံတစ်ပုံချင်းစီထောက်ပြီး ဖတ်ရှုလိုက်ကြရအောင်👇။

၁။ ထုံဆေးမပါဘဲ အရှင်လတ်လတ် ခွဲစိတ်ခြင်း
ဒီပုံကတော့ ရောဂါပိုးတွေက ခန္ဓာကိုယ်အတွင်းအင်္ဂါတွေအပေါ် ဘယ်လိုသက်ရောက်သလဲဆိုတာကို သိနိုင်ဖို့ လူတွေကို အရှင်လတ်လတ် ဗိုက်ခွဲနေတဲ့ပုံပါ ။ ဒါ့အပြင် ဂျပန်စစ်တပ်က ဆရာဝန်တွေဟာ
စစ်မြေပြင်မှာ ဒဏ်ရာရတဲ့ စစ်သားတွေကို ကုသတဲ့အခါ ပိုပြီးကျွမ်းကျင်လာအောင်လို့လည်း ထုံဆေးမပါတဲ့ အရှင်လတ်လတ်ခွဲစိတ်မှု
တွေကို လေ့ကျင့်ရေးအဖြစ် လုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ် ။ လူတစ်ယောက်ရဲ့ ကိုယ်အင်္ဂါတွေကို ဖြတ်တောက်ပြီး တခြားတစ်နေရာမှာ ပြန်ဆက်ကြည့်တာ၊ အစာအိမ်ကို ဖယ်ထုတ်ပြီး အစာဟောင်းအိမ်နဲ့ တိုက်ရိုက်ဆက်ကြည့်တာ စတဲ့ သိပ္ပံအမည်ခံ ရက်စက်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ် ။

၂။ အအေးဒဏ်ခံနိုင်မှုကို စမ်းသပ်ခြင်း
လူတစ်ယောက်ရဲ့ လက်ကို ရေခဲရေထဲမှာ အချိန်အကြာကြီး နှစ်ထားပြီး အသားတွေ ခဲသွားတဲ့အခါ တုတ်နဲ့ ရိုက်တာ၊ ရေနွေးပူနဲ့ ပြန်လောင်းပြီး အသားတွေ ပဲ့ကျလာပုံကို လေ့လာတာမျိုးတွေလည်း လုပ်ခဲ့ကြပါတယ် ။
အလွန်အေးတဲ့ဒေသတွေမှာ စစ်တိုက်ရင် ဂျပန်စစ်သားတွေ ဒီလိုအေးခဲမှုမျိုး ကြုံရတဲ့အခါ
ဘယ်လိုကုသမလဲ၊ ဘယ်လောက်အထိ ခံနိုင်ရည်ရှိမလဲဆိုတာကို သိဖို့အတွက် အကျဉ်းသားတွေပေါ်မှာ ကြိုတင်စမ်းသပ်ခဲ့တာပါ ။

၃။ ဇီဝလက်နက် စမ်းသပ်မှု
ပလိပ်ရောဂါ၊ ကာလဝမ်းရောဂါပိုးတွေ အတင်းအဓမ္မ ထိုးသွင်းပြီး လူတွေဘယ်လိုသေဆုံးသွားသလဲဆိုတာကို စမ်းသပ်နေတဲ့ပုံစံတူ သရုပ်ဖော်ပုံပါ ။
စစ်ပွဲမှာရောဂါပိုးမွှားတွေကို လက်နက်အဖြစ် အသုံးပြုနိုင်ဖို့အတွက် စမ်းသပ်ခဲ့ကြတာပါတဲ့ ။

၄။ အဓိကတရားခံတွေရဲ့ အဆုံးသတ်
Unit 731 ရဲ့ စမ်းသပ်မှုတွေကို အဓိက ဦးဆောင်ပြုခဲ့သူကတော့ ဂျပန်စစ်တပ်ရဲ့ အဏုဇီဝဗေဒပညာရှင် ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ရှီရို အီရှီအီ (Dr. Shiro Ishii) ပဲ ဖြစ်ပါတယ် ။ သူစမ်းသပ်ထားတဲ့
အချက်အလက်တွေကို အမေရိကန်အစိုးရကို ပေးခဲ့တဲ့အတွက် သူနဲ့ အပေါင်းအပါတွေဟာ စစ်ရာဇဝတ်မှုကနေ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပြီး ထောင်တစ်ရက်တောင်မကျဘဲ တစ်ဘဝလုံး
အေးအေးချမ်းချမ်း နေထိုင်နိုင်ခဲ့ပါတယ်တဲ့။ ခံရသူတွေအတွက် ဘယ်လောက်တောင် နာကျင်ခံပြင်းစရာကောင်းလိုက်သလဲနော် 💔။

၅။ The Museum of Evidence of War Crimes by Japanese Army Unit 731
၁၉၄၅ ခုနှစ် စစ်ရှုံးခါနီးမှာ ဂျပန်တွေက သက်သေတွေကို ဖျက်ဆီးဖို့ စမ်းသပ်ခန်းတွေကို ဖောက်ခွဲခဲ့တာကြောင့် အဆောက်အဦးအပျက်အဆီးနဲ့ အုတ်မြစ်တချို့သာ တည်ရှိပါတော့တယ် ။ ယခုအခါ နေရာဟောင်းမှာ ပြတိုက်တည်ဆောက်ထားပြီး မြင်ကွင်းတချို့ကို ပန်းပုရုပ်တွေနဲ့ ပြန်လည်သရုပ်ဖော်ပြထားသလို
ကျန်ရစ်ခဲ့တဲ့ သက်သေမှတ်တမ်းဓာတ်ပုံတွေ
တွေကိုလည်း သွားရောက်လေ့လာနိုင်ပါတယ် ။

စာဖတ်‌သူတို့ရော သွားရောက်လေ့လာရဲကြပါသလား 👀?

Address

Atlanta, GA

Telephone

+14709814318

Website

Alerts

Be the first to know and let us send you an email when Aakhawpa Hlaa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aakhawpa Hlaa:

Shortcuts

Share

Category