Aakhawpa Hlaa Media

Aakhawpa Hlaa Media Video Creator

06/22/2025

- အီရန် ကို တိုက်ခိုက်ပြီး နာရီးပိုင်းအကြာ

နိုင်ငံတော်မိန့်ခွန်းအား သမ္မတထရန့်မှ ပြောကြား

အမေရိကန်က အီရန်ကို ဝင်ရောက်တိုက်ခိုက်ပြီ အမေရိကန် စစ်လေယဥ်များက အီရန်နိုင်ငံရှိ နြူကလီးယားစီမံကိန်း စက်ရုံများရှိရာ သုံး...
06/22/2025

အမေရိကန်က အီရန်ကို ဝင်ရောက်တိုက်ခိုက်ပြီ

အမေရိကန် စစ်လေယဥ်များက အီရန်နိုင်ငံရှိ နြူကလီးယားစီမံကိန်း စက်ရုံများရှိရာ သုံးနေရာအား ယနေ့မနက်က ဝင်ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။

အီရန်ရှိ တောင်တစ်ခုအောက်တွင် ပေရာပေါင်းများစွာတူး၍ တည်ဆောက်ထားသည့် ဖော်ဒိုအမည်ရ နြူကလီးယားစီမံကိန်းနေရာကို အမေရိကန်ပိုင်ဆိုင်ထားသည့် ဗုံးကြဲလေယဥ်များဖြင့် ပေါင်သုံးသောင်းအ လေးချိန်ဗုံးများအသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အခုတော့ အမေရိကန်လေယဥ်တွေဟာ အီရန်လေပိုက်နက်ကထွက်လာပါပြီ။ လေယဥ်တွေအားလုံးဘေးကင်းပါတယ်” ဟု ထရမ့်က လူမှုကွန်ယက်တွင် ရေးသားလိုက်သည်။

အမေရိကန်က ဝင်ရောက်တိုက်ခတ်ခဲ့သည့် ပစ်မှတ်သုံးနေရာတွင် နှစ်ခုမှာ အီရန်နိုင်ငံ၏ ယူရေနီယံသန့်စင်ထုတ်လုပ်ရေး စခန်းကြီးများဖြစ်ပြီး ပထမတစ်ခုမှာ ဖော်ဒိုတောင်အောက်စခန်းဖြစ်ကာ၊ ဒုတိယတစ်ခုမှာ နတ်တန့်ဇ် ဒေသရှိ စခန်းဖြစ်သည်။ ဒုတိယမြောက်စခန်းသည် ပိုမိုကြီးမားသည့် ယူရေနီယံသန့်စင်စခန်းဖြစ်ပြီး ထိုနေရာအား အစ္စရေးတိုက်လေယဥ်များက လွန်ခဲ့သည့်ရက်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

အမေရိကန်ဝင်ရောက်တိုက်ခဲ့သည့် တတိယစခန်းမှာ ရှေးဟောင်းမြို့တော် အစ္စဖာဟန်မြို့အနီးတည်ရှိကာ ထိုစခန်းတွင် နြူကလီးယားဗုံး ထုတ်လုပ်ရန်နီးပါးအသင့်ဖြစ်နေသည့် သန့်စင် ယူရေနီယံများ သိုမှီးထားသည်ဟု အစ္စရေးတို့ကဆိုထားသည်။

လူပျောက်ကြေညာ၊ဆု​တောင်းခံခြင်းနှင့်အကူညီတောင်းခံခြင်း==============================ကျွနိုပ် အစ်ကို ၁၀/၆/၂၀၂၅ မနက် ၉:၀၀ န...
06/15/2025

လူပျောက်ကြေညာ၊ဆု​တောင်းခံခြင်းနှင့်
အကူညီတောင်းခံခြင်း
==============================

ကျွနိုပ် အစ်ကို ၁၀/၆/၂၀၂၅ မနက် ၉:၀၀ နာရီဝန်းကျင်မှာ အိမ်ကနေဆင်းသွားပြီး အိမ်ပြန်မလာတော့လို့ပါ။ ချောင်းဝ မှတ်တိုင်အနီး ရတနာမွန်အိမ်ရာ မှာနေပါတယ်။

ဘယ်လိုရှာရမှန်းလည်းမသိဘူး၊ ကူညီလိုက်ရှာပေးတဲ့ ပရဟိတ အသင်းအဖွဲ့ရှိရင်လည်း ညွှနိးပေးကြပါ။

သူက ၄ လပိုင်းမှာ ရက် ၄၀ အစာရှောင်ဆုတောင်းပြီး ဆန်ပြုတ်ပြန်စားတာလည်းရက် ၄၀ ပြည့်ပြီး ပုံမှန်ထမင်း ၃/၄ နပ်ပြန်စားပါပြီ။

ဘုရားခိုင်းတာရှိလို့ သွားမှဖြစ်မယ်ဆိုပြီး တားလို့မရဘဲထွက်သွားတာပါ။ ကျောပိုးအိတ်အမဲရောင် မှာ တီရှပ် ၂/၃ထည်လောက်ဘဲပါပြီး ဘာပစ္စည်းမှလည်းမပါတော့ပါဘူး။

ဆုတောင်းတဲ့ပုံ အင်္ကျီက သူထွက်သွားတဲ့နေ့မှာ ဝတ်အင်္ကျီပါ၊ ဘောင်းဘီအတိုဝတ်ပါတယ်။

တွေ့ရင် ဆက်သွယ်ပေးကြပါ။
ကျေးဇူးဆပ့်ပါမယ်နော် 🙏

Phone: 09259044574
Phone:09895808498
Phone :09426689500
Phone: 09892238174
Phone:09890618962

ဆုတောင်းခြင်းအားဖြင့်လည်းကူညီပေးကြပါအုံး။
Share လည်း လုပ်ပေးပါရန်။🙏🏽

အစ္စရေးက အီရန်ကို လေကြောင်းကနေ စတင်တိုက်ခိုက်လိုက်ပါပြီ။ကြီးမားတဲ့ အပြောင်းအလဲ နဲ့ မတည်ငြိမ်မှုတွေ တစ်ကမ္ဘာလုံးမှာ ပိုတိ...
06/13/2025

အစ္စရေးက အီရန်ကို လေကြောင်းကနေ စတင်တိုက်ခိုက်လိုက်ပါပြီ။

ကြီးမားတဲ့ အပြောင်းအလဲ နဲ့ မတည်ငြိမ်မှုတွေ တစ်ကမ္ဘာလုံးမှာ ပိုတိုးလာမယ့်သဘောပါပဲ။

အခုတောင် ရွှေစျေး၊ ဒေါ်လာစျေးတွေပြောင်းနေပြီ။

Breaking News!!!လူ ၂၀၀ ကျော် လိုက်ပါလာသည့် အိန္ဒိယလေယာဉ် ပျက်ကျအိန္ဒိယနိုင်ငံအနောက်ပိုင်း၊ အာမက်ဒါဘက်မြို့ကနေ လန်ဒန်ကို ...
06/12/2025

Breaking News!!!

လူ ၂၀၀ ကျော် လိုက်ပါလာသည့် အိန္ဒိယလေယာဉ် ပျက်ကျ

အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ အာမက်ဒါဘက်မြို့ကနေ လန်ဒန်ကို ဇွန် ၁၂ ရက်က ဦးတည်ထွက်ခွာလာတဲ့ Air India လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်တစင်းဟာ ပျံတက်ပြီး မကြာမီမှာ ပျက်ကျသွားတယ်လို့ သိရပါတယ်။

လူ ၂၄၂ ယောက် လိုက်ပါလာတဲ့ လေယာဉ်ဟာ လေဆိပ်အနီး လူနေအိမ်ခြေတွေရှိတဲ့နေရာကို ပျက်ကျသွားခဲ့ပါတယ်။

ပျံသန်းမှုအမှတ်စဉ် AI171 လေယာဉ်ဟာ ပျံတက်ပြီး စက္ကန့်ပိုင်းအကြာ ဒေသစံတော်ချိန်မနက် ၁၀ နာရီ ၈ မိနစ်၊ ၅၁ စက္ကန့်မှာ နောက်ဆုံးဆက်သွယ်မှုရရှိခဲ့တယ်လို့ Air India က ထုတ်ပြန်ပါတယ်။

#အိန္ဒိယ #လေယာဉ်

အစ္စရေးက အီရန်သို့ စစ်ဆင်ရေးစတင်ရန် အသင့်ရှိနေကြောင်း အမေရိကန်အရာရှိများက ပြောကြားအစ္စရေးနိုင်ငံသည် အီရန်နိုင်ငံသို့ စစ်...
06/12/2025

အစ္စရေးက အီရန်သို့ စစ်ဆင်ရေးစတင်ရန် အသင့်ရှိနေကြောင်း အမေရိကန်အရာရှိများက ပြောကြား

အစ္စရေးနိုင်ငံသည် အီရန်နိုင်ငံသို့ စစ်ဆင်ရေးတစ်ရပ်စတင်ရန် အပြည့်အဝ အသင့်ရှိနေကြောင်း အမေရိကန်အရာရှိများက ပြောကြားခဲ့သည်ဟု "အများအပြားသော သတင်းရင်းမြစ်များ"ကို ကိုးကား၍ CBS News သတင်းဌာနက ဖော်ပြခဲ့သည်။

"အီရန်က အိမ်နီးချင်း အီရတ်မှာရှိတဲ့ အမေရိကန်နေရာအချို့ကို လက်တုံ့ပြန်နိုင်တယ်လို့ အမေရိကန်က ခန့်မှန်းထားပါတယ်။ ဒါက အမေရိကန်က အမေရိကန်နိုင်ငံသားအချို့ကို ဒေသတွင်းကနေ ထွက်ခွာဖို့ အကြံပြုခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်" CBS News ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်သည် အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးပွဲ ဆဋ္ဌမအချီအတွက် အီရန်နှင့် လာမည့်ရက်များအတွင်း တွေ့ဆုံရန် စီစဉ်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန် စစ်တပ်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်တစ်ဦး ယခင်က ပြောကြားရာတွင် ကာကွယ်ရေးဝန်ကြီး ပီတီ ဟက်ဂ်ဆက်သ်သည် လုံခြုံရေးပြဿနာများကြောင့် အမေရိကန်စစ်တပ် မိသားစုဝင်များအား အရှေ့အလယ်ပိုင်းမှ "ဆန္ဒအလျောက် ထွက်ခွာခြင်း" ကို ခွင့်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ တစ်ဖန် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် အီရတ်မှ အရေးပေါ်မဟုတ်သော အမေရိကန်အစိုးရဝန်ထမ်းများအား ထွက်ခွာရန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အမိန့်ပေးခဲ့သေးသည်။ အဆိုပါ လုပ်ဆောင်ချက်များအပေါ် မှတ်ချက်ပြုရာတွင် အမေရိကန်နိုင်ငံသားများအား ဒေသတွင်းမှ ထွက်ခွာရန် အကြံပြုခဲ့ခြင်းမှာ "အန္တရာယ်ရှိတဲ့ နေရာဖြစ်နိုင်တာကြောင့် ဖြစ်ပြီး ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ" ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ အမေရိကန်သည် အီရန် နျူကလီးယားလက်နက် တီထွင်ခြင်းကို မလိုလားကြောင်းကိုလည်း သူကမှတ်ချက်ပြုခဲ့သည်။ "ကျွန်တော်တို့ ခွင့်ပြုမှာ မဟုတ်ဘူး" ဟု ထရမ့်က အလေးအနက် ပြောကြားခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း အမေရိကန်အစိုးရသည် တီဟီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေသော်လည်း အစ္စရေးက အီရန်ကို တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းအတွက် စိုးရိမ်မှုများရှိနေခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇွန်လ ၉ ရက်နေ့က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် တယ်လီဖုန်းဖြင့် ပြောဆိုရာတွင် ဆွေးနွေးပွဲများကို အနှောင့်အယှက်ဖြစ်စေမည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို ရှောင်ကြဉ်ရန် ပြောကြားခဲ့ကြောင်းကိုလည်း Axios သတင်းဌာနက သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

ရခိုင်ပြည်ကို ခရိုင်ရှစ်ခုနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖွဲ့စည်းသတ်မှတ် ၊ ချင်းပြည်နယ် ပလက်ဝကိုလဲ ရခိုင်ပြည် ခရိုင...
06/12/2025

ရခိုင်ပြည်ကို ခရိုင်ရှစ်ခုနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖွဲ့စည်းသတ်မှတ် ၊ ချင်းပြည်နယ် ပလက်ဝကိုလဲ ရခိုင်ပြည် ခရိုင်အဖြစ် သတ်မှတ်
=======================

ဇွန် ၁၂/ ၂၀၂၅

ရခိုင်ပြည်ကို ခရိုင်ရှစ်ခုနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြီးခဲ့တဲ့မေလမှာ ဖွဲ့စည်းသတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

ဖွဲ့စည်းသတ်မှတ်လိုက်တဲ့ ခရိုင်ရှစ်ခုကတော့ မောင်တောခရိုင်၊ စစ်တွေခရိုင်၊ ပလက်ဝခရိုင်၊ မြောက်ဦးခရိုင်၊ မင်းပြားခရိုင်၊ ကျောက်ဖြူခရိုင်၊ တောင်ကုတ်ခရိုင်နဲ့ သံတွဲခရိုင်တို့ဖြစ်ကြပါတယ်။

မောင်တောခရိုင်မှာ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်၊ စစ်တွေခရိုင်မှာ စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပလက်ဝခရိုင်မှာ ပလက်ဝမြို့နယ်၊ မြောက်ဦးခရိုင်မှာ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားခရိုင်မှာ မင်းပြားမြို့နယ်၊ ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်၊ ကျောက်ဖြူခရိုင်မှာ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ တောင်ကုတ်ခရိုင်မှာ တောင်ကုတ်မြို့နယ်၊ မာန်အောင်မြို့နယ်နဲ့ သံတွဲခရိုင်မှာ သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်တို့ပါရှိတယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ရခိုင်ပြည်ကို အရင်က စစ်ဒေသအလိုက်ဖွဲ့စည်းအုပ်ချုပ်ခဲ့ပေမဲ့ ဖွဲ့စည်းပုံ ဥပဒေသစ်မှာ ဗဟို၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအဆင့်စတဲ့ အဆင့်ငါးဆင့်နဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

အခုလို ဖွဲ့စည်းသတ်မှတ်လိုက်ရတဲ့ရည်ရွယ်ချက်ကိုသိနိုင်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဉ္စရာက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

အခုလိုမျိုး ခရိုင်အလိုက်ဖွဲ့စည်းလိုက်တဲ့အတွက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်စတဲ့ကဏ္ဍတွေမှာ လုပ်ကိုင်ရ ပိုမိုလွယ်ကူနိုင်တယ်လို့ နိုင်ငံရေးသမားတစ်ယောက်က ပြောပါတယ်။

ဓာတ်ပုံ - AA Info Desk

ဘရုနိုဆေးဗာလ်းကို ၃ ချီမှာ အလဲထိုးနဲ့ အနိုင်ယူသွားတဲ့ ဂျိုရှုအာဗန် ။ ထိုပွဲသို့ အမေရိကန် သမ္မတလဲ ဒေါ်နယ်ထရန့်လဲ လာရောက်က...
06/08/2025

ဘရုနိုဆေးဗာလ်းကို ၃ ချီမှာ အလဲထိုးနဲ့ အနိုင်ယူသွားတဲ့ ဂျိုရှုအာဗန် ။ ထိုပွဲသို့ အမေရိကန် သမ္မတလဲ ဒေါ်နယ်ထရန့်လဲ လာရောက်ကြည့်ရှုသွားခဲ့ပါတယ်

ယနေ့မနက် ထိုးသတ်သွားတဲ့ UFC316 ပွဲမှာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ဘရူနိုဆေးလ်ဗားကို တတိယအချီမြောက်ရဲ့ တမိနစ်အလိုမှာ အလဲထိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ UFC ပရိုမိုးရှင်းဟာ UFC 316 ပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ နယူးဂျာဆီပြည်နယ်ရှိ နီဝက်မြို့က Prudential Center မှာ ကျင်းပပြုလုပ်သွားခဲ့တာပါ။ UFC 316 ပြိုင်ပွဲမှာ တွဲဆိုင်း ၁၃ ဆိုင်းပါဝင်ပြီး ဂျိုရှူအာဗန်နဲ့ ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားတို့ဟာ Preliminary Card ရဲ့ ပွဲစဉ်(၄) မှာ ဖလိုင်းဝိတ်တန်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတာပါ။ လက်ရှိ UFC ဖလိုင်းဝိတ်တန်းမှာ ဘရူနိုဒါဆေးလ်ဗားက အဆင့် (၁၂)၊ ဂျိုရှူအာဗန်က အဆင့်(၁၄) နေရာမှာ သတ်မှတ်ခံထားရတာပါ။ ဂျိုရှူအာဗန်ဟာ UFC နဲ့ လက်တွဲပြီးနောက် ရှစ်ပွဲထိုးသတ်ထားရာ ခုနှစ်ပွဲအနိုင်ရရှိထားပြီး တပွဲသာရှုံးပွဲကြုံတွေ့ထားပါတယ်။

စင်္ကာပူ Keppel Road ပေါ်မှာ မနေ့က 3.10pm တုန်းကရဲကား တစီး စက်ဘီးသမား တယောက်ကို တိုက်ပြီး ထွက်သွားခဲ့လို့ စစ်ဆေးခံနေရအတိ...
06/07/2025

စင်္ကာပူ Keppel Road ပေါ်မှာ မနေ့က 3.10pm တုန်းက
ရဲကား တစီး စက်ဘီးသမား တယောက်ကို တိုက်ပြီး ထွက်သွားခဲ့လို့ စစ်ဆေးခံနေရ

အတိုက်ခံရတဲ့ ၄၁ နှစ်အရွယ် အမျိုးသားတဦးကို SCDF က Singapore General Hospital ကိုပို့ ကုသပေးခဲ့ရတယ်

ရဲကားမောင်းသွားတဲ့ ရဲအရာရှိက စက်ဘီးသမားကို တိုက်မိခဲ့တာ သူလုံးဝ မသိ သတိမထားမိပါဘူးတဲ့
ဟိုက ရဲလှမ်းတိုင်မှ ရဲဌာနကနေ သူ့ unit ကို အကြောင်းကြားမှသိ ဖြစ်တဲ့နေရာကို ပြန်သွားခဲ့ရတယ်

ခုလောလောဆယ်တော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲမို့လို့ သူ့ကို ယာဉ်မောင်းနှင်ခြင်းတာဝန်မှ ရပ်ဆိုင်းထားတယ်လို့ ရဲဌာနက ထုတ်ပြန်ကြေငြာထားပါတယ်

ရဲ က ရဲ ကိုဖမ်း
ရဲ ရဲ့ စုံစမ်းစစ်ဆေးခြင်းခံနေရတဲ့ ရဲ

စင်္ကာပူက ရဲတယောက် ရဲ့ hit-and-run case တိုက်ပြီးပြေးတဲ့ အမှုတခုပေါ့လေ 🤭
Crd

မေလ ၃၀ ရက်  #မလေးရှားတွင် မြန်မာနိုင်ငံသား ၁၂၂၂ ဦးဖမ်းခံရ မလေးရှားနိုင်ငံ၊ဆာလာယန်းတွင်မေလ၂၉ရက် နေ့ဌာနပေါင်းစုံအော်ပါရာစီ...
05/30/2025

မေလ ၃၀ ရက်

#မလေးရှားတွင် မြန်မာနိုင်ငံသား ၁၂၂၂ ဦးဖမ်းခံရ

မလေးရှားနိုင်ငံ၊ဆာလာယန်းတွင်မေလ၂၉ရက် နေ့ဌာနပေါင်းစုံအော်ပါရာစီဝင်ရောက်စစ်ဆေးရာနိုင်ငံခြားအထောက်အထားမရှိသူ ၁၄၃၅ ဦးဖမ်းဆီးနိုင်ကြောင်းသတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူများတွင်မြန်မာနိုင်ငံသားအများဆုံး ၁၂၂၂ ဦး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၁၄၂ဦး၊အိန္ဒိယ ၉ဦး၊အင်ဒိုနီးရှား ၂ဦး၊နီပေါနိုင်ငံသားများပါဝင်ကြောင်းသိရသည်။

အသက် ၂၃ နှစ်အရွယ် ချင်းလူငယ် Hang Sian အင်ဒီးယားနားတက္ကသိုလ်က ဥပဒေဒေါက်တာဘွဲ့ရရှိအသက် ၂၃ နှစ်သာရှိသေးတဲ့ ချင်းလူငယ် Hang...
05/25/2025

အသက် ၂၃ နှစ်အရွယ် ချင်းလူငယ် Hang Sian အင်ဒီးယားနားတက္ကသိုလ်က ဥပဒေဒေါက်တာဘွဲ့ရရှိ

အသက် ၂၃ နှစ်သာရှိသေးတဲ့ ချင်းလူငယ် Hang Sian ဟာ တရားရေးဆိုင်ရာ ဥပဒေပါရဂူဘွဲ့ (J.D) ကို ရရှိသွားပြီး ဇို(ချင်း)အသိုင်းအဝိုင်းရဲ့ နှစ်ပတ်လည် ညီလာခံမှာ Mr. Fort Wayne အဖြစ် တက်ရောက်ဖို့ ရွေးခြယ်ခံထားရပါတယ်။

သူဟာ Indiana University Robert H. McKinney School of Law မှာ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တက်ရောက်ပညာသင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဒီလိုအောင်မြင်မှုမျိုးကိုရရှိတဲ့အထဲ အသက်အငယ်ဆုံးချင်းလူမျိုးတစ်ဦးဖြစ်ပါတယ်။ J.D ဘွဲ့ရရှိပြီးနောက် ၂၀၂၅ ခုနှစ် ဇို(ချင်း)အဖွဲ့အစည်းရဲ့ နှစ်ပတ်လည်ညီလာခံမှာ သူ့ရဲ့ မြို့ ကိုယ်စားပြုပြီး တက်ရောက်ရတာ ဖြစ်ပါတယ်။

Hang Sian ဟာ အရင်က Indiana Tech က မှုခင်းတရားမျှတမှုဆိုင်ရာ ဘွဲ့ဒီဂရီကို ရရှိခဲ့ပြီးနောက်မှာ Juris Doctor ဘွဲ့ကို တဆက်တည်းအရှိန်အဟုန်နဲ့ ပြီးမြောက်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့မိဘနှစ်ပါးက Pa Mang Thang နဲ့ Nu Cing Lun Niang ဖြစ်ပြီး သူ့ရဲ့အောင်မြင်မှုတွေဟာ သူ့ရဲ့မိသားစုသာမက ချင်းအသိုင်းအဝိုင်းအားလုံးနှင့်၊ မြန်မာတိုင်းရင်းသားအသိုင်းအဝိုင်းအတွက်ပါ ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်နေပါတယ်။

သူက နှစ်ပတ်လည် ဇိုညီလာခံမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေအတွက် လူငယ်များ အခွင့်အာဏာရရှိရေးနဲ့ တရားဥပဒေဆိုင်ရာအခွင့်အလမ်းများအကြောင်း ပြောကြားခဲ့ပါတယ်။ သူက ညီလာခံမှာ "ဒါက ကျွန်တော့်လူမျိုးအတွက်ပါ၊ ကျွန်တော်က အသံမဲ့တွေအတွက်အသံတစ်ခု ဖြစ်ချင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

သူရဲ့ အ​ဒေါ်ဖြစ်သူက “ကျွန်မတူလေး Hang Sian ငယ်
ငယ်ကျောင်းတက်တုန်းက ၂ ကြိမ်တိတိ အတန်းကျော်ပြီး ပညာသင်ယူခဲ့ရသလို၊ အထက်တန်း အောင်မြင်တဲ့အချိန်မှာ တပြိုင်နက်ထဲ ကောလိပ်၂ နှစ်စာပါပြီးမြောက် ခဲ့တဲ့အတွက်၊ သူ့ တက္ကသိုလ် ရွယ်တူကျောင်းသားတွေထက် ပိုပြီးအရှေ့ရောက်ခဲ့ရတာပါ။ အရာအားလုံးဟာ ဘုရားသခင်ချီးမြောက်ခြင်းကြောင့်ပါ” လို့VOC ကို​ပြောပါတယ်။

Hang Sian ဟာ စည်းရုံးရေး နဲ့ဝန်ဆောင်မှုအတွက် ခိုင်မာသော ကတိကဝတ်တွေပေးခဲ့ပြီး သူနဲ့ ခေတ်ပြိုင်မျိုးဆက်နဲ့ ချင်းအသိုင်းအဝိုင်းအတွက် တက်သစ်စမျိုးဆက်သစ်ခေါင်းဆောင်တစ်ဦးအဖြစ်အသိအမှတ်ပြုခံထားရပါတယ်။

ယနေ့၂၃ရက်နေ့ မေလ ၂၀၂၅ခုနှစ်မနေ့ည မလေးရှားနိုင်ငံ ဆလန်ဂေါ ပြည်နယ် Sunway Mentari Court အော်ပရာစီ ဝင်ရောက်ဖမ်းဆီးခံရသူ ၅၉၇...
05/23/2025

ယနေ့၂၃ရက်နေ့ မေလ ၂၀၂၅ခုနှစ်
မနေ့ည မလေးရှားနိုင်ငံ ဆလန်ဂေါ ပြည်နယ် Sunway Mentari Court အော်ပရာစီ ဝင်ရောက်ဖမ်းဆီးခံရသူ ၅၉၇ ဦးထဲမှာ အထောက်အထားမပြည့်စုံသူ

မြန်မာ ၂၂၆ဦး အင်ဒိုနီးရှား ၂၀၁ဦး ဘင်္ဂဒေ့ရ်ှ ၇၁ဦး ပါကစ္စတန် ၄၆ဦး နီပေါ ၄၄ ဦး အိန္ဒိယ ၈ဦး နှင့် ထိုင်း ၁ဦးတို့ပါဝင်သည်
Crd

Address

Atlanta, GA

Telephone

+14709814318

Website

Alerts

Be the first to know and let us send you an email when Aakhawpa Hlaa Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aakhawpa Hlaa Media:

Share

Category