Free Voice

Free Voice သမိုင်းထဲကထူးဆန်းစွာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေ နားထောင်ချင်ရင် follow ခဲ့ဖို့မမေ့နဲ့နော်

ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာနှင့် လာတဲ့ မှူးယစ်ဆေးဝါးသန်းချီကို CDF -ဟားခါးမှ ဖမ်းဆီးဇူလိုင်၁၀ဇူလိုင်၈ ...
07/10/2025

ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာနှင့် လာတဲ့ မှူးယစ်ဆေးဝါးသန်းချီကို CDF -ဟားခါးမှ ဖမ်းဆီး

ဇူလိုင်၁၀

ဇူလိုင်၈ ရက်နေ့က ဖလမ်းမြို့နယ် ကား ၂ စီးနှင့်သယ်ယူပို့ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ ၁၁၀ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနက်(၂)လက်၊ mini starlink(၂)ခုတို့နှင့်အတူ တော်လှန်ရေး ရဲဘော်(၃)ဦး၊ ယာဥ်မောင်း(၁)ဦး နှင့် စပယ်ယာ(၁)ဦးတို့အား ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးခဲ့တယ်လို့ Chinland Defense Force – Hakhaမှ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါဆေးဝါး သယ်ယူပို့ဆောင်ရေးမှာ တာဝန်ခံဖြစ်တဲ့ မောင်ဇော်လတ် အမည်ရင်း ဦးဝင်းမော် နှင့် ကိုပုတီး အမည်ရင်း ဦးကျော်မင်းဇော်တို့ကတော့ထွက်ပြေးတိမ်းရှောင်သွားတယ်လို့သိရပါတယ်။

အဆိုပါ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးတွေကို တော့ မနေ့ကဇူလိုင်လ(၉)ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။

ဖမ်းဆီးရမိထားသူတွေကိုတော့ တရား ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

ဟားခါးမြို့နယ်အတွင်း မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်း နှင့် သယ်ယူပို့ဆောင်ခြင်းများကို ထပ်မံတွေ့ရှိပါက Chinland Defense Force – Hakhaမှ ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင် ပေးကြဖို့ CDF-Hakha မှ တိုက်တွန်းနှိုးဆော်ထားပါတယ်။
#ယင်းမာပင်
-hakha
Photo-CDF-Hakha

ကဗျာဆရာ၊စာရေးဆရာမောင်သာချို ကွယ်လွန်ဇူလိုင် ၁၀ ကဗျာဆရာ၊ စာရေးဆရာ မောင်သာချို ဒီနေ့ နံနက် ၈ နာရီမှာ ပင်လုံဆေးရုံတွင်ကွယ်လ...
07/10/2025

ကဗျာဆရာ၊စာရေးဆရာမောင်သာချို ကွယ်လွန်

ဇူလိုင် ၁၀


ကဗျာဆရာ၊ စာရေးဆရာ မောင်သာချို ဒီနေ့ နံနက် ၈ နာရီမှာ ပင်လုံဆေးရုံတွင်ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ဆရာမောင်သာချိုဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းကတည်းက ဖမ်းဆီးခံလိုက်ရကာ ၂၀၂၂ ဖေဖော်ဝါရီမှာတော့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က နှင့် ထောင်နှစ်နှစ် ချမှတ်ခံခဲ့ရတာပါ။

၂၀၂၂ နိုဝင်ဘာမှာ ပြန်လွတ်လာပြီးနောက် ထောင်တွင်းကြုံတွေ့ခဲ့ရသော ဆိုးရွားသည့် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေတွေကြောင့် ကင်ဆာရောဂါခံစားနဲ့ ဒီကနေ့ ကွယ်လွန်သွားတာပါ။

နိုင်ငံရေးအကျဥ်းသားဟောင်း ရွှေညဝါဆရာတော် ပျံလွန်တော်မှု ဇူလိုင် ၁၀ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမ...
07/10/2025

နိုင်ငံရေးအကျဥ်းသားဟောင်း ရွှေညဝါဆရာတော် ပျံလွန်တော်မှု

ဇူလိုင် ၁၀


စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှဋ တက်ကြစွာပါဝင်ဆောင်ရွက်ခဲ့တဲ့နိုင်ငံရေးအကျဥ်းသားဟောင်း ရွှေညဝါဆရာတော် အရှင်ပညာသီဟဟာ ဒီနေ့ နံနက် ၂ နာရီ ၄၅ မိနစ်မှာ အသည်းရောဂါနဲ့ပျံလွန်တော်မူသွားကြောင်း သိရပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့နေ့ ၂၀၂၁ ဖေဖော်ဝီ ၁ ရက်နေ့မှာပဒ ရွှေညဝါဆရာတော် ဖမ်းဆီးခံခဲ့ရပြီးနောက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)ဖြင့် စစ်ကောင်စီက ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့တာပါ။

၂၀၂၂ ခုနှစ်မှာထောင်က ပြန်လွတ်လာပြီးနောက် ဆရာတော်ဟာ မကြာခဏ ဆေးကုသမှု ခံယူနေရတာဖြစ်ပြီး ဒီကနေ့မှာတော့ ကွယ်လွန်သွားတာပါ။

အဆိုတော် သံသာဝင်းကို စစ်တပ်မှ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ဇူလိုင် ၁၀ အဆိုတော်သံသာဝင်းကို စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ရန်က...
07/10/2025

အဆိုတော် သံသာဝင်းကို စစ်တပ်မှ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

ဇူလိုင် ၁၀


အဆိုတော်သံသာဝင်းကို စစ်တပ်က ပြီးခဲ့တဲ့
၂၀၂၃ ခုနှစ်၊ရန်ကုန်ကသူမရဲ့အိမ်မှာဖမ်းဆီးပြီးတဲ့နောက်
ပုဒ်မ ၅၀၅ (က) ၊ ၅၀ (ည) အပြင် ပုဒ်မပေါင်းများစွာနဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့ကာအခုအခါမှာတော့ ထောင်ဒဏ် အနှစ် ၂၀ချမှတ်လိုက်တာ ဖြစ်ပါတယ်။

သံသာဝင်းဟာ အဆိုတော်နွဲ့ယဉ်ဝင်းရဲ့ သမီးဖြစ်သလို အဆိုတော် အနဂ္ဂရဲ့ ဇနီးလည်းဖြစ်ပါတယ်။

အဆိုတော်သံသာဝင်းနဲ့အတူ သူ့မရဲ့အကိုဖြစ်သူ မျိုးညီညီကိုလည်း စစ်တပ်က ၅၀၅(က)နဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့ပေမဲ့ အယူခံနဲ့ ပြန်လည်လွတ်မြောက်သွားခဲ့ပေမယ့် သံသာဝင်းကတော့ ကျန်ခဲ့တာပါ။

NLD ပါတီအတွက် ၂၀၁၅၊ ၂၀၂၀ အောင်နိုင်ရေးသီချင်းတွေဖန်တီးခဲ့တဲ့ သံသာဝင်းကို စစ်တပ်က အငြိုးထားခဲ့ကာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှာ ခေါ်ယူစစ်ဆေးမှုများပြုလုပ်ပြီးပြန်လွှတ်ပေးခဲ့ပြီး ၂၀၂၃မှာ ပြန်လည်ဖမ်းဆီးခဲ့ကာ အခုခါမှာတောင်ဒဏ်နှစ်၂၀ ချမှတ်လိုက်တာပါ

#သံသာဝင်း

၈ လေးလုံး ထီးသပိတ် လှုပ်ရှားမှုကို ဓာတ်ပုံရိုက်ကူးခဲ့တာကြောင့်ဖမ်းဆီးခံရတဲ့ ဓာတ်ပုံဆရာ ပြန်လွတ်မြောက်လာဇူလိုင်၉၈ လေးလုံး...
07/09/2025

၈ လေးလုံး ထီးသပိတ် လှုပ်ရှားမှုကို ဓာတ်ပုံရိုက်ကူးခဲ့တာကြောင့်ဖမ်းဆီးခံရတဲ့ ဓာတ်ပုံဆရာ ပြန်လွတ်မြောက်လာ

ဇူလိုင်၉

၈ လေးလုံး ထီးသပိတ်လှုပ်ရှားမှုကို ဓာတ်ပုံရိုက်ကူးခဲ့တာကြောင့် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ လူငယ် ဓာတ်ပုံဆရာက သူ ထောင်ကနေ ပြန်လွတ်လာပြီလို့ လူမှုကွန်ရက်နေတဆင့် ထုတ်ပြောလာပါတယ်။

၂၀၂၂ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ ထီးပိတ်လှုပ်ရှားမှုဓာတ်ပုံတွေဟာ ကမ္ဘာ့သတင်းမီဒီယာတွေရဲ့ စာမျက်နှာပေါ်မှာ ဖော်ပြခံခဲ့ရပါတယ်။

အဲဒီလှုပ်ရှားမှုမှာပါဝင်လို့ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ၂ လနေခဲ့ရကာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရပြီးနောက်မှာ အခုတော့ ပြန်လွတ်လာပြီလို့ ကိုစစ်မင်းနိုင်က သူ့ရဲ့ဖေ့ဘွတ်ခ် အကောင့်ကနေ ထုတ်ပြောလာတာပါ။

''ကျွန်တော်တို့နဲ့အတူ စစ်ကြောရေး အကျဥ်းထောင်တွေထဲမှာ အတူဖြတ်သန်းခဲ့တဲ့နိုင်ကျဥ်းညီအကိုတွေ များစွာကျန်နေပါသေးတယ်။ ပြီးတော့ လွတ်မြောက်လာခဲ့သူ ညီအကိုတွေလည်း ရုန်းကန်ရမှုပေါင်းဆုံ၊ စောင့်ကြည့်ခံ ဘဝနဲ့ပြန်စတင်ရင်း မဆုံဖြစ်ကြပါဘူး'' လို့ သူ အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့အကြောင်း လူသိရှင်ကြား ထုတ်ပြောပါတယ်။

ထီးသပိတ်ကို ၈ လေးလုံးလူထုအုံကြွမှု နှစ်ပတ်လည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၂ ပတ်နီးပါးအကြာမှာ ဒီသပိတ်မှာပါဝင်တဲ့ သပိတ်အဖွဲ့ဝင်လူငယ်တစ်ဦးနဲ့ သပိတ်ကိုမှတ်တမ်းတင်တဲ့ ဓါတ်ပုံဆရာတစ်ဦးကို စစ်တပ်က ညအချိန် ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အခုတော့ ဒီလူငယ် နှစ်ဦးစလုံး ပြီးခဲ့တဲ့လပိုင်းတွေကတည်းက ပြန်လွတ်လာပြီလို့ သိရပါတယ်။

မြန်မာအလုပ်သမားတဦး ထိုင်းအလုပ်ရှင်ရဲ့ အဓ္ဓမ ပြုကျင့်ခံရဇူလိုင်၈ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမတဦး ထိုင်းအလု...
07/08/2025

မြန်မာအလုပ်သမားတဦး ထိုင်းအလုပ်ရှင်ရဲ့ အဓ္ဓမ ပြုကျင့်ခံရ

ဇူလိုင်၈


ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမတဦး ထိုင်းအလုပ်ရှင်ရဲ့ အဓမ္မပြုကျင့်တာကို ခံခဲ့ရပါတယ်။

ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီကျော်မှာ ထိုင်းနိုင်ငံ အလယ်ပိုင်း၊နခွန်းနာယုဒ်ခရိုင်၊ ပါက်ဖလီမြို့နယ်၊ ကော်ဖိုးထိရပ်ကွက်၊ ဆုဝန်နဆွန်လမ်းထဲမှာ မိန်းကလေးတယောက် အဓမ္မကျင့်ခံရကြောင်း သတင်းပေးပို့ချက် ရခဲ့တာကြောင့် ချန်နယ်လ် ၇ ရဲ့ နယ်မြေခံသတင်းထောက်ဟာ အဆိုပါနေရာကို သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါနေရာမှာတော့ မိန်းကလေး ၃ ယောက် ကြောက်လန့်တကြား ငိုကြွေးနေပြီး လူတွေအုံနေတာ တွေ့ရကာ၊ အနီးနားကလူတွေ ပြောပြချက်အရ အဲဒီမိန်းကလေးတွေဟာ စားသောက်ဆိုင်တဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပြီး အလုပ်ရှင်ရဲ့ အဓမ္မပြုကျင့် စော်ကားခံရလို့ ကြောက်လန့်ပြီး ထွက်ပြေးလာကြတာလို့ ဆိုပါတယ်။

အသက် ၂၀ အရွယ် မိန်းကလေးဖြစ်သူဟာ အဲဒီဆိုင်မှာ အလုပ်ဝင်တာ ၅ ရက်ခန့်သာ ရှိသေးကြောင်းပြီး အဲဒီဆိုင်မှာ သူငယ်ချင်းရှိလို့ လာလုပ်တာလို့ ဆိုပါတယ်၊

အလုပ်ရှင်ဟာ အခင်းဖြစ်တဲ့နေ့က သူ့ကို အိပ်ခန်းထဲခေါ်သွားချိန် မိန်းခလေးငယ်ဟာ ငြင်းဆန်ချိန် အလုပ်ရှင်ဟာ နင်က ဒါလောက်လည်း လှတာမဟုတ်ဘူး၊ ဘာမှမလုပ်ဘူးလို့ပြောကာ ခေါ်သွားပြီးနောက် အတင်းအဓမ္မပြုကျင့်ကာ၊ ဗွီဒီယိုလည်းရိုက်ခဲ့တယ်လို့ မိန်းခလေးငယ်က ဆိုပါတယ်။

သတင်းထောက်ဟာ ရဲစခန်းကို ဖုန်းဆက်ခဲ့တာကြောင့် တာဝန်ရှိသူတွေရောက်လာပြီး သူ့ကို ပါက်ဖလီနယ်မြေ ရဲစခန်းကို ခေါ်ဆောင်သွားကာ ဆရာဝန်ဆေးစစ်ချက်အရ အဓ္ဓမကျင့်ခံရတာ မှန်ကန်တယ်လို့ ဆိုပါတယ်။

အဓမ္မကျင့်ကြံတဲ့ အလုပ်ရှင်မှာ တပ်ကြပ်အဆင့်ရှိ ကြာကျင့်ဆိုသူ စစ်မှုထမ်းဟောင်းတယောက် ဖြစ်ကာ ဒီမတိုင်ခင်ကလည်း အလားတူ မိန်းကလေးတွေကို အဓမ္မပြုကျင့်ခဲ့တဲ့ ပြစ်မှု ၃ မှု ကျူးလွန်ခဲ့ဖူးပြီး၊ ရဲစခန်းက သူ့ကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Photo -Thairath

သန္ဒီကို စစ်ကောင်စီထံပြန်အပ်ဖို့ ကိုးကန့်တပ်ကို တရုတ်ဖိအားပေး ဇူလိုင် ၈ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်...
07/08/2025

သန္ဒီကို စစ်ကောင်စီထံပြန်အပ်ဖို့ ကိုးကန့်တပ်ကို တရုတ်ဖိအားပေး


ဇူလိုင် ၈

ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က သိန္နီမြို့ကို စစ်တပ်လက်ထဲ ပြန်လွှဲဖို့ စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ တရုတ်အစီအစဥ်နဲ့ ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့်လည်း ကိုးကန့်တပ်ဖက်က သိန္ဒီကို ပြန်ပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် ဆွေးနွေးပွဲမအောင်မြင်ဘူးလို့ သိရပါတယ်။

စစ်တပ်ဟာ တရုတ်အကူအညီနဲ့ သေနတ်ဖောက်စရာမလိုပဲ လားရှိုးမြို့ပြန်ရပြီးနောက်MNDAA အနေနဲ့ သိန္နီမြို့ကို ထပ်ပေးဖို့အတွက် တရုတ်ဦကးဆောင်ပြီး ဆွေးနွေးပွဲတွေ ပြုလုပ်နေတာပါ။“

ဆွေးနွေးပွဲမအောင်မြင်တာကြောင့် စစ်တပ်နဲ့ MNDAA ကြား အခြေအနေ တင်းမာပြီး စစ်တပ်ကလည်း မြို့ပေါ်မှာ အင်အားဖြည့်တင်းနေသလို့ မြို့ပြင် ကိုထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်ကလည်း စစ်အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် လားရှိုးမြို့ကို သတိထားစောင့်ကြည့်ဖို့ လိုတယ်လို့ သုံးသပ်သူတွေက ဆိုနေကြပါတယ်။

သိန္နီမြို့ကို ကိုးကန့်တပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ သိမ်းခဲ့တာဖြစ်ပါတယ်။

စစ်တပ်ကတော့ ဒီအခြေအနေနဲ့ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

#သန္ဒီိ

#လားရှိုး
#စစ်ကောင်စီ

Photo-Credit

သမ္မတပူတင် ရာထူးမှထုတ်ပယ်လိုက်တဲ့ ရုရှားဝန်ကြီး နာရီပိုင်းအကြာမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံး  ဇူလိုင်၈ ရုရှားသမ္မတ ဗလာဒီမာ ပ...
07/08/2025

သမ္မတပူတင် ရာထူးမှထုတ်ပယ်လိုက်တဲ့ ရုရှားဝန်ကြီး နာရီပိုင်းအကြာမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံး

ဇူလိုင်၈

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပို့ဆောင်ရေးဝန်ကြီး ရိုမန် စတာရိုဗွိုက်ကို ရာထူးက ထုတ်ပြန်ပြီး နာရီပိုင်း အကြာမှာ သေနတ်ဒဏ်ရာနှင့် သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်။

ရာထူးမှ ထုတ်ပယ်ခံရကြောင်း ကြေညာပြီးနောက် မော်စကိုမြို့ဆင်ခြေဖုံးတွင် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်းသတင်းများ ထွက်ပေါ်ခဲ့ပြီး သူ့ရဲ့ရုပ်အလောင်းကို ကားတစ်စီးထဲတွင် တွေ့ရှိခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။

သမ္မတ ပူတင်ဟာ အသက် ၅၃ နှစ်အရွယ် စတာရိုဗွိုက်အား ရာထူးမှထုတ်ပယ်လိုက်ကြောင်း မနေ့ကဇူလိုင် ၇ ရက်မှာ ရုတ်တရက် ကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ အခုလို ဖြစ်သွားခဲ့တာပါ။

စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာတော့ ကိုယ့်ကိုယ်ကို သတ်သေတာဖြစ်ကြောင်းအဓိကအားဖြင့် ယူဆကြောင်း ဖော်ပြထားပါတယ်။

တက္ကဆက်ရေကြီးမှု တေဆုံးသး ၁၀၀ ကျော်အထိရှိလာ ဇူလိုင်၈အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အလယ်ပိုင်းမှာ ရေကြီးမှုကြောင့် သေ...
07/08/2025

တက္ကဆက်ရေကြီးမှု တေဆုံးသး ၁၀၀ ကျော်အထိရှိလာ


ဇူလိုင်၈

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အလယ်ပိုင်းမှာ ရေကြီးမှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော် ရှိလာခဲ့ပြီး ပျောက်ဆုံးနေသူ အမြောက်အမြား ရှိနေပါတယ်။

မိုးနဲ့ မိုးကြိုးမုန်တိုင်းတွေကြားထဲက ကယ်ဆယ်ရေးအဖွဲ့တွေဟဋ ပျောက်ဆုံးနေသူတွေကို လိုက်လံရှာဖွေနေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ရုတ်တရက် ရေကြီးရေလျှံမှုကြီး ဖြစ်ပွားခဲ့တာ ၄ ရက် ကျော်ကြာလာပြီဖြစ်လို့ ပျောက်ဆုံးနေသူတွေ အသက်ရှင်ကျန်ရစ်ဖို့ မျှော်လင့်ချက် နည်းပါးလာနေပါတယ်။

မိုးကြီးတာကြောင့် ဂွါဒလုပေမြစ်ဟာ စမ်းချောင်းငယ်လေးကနေ အရှိန်အဟုန်ပြင်းပြီး ဖျက်ဆီးနိုင်စွမ်းအားကြီးတဲ့ အင်အားတရပ်အဖြစ် ၁၀ နာရီတောင်မကြာဘဲ ပြောင်းလဲသွားခဲ့တယ်လို့ ဆိုပါတယ်။

Photo-Reuters

“ဟိန်းဝေယံအဒေါ် သရုပ်ဆောင် မိုခမ်း (သို့) ကျားဖြန့်ပစ္စည်းတွေရဲ့ ကြော်ငြာမိခင်ကြီး”မိုခမ်း ကြော်ငြာခဲ့တဲ့ ကျားဖြန့်ပစ္စည...
07/08/2025

“ဟိန်းဝေယံအဒေါ် သရုပ်ဆောင် မိုခမ်း (သို့) ကျားဖြန့်ပစ္စည်းတွေရဲ့ ကြော်ငြာမိခင်ကြီး”

မိုခမ်း ကြော်ငြာခဲ့တဲ့ ကျားဖြန့်ပစ္စည်းတွေက

(1) Diabet Care နို့မှုန့်
(2) Piasure နို့မှုန့်
(3) Dr.Manila Serum (Skin Care)
(4) Night sure နို့မှုန့်

ဒီပစ္စည်းတွေက Diaglusure နို့မှုန့်ကို စတစ်ကာကပ်ပြီး
ပြန်ရောင်းနေတာတွေ ဖြစ်တယ် .. Diaglusure နို့မှုန့်ဆိုတာ၂၀၂၃ခုနှစ်ကတည်းက Scam လုပ်နေတဲ့
ကျားဖြန့် နို့မှုန့်ပစ္စည်းအတုဖြစ်တယ်။

Diaglusure နို့မှုန့်ကို ဖိလစ်ပိုင် FDA က (လုံး၀ ဘန်းထား ၊ FDA အသိအမှတ်ပြုမဟုတ် ကျားဖြန့်ပစ္စည်း အဖြစ်
သတ်မှတ်ထားတယ်။

Hera nano cucumin နနွင်းမှု့န်ကို နို့မှုန့်အဖြစ် လိမ်ရောင်းနေတာလဲ တအုပ်စုတည်းဖြစ်တယ်။

Diabet Care နို့မှုန့်ကို FDA ဖိလစ်ပင်းက ဘန်းထားတယ်.. (နာမည်ဆင်တူယူပြီး လုပ်စားနေတဲ့ ကျားဖြန့်ပစ္စည်းဖြစ်တယ်)

"Piasure နိ့မှုန့်က လူသန်းပေါင်းများစွာ သုံးစွဲနေ ၊ နယူးဇီလန် ကုန်ကြမ်း နို့မှုန့် "လို့ ကြော်ငြာပေမဲ့ ဒီတံဆိပ်ကို မြန်မာနိုင်ငံက အွန်လိုင်းပေါ်မှာပဲ တွေ့ရတယ်။ အခြားနိုင်ငံတွေမှာ အဲဒီ တံဆိပ် လုံး၀မရှိဘူး။

Dr.Manila Serum ရဲ့ Product အားလုံးကို FDA ဖိလစ်ပင်းက ဘန်းထားသလို ဖိလစ်ပင်း ပြည်သူတွေကပါ အလိမ်(ကျားဖြန့်)အဖြစ် ပြောထားတယ်။

Night Sure နို့မှုန့်ပေ့ချ်က July 4 ရက်နေ့မှ ပေါ်လာတာ ဖြစ်သလို az link နဲ့ ပဲဖြစ်နေတဲ့အပြင် သူနဲ့ Diaglusure ဖုန်းနံပါတ် ၊ Kachi Myanmar Link ၊ Dr.Manila Serum နဲ့ အပြန်အလှန်ချိတ်ထားကြတယ်။

ဒီအဖွဲ့အစည်းတွေက Scam ပစ္စည်းတွေ ဖြစ်ကြောင်း သတိပေးနေတာကြာပါပြီ။

1) FDA (ဖိလစ်ပိုင်)
2) ဧရာ၀တီသတင်းဌာန (မြန်မာ)
3) AFP ( Fact Check ဖိလစ်ပိုင်-မြန်မာ)
4) Fact Crescendo Myanmar ( မြန်မာ)
5) Ver Files (Fact Check )

ဒီအဖွဲ့အစည်းတွေ ခိုင်မာပြီးသားမို့ သူတို့ဆီက reference source တွေကို အောက်မှာ ဖော်ပြထားပါတယ်။ သူတို့ပြောတဲ့ဒီပစ္စည်း အကြောင်းတွေကို ၀င်ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်တယ်။ မြန်မာဘာသာနဲ့ ရေးထားတာပါ။

FDA (ဖိလစ်ပင်း) အတော်အလုပ်လုပ်တဲ့ဌာနပါ။ အခု ကျွန်တော်တို့ ပြည်သူတွေ အများစုတွေ့နေတဲ့ ကျားဖြန့်
ပစ္စည်း တံဆိပ်အားလုံး ကို သူတို့ဆီမှာ ဘန်းထားတယ်။

လက်ရှိအချိန်အထိ ကျားဖြန့်ပစ္စည်း အမျိုးပေါင်း ၁၅မျိုး တွေ့ရှိထားပြီး as နောက်ကနေ ထွက်လာတဲ့ ပစ္စည်းတွေချည်းဖြစ်တယ်။

ကျားဖြန့်တွေက June , July လအတွင်း ပေ့ချ်အသစ် တွေ ဆက်တိုက်ဖွင့်ပြီး နို့မှုန့်တံဆိပ်အသစ်ပုံစံ စတစ်ကာတွေ ပြန်ကပ်ပြီး ကြော်ငြာနေကြတယ်။

အခြား ကျားဖြန့်ပစ္စည်းတွေကို စပါရှယ်ကြော်ငြာပေးနေတဲ့သရုပ်ဆောင်တွေက ..

(1) သရုပ်ဆောင် အေးသီတာ (ဇာတ်ပို့ ) - Piasure နှို့မှုန့်

(2) သရုပ်ဆောင် - ရွှေပိုးအိမ်

ဒီတယောက်က ကျားဖြန့်ပစ္စည်းကို မျက်နှာပေါ် တင်ပြထားတယ်။ သူလဲသရုပ်‌ဆောင် မိုခမ်းလို ကျားဖြန့်ပစ္စည်း ၄ခုမှာ ကြော်ငြာထားတယ်။

ဘယ်လိုလိမ်သလဲ?

နို့မှုန်ကြော်ငြာတွေအောက်မှာ ဖုန်းနံပါတ် မန့်ခိုင်းတယ်။ သူတို့ link ထဲမှာ ဖုန်းနံပါတ် ထည့်ခိုင်းထားတယ်။

ပစ္စည်းမှာဖို့ ဖုန်းဆက်ပြီး ငွေချေခိုင်းတာ ငွေချေလို့ အလိမ်ခံရပြီဆိုရင် အဲဒီပေ့ချ်က မဟုတ်ပါဘူး ရောချတာ လုပ်တယ်။

သာမန်လူ မသိနိုင်တဲ့ နို့မှုန့် တွေ ဖြစ်လာမယ်။ နို့မှုန့်တောင် ဟုတ်ချင်မှ ဟုတ်မယ်။ မယ်လမင်းလဲ ဖြစ်နေနိုင်တယ်။ ဒီနို့မှုန် ကို သောက်လို့ ဘာ အကျိုးကျေးဇူးမှမရှိဘူး။

မြန်မာပြည်က FDA အလုပ် မလုပ်ဘူးဆိုတာ ပြောစရာလိုမယ်မထင်ပါ။ FDA ဆိုတာက ဦးပိန်တံတားက အချဥ် ပေါင်းသည်ကို တံဆိပ်ကပ်လို့ ဖမ်းရဲပေမယ့် ကျားဖြန့်
ပစ္စည်းတွေကို မဖမ်းပဲ လွှတ်ပေးထားတယ်။

ဒီကျားဖြန့်ပစ္စည်းကို ဖြန့်တဲ့နေရာတွေက ရန်ကုန် နဲ့ မန္တလေးမှာ ရှိနေတယ် .. FDA နဲ့ စကစသာ ဖမ်းချင်ရင် တစ်ပတ်အတွင်း မိနိုင်ချေရှိတယ်။

ဒီ ကြော်ငြာနေတဲ့ သရုပ်ဆောင်တွေဆီကပဲ လိုက်နိုင်သားပဲ မဟုတ်လား။

ဖုန်းနံပါတ် မန့်ခိုင်းတာ၊ စကားလုံး ပေါင်းမှားတာ၊Discount 50% ၊ Buy 1 Get 1 ပေးတာ ၊ az နဲ့ စတဲ့ Link ကိုနှိပ်ခိုင်းတာ၊ အကောင့်တုတွေက ဖုန်းနံပါတ် ဝိုင်းမန့်နေတာ ၊ Page က Follow ၅၀အောက်ပဲ ရှိပြီး ဆေးကြော်ငြာ Boost မှာ 10K လောက် ဖြစ်နေတာ .. ဒါတွေက ကျားဖြန့်ပေ့ချ်အတုရဲ့ လက္ခဏတွေပါပဲ..

Credit- Min Khant Aung V

မိုးကုတ်နှင့် ကျောက်မဲမြို့မှာ စစ်ကောင် စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ(၄)ဦး ဆTဆုံး၊ (၁၂)ဦး ထိခိုက်ဒဏ်ရာရ ဇူလ...
07/08/2025

မိုးကုတ်နှင့် ကျောက်မဲမြို့မှာ စစ်ကောင် စီ
မှ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ(၄)ဦး ဆTဆုံး၊ (၁၂)ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင် ၈ရက်


တအာင်းပြည်၊ မိုးကုတ်နှင့် ကျောက်မဲမြို့ကိုစစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးလာရောက်ကြဲချမှုကြောင့် ပြည်သူလူထု (၄)ဦး သေဆုံးခဲ့ပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAကသတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့နံနက် (၉းဝ၅)နာရီမှာ မိုးကုတ်မြို့အနောက်ပိုင်း၊ ဂေါင်းဦးဘာရပ်ကွက်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး (၁)လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေါ်ခင်မျိုးထွေး၊ ဒေါ်ခင်ထားရီနှင့် ဦးလှသိန်းတို့ သေဆုံးခဲ့ပြီး ပြည်သူလူထု (၈)ဦး ပြင်း ထန်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၁၀)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။

အလားတူ ဒီကနေ့ နံနက် (၉း၀၃)နာရီအချိန်မှာလည်း ကျောက်မဲမြို့၊ ငြိမ်းချမ်းရေးကုန်းဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် (၅၆)နှစ်အရွယ် ဒေါ်မြင့်မြင့်သန်းဟာပွဲချင်းပြီး​တေဆုံးခဲ့ပြီး အောင်သက်ပိုင်၊ ဦးဝေ၊ ဒေါ်ပုပ်နှင့် ဥဦးအိုက်ဆွယ်တို့လည်းပြင်းထန်စွာဒဏ်ရာရရှိခဲ့ကာ နေအိမ် (၇)လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း TNLAက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် (၅)ရက်နေ့လည်း ကျောက်မဲမြို့၊ ရပ်ကွက် (၂)တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး(၁) လုံး ထပ်မံကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦး (၄)လုံး ထိမှန်ပျက်စီးခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ တအာင်းပြည်အတွင်း စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့နေရာများကိုလည်း လေကြောင်းဖြင့် မိဘပြည်သူလူထုများကို ဦးတည်ကာရည် ရွယ်ချက်ရှိရှိ ဗုံးများကြဲချနေတာကြောင့် ပြည်သူတွေ အနေနဲ့ သတိရှိကြဖို့ TNLAက သတိပေးတိုက်တွန်းထားပါတယ်။

ပုံ-ဒီကနေ့မနက်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးမှုများ

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

ဒေါ်လာ ၄ သန်းနဲ့ လေလံတင်ရောင်းမယ့် အင်္ဂါဂြိုလ်က ကျောက်တုံး ====================================== လွန်ခဲ့တဲ့ နှစ်သန်းပေ...
07/07/2025

ဒေါ်လာ ၄ သန်းနဲ့ လေလံတင်ရောင်းမယ့် အင်္ဂါဂြိုလ်က ကျောက်တုံး
======================================

လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက အင်္ဂါဂြိုဟ်ပေါ်ကို ဥက္ကာခဲကြီးတစ်ခု ပြင်းထန်စွာဝင်တိုက်ခဲ့တဲ့ အရှိန်ကြောင့် အင်္ဂါဂြိုဟ်ရဲ့ မြေသားတွေဟာ အာကာသထဲကို လွင့်စင်ထွက်သွားခဲ့ပါတယ်။ အဲဒီအပိုင်းအစတွေထဲက ကျောက်တုံးကြီးတစ်တုံးဟာ အာကာသရဲ့ အေးစက်တဲ့အမှောင်ထုထဲမှာ နှစ်ပေါင်းများစွာ မျောလွင့်ခဲ့ပြီးနောက် ကမ္ဘာ့ဆွဲငင်အားရဲ့ ဖမ်းစားမှုနဲ့အတူ ကမ္ဘာ့လေထုထဲကို မီးလျှံလိုတောက်လောင်ပြီး ထိုးဆင်းလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အာဖရိကတိုက်၊ နိုင်ဂျားနိုင်ငံရဲ့ ဆာဟာရသဲကန္တာရထဲမှာ တိတ်ဆိတ်စွာ အိပ်စက်နေခဲ့ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာတော့ အဲဒီကျောက်တုံးဟာ လူသားတွေရဲ့ လက်ထဲကို ရောက်ရှိလာခဲ့ပါတယ်။ ပေါင် ၅၀ ကျော် (၂၄.၆၇ ကီလိုဂရမ်) အလေးချိန်ရှိတဲ့ ဒီကျောက်တုံးဟာ ကမ္ဘာပေါ်မှာ တွေ့ရှိဖူးသမျှ အင်္ဂါဂြိုဟ်ရဲ့ အကြီးမားဆုံး အပိုင်းအစ ဖြစ်နေမှန်း သိလိုက်ရချိန်မှာတော့ သိပ္ပံလောကတစ်ခုလုံး အံ့အားသင့်ခဲ့ရပါတယ်။ သူ့ရဲ့ နီညိုရောင်အသွေးက အင်္ဂါဂြိုဟ်ကလာကြောင်း သက်သေခံနေသလို၊ ကမ္ဘာ့လေထုနဲ့ ပွတ်တိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ဖန်သားလို တောက်ပနေတဲ့ အပေါ်ယံလွှာက သူ့ရဲ့ ကြမ်းတမ်းတဲ့ခရီးစဉ်ကို ပြောပြနေသလိုပါပဲ။

အခုတော့ Northwest Africa 16788 လို့ နာမည်ပေးထားတဲ့ အဲဒီကျောက်တုံးဟာ သိပ္ပံဆိုင်ရာလေ့လာစရာတစ်ခု မဟုတ်တော့ပါဘူး။ နယူးယောက်မြို့က ကမ္ဘာကျော် Sotheby’s လေလံပွဲရဲ့ အထင်ကရ ကြယ်ပွင့်အဖြစ်နဲ့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ရတနာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။ လေလံမပွဲမစခင်မှာတောင် ဒေါ်လာ ၂ သန်းနီးပါးအထိ စျေးပေးခံထားရတဲ့အတွက် လာမယ့် ဇူလိုင် ၁၆ ရက်နေ့မှာ သူဟာ ကမ္ဘာ့သမိုင်းတစ်လျှောက် တန်ဖိုးအကြီးဆုံး အာကာသကျောက်တုံးအဖြစ် စံချိန်သစ်ရေးထိုးဖို့ သေချာနေပါတယ်။ ဒေါ်လာ ၄ သန်းလောက်ရမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါဟာ အင်္ဂါဂြိုဟ်ရဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ သမိုင်းတစ်စကို ပိုင်ဆိုင်ဖို့ အခွင့်အရေးတစ်ခုပါ။ ကမ္ဘာပေါ်က လူသားတစ်ယောက်အတွက် အိမ်နီးချင်းဂြိုဟ်ရဲ့ အပိုင်းအစတစ်ခုကို ထိတွေ့ကိုင်တွယ်ခွင့်ရမယ့် ဒေါ်လာသန်းပေါင်းများစွာတန် အခွင့်အရေးတစ်ခုဖြစ်လာမှာပါ။

Credit

Ref : Technology Innovation

Address

Atlanta, GA

Website

Alerts

Be the first to know and let us send you an email when Free Voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share