Clicky

Heal Myanmar News

Heal Myanmar News Heal Myanmar News Media is under the Heal Myanmar Organization our News Media share fact news to lead a better country.We value justice, truth, and equal.

Heal Myanmar News သတင်းကုမ္ပဏီမှတဆင့်ကျွန်ုပ်တို့သည်ကမ္ဘာပေါ်တွင်ဖြစ်ပျက်နေသောအကြောင်းအရာများအားလူတိုင်းသိရန်နှင့်တိုင်းပြည်ကိုအောင်မြင်စွာ ဦး ဆောင်နိုင်ရန်မျော်မှန်:သည်။ ဤမျှော်မှန်းချက်သည်ကျွန်ုပ်တို့၏မီဒီယာ/သတင်းကုမ္ပဏီ၏ ဦး စားပေးဖြစ်သည်။

Through Heal Myanmar News news company, we will provide information for everyone to know and what is happening in the world and lead the country successfully. This vision is the priority of our media/news company.

Operating as usual

မိုးကြိုးလျှပ်စီးဝင်ရောက်ရာမှတဆင့် နေအိမ်တစ်လုံး နှင့် ကားတစ်စီး မီးလောင်မှုဖြစ်ပွားဧပြီလ ၃၀၊၂၀၂၂။ HM News.ရှမ်းပြည်နယ်အ...
04/30/2022

မိုးကြိုးလျှပ်စီးဝင်ရောက်ရာမှတဆင့် နေအိမ်တစ်လုံး နှင့် ကားတစ်စီး မီးလောင်မှုဖြစ်ပွား

ဧပြီလ ၃၀၊၂၀၂၂။ HM News.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့နယ်၊လွယ်တော်ခမ်းကျေးရွာအုပ်စု၊စန်းလုရွာတွင် ဧပြီ၃၀ရက်နံနက်ပိုင်းက မိုးသည်ထန်စွာရွာသွန်းပြီး မိုးကြိုးလျှပ်စီး ဝင်ရောက်ခဲ့ရာမှတဆင့်မီးလောင်ကျွမ်းကာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရပါသည်။

``မနက်ပိုင်းက မိုးတွေရွာတဲ့အပြင် မိုးချိန်းပြီး မိုးကြိုးပါပစ်တော့ ရွာထဲက အိမ်တစ်လုံး လျှပ်စီးဝင်ရောက်ပြီး မီးလောင်သွားတယ်´´ဟုဒေသခံတစ်ဦးကပြောထားပါသည်။

မီးလောင်ကျွမ်းမှုကြောင့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊စန်းလုရွာရှိ ခြေတန်ရှည်ပျဉ်ထောင်အိမ်တစ်လုံးနှင့် မော်တော်ယာဉ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့ရကာ မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းမှာ မိုးကြိုးပစ်ရာမှာ လျှပ်စစ်ဝါယာကြိုးအတွင်း လျှပ်စစ်စီး၍ လောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရပါသည်။

မီးလောင်ရာသို့ တာချီလိတ်ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊မီးသတ်ယာဉ်များနှင့်ကျေးရွာနေပြည်သူများ ပူးပေါင်း၍ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရှိရပါသည်။

#heal_myanmar_news #တာချီလိတ် #မိုးကြိုးလျှပ်စီး #မီးလောင်မှု

အခြေခံပညာကျောင်းများ ဇွန်လ ၂ ရက်တွင် ဖွင့်လှစ်ရန် လျာထားကြောင်း‌ ဇော်မင်းထွန်းပြောဧပြီလ ၃၀၊၂၀၂၂။ HM News.တစ်နိုင်ငံလုံးရ...
04/30/2022

အခြေခံပညာကျောင်းများ ဇွန်လ ၂ ရက်တွင် ဖွင့်လှစ်ရန် လျာထားကြောင်း‌ ဇော်မင်းထွန်းပြော

ဧပြီလ ၃၀၊၂၀၂၂။ HM News.

တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ မေလ၂၅ရက်မှ မေလ၃၁ ရက်အထိ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး ဇွန်လ ၂ ရက်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် လျာထား ကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါသည်။

တက္ကသိုလ်ကောလိပ်များကို ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊လည်း၄င်းကပြောသည်။

“ ဒီမိုကရေစီစနစ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်နှင့် ခံစားနိုင်ရန် ပြည်သူလူထု၏ ပညာရည်မြင့်မားရန် လိုအပ်ကြောင်း”ပါ ဗိုလ်ချုပ်ဇော်မင်းထွန်းကဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့်၂၀၂၁ခုနှစ်က နိုင်ငံတစ်ဝန်းလုံးရှိ စာသင်ကျောင်းများ စတင်ဖွင့်လှစ်မှုကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်က ဆောင်ရွက်ခဲ့ရာတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်း ၆,၁၇၈ ကျောင်းရှိသည့်အနက် ၅,၂၀၉ ကျောင်း၊ အလယ်တန်းအဆင့် ကျောင်း ပေါင်း ၁၂,၇၈၆ ကျောင်း၊ မူလတန်းအဆင့်ကျောင်းပေါင်း ၂၁,၂၄၇ ကျောင်း၊ စုစုပေါင်း အခြေခံပညာ အဆင့်ကျောင်းပေါင်း ၄၇,၇၆၀ ကျောင်းအနက် ၃၉,၂၄၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်း တက်ရောက်မှုအနေဖြင့် (၄၂ သိန်းကျော်) တက်ရောက်ခဲ့သည်ဟုဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

“၈၁ ရာခိုင်နှုန်းကျော် ကျောင်းတက်ရောက်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံပညာအဆင့် အတန်းတင် စာမေးပွဲများကို မတ်လနောက်ဆုံးအပတ်နှင့် ဧပြီလပထမအပတ်တို့တွင် ယခင် လျာထားသည့်အတိုင်း စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း”ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

#heal_myanmar_news #အခြေခံပညာကျောင်း #ဇွန်လ၂ရက် #ဖွင့်လှစ် #ဇော်မင်းထွန်းပြော

ဒီပဲယင်းနယ်တွင် စစ်ကောင်စီတပ်သားများက အရပ်သားများအား ကားဖြင့်လိုက်လံပစ်ခတ်ဧပြီလ ၃၀၊၂၀၂၂။ HM News.ဧပြီ ၂၉ ရက်က စစ်ကိုင်းတ...
04/30/2022

ဒီပဲယင်းနယ်တွင် စစ်ကောင်စီတပ်သားများက အရပ်သားများအား ကားဖြင့်လိုက်လံပစ်ခတ်

ဧပြီလ ၃၀၊၂၀၂၂။ HM News.

ဧပြီ ၂၉ ရက်က စစ်ကိုင်းတိုင်း ဒီပဲယင်းနယ်၊ ရွာသစ်နှင့်မဲသည်ကျေးရွာ အနီးတဝိုက်ရှိ ပြည်သူများအား စစ်အုပ်စုက ကားဖြင့်လိုက်လံ ပစ်ခတ်သတ်ဖြတ်ခဲ့၍ အသက် ၅၀အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ဦးခေါင်း ကျည်ထိမှန်သေဆုံးခဲ့ရပြီး အခြားလေးဦး ကျည်ထိမှန် ဒဏ်ရာရထားကြောင်း ​ဒေသခံများက ပြောပါသည်။

စစ်တပ်သည် ဒီပဲယင်းမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို ယမန်နေ့ နံနက်ပိုင်းက ဒီပဲယင်းမြို့ပေါ်မှ အင်အား ၃ဝကျော်ဖြင့် ကားနှင့်ထွက်လာပြီး လမ်းဘေးရှိပြည်သူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ပစ်ခတ်မှုကြောင့် မဲသည်ကျေးရွာသူ အသက်၅၀အရွယ် ​ဒေါ်နှင်းမှာ ဦးခေါင်းနှင့် နံဘေး ကျည်နှစ်ချက် ထိမှန်သေဆုံးခဲ့ရကာ (အသက် ၄၀)အရွယ် မမာဝေဆိုသူမှာ ကျောကုန်းထိမှန်ပြီး စိုးရိမ်ကြောင်း၊ အသက် ၂၀အရွယ် မမိထော်သည် လည်ပင်းအနီး ထိမှန်ခဲ့ပြီး မစိုးရိမ်ရကြောင်း၊ အသက်(၃၀)ဝန်းကျင် အမျိုးသားတစ်ဦး ပေါင်ထိမှန်ပြီး ကျည်ခွဲထုတ်ခဲ့ရကြောင်း ဒေသခံများက ပြောထားပါသည်။

ယင်းတွေကျေးရွာ၊ လက်တီးကျေးရွာများကိုလည်း ဝင်ရောက်ဖျက်ဆီးမီးရှိူ့သွားကြောင်း၊ ရွာသူရွာသားများလ​ည်း ထွက်ပြေးတိမ်း​ရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

သင်္ကြန်အပြီးကာလတွင် စစ်တပ်က ရေဦးနှင့် ဒီပဲယင်းနယ်စပ်ကျေးရွာများအား ငါးရက်ဆက်တိုက် စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

#heal_myanmar_news #စစ်ကိုင်း #ဒီပဲယင်း #စစ်ကောင်စီ #အရပ်သား #ပစ်ခတ်တိုက်ခိုက်

တောင်ဒဂုံတွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသား ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရဧပြီလ ၃၀၊၂၀၂၂။ HM News.ရန်ကုန်မြို့၊ဒဂုံမြို့သစ်(...
04/30/2022

တောင်ဒဂုံတွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသား ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ဧပြီလ ၃၀၊၂၀၂၂။ HM News.

ရန်ကုန်မြို့၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊လှော်ကားလမ်းမကြီးပေါ်ရှိ ကြာကန်အနီးတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသား ၃ ဦး ဧပြီ ၃၀ ရက်(ယနေ့) နံနက် ၉ နာရီခန့်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု သိရသည်။

ဆိုင်ကယ်စီးလာသည့် အမျိုးသား ၃ ဦးအား အမည်မသိအမျိုးသားများက ကြာကန်မှတ်တိုင် အနီးအရောက်တွင် သေနတ်များဖြင့်ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"လမ်းလယ်မှာလဲကျနေတာတွေ့တယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလို့ပြောတာပဲ သေချာတော့မသိဘူး ထွေအုပ်ရုံးကိုအသွားမှာပစ်ခံရတာလို့ သိရတယ် သေနတ်သံအချက်ရေတော်တော်များတယ်ကြားလိုက်ရတာ"ဟု ကြာကန်မှတ်တိုင်အနီးနေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် အမျိုးသား ၂ ဦးမှာအခင်းဖြစ်နေရာ ၌သေဆုံးသွားခဲ့ပြီး အမျိုးသား ၁ ဦးမှာကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက စစ် ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူများအားဖမ်း ဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

#heal_myanmar_news #တောင်ဒဂုံ #အမျိုးသား၃ဦး #ပစ်သတ်ခံရ

စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမနဲ့ ဝန်ထမ်း ၄ ဦး ပျောက်ဆုံးနေဧပြီ ၃၀၊၂၀၂၂။ HM News.စစ်ကိုင်းတိုင်း၊...
04/30/2022

စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမနဲ့ ဝန်ထမ်း ၄ ဦး ပျောက်ဆုံးနေ

ဧပြီ ၃၀၊၂၀၂၂။ HM News.

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ၊ ညောင်ပင်သာကျေးရွာနားက ရွှေဘို စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်အုပ်ဆရာကြီးအပါအဝင် ဝန်ထမ်း ၄ ဦးဟာ ဒီကနေ့ မနက်အစောပိုင်းကစလို့ ပျောက်ဆုံးနေတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

" ကျောင်းအုပ်ကြီး ဦးအောင်အောင်၊ ဆရာမ ဒေါ်သီတာမြင့်၊ ဦးနေလင်းအောင် ဥယျာဉ်အုပ်ကြီး၊ ဦးဆန်းထူးတို့ ၄ ဦး ပျောက်ဆုံးနေတာ " လို့ စိုက်ပျိုးရေးဝန်ထမ်းတယောက်က ပြောပါတယ်။

ညောင်ပင်သာကျေးရွာခံတယောက်က " ဒီကနေ့ မနက် အစောပိုင်း ၄ နာရီဝန်းကျင်က လက်နက်ကိုင် လူတစု အဲ့ဒီ စိုက်ပျိုးရေး သိပ္ပံကျောင်းထဲက ထွက်သွားတာကို မထင်မရှား မြင်လိုက်ရတယ် ၊ အခုပျောက်ဆုံးနေတဲ့ ဝန်ထမ်းတွေ ပါသွား၊မသွားဆိုတာကိုတော့ မသိဘူး " လို့ ပြောပါတယ်။

အခုလို ပျောက်ဆုံးနေတယ်လို့သာ သတင်းသိရပြီး ၊ အဲ့ဒီ ဝန်ထမ်းတွေကို ဘယ်အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုကိုတော့ အတည်မပြုနိုင်သေးပါ။

#heal_myanmar_news #ရွှေဘို #စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီး #ဝန်ထမ်းတွေပျောက်ဆုံးနေ

နန်းထိုက်အောင်စစ်ဆင်ရေးတွင် ပါဝင်သူများကို စစ်တပ်မှ ဖမ်းဆီးသတ်ဖြတ် အဖွဲ့ဝင် ၁၄ဦးကျဆုံးဧပြီလ ၃၀၊၂၀၂၂။ HM News.ကြည့်မြင်တိ...
04/30/2022

နန်းထိုက်အောင်စစ်ဆင်ရေးတွင် ပါဝင်သူများကို စစ်တပ်မှ ဖမ်းဆီးသတ်ဖြတ် အဖွဲ့ဝင် ၁၄ဦးကျဆုံး

ဧပြီလ ၃၀၊၂၀၂၂။ HM News.

ကြည့်မြင်တိုင်တစ်ဖက်ကမ်း အလပ်ချောင်းရပ်ကွက်က လူငယ်(၁၄) ယောက်ကို စစ်တပ်က ပစ်သတ်လိုက်တယ်လို့ Dark Shadow အဖွဲ့နဲ့နီးစပ်သူတစ်ယောက်က အတည်ပြုပါတယ်။

ဧပြီလ(၂၇) ရက်နေ့က စစ်တပ်က လာရောက်အလပ်ချောင်းကျေးရွာက လူငယ်တွေကို ဝင်ရောက်ဖမ်းဆီးချိန်ထဲက လူငယ်တစ်ယောက်ကို နေရာမှာ ပဲ ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“အဖမ်းခံလိုက်ရတဲ့ Dark Shadow အဖွဲ့ကလူငယ်တွေအကုန်လုံးအသတ်ခံလိုက်ရပြီး ကျဆုံး သွားပါတယ်။ DB ပြန်မရပါ” လို့ Dark Shadow အဖွဲ့နဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။

ရဲဘော်တို့၏ပေးဆပ်ခြင်းအားကျွန်တော်တို့ MSIYDF မှမှတ်ကျောက်တင် အလေးနီပြုပါသည်။🥀ကောင်းရာသုဂတိ လားရောက်ကြပါစေ.......။

#heal_myanmar_news #နန်းထိုက်အောင်စစ်ဆင်‌ရေး #MSIYDF #darkshadow #အဖွဲ့ဝင်၁၄ဦး #ကျဆုံး

ဘုရားပွဲက လောင်းကစားဝိုင်းမှာ ဓားထိုးမှူဖြစ်လို့ တစ်ဦးသေဆုံးဧပြီ ၂၉၊ ၂၀၂၂။ HM News.ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိ...
04/29/2022

ဘုရားပွဲက လောင်းကစားဝိုင်းမှာ ဓားထိုးမှူဖြစ်လို့ တစ်ဦးသေဆုံး

ဧပြီ ၂၉၊ ၂၀၂၂။ HM News.

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သဲကောအုပ်စု၊ သဲကောရွာ ဘုရားပွဲက လောင်းကစားဝိုင်းမှာ ဧပြီ ၂၇ ရက်နေ့ညက ဓားထိုးမှုဖြစ်ပြီး တဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"ဘုရားပွဲရဲ့ လောင်းကစားဝိုင်းမှာ စကားများရင်း ဓားထိုးမှုဖြစ်တာဗျ။ တဖွဲ့နဲ့ တဖွဲ့ထိုးတာဗျ။ တဖွဲ့က တယောက်သေတယ်။ နောက်တဖွဲ့က တယောက်ဒဏ်ရာရလို့ ဆေးရုံတင်ထားရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ဘုရာပွဲကို ၇ ည ကျင်းပဖို့ စီစဉ်ထားပင်မယ့် ပွဲစစချင်း ၂၇ ရက်နေ့မှာပဲ ဓားထိုးမှုဖြစ်ပွားခဲ့တာကြောင့် နောက်ရက်တွေ ပွဲမလုပ်တော့ပဲ ဖျက်သိမ်းသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကလည်း မင်းလှမြို့နယ်၊ တော်ကမန်ကျေးရွာက ဘုန်းကြီးပျံပွဲမှာလည်း လောင်းကစားဝိုင်းတွေထည့်သွင်းပြုလုပ်ခဲ့ပြီး အဲဒီပွဲမှာလည်း ဓားထိုးမှုဖြစ်ပွား ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးတိုင်းအတွင်းက မြို့နယ်တွေတော်တော်များများမှာ လောင်းကစားဝိုင်းတွေလွတ်လပ်စွာပြုလုပ်ဖို့ ခွင့်ပြုပေးထားပြီး၊ လောင်းကစားကြသူ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ ခိုးဆိုးလုယက်မှုတွေ များစွာဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

#heal_myanmar_news #မင်းလှမြို့ #ဘုရားပွဲ #လောင်းကစားဝိုင်း #ဓားထိုးမှု

၁၂နှစ်အရွယ် ကလေးအပါအ၀င် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၃ ဦးဖမ်းဆီးခံရ ဧပြီလ ၂၉၊၂၀၂၂။ HM News.ရန်ကုန်အရှေ့ပိုင်းတ...
04/29/2022

၁၂နှစ်အရွယ် ကလေးအပါအ၀င် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၃ ဦးဖမ်းဆီးခံရ

ဧပြီလ ၂၉၊၂၀၂၂။ HM News.

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၃ ဦးနဲ့ အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့ဧပြီ ၂၈ ညနေပိုင်းက ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ကျောင်းသား သမဂ္ဂအဖွဲ့ကထုတ်ပြန်ထားပါတယ်။

ဒေါပုံဘောလုံးကွင်းအတွင်းမှာရှိနေတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၀င် တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ သမဂ္ဂ အဖွဲ့ဝင်ကော်မတီတာဝန်ခံ ကိုကောင်းခန့်နိုင်၊ ကိုဟိန်းထက်ဇော် ၊ ကိုသီဟအောင် တို့နဲ့အတူ (၁၂) နှစ်အရွယ် ကလေးတစ်ဦး စုစုပေါင်း (၄) ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

"မနေ့က မွန်းလွဲ ၁၂ နာရီ ၄၀ လောက်အထိ အဆက်အသွယ်ရပါတယ်။ ညနေပိုင်းမှာ ဒေါပုံဘောလုံးကွင်းမှာ ဘောလုံးကန်နေတာကို ဝင်ဖမ်းတာလို့သိထားပါတယ်။ ကလေးကလည်း အဲဒီအနားမှာရှိနေတဲ့ကလေးကို ဖမ်းသွားတာပါ" လို့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂကအဖွဲ့ဝင်တစ်ဦးကပြောထားပါတယ်။

ကျောင်းသားလူငယ်တွေကိုအခုလိုဖမ်းဆီးသွားပြီးနောက်ပိုင်း ကျောင်းသားများသမဂ္ဂအနေနဲ့သတင်းကိုမပြတ်နားစွင့်နေပြီးဖမ်းဆီးခံကျောင်းသားတွေတစ်စုံတစ်ခုဖြစ်ခဲ့ရင် စစ်ကောင်စီရဲ့တာဝန်ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံရသူတွေထဲမှာ ကျောင်းသားလူငယ်တွေနဲ့ ကျောင်းသားများသမဂ္ဂခေါင်းဆောင်တွေအဖွဲ့ဝင်တွေလည်း အများစုပါဝင်နေပြီး ကျောင်းသားတချို့ကိုတော့ စစ်ကောင်စီက ပုဒ်မတပ်တရားစွဲဆိုမှုတွေလုပ်ပြီး သေဒဏ်၊ နှစ်ရှည်ထောင်ဒဏ်ချမှတ်နေပါတယ်။

#heal_myanmar_news #အရှေ့ပိုင်းတက္ကသိုလ် #ကျောင်းသား #ဖမ်းဆီးခံရ

ခရီးသည်တင်မှန်လုံယာဉ် ပစ်ခတ်ခံရတာကြောင့် ခရီးသည် ၃ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရဧပြီ ၂၉၊၂၀၂၂။ HM News.တနင်္သာရီတိုင်းဒေသကြီ...
04/29/2022

ခရီးသည်တင်မှန်လုံယာဉ် ပစ်ခတ်ခံရတာကြောင့် ခရီးသည် ၃ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရ

ဧပြီ ၂၉၊၂၀၂၂။ HM News.

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်မှာ ဧပြီ ၂၈ ရက် ညနေပိုင်းက ခရီးသည်လိုက်ပါလာတဲ့ မှန်လုံယာဉ်နှစ်စီး ပစ်ခတ်ခံရတာ‌ကြောင့် ခရီးသည် ၃ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလောမြို့နယ်၊ သစ်လှတောကျေးရွာအုပ်စု၊ မီးသင်္ဂြိုလ်စက်အနီး(ပုလောမြို့မှ ၆ မိုင်အကွာ)မှာ စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာတဲ့ ကားနှစ်စီးကို အမည်မသိလက်နက်ကိုင်အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ၁၀ မိနစ်ဝန်းကျင်ခန့်အကြာမှာ ထားဝယ်မြို့မှ မြိတ်မြို့သို့ ခရီးသည်လိုက်ပါစီးနင်းလိုက်ပါလာတဲ့ ရတနာတိုးနဲ့ ရွှေလီရတနာ express ခရီးသည်တင် ကားနှစ်စီး တိုက်ပွဲ ဖြစ်ပွားရာနေရာအရောက်မှာ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

" သစ်လှတောရွာအနားမှာဖြစ်တာ၊ စစ်ကောင်စီတပ်ဖွဲ့တွေ စီးလာတဲ့ကားနှစ်စီး အရင်မိုင်းဆွဲခံရတာ၊ သူတို့က ဟိုက်ဂျက်ကားနဲ့ပါ။ ဘယ်အဖွဲ့ကလုပ်တာတော့မသိဘူး၊ အဲမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ် ခဏသေးတယ်၊ နောက် ၁၀ မိနစ်ကျော်လောက်ပဲရှိမယ်၊ ခရီးသည်ကား express ကားနှစ်စီးမောင်းလာတော့ ပစ်ခံရတာ၊ ဘယ်အဖွဲ့က ပစ်တာတော့မသိဘူး၊ လက်နက်ကြီးလက်နက်ငယ်သံတွေကြားရတယ်"လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ခရီးသည်ယာဉ်နှစ်စီး လမ်းဘေးထိုးကျရပ်ခဲ့ပြီးနောက် ခရီးသည် ၃ ဦး ပုလောဆေးရုံအရောက်မှာ ရရှိဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ၂၈ ဦး ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

#heal_myanmar_news #တနင်္သာရီတိုင်း #ပုလော #ခရီးသည်တင်ယာဉ် #ပစ်ခတ်ခံရ

ဗုံးနဲ့ အပစ်ခံရလို့ ပြန်ကောက်ပစ်တဲ့ စစ်သားတစ်ဦး ဗုံးပေါက်ကွဲပြီးသေဧပြီ ၂၉၊ ၂၀၂၂။ HM News.မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း...
04/29/2022

ဗုံးနဲ့ အပစ်ခံရလို့ ပြန်ကောက်ပစ်တဲ့ စစ်သားတစ်ဦး ဗုံးပေါက်ကွဲပြီးသေ

ဧပြီ ၂၉၊ ၂၀၂၂။ HM News.

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့က အင်းဝဘဏ်မှာ စောင့်တဲ့ စစ်သားတွေကို ကျောင်းပန်းတောင်းကာကွယ်ရေးတပ်ဖွဲ့ KDF က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ချိန်မှာ ကောက်ပြီးပြန်ပစ်တဲ့ စစ်သားတဦး ဒဏ်ရာရပြီး ‌သေဆုံးသွားတယ်လို့ သိရပါတယ်။

ကျောက်ပန်းတောင်းမြို့နယ်လုံးဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ KDF က ဧပြီလ ၂၈ ရက် ည ၇ နာရီဝန်းကျင်မှာ အင်းအား ၇ ယောက်လောက်ရှိတဲ့ စစ်ကောင်စီလက်အောက်ခံ အင်းဝဘဏ်ထဲကို လက်လုပ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KDF တာဝန်ခံ ကိုအောင်သက်ပိုင်က ပြောပါတယ်။

"ကျနော်တို့က အရင်တုန်းက လက်လုပ်တွေနဲ့ပစ်တာ၊ လက်လုပ်က စက္ကန့် ၃၀ ထိကြာတယ်။ ဒီနေ့ကျနော်တို့သုံးလိုက်တာက အပေါ်က ရထားဖူးခေါ်တယ်။ သူ့က ၃ စက္ကန့်ပဲရတာ၊ သူတို့က အရင်တုန်းက လက်လုပ်ပစ္စည်းမျိုးမှတ်ပြီး သူတို့ ခန့်မှန်းတာ လွဲသွားတာလို့ ယူဆရပါတယ်" လို့ ကိုအောင်သက်ပိုင်က ပြောပါတယ်။

ယူနီဖောင်း ဝတ်ထားသူ ၂ ဦးနဲ့ အရပ်ဝတ်နဲ့ ၅ ယောက်ရှိတဲ့ ဘဏ်ပိတ်ချိန်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိတဲ့ စစ်သားတဦးက ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံရောက်သွားပြီး သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။

ချောက်၊ ရေနံချောင်း၊ ကျောက်ပန်းတောင်းနဲ့ ညောင်ဦး ပြည်သူတွေအနေနဲ့ ရိက္ခာကြိုစုဆောင်းထားဖို့ကိုလည်း KDF တာဝန်ခံက ပြောပါတယ်။

#heal_myanmar_news #ကျောက်ပန်းတောင်း #ဗုံးပစ်ခံရတဲ့စစ်သား #ဗုံးပေါက်သေဆုံး

မနေ့က ဖာပွန်ခရိုင်တိုက်ပွဲအတွင်း KNLA တပ်မဟာ ၅ စစ်ဆင်ရေး ဗျူဟာမှူးကျဆုံးဧပြီလ ၂၉၊၂၀၂၂။ HM News.ကေအဲန်ယူ ဖာပွန်ခရိုင်မှာ ...
04/29/2022

မနေ့က ဖာပွန်ခရိုင်တိုက်ပွဲအတွင်း KNLA တပ်မဟာ ၅ စစ်ဆင်ရေး ဗျူဟာမှူးကျဆုံး

ဧပြီလ ၂၉၊၂၀၂၂။ HM News.

ကေအဲန်ယူ ဖာပွန်ခရိုင်မှာ မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေအတွင်း KNLA တပ်မဟာ ၅ ဘက်က ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီးစောထူးကရှော ကျဆုံးသွားခဲ့တယ်လို့ တပ်မဟာ ၅ သတင်းအရင်းအမြစ်ထံကနေ သိရပါတယ်။

ဖာပွန်ခရိုင် သံလွင်မြစ်အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ကျောက်ညှက်စခန်းကို မနေ့ ဧပြီ ၂၉ ရက် မနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းကိုသိမ်းဆည်းရခဲ့တာဖြစ်ပါတယ်။

ကျောက်ညှက်စခန်းဟာ ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီရဲ့ (၄၃၄)တပ်ရင်းစခန်းဖြစ်ပြီး ဒုတပ်ရင်းမှူးအဆင့်ရှိသူက စခန်းထိုင်တာဖြစ်ပါတယ်။ မနေ့ကစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ကျောက်ညှက်စခန်းကို KNLA တပ်မဟာ ၅ ပူးပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ လေယာဉ်နဲ့ သံလွင်မြစ်နားမှာရှိတဲ့ မယ်နုထာ့ကျေးရွာကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ KNLA တပ်မဟာ ၅ ရဲ့ စစ်ဆင်ရေးဗျူဟာမှူးလည်းဖြစ် ကေအဲန်ယူ-ဖာပွန်ခရိုင်ရဲ့ ခရိုင်အလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်တဲ့ ဗိုလ်မှူးကြီးစောထူးကရှောဟာ ကျဆုံးသွားခဲ့တာဖြစ်တယ်လို့ တပ်မဟာ ၅ နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

#heal_myanmar_news #ဖာပွန်ခရိုင်တိုက်ပွဲ #KNLA #တပ်မဟာ၅ #ဗျူဟာမှူးကျဆုံး

Address

Baltimore, MD
21227

Alerts

Be the first to know and let us send you an email when Heal Myanmar News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Heal Myanmar News:

Videos

Nearby media companies


Other Media/News Companies in Baltimore

Show All

Comments

မိုးကြိုးလျှပ်စီးဝင်ရောက်ရာမှတဆင့် နေအိမ်တစ်လုံး နှင့် ကားတစ်စီး မီးလောင်မှုဖြစ်ပွား ဧပြီလ ၃၀၊၂၀၂၂။ HM News. ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့နယ်၊လွယ်တော်ခမ်းကျေးရွာအုပ်စု၊စန်းလုရွာတွင် ဧပြီ၃၀ရက်နံနက်ပိုင်းက မိုးသည်ထန်စွာရွာသွန်းပြီး မိုးကြိုးလျှပ်စီး ဝင်ရောက်ခဲ့ရာမှတဆင့်မီးလောင်ကျွမ်းကာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရပါသည်။ ``မနက်ပိုင်းက မိုးတွေရွာတဲ့အပြင် မိုးချိန်းပြီး မိုးကြိုးပါပစ်တော့ ရွာထဲက အိမ်တစ်လုံး လျှပ်စီးဝင်ရောက်ပြီး မီးလောင်သွားတယ်´´ဟုဒေသခံတစ်ဦးကပြောထားပါသည်။ မီးလောင်ကျွမ်းမှုကြောင့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊စန်းလုရွာရှိ ခြေတန်ရှည်ပျဉ်ထောင်အိမ်တစ်လုံးနှင့် မော်တော်ယာဉ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့ရကာ မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းမှာ မိုးကြိုးပစ်ရာမှာ လျှပ်စစ်ဝါယာကြိုးအတွင်း လျှပ်စစ်စီး၍ လောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရပါသည်။ မီးလောင်ရာသို့ တာချီလိတ်ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊မီးသတ်ယာဉ်များနှင့်ကျေးရွာနေပြည်သူများ ပူးပေါင်း၍ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရှိရပါသည်။ #heal_myanmar_news #တာချီလိတ် #မိုးကြိုးလျှပ်စီး #မီးလောင်မှု
အခြေခံပညာကျောင်းများ ဇွန်လ ၂ ရက်တွင် ဖွင့်လှစ်ရန် လျာထားကြောင်း‌ ဇော်မင်းထွန်းပြော ဧပြီလ ၃၀၊၂၀၂၂။ HM News. တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ မေလ၂၅ရက်မှ မေလ၃၁ ရက်အထိ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး ဇွန်လ ၂ ရက်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် လျာထား ကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါသည်။ တက္ကသိုလ်ကောလိပ်များကို ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊လည်း၄င်းကပြောသည်။ “ ဒီမိုကရေစီစနစ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်နှင့် ခံစားနိုင်ရန် ပြည်သူလူထု၏ ပညာရည်မြင့်မားရန် လိုအပ်ကြောင်း”ပါ ဗိုလ်ချုပ်ဇော်မင်းထွန်းကဆက်လက်ပြောဆိုသည်။ ပြီးခဲ့သည့်၂၀၂၁ခုနှစ်က နိုင်ငံတစ်ဝန်းလုံးရှိ စာသင်ကျောင်းများ စတင်ဖွင့်လှစ်မှုကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်က ဆောင်ရွက်ခဲ့ရာတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်း ၆,၁၇၈ ကျောင်းရှိသည့်အနက် ၅,၂၀၉ ကျောင်း၊ အလယ်တန်းအဆင့် ကျောင်း ပေါင်း ၁၂,၇၈၆ ကျောင်း၊ မူလတန်းအဆင့်ကျောင်းပေါင်း ၂၁,၂၄၇ ကျောင်း၊ စုစုပေါင်း အခြေခံပညာ အဆင့်ကျောင်းပေါင်း ၄၇,၇၆၀ ကျောင်းအနက် ၃၉,၂၄၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်း တက်ရောက်မှုအနေဖြင့် (၄၂ သိန်းကျော်) တက်ရောက်ခဲ့သည်ဟုဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။ “၈၁ ရာခိုင်နှုန်းကျော် ကျောင်းတက်ရောက်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံပညာအဆင့် အတန်းတင် စာမေးပွဲများကို မတ်လနောက်ဆုံးအပတ်နှင့် ဧပြီလပထမအပတ်တို့တွင် ယခင် လျာထားသည့်အတိုင်း စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း”ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။ #heal_myanmar_news #အခြေခံပညာကျောင်း #ဇွန်လ၂ရက် #ဖွင့်လှစ် #ဇော်မင်းထွန်းပြော
ဒီပဲယင်းနယ်တွင် စစ်ကောင်စီတပ်သားများက အရပ်သားများအား ကားဖြင့်လိုက်လံပစ်ခတ် ဧပြီလ ၃၀၊၂၀၂၂။ HM News. ဧပြီ ၂၉ ရက်က စစ်ကိုင်းတိုင်း ဒီပဲယင်းနယ်၊ ရွာသစ်နှင့်မဲသည်ကျေးရွာ အနီးတဝိုက်ရှိ ပြည်သူများအား စစ်အုပ်စုက ကားဖြင့်လိုက်လံ ပစ်ခတ်သတ်ဖြတ်ခဲ့၍ အသက် ၅၀အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ဦးခေါင်း ကျည်ထိမှန်သေဆုံးခဲ့ရပြီး အခြားလေးဦး ကျည်ထိမှန် ဒဏ်ရာရထားကြောင်း ​ဒေသခံများက ပြောပါသည်။ စစ်တပ်သည် ဒီပဲယင်းမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို ယမန်နေ့ နံနက်ပိုင်းက ဒီပဲယင်းမြို့ပေါ်မှ အင်အား ၃ဝကျော်ဖြင့် ကားနှင့်ထွက်လာပြီး လမ်းဘေးရှိပြည်သူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ပစ်ခတ်မှုကြောင့် မဲသည်ကျေးရွာသူ အသက်၅၀အရွယ် ​ဒေါ်နှင်းမှာ ဦးခေါင်းနှင့် နံဘေး ကျည်နှစ်ချက် ထိမှန်သေဆုံးခဲ့ရကာ (အသက် ၄၀)အရွယ် မမာဝေဆိုသူမှာ ကျောကုန်းထိမှန်ပြီး စိုးရိမ်ကြောင်း၊ အသက် ၂၀အရွယ် မမိထော်သည် လည်ပင်းအနီး ထိမှန်ခဲ့ပြီး မစိုးရိမ်ရကြောင်း၊ အသက်(၃၀)ဝန်းကျင် အမျိုးသားတစ်ဦး ပေါင်ထိမှန်ပြီး ကျည်ခွဲထုတ်ခဲ့ရကြောင်း ဒေသခံများက ပြောထားပါသည်။ ယင်းတွေကျေးရွာ၊ လက်တီးကျေးရွာများကိုလည်း ဝင်ရောက်ဖျက်ဆီးမီးရှိူ့သွားကြောင်း၊ ရွာသူရွာသားများလ​ည်း ထွက်ပြေးတိမ်း​ရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။ သင်္ကြန်အပြီးကာလတွင် စစ်တပ်က ရေဦးနှင့် ဒီပဲယင်းနယ်စပ်ကျေးရွာများအား ငါးရက်ဆက်တိုက် စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ #heal_myanmar_news #စစ်ကိုင်း #ဒီပဲယင်း #စစ်ကောင်စီ #အရပ်သား #ပစ်ခတ်တိုက်ခိုက်
တောင်ဒဂုံတွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသား ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ ဧပြီလ ၃၀၊၂၀၂၂။ HM News. ရန်ကုန်မြို့၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊လှော်ကားလမ်းမကြီးပေါ်ရှိ ကြာကန်အနီးတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသား ၃ ဦး ဧပြီ ၃၀ ရက်(ယနေ့) နံနက် ၉ နာရီခန့်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု သိရသည်။ ဆိုင်ကယ်စီးလာသည့် အမျိုးသား ၃ ဦးအား အမည်မသိအမျိုးသားများက ကြာကန်မှတ်တိုင် အနီးအရောက်တွင် သေနတ်များဖြင့်ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "လမ်းလယ်မှာလဲကျနေတာတွေ့တယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလို့ပြောတာပဲ သေချာတော့မသိဘူး ထွေအုပ်ရုံးကိုအသွားမှာပစ်ခံရတာလို့ သိရတယ် သေနတ်သံအချက်ရေတော်တော်များတယ်ကြားလိုက်ရတာ"ဟု ကြာကန်မှတ်တိုင်အနီးနေသူတစ်ဦးကပြောသည်။ ဖြစ်စဥ်တွင် အမျိုးသား ၂ ဦးမှာအခင်းဖြစ်နေရာ ၌သေဆုံးသွားခဲ့ပြီး အမျိုးသား ၁ ဦးမှာကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက စစ် ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူများအားဖမ်း ဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ #heal_myanmar_news #တောင်ဒဂုံ #အမျိုးသား၃ဦး #ပစ်သတ်ခံရ
စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမနဲ့ ဝန်ထမ်း ၄ ဦး ပျောက်ဆုံးနေ ဧပြီ ၃၀၊၂၀၂၂။ HM News. စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ၊ ညောင်ပင်သာကျေးရွာနားက ရွှေဘို စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်အုပ်ဆရာကြီးအပါအဝင် ဝန်ထမ်း ၄ ဦးဟာ ဒီကနေ့ မနက်အစောပိုင်းကစလို့ ပျောက်ဆုံးနေတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။ " ကျောင်းအုပ်ကြီး ဦးအောင်အောင်၊ ဆရာမ ဒေါ်သီတာမြင့်၊ ဦးနေလင်းအောင် ဥယျာဉ်အုပ်ကြီး၊ ဦးဆန်းထူးတို့ ၄ ဦး ပျောက်ဆုံးနေတာ " လို့ စိုက်ပျိုးရေးဝန်ထမ်းတယောက်က ပြောပါတယ်။ ညောင်ပင်သာကျေးရွာခံတယောက်က " ဒီကနေ့ မနက် အစောပိုင်း ၄ နာရီဝန်းကျင်က လက်နက်ကိုင် လူတစု အဲ့ဒီ စိုက်ပျိုးရေး သိပ္ပံကျောင်းထဲက ထွက်သွားတာကို မထင်မရှား မြင်လိုက်ရတယ် ၊ အခုပျောက်ဆုံးနေတဲ့ ဝန်ထမ်းတွေ ပါသွား၊မသွားဆိုတာကိုတော့ မသိဘူး " လို့ ပြောပါတယ်။ အခုလို ပျောက်ဆုံးနေတယ်လို့သာ သတင်းသိရပြီး ၊ အဲ့ဒီ ဝန်ထမ်းတွေကို ဘယ်အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုကိုတော့ အတည်မပြုနိုင်သေးပါ။ #heal_myanmar_news #ရွှေဘို #စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီး #ဝန်ထမ်းတွေပျောက်ဆုံးနေ
နန်းထိုက်အောင်စစ်ဆင်ရေးတွင် ပါဝင်သူများကို စစ်တပ်မှ ဖမ်းဆီးသတ်ဖြတ် အဖွဲ့ဝင် ၁၄ဦးကျဆုံး ဧပြီလ ၃၀၊၂၀၂၂။ HM News. ကြည့်မြင်တိုင်တစ်ဖက်ကမ်း အလပ်ချောင်းရပ်ကွက်က လူငယ်(၁၄) ယောက်ကို စစ်တပ်က ပစ်သတ်လိုက်တယ်လို့ Dark Shadow အဖွဲ့နဲ့နီးစပ်သူတစ်ယောက်က အတည်ပြုပါတယ်။ ဧပြီလ(၂၇) ရက်နေ့က စစ်တပ်က လာရောက်အလပ်ချောင်းကျေးရွာက လူငယ်တွေကို ဝင်ရောက်ဖမ်းဆီးချိန်ထဲက လူငယ်တစ်ယောက်ကို နေရာမှာ ပဲ ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “အဖမ်းခံလိုက်ရတဲ့ Dark Shadow အဖွဲ့ကလူငယ်တွေအကုန်လုံးအသတ်ခံလိုက်ရပြီး ကျဆုံး သွားပါတယ်။ DB ပြန်မရပါ” လို့ Dark Shadow အဖွဲ့နဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။ ရဲဘော်တို့၏ပေးဆပ်ခြင်းအားကျွန်တော်တို့ MSIYDF မှမှတ်ကျောက်တင် အလေးနီပြုပါသည်။🥀ကောင်းရာသုဂတိ လားရောက်ကြပါစေ.......။ #heal_myanmar_news #နန်းထိုက်အောင်စစ်ဆင်‌ရေး #MSIYDF #darkshadow #အဖွဲ့ဝင်၁၄ဦး #ကျဆုံး
ဘုရားပွဲက လောင်းကစားဝိုင်းမှာ ဓားထိုးမှူဖြစ်လို့ တစ်ဦးသေဆုံး ဧပြီ ၂၉၊ ၂၀၂၂။ HM News. ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သဲကောအုပ်စု၊ သဲကောရွာ ဘုရားပွဲက လောင်းကစားဝိုင်းမှာ ဧပြီ ၂၇ ရက်နေ့ညက ဓားထိုးမှုဖြစ်ပြီး တဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ "ဘုရားပွဲရဲ့ လောင်းကစားဝိုင်းမှာ စကားများရင်း ဓားထိုးမှုဖြစ်တာဗျ။ တဖွဲ့နဲ့ တဖွဲ့ထိုးတာဗျ။ တဖွဲ့က တယောက်သေတယ်။ နောက်တဖွဲ့က တယောက်ဒဏ်ရာရလို့ ဆေးရုံတင်ထားရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။ ဘုရာပွဲကို ၇ ည ကျင်းပဖို့ စီစဉ်ထားပင်မယ့် ပွဲစစချင်း ၂၇ ရက်နေ့မှာပဲ ဓားထိုးမှုဖြစ်ပွားခဲ့တာကြောင့် နောက်ရက်တွေ ပွဲမလုပ်တော့ပဲ ဖျက်သိမ်းသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကလည်း မင်းလှမြို့နယ်၊ တော်ကမန်ကျေးရွာက ဘုန်းကြီးပျံပွဲမှာလည်း လောင်းကစားဝိုင်းတွေထည့်သွင်းပြုလုပ်ခဲ့ပြီး အဲဒီပွဲမှာလည်း ဓားထိုးမှုဖြစ်ပွား ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးတိုင်းအတွင်းက မြို့နယ်တွေတော်တော်များများမှာ လောင်းကစားဝိုင်းတွေလွတ်လပ်စွာပြုလုပ်ဖို့ ခွင့်ပြုပေးထားပြီး၊ လောင်းကစားကြသူ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ ခိုးဆိုးလုယက်မှုတွေ များစွာဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ #heal_myanmar_news #မင်းလှမြို့ #ဘုရားပွဲ #လောင်းကစားဝိုင်း #ဓားထိုးမှု
၁၂နှစ်အရွယ် ကလေးအပါအ၀င် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၃ ဦးဖမ်းဆီးခံရ ဧပြီလ ၂၉၊၂၀၂၂။ HM News. ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၃ ဦးနဲ့ အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့ဧပြီ ၂၈ ညနေပိုင်းက ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ကျောင်းသား သမဂ္ဂအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ဒေါပုံဘောလုံးကွင်းအတွင်းမှာရှိနေတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၀င် တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ သမဂ္ဂ အဖွဲ့ဝင်ကော်မတီတာဝန်ခံ ကိုကောင်းခန့်နိုင်၊ ကိုဟိန်းထက်ဇော် ၊ ကိုသီဟအောင် တို့နဲ့အတူ (၁၂) နှစ်အရွယ် ကလေးတစ်ဦး စုစုပေါင်း (၄) ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ "မနေ့က မွန်းလွဲ ၁၂ နာရီ ၄၀ လောက်အထိ အဆက်အသွယ်ရပါတယ်။ ညနေပိုင်းမှာ ဒေါပုံဘောလုံးကွင်းမှာ ဘောလုံးကန်နေတာကို ဝင်ဖမ်းတာလို့သိထားပါတယ်။ ကလေးကလည်း အဲဒီအနားမှာရှိနေတဲ့ကလေးကို ဖမ်းသွားတာပါ" လို့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂကအဖွဲ့ဝင်တစ်ဦးကပြောထားပါတယ်။ ကျောင်းသားလူငယ်တွေကိုအခုလိုဖမ်းဆီးသွားပြီးနောက်ပိုင်း ကျောင်းသားများသမဂ္ဂအနေနဲ့သတင်းကိုမပြတ်နားစွင့်နေပြီးဖမ်းဆီးခံကျောင်းသားတွေတစ်စုံတစ်ခုဖြစ်ခဲ့ရင် စစ်ကောင်စီရဲ့တာဝန်ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံရသူတွေထဲမှာ ကျောင်းသားလူငယ်တွေနဲ့ ကျောင်းသားများသမဂ္ဂခေါင်းဆောင်တွေအဖွဲ့ဝင်တွေလည်း အများစုပါဝင်နေပြီး ကျောင်းသားတချို့ကိုတော့ စစ်ကောင်စီက ပုဒ်မတပ်တရားစွဲဆိုမှုတွေလုပ်ပြီး သေဒဏ်၊ နှစ်ရှည်ထောင်ဒဏ်ချမှတ်နေပါတယ်။ #heal_myanmar_news #အရှေ့ပိုင်းတက္ကသိုလ် #ကျောင်းသား #ဖမ်းဆီးခံရ
ခရီးသည်တင်မှန်လုံယာဉ် ပစ်ခတ်ခံရတာကြောင့် ခရီးသည် ၃ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရ ဧပြီ ၂၉၊၂၀၂၂။ HM News. တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်မှာ ဧပြီ ၂၈ ရက် ညနေပိုင်းက ခရီးသည်လိုက်ပါလာတဲ့ မှန်လုံယာဉ်နှစ်စီး ပစ်ခတ်ခံရတာ‌ကြောင့် ခရီးသည် ၃ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုလောမြို့နယ်၊ သစ်လှတောကျေးရွာအုပ်စု၊ မီးသင်္ဂြိုလ်စက်အနီး(ပုလောမြို့မှ ၆ မိုင်အကွာ)မှာ စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာတဲ့ ကားနှစ်စီးကို အမည်မသိလက်နက်ကိုင်အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ၁၀ မိနစ်ဝန်းကျင်ခန့်အကြာမှာ ထားဝယ်မြို့မှ မြိတ်မြို့သို့ ခရီးသည်လိုက်ပါစီးနင်းလိုက်ပါလာတဲ့ ရတနာတိုးနဲ့ ရွှေလီရတနာ express ခရီးသည်တင် ကားနှစ်စီး တိုက်ပွဲ ဖြစ်ပွားရာနေရာအရောက်မှာ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ " သစ်လှတောရွာအနားမှာဖြစ်တာ၊ စစ်ကောင်စီတပ်ဖွဲ့တွေ စီးလာတဲ့ကားနှစ်စီး အရင်မိုင်းဆွဲခံရတာ၊ သူတို့က ဟိုက်ဂျက်ကားနဲ့ပါ။ ဘယ်အဖွဲ့ကလုပ်တာတော့မသိဘူး၊ အဲမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ် ခဏသေးတယ်၊ နောက် ၁၀ မိနစ်ကျော်လောက်ပဲရှိမယ်၊ ခရီးသည်ကား express ကားနှစ်စီးမောင်းလာတော့ ပစ်ခံရတာ၊ ဘယ်အဖွဲ့က ပစ်တာတော့မသိဘူး၊ လက်နက်ကြီးလက်နက်ငယ်သံတွေကြားရတယ်"လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ပစ်ခတ်ခံရမှုကြောင့် ခရီးသည်ယာဉ်နှစ်စီး လမ်းဘေးထိုးကျရပ်ခဲ့ပြီးနောက် ခရီးသည် ၃ ဦး ပုလောဆေးရုံအရောက်မှာ ရရှိဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ၂၈ ဦး ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ #heal_myanmar_news #တနင်္သာရီတိုင်း #ပုလော #ခရီးသည်တင်ယာဉ် #ပစ်ခတ်ခံရ