01/01/2026
■ နှစ်နှစ်ပြည့် ချင်းညီနောင် CB တည်ထောင်ခြင်းအခမ်းအနားကျင်းပပြီးစီး DRC/CDF-Daai CB အဖွဲ့ဝင်ဖြစ်လာ
====================================
▪️ချင်းညီနောင် ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနားကို ဒီဇင်ဘာ(၃၀) နေ့က online မှတဆင့်ကျင်းပခဲ့ရာ CB/ ICNCC အဖွဲ့ဝင်များ, KIA/KIO, AA, NUCC, CRPH, NUG, Mizoram ငြိမ်းချမ်းရေးအကျိုးဆောင်, မဟာမိတ်များ, ARS နှင့်အခြား တော်လှန်းရေးတပ်များနှင့်ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။ အဆိုပါအခမ်းအနား၌ (DRC/CDF – Daai)Daai Regional Council/CDF – Daai ကို ‘ချင်းညီနောင်’ အဖွဲ့ဝင်အဖြစ်ကြေညာသွားကြောင်းသိရှိရပါသည်။
▪️”ကျနော်တို့ ချင်းညီနောင်ကို စတင်ဖွဲ့စည်းခဲ့စဉ်က အဖွဲ့ ၃ ဖွဲ့နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တနှစ်ပြည့်လာတဲ့အခါမှာတော့ အဖွဲ့ဝင် ၆ ဖွဲ့ရှိလာတယ်။ ဒီနေ့မှာတော့ အဖွဲ့ဝင် ၄ ဖွဲ့ ပြန်ဖြစ်သွားပါတယ်။ ပထဝီအရ တောင်ပိုင်းမှာ ရှိတဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် ၃ ဖွဲ့ဟာ တဖွဲ့တည်းအဖြစ် စုစည်းတဲ့အပြင် ချင်းညီနောင်မှာမပါသေးတဲ့ Daai Regional Council လည်း ပါဝင်လာပါတယ်။” လို့ ဆလိုင်းပီတာထန်း ကပြောဆိုသွားပါသည်။
▪️မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နဲ့ Daai Regional Council/CDF – Daai လေးဖွဲ့ဟာ Chin People’s Union/ Chin People Army - CPU/CPA အဖြစ် တစုတစည်းတည်းပေါင်းစည်းကာ ချင်းညီနောင်’ မှာ (၁) CPU/CPA, (၂) ဖလမ်း CNO/CNDF, (၃) တီးတိန် ZFU/PDF-Zoland နဲ့ (၄) မရာ MTC/MDF စတဲ့ အဖွဲ့အစည်း (၄) ခုဆိုပြီး ဖြစ်တော့မှာဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါ online zoom ကတဆင့်ပြုလုပ်တဲ့ ‘ချင်းညီနောင်’ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားမှာ NUG၊ NUCC တာဝန်ရှိသူတွေ၊ ကချင်လွတ်မြောက်ရေးတပ်မတော် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်၊ အာရက္ခတပ်တော် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ SRA တာဝန်ရှိသူနဲ့ တခြားတော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေ တက်ရောက်ကာ မိန့်ခွန်းအသီးသီး ပြောကြားခဲ့ကြကြောင်းသိရှိရပါသည်။
▪️ချင်းညီနောင်’ ကို ၂၀၂၃ ဒီဇင်ဘာလ ၃၀ ရက်က စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ဖလမ်း၊ကျင်းဒွေးမြို့နဲ့ မရာနယ်တွေကို ထိန်းချုပ်ထားပါသည်။
REF: Chin Liberation Fund
ဒီဇင်ဘာလ ၃၁.၂၀၂၅
M2TV Channel