M2TV Channel

M2TV Channel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from M2TV Channel, Media, Baltimore, MD.

M2TV Channel သည်အမှီအခိုကင်းပြီးမရာ၊မြန်မာနှင့်ကမ္ဘာ့ထူးခြားနိစ္စဓူဝသတင်းအကြောင်းအရာများကိုတင်ဆက်ပေးနေသော Channel တစ်ခုဖြစ်ပါသည်။

M2TV Channel is an independent channel that is always trying to present the unique news of Mara,Myanmar and the world.

◾️ရခိုင်ကုန်သည်များနှင့် ဒေသခံ မရာလူငယ်အသင်း MTP ပဋိပက္ခအရေး" မရာလူငယ်အဖွဲ့ချုပ်-MTP၊ ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်" ========...
09/16/2026

◾️ရခိုင်ကုန်သည်များနှင့် ဒေသခံ မရာလူငယ်အသင်း MTP ပဋိပက္ခအရေး" မရာလူငယ်အဖွဲ့ချုပ်-MTP၊ ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်"
========================

▪️၁၄ ရက်၊ စက်တင်ဘာ ၂၀၂၆ ခုနှစ် မနက်ပိုင်း ၁၀ နာရီခန့်က ဖြစ်ပွားခဲ့တဲ့ MTP-Khaikhy နဲ့ ရခိုင်ကုန်သည်တွေကြားက ပဋိပက္ခအရေးနဲ့ပတ်သက်ပြီး MTP ဌာနချုပ်မှာ အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး အချက် ၄ ချက်ကို ထုတ်ပြန်ထားပါတယ်။

၁။ Khaikhy MTP နဲ့ ရခိုင်ကုန်သည်တွေကြားရှိ ပဋိပက္ခပြဿနာအား MTP ဌာနချုပ်မှ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်။ Phura MTP ဌာနချုပ်ခွဲနယ်မြေဖြစ်သည့်အလျှောက် ဌာနချုပ်ခွဲတာဝန်ရှိသူများနှင့်ပူးပေါင်းပြီး မနက်ဖန်မနက်တွင် ဖြစ်ပွားသည့်နေရာတွင် ပြဿနာ ဖြစ်စဥ်အရင်းအမြစ်ကို ကွင်းဆင်းလေ့လာသုံးသပ်မည်။

၂။ ပဋိပက္ခပြဿနာနှင့်စပ်လျဥ်းပြီး ဌာနချုပ်မှ မထုတ်ပြန်မီ မည်သည့် MTP/VCP၊ လူပုဂ္ဂိုလ်များမှ သတင်းမီဒီယာထံ တာဝန်ယူဖြေကြားပြောဆိုခြင်း မပြုလုပ်ရ။

၃။ ကုန်သွယ်ရေးကြောင့် ကြန့်ကြာသောင်တင်နေသော ကုန်သည်များအနေဖြင့် သတိထားနေထိုင်ကြရန်နှင့် MTP ဌာနချုပ်၏ ညွှန်ကြားချက်ကို စောင့်ကြရမည်။

၄။ ရခိုင်ကုန်သည်များ၊ တခြားကုန်သည်များနှင့် Khaikhy MTP ကြား ပြဿနာဖြစ်စဥ်နှင့် စပ်လျဥ်းပြီး အထောက် အထား၊ အချက်အလက် မမှန်ကန်သော သတင်းမှားများ၊ ပြောဆိုမှုများ၊ လှုံ့ဆော်ခြင်းများ မပြုလုပ်ကြရန်နှင့် MTP ဌာနချုပ်၏ ထုတ်ပြန်ချက်ကိုသာ အတည်ပြုကြရန် အသိပေးအပ်ပါသည်။

▪️အနီးဆက်ဆုံးအကိုက်ညီဆုံးဖြင့် ဘာသာပြန်ခြင်းဖြစ်ပါသည်။

Credit:Khai Sa
စက်တင်ဘာ ၁၆.၂၀၂၆
M2TV Channel

◾️India-Myanmar နှစ်နိုင်ငံ(၁၄) ရက်ကြာ ပူးတွဲစစ်ဆင်ရေးလေ့ကျင့်မှု ပြုလုပ်မည်။ ========================▪️India-Myanmar နှ...
09/16/2026

◾️India-Myanmar နှစ်နိုင်ငံ(၁၄) ရက်ကြာ ပူးတွဲစစ်ဆင်ရေး
လေ့ကျင့်မှု ပြုလုပ်မည်။
========================

▪️India-Myanmar နှစ်နိုင်ငံ(၁၄) ရက်ကြာ ပူးတွဲစစ်ဆင်ရေး
လေ့ကျင့်မှု ကို (၂၈)ရက်နေ့အထိပြုလုပ်မည်ဟုသိရှိရပါသည်။ Indian Navy ships INS Karmuk and LCU 51 လည်းရန်ကုန်တွင်လာရောက်ရပ်နားထားပါသည်။ ဒီစစ်ရေးပူးတွဲလေ့ကျင့်မှုဟာ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးနှင့် India Ocean ပင်လယ်ပြင်လုံခြုံရေးထိမ်းသိမ်းနိုင်ရေးအတွက်ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်အာဏာအောက်တွင် နှစ်နိုင်ငံစစ်ရေးလေ့ကျင့်ခြင်းဖြစ်ကြောင်းပြောဆိုထားပါသည်။

Ref:ANS, Tribuneindia.com
စက်တင်ဘာ ၁၅.၂၀၂၆
M2TV Channel

◾️စစ်ကောင်စီမှ UN မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား နိုင်ငံတကာရဲတပ်ဖွဲ့ (INTERPOL) နှင့်ချိတ်ဆက်ဖမ်းဆီးမည်ဟုပြောဆို...
09/14/2026

◾️စစ်ကောင်စီမှ UN မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား နိုင်ငံတကာရဲတပ်ဖွဲ့ (INTERPOL) နှင့်ချိတ်ဆက်ဖမ်းဆီးမည်ဟုပြောဆိုသည့်အပေါ် ဆရာဦး James Shwe ရဲ့သုံးသပ်ဖြေရှင်းချက်။
========================

▪️ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအပေါ် စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အချက်အလက်စိစစ်ချက်နှင့် သုံးသပ်ချက်-

▪️စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တာဝန်မှ ရပ်စဲပြီးဖြစ်ကြောင်း၊ နိုင်ငံတော်ပိုင်ငွေကြေးများ အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲကာ INTERPOL နှင့် အမေရိကန်အာဏာပိုင်များထံ အရေးယူပေးရန် ညှိနှိုင်းနေကြောင်း ထုတ်ပြန်ချက်တစ်စောင် ထွက်ပေါ်လာခဲ့သည်။

ဤထုတ်ပြန်ချက်နှင့် ပတ်သက်၍ လက်တွေ့မြေပြင်နှင့် နိုင်ငံတကာသံတမန်ရေးအရ အရေးပါမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

▪️၁။ ကုလသမဂ္ဂ ညီလာခံကာလ ရောက်တိုင်း ထုတ်ပြန်နေကျ နိုင်ငံရေးထိုးစစ်သာဖြစ်ခြင်း
နှစ်စဉ် စက်တင်ဘာလတွင် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) စတင်ကျင်းပပြီး အရည်အချင်းစစ် ကော်မတီ (Credentials Committee) ၏ ဆုံးဖြတ်ချက်များ ချမှတ်လေ့ရှိသည်။ စစ်ကောင်စီအနေဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နေရာဖယ်ရှားနိုင်ရန် ၂၀၂၁ ခုနှစ်ကတည်းက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း နိုင်ငံတကာက စစ်ကောင်စီအား တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဘဲ ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားကာ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ကိုယ်စားလှယ်ခွင့်ကိုသာ ဆက်လက်ခွင့်ပြုထားသည်။ ထို့ကြောင့် ယခုထုတ်ပြန်ချက်သည် ညီလာခံမတိုင်မီ ပြုလုပ်နေကျ ဝါဒဖြန့်လှုံ့ဆော်မှုအသစ် မဟုတ်ပါ။

▪️၂။ နိုင်ငံတကာရဲတပ်ဖွဲ့ (INTERPOL) နှင့် အမေရိကန်အစိုးရထံ တိုင်ကြားမှုများ အကျိုးသက်ရောက်မှု မရှိနိုင်ခြင်း

INTERPOL ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃) အရ နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် အရေးယူဆောင်ရွက်ခြင်းကို လုံးဝတားမြစ်ထားသည်။ စစ်ကောင်စီ၏ စွပ်စွဲချက်များသည် နိုင်ငံရေးအရ အငြိုးအတေးဖြင့် ပြုလုပ်သော စွပ်စွဲချက်များဖြစ်၍ INTERPOL က မည်သည့်အခါမျှ အရေးယူဆောင်ရွက်မည် မဟုတ်ပါ။

အမေရိကန်အစိုးရသည် စစ်ကောင်စီကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုထားသကဲ့သို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား နိုင်ငံတကာ သံတမန်ဆိုင်ရာ ကာကွယ်ပိုင်ခွင့် (Diplomatic Immunity) ပေးထားသည်။

▪️၃။ နိုင်ငံတော်ပိုင်ငွေကြေး အလွဲသုံးစားမှု စွပ်စွဲချက်များ
အမြဲတမ်းကိုယ်စားလှယ်ရုံး အသုံးစရိတ်များနှင့် ရုံးလည်ပတ်မှုဘဏ္ဍာငွေများကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက အလွဲသုံးစားလုပ်သည်ဆိုသော စွပ်စွဲချက်မှာ ၂၀၂၁ ခုနှစ် မတ်လကတည်းက စစ်ကောင်စီဘက်မှ ရုံးပိုင်ငွေကြေးများအား ထိန်းချုပ်ခွင့်မရတော့သည့်အတွက် ထပ်တလဲလဲ စွပ်စွဲနေသော ပုံမှန်စွပ်စွဲချက်ဟောင်းသာ ဖြစ်သည်။

▪️ကောက်ချက်
စစ်ကောင်စီ၏ ဤထုတ်ပြန်ချက်သည် ပြည်တွင်းရှိ ထောက်ခံသူများကို လှည့်စားရန်နှင့် နိုင်ငံတကာစင်မြင့်တွင် သံတမန်ရေးအရ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ရန်သာ ရည်ရွယ်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ကုလသမဂ္ဂဆိုင်ရာ အဆင့်အတန်းနှင့် လုပ်ပိုင်ခွင့်များကို တစ်စုံတစ်ရာ ထိခိုက်စေနိုင်ခြင်း မရှိပါ။

သို့သော်လည်း သံတမန်ရေးအရ ဖယ်ရှား၍မရသည့်အခါ ပြင်ပအန္တရာယ်ပြုမှုများ ကြံစည်ခဲ့ဖူးသည့် သမိုင်းကြောင်းရှိခဲ့သဖြင့် သံအမတ်ကြီး၏ လုံခြုံရေးကိုမူ အမေရိကန်အာဏာပိုင်များနှင့် ကုလသမဂ္ဂလုံခြုံရေးတပ်ဖွဲ့များက ဆက်လက်အထူးဂရုပြု စောင့်ရှောက်ပေးနေရဆဲ ဖြစ်ပါသည်။

Credit:James Shwe
စက်တင်ဘာ ၁၃.၂၀၂၆
M2TV Channel

09/13/2026

◾️Malaysia အော်ပရာစီ မှာနိုင်ငံခြားသားများ ထောင်နဲ့ချီဖမ်းဆီး စစ်ဆေးခံရ။ မြန်မာများလည်းဖမ်းဆီးခါရ။

September 13.2026
M2TV Channel

◾️ကိုယ့်မောင်အရင်းကိုလက်ထက်ခဲ့တဲ့ Somali နိုင်ငံဖွား မွတ်စလင် ကွန်ဂရက်လွှတ်တော်အမတ် Ilhan Omar နယ်နှင့်ခံရနိုင်=========...
09/13/2026

◾️ကိုယ့်မောင်အရင်းကိုလက်ထက်ခဲ့တဲ့ Somali နိုင်ငံဖွား မွတ်စလင် ကွန်ဂရက်လွှတ်တော်အမတ် Ilhan Omar နယ်နှင့်ခံရနိုင်
=========================

▪️Somali နိုင်ငံဖွား မွတ်စလင် ကွန်ဂရက်လွှတ်တော်အမတ် Ilhan Omar (ဒီမိုကရက် - မင်းနီးဆိုးတား) သည် သူမ၏ မောင်အရင်းနှင့် လက်ထပ်ကာ အမေရိကန်နိုင်ငံသားဖြစ်ရန် လိမ်လည်မှုပြုလုပ်ခဲ့ခြင်းကြောင့် "လိမ်လည်မှုဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး အစီအစဉ် (fraudulent immigration scheme)" ဖြင့် ဆိုမာလီယာနိုင်ငံသို့ ပြန်လည်ပြည်နှင်ဒဏ် (deportation) ပေးခံရနိုင်ကြောင်း ပြည်ထဲရေးလုံခြုံရေးဆိုင်ရာ (DHS) ဝန်ကြီး Markwayne Mullin က ကြာသပတေးနေ့ကပြောကြားခဲ့ပါသည်။

▪️မင်းနီးဆိုးတား ကွန်ဂရက်အမတ် Ilhan Omar သည် ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံသား ဖြစ်လာခဲ့ပြီး ယခင်က ခင်ပွန်း (၂) ဦး ရှိခဲ့ဖူးသည်ဟု ဆိုသည်။ ၂၀၀၉ ခုနှစ်တွင် သူမ၏ မောင်အရင်းဖြစ်သူ Ahmed Nur Said Elmi နှင့် လက်ထပ်ကာ အမေရိကန်နိုင်ငံသား ဖြစ်လာစေရန် ကြိုးပမ်းပေးခဲ့သည်ဟု ဆိုသည်။

▪️လက်ရှိတွင် DHS နှင့် တရားရေးဝန်ကြီးဌာန (Department of Justice) တို့သည် ကွန်ဂရက်အမတ် Ilhan Omar ၏ "ထိမ်းမြားလက်ထပ်မှု လိမ်လည်မှု" ကို စုံစမ်းစစ်ဆေးလျက်ရှိပြီး အပြစ်ရှိကြောင်း တွေ့ရှိရပါက ဖက်ဒရယ်ပြစ်မှုဖြင့် ထောင်ဒဏ် (၅) နှစ်၊ ဒဏ်ငွေ ဒေါ်လာ ၂၅၀,၀၀၀ ပေးဆောင်ရမည့်အပြင် သူမ၏ နိုင်ငံအတွင်း မှီတင်းနေထိုင်ခွင့်ကိုပါ ရုပ်သိမ်းပြီး ပြည်နှင်ဒဏ် ပေးခံရနိုင်ခြေရှိနေပါသည်။

Ref: New York Post/Momno News
စက်တင်ဘာ ၁၃.၂၀၂၆
M2TV Channel

◾️Malaysia တွင် အော်ပရာဆီ ဖမ်းဆီးရာမြန်မာအပါအဝင်လူ(၃၀၀)ကျော်ဖမ်းဆီးခံရ========================▪️Malaysia, Kuala Lumpur ...
09/13/2026

◾️Malaysia တွင် အော်ပရာဆီ ဖမ်းဆီးရာမြန်မာအပါအဝင်လူ(၃၀၀)ကျော်ဖမ်းဆီးခံရ
========================
▪️Malaysia, Kuala Lumpur  တွင်စက်တင်ဘာလ ၁၃ ရက်နေ့က ကိုတာရာယာ)ကားဂိတ်(မိုင်ဒင်း )အနီးဆိုင်တန်း ဂျလန်ဒူတာ တွင်လူဝင်မူကြီးကြပ်ရေးဌာနမှအော်ပရာဆီ(Operation) ဝင်ရောက်ဖမ်းဆီးရာမြန်မာအပါအဝင် နိုင်ငံခြားသား(၃၀၀)ကျော်ဖမ်းဆီးခံရပါသည်။

▪️ထို့နောက် ရဲနှင့် လူဝင်မူကြီးကြပ်ရေးဌာနမှအထောက်အထားရှိသူများအားစစ် ဆေးပြီးပြန်လွတ်ပေးခဲ့ပါသည်။ အထောက်အထားမဲ့ကလေးနှင့်အတူအဖမ်းခံရသည့်မိခင်များကိုမူ ပြန်လည်လွတ်ပေးလိုက်ကြောင်းသိရှိရပါသည်။

စက်တင်ဘာ ၁၃.၂၀၂၅
M2TV Channel

09/12/2026

◾️ငါတို့ သံအမတ် - ငါတို့ အသံ
Our Ambassador - Our Voice

▪️သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဆက်ရှိနေခြင်းဟာ မြန်မာပြည်သူတွေရဲ့အသံကို ကမ္ဘာက ကြားနိုင်ဖို့ အခွင့်အရေးတခုဖြစ်တယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ပြောဆိုဆွေးနွေးခွင့်ရတဲ့ အချိန်တိုင်းမှာ မြန်မာပြည်သူတွေရဲ့အသံကို ကမ္ဘာကကြားရအောင်၊ မြန်မာနိုင်ငံမှာ အမှန်တကယ်ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို ကမ္ဘာက သိရအောင် စဉ်ဆက်မပြတ် ပြောဆိုဆွေးနွေးတိုက်ပွဲဝင်ခဲ့ပါတယ်။
▪️ဒါ့ကြောင့်လဲ မင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်အုပ်စုဟာ ဦးကျော်မိုးထွန်းကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်ပြီး ကုလသမဂ္ဂက ထိုင်ခုံကို အသည်းအသန် လိုချင်နေခဲ့တာဖြစ်တယ်။
ကုလသမဂ္ဂဟာ ဦးကျော်မိုးထွန်းကို ဆက်မထားပဲ ထိုင်ခုံအလွတ်ထားလိုက်မယ်ဆိုရင် ဒါဟာ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေရဲ့အသံကို ကမ္ဘာက မကြားရအောင် ပိတ်ပစ်လိုက်တဲ့ သဘောဆောင်ပါလိမ့်မယ်။
ဒီ့ထက် ပိုဆိုးပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ ထိုင်ခုံကို အကြမ်းဖက်စစ်တပ်ဘက်က တဦးဦးကို နေရာပေးလိုက်မယ်ဆိုရင် ဒါဟာ ကုလသမဂ္ဂဟာ မြန်မာပြည်သူတွေကို လုံးဝလျစ်လျှူရှုလိုက်ပြီး စစ်အုပ်စုရဲ့ အလိမ်အညာတွေအတွက် လမ်းဖွင့်ပေးလိုက်တဲ့ သဘောဆောင်ပါလိမ့်မယ်။
ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူတွေရဲ့သံအမတ်ဖြစ်တယ် … ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူတွေရဲ့အသံဖြစ်တယ်။
မြန်မာပြည်သူတွေရဲ့ အသံကို ပိတ်မပစ်ပါနဲ့။
အကြမ်းဖက်စစ်အုပ်စုရဲ့ အလိမ်အညာတွေကို လမ်းဖွင့်မပေးပါနဲ့။
သင်ရဲ့ထောက်ခံမှုက အရေးကြီးပါတယ်။ ဒီနေရာမှာ သင်ရဲ့ထောက်ခံမှုကို ဖော်ပြပါ။
👉https://www.ourvoiceformyanmar.org
👉https://our-ambassador-our-voice.vercel.app/

စက်တင်ဘာ ၁၂.၂၀၂၆
M2TV Channel

🔰 အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ စက်တင်ဘာ(၇)ရက်နေ့က ကျင်းပခဲ့တဲ့ Mizo Day မှာ Chin Community of USA-DC_area မှ မ...
09/12/2026

🔰 အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ စက်တင်ဘာ(၇)ရက်နေ့က ကျင်းပခဲ့တဲ့ Mizo Day မှာ Chin Community of USA-DC_area မှ မရာအကအဖွဲ့က “Rooster Dance” အကနဲ့ကိုယ်စားပြုပါဝင်ကပြခဲ့ကြပါတယ်။

Photos: CCUSA-DC-area
စက်တင်ဘာ ၁၁.၂၀၂၆
M2TV Channel

09/12/2026

🔺Credential Challenge ဆိုတာဘာလဲ? ဘာကြောင့်အရေးကြီးလဲ?
ဘာကြောင့် သံအမတ်ကြီးဦးကျော်မိုးထွန်း UN မှာဆက်ရှိနေဖို့လိုအပ်သလဲ?
=======================

▪️❝ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂအတွင်း ဆက်လက်ရှိနေခြင်းသည် မြန်မာပြည်သူများ၏ အမှန်တရားနှင့် နာကျင်ခံစားရမှုများကို ကမ္ဘာက ကြားသိနိုင်ရန်အတွက် အဓိကကျသော အခွင့်အရေးတစ်ရပ်ဖြစ်သည် ❞

▪️U Kyaw Moe Tun is the Ambassador of the people of Myanmar.
U Kyaw Moe Tun is the Voice of the people of Myanmar.
Do not silence the voices of the people of Myanmar.
Do not open the door to the military’s lies and propaganda.

စက်တင်ဘာ ၁၁.၂၀၂၆
M2TV Channel

◾️ယခုစာမျက်နှာသည် ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်အဖြစ် ဆက်လက်ထားရှိရေးကို ထောက်ခံ ...
09/09/2026

◾️ယခုစာမျက်နှာသည် ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်အဖြစ် ဆက်လက်ထားရှိရေးကို ထောက်ခံ ဆန္ဒပြမှုလုပ်ဆောင်နိုင်ပါပြီ။

▪️ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်အဖြစ် SUPPORT ပေးလိုပါက အောက်ပါအဆင့်တိုင်း လုပ်ဆောင်ပေးရပါမယ်။

၁) https://our-ambassador-our-voice.vercel.app/ ကိုသွားပါ။

၂) SUPPORT ကိုနှိပ်ပါ။ အစိမ်းနုရောင်ဖြစ်သွားပါလိမ့်မည်။

၃)သင်ဘာ့ကြောင့်ထောက်ခံတယ်ဆိုတာနဲ့ အမည်ကို ရေးပါ။ (မရေးချင်လဲ ရပါတယ်)

၄)Add My Support ကိုတစ်ချက်နှိပ်ပြီး ခဏစောင့်ပြီးရင်ပြီးသွားပါပြီ။

Credit: People Movement Platform - Myanmar
Global Myanmar Spring Revolution
စက်တင်ဘာ ၈.၂၀၂၆
M2TV Channel

Public support campaign for U Kyaw Moe Tun as the Permanent Representative of Myanmar to the UN.

Address

Baltimore, MD

Website

Alerts

Be the first to know and let us send you an email when M2TV Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category