09/11/2026
ဒူဘိုင်းမှာ အလုပ်မလျှောက်ခင် ATS friendly format ဆိုတာ ဘာလဲ သိအောင် အရင်လုပ်ပါ။ ‼️‼️
Dubai က Recruiter တွေ သုံးတဲ့ system တခု ၊ တနည်းအားဖြင့် ထောင်ပေါင်းများစွာသော CV တွေထဲက ကိုက်ညီတဲ့ CV တွေကို ဆန်ကာတင် ရွေးထုတ်ပေးတဲ့ system ပါ။
အရိုးရှင်းဆုံး Format ဖြစ်ရပါမယ်။
Standard font - Time News Roman OR any other simple fonts သုံးပါ။
Font Size တည်ီတည်းသုံးပါ။
Font color အမည်းပဲသုံးပါ။
ရိုးရှင်းပြီး Standard ဖြစ်တဲ့ Headline တွေပဲသုံးပါ။
ဥပမာ Work Experiences , Responsibilities, Education စသဖြင့် ပုံမှန်သုံးနေကျ အတိုင်းသုံးပါ။
ဆန်းဆန်းပြားပြား စကားလုံးတွေ မသုံးပါနဲ့။
စကားလုံး (Keywords)ရွေးချယ်မှုက အရေးကြီးပါတယ်။
ATS system နဲ့ ကိုက်ဖို့က အလုပ်ခေါ်စာက keywords တွေနဲ့ 60-80% ကိုက်ညီနေမှ ဆန်ကာတင်စာရင်းမှာကျန် နိူင်တာပါ။
ATS friendly format CV ရှိတိုင်း အင်တာဗျူး အခေါ်မခံရနိုင်ပါ။
တကယ် ကောင်းမွန်တဲ့ CV တောင်မှ ATS system က ရွေးတဲ့ ဆန်ကာတင်စာရင်းထဲပါတာပါ။ အဲမှာမှ ယှဉ်ရင် သာသွားနိုင်တာက CV ထဲမှာ ကိုယ်က ဘယ်လို experience ကောင်းကောင်းရှိလဲဆိုတာ ဖော်ပြနိူင်လေ ကိုယ့်အတွက် chance ကောင်းလေပါ။
ATS friendly format CV လိုချင်တာဖြစ်ဖြစ် တခြားသိချင်တာတခုခုရှိတာဆို အချိန်မရွေးလာမေးလို့ရပါတယ်။ 🙌🙌