SIAN SMART

SIAN SMART We value your time. Trade your time for Knowledge and Inspiration. THIS IS YOUR HOME TO GROW.

🎓Friedensau Adventist University မိတ်ဆက်🎓📌ဘလော့အကောင့်ပြစရာမလိုတဲ့ ဂျာမနီကကျောင်း📌🍀🍀ဂျာမနီမှာကျောင်းတက်ဖို့ဆိုရင် များသေ...
02/26/2025

🎓Friedensau Adventist University မိတ်ဆက်🎓

📌ဘလော့အကောင့်ပြစရာမလိုတဲ့ ဂျာမနီကကျောင်း📌

🍀🍀ဂျာမနီမှာကျောင်းတက်ဖို့ဆိုရင် များသောအားဖြင့် ဘလော့အကောင့်ထဲ ယူရို၁၂၀၀၀ ရှိဖို့လိုအပ်ပါတယ်။ ဘလော့အကောင့်ဆိုတာ ဗီဇာလျှောက်တဲ့အချိန်မှာ ကိုယ့်အနေနှင့် တနှစ်စာပညာသင်စရိတ်အပြည့်အဝရှိကျောင်း သက်သေပြဖို့ ဂျာမနီမှာရှိတဲ့ ဘဏ်တစ်ခုခုမှာ ငွေကြိုသွင်းထားတဲ့ အကောင့်ကိုဆိုလိုပါတယ်။ ဂျာမနီကပြည်သူ့ပညာရေးတက္ကသိုလ်တွေဟာ ကမ္ဘာ့နိုင်ငံသားတိုင်းအတွက် အခမဲ့ဖြစ်ပါတယ်။ ဒါပေမယ့် စကောလားရှစ်ကျောင်းသားမဟုတ်ရင် စီမစ်တာကျေး၊ နေထိုင်စရိတ်၊ စားစရိတ်တွေကို အိပ်စိုက်သုံးရပါတယ်။ ဒီအတွက် ဂျာမနီအစိုးရအနေနှင့် နိုင်ငံတကာကျောင်းသားတွေ ပထမပညာသင်နှစ်တနှစ်စာဖူလုံနိုင်ဖို့ ဘဏ်အကောင့်ထဲ ယူရို၁၂၀၀၀ ကြိုသွင်းခိုင်းပြီး ဂျာမနီနိုင်ငံရောက်တာနှင့် တလ ၉၀၀ ကျော်ပြန်ထုတ်ခွင့်ပေးထားပါတယ်။

⛔️⛔️မြန်မာနိုင်ငံကကျောင်းသားတွေနှင့် ကျောင်းသားမိဘတွေအတွက်တော့ ယူရို၁၂၀၀၀ ဆိုတဲ့ပမာဏဟာ သိပ်ကိုများတဲ့ပမာဏပါ။ လက်ရှိပေါက်စျေး ၄၅၀၀နှင့်ပဲတွက်မယ်ဆိုရင်တောင် မြန်မာငွေသိန်း ၅၄၀ လောက်ကျပါတယ်။ ဒါဟာဒီဘက်ဘဏ်ကိုသွင်းရမယ် စရိတ်သတ်သတ်သာဖြစ်ပြီးတော့၊ ဗီဇာစရိတ်၊ လေယာဥ်စရိတ်၊ နေထိုင်စရာအခန်းစရိတ်၊ စားစာရိတ် တစ်ခုမှမပါသေးပါဘူး။ ဒါတွေပါတွက်မယ်ဆိုရင် အနည်းဆုံး ယူရို၁၅၀၀၀ လောက်ရှိမှအဆင်ပြေမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံရေးအခြေနေစောင့်ကြည့်ချင်တာရယ်၊ ဒီလောက်များတဲ့စားရိတ်ကို ချက်ချင်းမပေးနိုင်တာကြောင့် ဂျာမနီမှာပညာသင်ဖို့ အိပ်မက်မမက်နိုင်ခဲ့ပါဘူး။

👍👍ဒါပေမယ့်လက်ရှိကျွန်တော်တက်နေတဲ့ကျောင်း Friedensau Adventist University (FAU) မှာတော့ဝင်ခွင့်ရပြီးတာနှင့် ယူရို၆၆၀၀ ဝန်းကျင်သွင်းလိုက်ရုံနှင့် တက္ကသိုလ်ရက်တာရုံးကနေတာဝန်ယူစာထုတ်ပေးပါတယ်။ ဒီတာဝန်ယူစာနှင့် ရန်ကုန်မှာရှိတဲ့ဂျာမနီသံရုံးမှာဗီဇာလျှောက်ရင် ဘလော့အကောင့်ပြစရာမလိုပါဘူး။
(သတိချပ်ရန် - ယူရို ၆၆၀၀ သည် စီမစ်တာတခုစာ ကျောင်းစာရိတ်၊ နေစားရိတ်၊ စားစရိတ် သာဖြစ်ပါသည်။ ပြည်သူ့ပညာရေးတက္ကသိုလ်မဟုတ်သောကြောင့် မာစတာတန်း စီမစ်တာလေးခုအတွင်း စီမစ်တာတခုကို ယူရို ၃၀၈၀ ကျူရှင်ခသွင်းရပါသည်။)

🧑‍🏫👩‍🏫FAUမှာ နိုင်ငံတကာကျောင်းသားတွေကို အဂ်လိပ်လိုသင်တဲ့ အဓိကမေဂျာနှစ်ခုရှိပါတယ်။ သီအိုလိုဂျီခေါ်တဲ့ဘာသာရေးဆိုင်ရာမဟာတန်းရယ်၊ ဒီဗိလုတ်မင့်လို့ခေါ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးပညာ ဘာသာရပ်နှစ်ခုပါ။ လက်ရှိကျွန်တော်တက်နေတာ ဒီဗိလုတ်မင့်ဘာသာဖြစ်ပါတယ် (ဒီဘာသာနှင့်ပတ်သက်ပြီးနောက်ပိုစ့်ထပ်ရေးပါမည်)။

🤞🤞ဒါထက်ပိုကောင်းတဲ့ အချက်တခုရှိပါသေးတယ်။ အဲတာကတော့ ADRA Scholarship နှင့် Development Study Scholarship စကောလားရှစ်နှစ်မျိုးလျှောက်လို့ရတာပါ။ ကျွန်တော်ကတော့ Development Study နှင့် ရောက်လာတာပါ။

😇😇ဒီစကောလားရှစ်နှင့်ကျောင်းဝင်ခွင့်လျှောက်တာငွေတပြားမှမကုန်ပါဘူး။ ရိုးရှင်းပါတယ်။
www.thh-friedensau.de
အပေါ်က ဝက်ဆိုဒ်ထဲကိုဝင်ပြီး မိမိဂျီမေးလ်နှင့် အကောင့်တခုဖွင့်ရပါမယ်။ ပြီးရင်သူတို့လမ်းညွှန်ရာကိုလိုက်ပြီးလိုအပ်တာတွေကိုဖြည့်ပေးလိုက်ရုံပါပဲ။

***လိုအပ်တဲ့စာရွက်စာတန်းတွေကတော့
1. BA Certificate
2. School Leaving Certificate (ကျွန်တော်ကတော့ ဆယ့်နှစ်တန်းအောင်လက်မှတ်ပြပါတယ်)
3. English Proficiency
(IELTS မရှိရင် FAUနှင့်ချိတ်ဆက်ထားတဲ့ မြန်မာပြည်ကတက္ကသိုလ်တစ်ခုမှာ အဂ်လိပ်စာအရည်အချင်းစစ်စာမေးပွဲဖြေလို့ရပါတယ်၊ အရင်နှစ်ကစာစစ်ခ ငါးသောင်းသာပေးရပါတယ်။ ဒီနှစ်အခြေနေတော့မသိပါ။ ကျွန်တော်ကတော့ IELTS ရှိထားတဲ့အတွက် ထပ်စစ်ဖို့မလိုခဲ့ပါဘူး။ အသေးစိတ်သိချင်ရင် CB မှာလာမေးနိုင်ပါတယ်။)
4. Bank Statement
5. CV Form (ကျောင်းရဲ့ Format အတိုင်းရေးရပါမယ်။)
6. Motivation Letter for School Admission and Scholarship Application (A4 တမျက်နှာမှာ စုံအောင်ရေးရပါမယ်၊ စကောလားရှစ်နှင့်ပတ်သက်တဲ့ အကြောင်းကို ကျောင်းအင်တာနက်စာမျက်နှာမှာဖတ်ပြီးရင် သူတို့လိုချင်တာကိုရိပ်မိပါလိမ့်မယ်၊ အဲတာနှင့်အံ့ဝင်ဂွင်ကျဖြစ်အောင်ရေးရင်ပိုကောင်းပါတယ်။)

အပေါ်ကစာတွေအားလုံးစုံပြီဆိုရင် application submit လုပ်ပြီး ကျောင်းကဆက်သွယ်တာကိုပြန်စောင့်ရပါတယ်။ ဒီတနှစ်တော့ မတ်လကုန်မှာ ကျောင်းဝင်ခွင့်မီတင်ထိုင်မှာဖြစ်တဲ့အတွက် အချိန်နဲနဲကြပ်နေပါပြီ၊ ချက်ချင်းစလုပ်မယ်ဆိုရင်တော့မီနိုင်ပါသေးတယ်။ ယာယီဝင်ခွင့်ရပြီးရင် BA Certificateကို DHL နှင့်ပို့ပေးရပါတယ်။

***ဒါတွေအားလုံးစုံပြီ ကျောင်းဝင်ခွင့်လည်းရပြီဆိုရင် ပိုက်ဆံသွင်းဖို့ကျောင်းဘက်ကနေဆက်သွယ်ပါမယ်။ ကိုယ့်အနေနှင့် စကောလားရှစ်ရနိုင်ခြေရှိတယ်ထင်ရင် စကောလားရှစ်ဆုံးဖြတ်ချက်စောင့်မယ်လို့ ပြောလို့ရနိုင်ပါတယ်။ ကျွန်တော့်တုန်းကတော့ ခွင့်ပြုခဲ့ပါတယ်။

ကျောင်းကိုငွေသွင်းပြီး (သို့) စကောလားရှစ်ရပြီးရင်ခုနကပြောတဲ့ တာဝန်ယူစာ၊ ကျောင်းဝင်ခွင့်ပြုစာ၊ စကောလားရှစ်ပေးအပ်စာ (ရခဲ့ရင်)၊ ဒီစာတွေအားလုံးကိုကျောင်းကနေ softcopy နှင့် hard copy ပို့ပေးပါတယ်။

ဒါတွေရစုံပြီဆိုရင်တော့ သံရုံးမှာ သဘောမနောအရမ်းကောင်းတဲ့ အသက်ငယ်ငယ်မမဆီမှာ (ကိုယ့်တုန်းကကြုံခဲ့တာပါ) မြန်မာစကားနှင့် သူငယ်ချင်းကိုစကားပြောနေသလို ပေါ့ပေါ့ပါးပါး ဗီဇာအင်တာဗျူးသွားဖြေလို့ရပါပြီ။ ဗီဇာအဖြေစောင့်ရင်း Duolingo မှာ Guten Morgen, Mein Vater, Meine Mutter နှင့် လျှာခလုတ်တိုက်အောင် ဂျာမန်စာစသင်လို့ရပါပြီ။ ပြီးခဲ့တဲ့နှစ်မှာတော့ FAUနှင့် ဗီဇာလျှောက်သူအားလုံး ဗီဇာရခဲ့ပါတယ်။ သံရုံးအတွက်ပြင်ဆင်စရာတွေနှင့် အင်တာဗျူးအတွေ့အကြုံကို ပိုဒ့်သတ်သတ်ပြန်ရေးပါမည်။

🌟🌟🌟FAU ကိုရွေးသင့်တဲ့အချက်🌟🌟🌟
၁။ ဘလော့အကောင့်မလိုအပ်ခြင်း
၂။ ကျောင်းလျှောက်ရလွယ်ကူခြင်း၊ စကောလားရှစ်ရရှိနိုင်ခြင်း
၃။ နိုင်ငံတကာကျောင်းသားကိုဂရုစိုက်ပေးခြင်း
(Health Insurance, Residence Permit, Anmeldung စတဲ့အရှုပ်ထုပ်တွေကို အခမဲ့ကူညီဆောင်ရွက်ပေးခြင်း)
၄။ သင်ကြားမှုကောင်းမွန်ခြင်း
၅။ ကျောင်းသားဦးရေနည်းသောကြောင့် ပါမောက္ခများ၏ အသေးစိတ်ဂရုစိုက်မှုကိုခံရခြင်း။ (ဒါပေမယ့်စာမလုပ်ရင်တော့ ပါမောက္ခတွေပေးတဲ့ ဂရုစိုက်မှုကလည်းကိုယ့်အတွက် သိပ်တော့ပျော်စရာမကောင်း)
၆။ မြို့ပြနှင့်ဝေးသောကြောင့် (ဘာလင်နှင့်ရထားခရီးနှစ်နာရီဝေး) စာတကယ်လုပ်ချင်သူတွေအတွက် အနှောက်အယှက်နည်းခြင်း
၇။ ဒီစာကိုရေးနေတဲ့ကိုကြီးရှိနေခြင်း 😀 😀

⛔️⛔️⛔️FAU အားနည်းချက်⛔️⛔️⛔️
၁။ ပြည်သူ့ပညာရေးတက္ကသိုလ်မဟုတ်သောကြောင့် ကျူရှင်ကျေးပေးရခြင်း
၂။ သဘာဝသစ်တောထဲတွင်တည်ရှိသောကြောင့် ကမ့်ပတ်အလုပ်မရပါက အပြင်အလုပ်လုပ်ရန်ဝေးလှန်ခြင်း
၃။ မြို့နှင့်ဝေးသောကြောင့် အပျော်ရှာစရာနေရာဝေးလံခြင်း (ဒါပေမယ့် ခရစ်ယာန်စံတန်ဖိုးနှင့် ကိုက်ညီတဲ့အပျော်တွေကတော့ ကမ့်ပတ်ထဲမှာတင်အမြဲတမ်းရှိပါတယ်။)

***နောက်ဆုံးခရစ်ယာန်ကျောင်းဖြစ်လို့ ခရစ်ယာန်ပုံစံနှင့်နေထိုင်မှရမယ်ထင်ပြီး မကြောက်ပါနှင့်။ ပါမောက္ခတွေမှာလည်း ဘုရားမဲ့ဝါဒီတွေရှိသလို၊ လူတယောက်ချင်းစီရဲ့ လွတ်လပ်မှုနှင့်ယုံကြည်ခံယူချက်ကိုလေးစားတဲ့ရပ်ဝန်းမို့ လူတိုင်းအတွက်အဆင်ပြေပါတယ်။

ဒါတွေကတော့ FAUကျောင်းလျှောက်ပုံနှင့် FAUကိုမလာခင်ကြိုသိထားသင့်တဲ့ အကြောင်းတွေပဲဖြစ်ပါတယ်။

ဂျာမနီပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာအကြောင်းအရာတွေကို စိတ်ဝင်စားရင် ဒီ Page ကို Follow လုပ်ထားပါ။ အရှုံးမရှိနိုင်ပါ။

ဆက်ရေးပါအုံးမည်။
SIAN SMART

မြန်မာပြည်မှာ အာဏာသိမ်းချိန်ကစပြီး ကလေးငယ်ပေါင်း ၅၇၀ကျော်အသတ်ခံခဲ့ရပါတယ်။လွန်ခဲ့တဲ့ ၁၂လအတွင်း ဂါဇာဒေသမှာလည်း ကလေးငယ်ပေါင...
01/29/2025

မြန်မာပြည်မှာ အာဏာသိမ်းချိန်ကစပြီး ကလေးငယ်ပေါင်း ၅၇၀ကျော်အသတ်ခံခဲ့ရပါတယ်။
လွန်ခဲ့တဲ့ ၁၂လအတွင်း ဂါဇာဒေသမှာလည်း ကလေးငယ်ပေါင်း ၁၁,၀၀၀ ကျော် အသတ်ခံခဲ့ရပါတယ်။

ဒါပေမယ့် ဒီလောက်များတဲ့ကလေးငယ်တွေအသတ်ခံရတာထက် ဂျာမဏီကမူကြိုကလေးတစ်ယောက်အသတ်ခံရတာကို ကမ္ဘာ့သတင်းတွေပိုဖော်ပြကြပါတယ်။

ကလေးငယ်တွေအားလုံးရဲ့ တန်ဖိုးဟာအတူတူပေမယ့်
ကျူးလွန်သူတွေမတူသလို နိုင်ငံရေးလက်နက်အဖြစ်အသုံးဝင်ပုံချင်းမတူတာကြောင့် အရေးပေးဖော်ပြမှုကွာသွားတာဖြစ်ပါတယ်။

လူသားခြင်းစာနာမှုနည်းလာရင် အာဏာရှင်အနိုင်ရမြဲလောက။မြန်မာပြည်က အာဏာရှင်အဆက်ဆက်နှင့် လက်ရှိအာဏာရှင်မအလကိုခါးခါးသီးသီးအသည်း...
01/27/2025

လူသားခြင်းစာနာမှုနည်းလာရင် အာဏာရှင်အနိုင်ရမြဲလောက။

မြန်မာပြည်က
အာဏာရှင်အဆက်ဆက်နှင့်
လက်ရှိအာဏာရှင်မအလကို
ခါးခါးသီးသီးအသည်းထဲထိမုန်းနေတဲ့
မြန်မာတွေ
ဒုက္ခအလီလီကျော်ဖြတ်ပြီး
လူသားချင်းစာနာမှုအစီအစဥ်နှင့်
မနေ့တနေ့ကမှ အမေရိကားနှင့်အနောက်နိုင်ငံတချို့ကို
ရောက်သွားတဲ့သူတွေတချို့ရဲ့မသိစိတ်ထဲမှာ
အာဏာရှင်ကိုဆက်လက်တွယ်တာနေတဲ့
လူသားချင်းစာနာမှုမထားနိုင်တဲ့
စိတ်ကိုတွေ့လိုက်ရတော့
ကမ္ဘာမှာအာဏာရှင်တွေသက်ဆိုးရှည်နေတာ
ဒါကြောင့်ကိုးလို့ သက်ပြင်းချလိုက်မိတယ်။

ဖြစ်ပုံကဒီလိုပါ။
ဇန်နဝါရီ ၂၀ ရက်နေ့မှာနန်းတက်တဲ့
အမေရိကန်ရဲ့ ၄၇ယောက်မြောက်သမ္မတ
ဒိုနယ်ဂျေထရမ့်က သူ့နိုင်ငံထဲခိုးဝင်သူတွေကို
ဖမ်းဆီးပြီးအစုလိုက်အပြုံလိုက်ပြန်ပို့နေပါတယ်။

မြန်မာပြည်သားခိုးဝင်မရှိသလောက်ရှားတဲ့
အမေရိကမှာ အစိုးရအစီအစဥ်နှင့်
ဒီလိုလုပ်နေတာတွေကိုထောက်ခံနေတဲ့
မြန်မာပြည်သားတွေကိုတွေ့ရတာဟာ
သိပ်ကောင်းလှတဲ့
နိမိတ်တခုတော့မဟုတ်ပါဘူး။

ဒီလုပ်ရပ်ကိုထောက်ခံနေသူတွေဟာ
"လူသားအခွင့်အရေးနှင့် လူသားချင်းစာနာမှုကို
မသိကျိုးကျွန်ပြုနေသူတွေပါ"
လို့ပြောရင်လွန်မယ်မထင်မိပါဘူး။

ကိုယ့်နိုင်ငံ ရေမြေပတ်ဝန်းကျင်နှင့်
မိသားစုကိုထားခဲ့ပြီး တစိမ်းနိုင်ငံတခုမှာ
နိုင်ငံသားတွေမလုပ်ချင်တဲ့
သိပ်ပင်ပန်းတဲ့အလုပ်တွေကို
အထောက်အထားမဲ့လုပ်ကိုင်ပြီး
ကျီးလန့်စာစားရမယ့် အခြေနေကို
ဘယ်သူကမှ လိုလိုချင်ချင်
ရွေးချယ်ခဲ့ကြတာမဟုတ်ပါဘူး။

ကိုယ့်နိုင်ငံမှာ ဘယ်လိုမှရှောင်လွှဲလို့မရနိုင်တဲ့
ပြဿနာတွေရှိနေလို့သာ
တစိမ်းနိုင်ငံမှာ ဥပဒေအကာအကွယ်မရပဲ
ကြောက်ကြောက်နှင့်ပင်ပင်ပန်းပန်းအလုပ်လုပ်ကြရတဲ့
ခံစားချက်ကို လက်ရှိထိုင်းနိုင်ငံ
မလေးရှားနိုင်ငံတို့မှာရောက်နေတဲ့
မြန်မာပြည်သားတွေလောက်
နားလည်တဲ့သူမရှိနိုင်ပါဘူး။

လက်ရှိထရမ့်အစိုးရလိုသာ
ထိုင်းနိုင်ငံအစိုးရနှင့်
မလေးရှားနိုင်ငံအစိုးရကသာ
တရားမဝင်နေထိုင်သူတွေအားလုံးကို
သားကောင်ဖမ်းသလိုဖမ်းပြီး
ပြည်တော်ပြန်ပို့မယ်ဆိုရင်
သန်းနှင့်ချီတဲ့မြန်မာပြည်သူတွေရဲ့မျက်ရည်
မြေခရပါလိမ့်မယ်။
(မခမ်းသေးတဲ့ မလေးရှားနိုင်ငံက
ပြန်ပို့ခံရတဲ့သူတွေနှင့်
မိသားစုတွေကျတဲ့မျက်ရည်တွေက
သက်သေပါ)

ဘာဖြစ်လို့လဲဆိုရင်
ဒီလိုခိုလှုံနေတဲ့သူတွေအားလုံးလိုလိုက
သူတို့ကိုယ်တိုင်ရွေးချယ်ခွင့်မရှိခဲ့တဲ့
စနစ်ဆိုးကြီးစိုးတဲ့နိုင်ငံတွေမှာ
နေ့စဥ်ရက်ဆက်ဒုက္ခခံနေကြရသူတွေမို့လို့ပါ။

မွေးဖွားရာနိုင်ငံချင်းတူရင်တောင်
ငွေကြေးတတ်နိုင်သူတွေ
လေယာဥ်ပျံကြီးစီးပြီးပြောင်းရွှေ့နေကြချိန်မှာ
ဘယ်တုန်းကမှတရားမျှတမှုမရှိခဲ့တဲ့
လောကကြီးထဲတွေ့ကြုံနေရတဲ့ဒုက္ခ
သက်သာလေမလားဆိုတဲ့မျှော်လင့်ချက်နှင့်
အသက်နှင့်ရင်းပြီး လူမဆန်တဲ့
ကုန်းလမ်းရေလမ်းအသွယ်သွယ်မှာ
အသက်ကိုတောင်ပြင်းပြင်းမရှူရဲဘဲ
အန္တာရယ်နယ်စပ်ကိုဖြတ်ကျော်ရတဲ့
သူတွေရဲ့ဒုက္ခကိုကိုယ်ချင်းမစာနိုင်တောင်
လျှော့မတွက်သင့်ပါဘူး။

နယ်စပ်ကိုလွန်ပြီး
တစိမ်းနိုင်ငံကိုတော့ဝင်နိုင်ခဲ့ပါပြီတဲ့
ရှိသမျှပိုက်ဆံပွဲစားလက်ထဲရောက်သွားပြီမို့
နေစရာစားစရာတောင် မရှိတော့တဲ့အခြေနေမှာ
ကံကောင်းထောက်မလို့ အလုပ်ရပြီဆိုပါအုံး၊
အထောက်အထားမဲ့ လူစိမ်းတယောက်ကို
လူလိုသူလိုဆက်ဆံကြမယ်ထင်လား။

သိချင်ရင် နိုင်ငံတိုင်းမှာရှိတဲ့
လူမဆန်တဲ့အလုပ်ရုံတွေကိုသွားကြည့်
ရွှေ့ပြောင်းနေထိုင်သူတွေနှင့်
အထောက်အထားမဲ့နေထိုင်သူတွေကိုပဲ
တွေ့ရပါလိမ့်မယ်။

လူဆန်တဲ့အလုပ်မလုပ်ရ၊
လူလိုဆက်ဆံမခံရ၊
ခံစားမှုမရှိတဲ့စက်ယန္တရားကြီးတွေလို
ဝန်ပိုခိုင်းခံနေရတဲ့ဘဝတွေလည်း
လူအခွင့်အရေးထွန်းကားပါတယ်ဆိုတဲ့
နိုင်ငံကြီးတွေမှာလည်း
အများကြီးရှိပါတယ်။

ဒီလိုကြိုးစားနေတဲ့သူတွေဟာ
ဒုစရိုက်သမားတွေလည်းမဟုတ်သလို
လူပျင်းတွေလည်းမဟုတ်ပါဘူး
ဘဝမှာကံမကောင်းသေးလို့
ပိုကောင်းတဲ့မနက်ဖြန်အတွက်
ကိုယ့်ပေါ်ကျူးလွန်နေတဲ့
မတရားမှုတွေကိုတောင်
သိသိရက်နှင့်သည်းခံလိုက်ရသူတွေပါ
ကိုယ်မှန်နေတာသိရက်နှင့်
ပြန်ပြောချင်စိတ်ကို
မြိုသိပ်ပြီးကြိတ်ခံနေရသူတွေပါ

သူတို့အတွက်ပဲကြိုးစားနေသူတွေလားဆိုရင်
ထပ်မှားပါအုံးမယ်
ဘယ်သူမှအသိမခံနိုင်လောက်တဲ့
ဒုက္ခတွေကိုခံနေရတဲ့သူတို့တွေအပေါ်
မှီခိုနေတဲ့မိသားစုကလည်း
အိမ်မှာကျန်ခဲ့သေးတာနော်
သူတို့ကြိုးစားမှအိမ်ကလူတွေလည်း
ထမင်းနှပ်မှန်မှာလေ။

ဒီလိုရေးလို့
မျက်ရည်ချူနေတာလားပြောလိမ့်မယ်
ဒီထက်ဆိုးတဲ့
ဘဝတွေအများကြီးရှိပါသေးတယ်

လမ်းခရီးကြမ်းလို့ ငိုနေတဲ့သားငယ်ကို
နယ်စပ်ရဲကြားသွားမှာဆိုးလို့
စွန့်ပစ်ဖို့တွန်းအားပေးခံရတဲ့အမေ
မလွန်ဆန်နိုင်လို့ စွန့်ပစ်လိုက်ပေမယ့်
နောက်ရက်မှာသားစိတ်နှင့်ရူးသွားတဲ့အမေ

သားငယ်ကိုခိုလှုံခွင့်ပေးပြီး
အမေကိုခိုလှုံခွင့်မပေးတာကြောင့်
ဘဝမှာသားငယ်ကိုပြန်မတွေ့ရတော့ဘဲ
ဆုံးပါးသွားတဲ့အမေ။

ဘယ်တော့မှမခွဲဘူးကတိဆိုထားပေမယ့်
ပွဲစားကောင်းမှုကြောင့်အဖွဲ့ကွဲသွားပြီး
ဘယ်တော့မှမဆုံနိုင်တာ့တဲ့ ချစ်သူတွေ။

ဒိလိုဘဝတွေကို
ဘယ်သူဖန်ဆင်းပေးလိုက်တာလဲ။
အာဏာရှင်နှင့်လူမဆန်တဲ့သူတွေ
ဖန်တီးပေးလိုက်တာပေါ့။

ဒီလိုဘဝတွေဆိုတာ
လူ့အခွင့်အရေးကိုတဖွဖွပြောနေတဲ့
နိုင်ငံကြီးတွေကထုတ်တဲ့လက်နက်တွေနှင့်
တိုက်တဲ့စစ်ပွဲကပြေးလာရတဲ့သူတွေ
ခံစားနေရတဲ့ဘဝတွေပါ။

ဒုစရိုက်မှုဆိုတာ
အမြဲရှိနေတဲ့နိုင်ငံကြီးတွေမှာလည်း
ရွှေ့ပြောင်းနေထိုင်သူတွေကျူးလွန်တဲ့
ဒုစရိုက်မှုကသတင်းစာခေါင်းကြီးတွေမှာ
နိုင်ငံသားဆိုတဲ့တွေကျူးလွန်တဲ့
ဒုစရိုက်မှုတွေကရဲစခန်းမှတ်တမ်းထဲမှာ
(ရွှေ့ပြောင်းနေထိုင်သူတွေကျူးလွန်တဲ့ဒုစရိုက်နှင့် နိုင်ငံသားတွေကျူးလွန်တဲ့ဒုစရိုက် ဘယ်ဟာပိုများလဲသိချင်ရင် လေ့လာကြည့်ပါ)

ရွေ့ပြောင်းနေထိုင်သူတယောက်ကျူးလွန်တဲ့ပြစ်မှုကို
လူတဦးကျူးလွန်တဲ့ပြစ်မှုအဖြစ်မသတ်မှတ်ဘဲ
ရွှေ့ပြောင်းနေထိုင်သူတွေအကုန်
ဒုစရိုက်သမတံဆိပ်ကပ်ခံရအောင်လုပ်နေတဲ့
လက်ယာယိမ်းနိုင်ငံရေးသမားတွေရဲ့
လှည့်ကွက်ကြားမှာ ပြုသမျှနုနေရတဲ့
သနားစရာလူတွေ ခံနေရတဲ့ဒုက္ခတွေကို
ပြေးမကြည့်တွေးကြည့်ရုံနှင့်
စာနာနိုင်ခဲ့မယ်ဆိုရင်

ဒီကမ္ဘာမှာ
အာဏာရှင်တွေပိုနည်းလာမယ်လို့
ရေးရေးမျှော်လင့်မိရင်း
အာဏာရှင်အားပေးသူမဖြစ်ဖို့
လူသားခြင်းစာနာစိတ်ကို ရင်ဝယ်ပိုက်လျှက်


သန်းခေါင်ချိန်ထရေးသည်။
fans

Picture Courtesy: National Gallery of Art@

၂၀၂၄ကိုပြန်ကြည့်လိုက်တော့ကြိုးစားနေတဲ့လူငယ်တယောက်ပီပီ ဂုဏ်ယူစရာအောင်မြင်မှုတွေရခဲ့သလိုဘဝတခုစာ သယ်ပိုးသွားရမယ့်အလုပ်မဖြစ်...
12/31/2024

၂၀၂၄ကိုပြန်ကြည့်လိုက်တော့

ကြိုးစားနေတဲ့လူငယ်တယောက်ပီပီ
ဂုဏ်ယူစရာအောင်မြင်မှုတွေရခဲ့သလို

ဘဝတခုစာ သယ်ပိုးသွားရမယ့်
အလုပ်မဖြစ်တဲ့ ကျရှုံးမှုတွေလည်းအများကြီးကြုံခဲ့ရတယ်

ဒီအရာတွေထဲမှာ "ဘာကိုဂုဏ်အယူဆုံးလဲ" လို့မေးရင်
"ငါ့ကိုယ်ငါအရှုံးမပေးသေးပဲ ခေါင်းမော့ရင်ကော့ဆက်လက်ရှင်သန်နေတယ်" လို့ပြန်ဖြေရမှာပါ။

တခါတလေမှာ ပတ်ဝန်းကျင်ကကြီးမားတဲ့အောင်မြင်မှုတွေလို့ သတ်မှတ်ထားတဲ့အရာတွေကို ဗလာကျင်းရင်ခွင်ကြီးနှင့်ပိုင်ဆိုင်ရတာထက်

လိပ်ပြာသန့်သန့်နှင့် ကိုယ့်ဘဝကိုကြိုးစားထိမ်းကြောင်းအသက်ရှင်နေရတာကိုက တကယ်ဂုဏ်ယူစရာပါ။

အဖြူအမဲကွဲသွားပြီဖြစ်တဲ့ ကန်ရွေးကောက်ပွဲအပြီးမှာအရင်ကလို ကန်စျေးကွက်ထဲတရုတ်ထုတ်ကုန်တွေကို အခွန်တိုးကောက်မှာကိုတွေးပြီး တ...
11/07/2024

အဖြူအမဲကွဲသွားပြီဖြစ်တဲ့ ကန်ရွေးကောက်ပွဲအပြီးမှာ

အရင်ကလို ကန်စျေးကွက်ထဲတရုတ်ထုတ်ကုန်တွေကို အခွန်တိုးကောက်မှာကိုတွေးပြီး တရုတ်ကြီးရင်မော။

ထရမ့်အစိုးရအခွန်ဥပဒကြောင့် ကန်စျေးကွက်ကိုမဝင်နိုင်တော့တဲ့တရုတ်ထုတ်ကုန်တွေအလုံးရင်းနှင့်ဝင်လာမယ့်အချိန်အတွက် ဥရောပနိုင်ငံခေါင်းဆောင်တွေနှင့် စက်ရုံတွေကြိုတွေးပြီးရင်မော။

စစ်ရေးအသုံးစရိတ်အများဆုံးထည့်ဝင်နေတဲ့ ကန်အစိုးရထားခဲ့နိုင်တာကိုကြိုတွေးပြီး ကိုနေတိုးတို့အဖွဲ့လည်းရင်မော။

အရင်တခေါက်ကလို ကန်အစိုးရထောက်ပံ့ငွေအပိတ်ခံရမှာကို လိင်ကျန်းမာရေးနှင့်မျိုးပွားမှုဆိုင်ရာအခွင့်အရေးတွေကို အဓိကထားဆောင်ရွက်နေတဲ့ အန်ဂျီအိုတွေလည်း ကြိုတွေးပြီးရင်မော။

ပူတင်ကလည်း ထရမ့်ကြီးဇလင်စကီကိုအကြင်နာပိုကာကွယ်လာနိုင်တာကို ကြိုတွေးပြီးရင်မော။
ဇလင်စကီကလည်း သူ့ကိုတစ်ယောက်ထဲ ပစ်ထားခဲ့နိုင်တာကို ကြိုတွေးပြီးရင်မော။

ဘာသာရေးဝတ်ရုံခြုံထားတဲ့နိုင်ငံရေးသမားကို မဲမှားပေးမိသူတချို့လည်း သူတို့မိသားစုတွေ ပြည်တော်ပြန်ပို့ခံရနိုင်တာကို ကြိုတွေးပြီးရင်မော။

ဥရောပရောက်နေတဲ့ မြန်မာတွေလည်း ကန်အစိုးရငြိုငြင်တာမခံရဲတဲ့ ဥရောပနိုင်ငံခေါင်းဆောင်တွေ ထရမ့်ရူးတိုင်းလိုက်ရူးမှာကိုကြိုတွေးပြီးရင်မော။

ဘိုင်ဒင်အစိုးရစတင်လိုက်တဲ့ Welcome Corp အစီစဥ်နှင့်လမ်းတဝက်ရောက်နေတဲ့ လင်းယုန်မြေအိပ်မက်မက်နေသူတွေကလည်းရင်မော။

အရင်ကလို ပြန်လည်နေရာချထားရေးအစီစဥ်တွေအားနည်းသွားမှာကို ယူအင်အကာအကွယ်နှင့် ဒုတိယနိုင်ငံကမျှော်လင့်တကြီးစောင့်နေသူတွေလည်းရင်မော။

နောက်ဆုံးတော့ ဆော်ကြည်ဘဲထရမ့်ရဲ့ အချစ်ကိုမျှော်နေကြတဲ့ ကမ္ဘာတဝန်းကလူတွေကိုကြည့်ရင်း ကိုယ့်ကျောင်းစာကိုယ်ကြည့်ဖို့မေ့နေတဲ့ငါလည်း မနက်ဖြန်အတန်းအတွက်ကြိုတွေးပြီး ရင်မော။ :D :D

မေ့ကျန်ခဲ့တဲ့ ရင်မောနေသူရှိရင်လည်း comment မှာ ထပ်ဖြည့်နိုင်ပါတယ်။

7November2024(အတွေးအပိုင်းအစတချို့)

ကိုယ်တိုင်ရွေးချယ်ခွင့်မရခဲ့တဲ့အခြေနေဆိုးတွေကြားထဲမှာ ရုန်းကန်ရင်းရွေးချယ်မှုတစ်ခုကို မဖြစ်မနေလုပ်ဖို့လိုအပ်လာတာကြောင့်ဂ...
10/02/2024

ကိုယ်တိုင်ရွေးချယ်ခွင့်မရခဲ့တဲ့
အခြေနေဆိုးတွေကြားထဲမှာ ရုန်းကန်ရင်း
ရွေးချယ်မှုတစ်ခုကို
မဖြစ်မနေလုပ်ဖို့လိုအပ်လာတာကြောင့်
ဂျာမဏီနိုင်ငံကို ကျွန်တော်ရောက်နေပါတယ်။

လွတ်လပ်တဲ့နေရာကိုရောက်နေပြီမို့
လွတ်လပ်မြေမှာသာ ရှင်သန်နိုင်တဲ့
Content creator ဘဝကို
ကျွန်တော်ပြန်လာပါတော့မယ်။

စာ၊ ဓါတ်ပုံ၊ ဗီဒီယိုတွေနှင့်
အလျင်းသင့်သလို အရင်ပုံစံ content တွေအပြင်
ဂျာမဏီနိုင်ငံနှင့်ပါတ်သက်တဲ့အကြောင်းအရာတွေလည်း တင်ဆက်နိုင်ဖို့ကြိုးစားနေပါတယ်။

အားလုံးပဲ အောက်တိုဘာလသစ်မှာ
ဘေးရန်ကင်းလို့ ကြံသမျှအောင်ကြပါစေ။

အားလုံးကိုသတိရလျှက်
SIAN SMART

"Feeling a bit lost? Congratulations!It's a natural part of being in this situation.Embrace it, handle it with care, and...
10/05/2023

"Feeling a bit lost? Congratulations!

It's a natural part of being in this situation.

Embrace it, handle it with care, and savor the journey.

Stay tuned for our upcoming video content on this topic."

"I'll be back. Blessed and Stronger."
10/02/2023

"I'll be back. Blessed and Stronger."

02/01/2021

မနေ့တနေ့ကမှ နေထွက်လာတာလေ။
ဒီတိမ်မဲတွေ မကြာခင်လွင့်စင်နိုင်ပါစေဆုတောင်းပါတယ်။


ကျွန်တော် နှင့် ''လေလွင့်သူ''၂၀၂၁ အတွက် တစ်လကိုစာအုပ်တစ်အုပ်ဖတ်ပါလို့ကျွန်တော်အရင် Video တွေထဲမှာပြောခဲ့ပါတယ်။ နှစ်ကူးလိ...
01/10/2021

ကျွန်တော် နှင့် ''လေလွင့်သူ''

၂၀၂၁ အတွက် တစ်လကိုစာအုပ်တစ်အုပ်ဖတ်ပါလို့ကျွန်တော်အရင် Video တွေထဲမှာပြောခဲ့ပါတယ်။ နှစ်ကူးလို့ ၁၀ ရက်ရောက်နေပြပြီ စဖတ်ဖြစ်လား၊ ဖတ်ပြီးသွားကြပြီလားတော့ ကျွန်တော်မသိဘူး။ အဲဒါခင်ဗျာတို့အပိုင်းလေ။ ကျွန်တော်က အားပေးရုံပဲတတ်နိုင်မယ်၊ ဖတ်တာမဖတ်တာကတော့ ကိုယ့်ရွေးချယ်မှုနှင့်ကိုယ်ပဲ။ ဖတ်ရင် အချိန်ကုန်မယ် အကျိုးတစ်စုံတရာရမယ်။ မဖတ်ရင်လည်း အချိန်ကုန်မယ် အကျိုးရတာမရတာတော့ မသိဘူး။

အရင်နှစ်တွေတုန်းက အဂ်လိပ်စာအုပ်တွေပဲဖတ်ဖြစ်တာများတယ်။ ဒီနှစ်တော့ ကျွန်တော့်ရဲ့ မြန်မာစာအရေးအသားပိုကောင်းအောင်ဆိုပြီး မြန်မာစာအုပ်တွေ ပိုဖတ်ဖို့ ဆုံးဖြတ်ထားတယ်။

ဆရာကြီး J.D. Salinger ရေးတဲ့ The Catcher in the Rye ဆိုတဲ့ စာအုပ်ကိုကောလိပ်တက်တုန်းက မူရင်းဘာသာနှင့် ဖတ်ဖြစ်ခဲ့တယ်။ တော်တော်လည်းကြိုက်ခဲ့တယ်။ မကြိုက်စရာအကြောင်းလည်းရှိမှ မရှိဘဲ။ ၂၀ ရာစုရဲ့ အကောင်းဆုံးစာအုပ်တွေထဲက တစ်ခုဖြစ်နေတာကတစ်ကြောင်း၊ ဇတ်ဆောင်ကလူငယ်တစ်ယောက်ဆိုတော့ လူငယ်စာဖတ်သူတစ်ယောက်အနေနှင့် ဇတ်ကောင်ရဲ့ဘဝထဲကို အငှားဝင်ပြီးခံစားလို့လည်းရတာကိုး။

မြန်မာပြန်ကိုတော့ ဆရာမြသန်းတင့် က "လေလွင့်သူ" ဆိုတဲ့နာမည်နှင့် ကျွန်တော်မမွေးခင် နှစ်တွေအများကြီးကတည်းက ဘာသာပြန်ထုတ်ဝေထားပြီးသား။ မြန်မာစာအုပ်ကိုကျော်ပြီး မူရင်းစာအုပ်ကိုဖတ်ရတာကလည်းအကြောင်းရှိတယ်။ ကျွန်တော်က အခြေခံလူတန်းစားထဲက လူငယ်တစ်ယောက်မို့ အဂ်လိပ်စာကို ကျောင်းမှာသင်ခဲ့ရတာကလွဲလို့ ကျူရှင်တစ်ခုမှ တက်ဖူးတာမဟုတ်ဘူး။ အဲဒါကြောင့်ပဲ သူများနောက်မကျန်ခဲ့ရအောင်ဆိုပြီးတွေ့သမျှအဂ်လိပ်စာအုပ်တွေလိုက်ဖတ်တာကြောင့် ဖတ်ဖြစ်ခဲ့တာ။ ထားပါ ကျွန်တော့်အကြောင်းကိုရေးမယ့် Post မှ မဟုတ်တာ။

ဇတ်ဆောင်ကလူငယ်ပီပီ စိတ်ကူးယဥ်သမား၊ ကျောင်းစာကို ဂရုမစိုက်တဲ့ကျောင်းသား။ သူပြောတာ အပေါင်းသင်းရှိတယ်လို့​တော့ပြောတာပဲ။ ဒါပေမယ့် သူ့ကိုကြည့်ရတာ သူ့ညီနှင့်သူ့ညီမကလွဲရင် လူတိုင်းကို သဘောမကျတဲ့ပုံ။ စာအုပ်တစ်အုပ်လုံးမှာ သူသဘောကျတဲ့လူဆိုလို့ ခပ်နည်းနည်းပဲရှိတယ်။ သူသဘောမကျတာက အများကြီး
လူချမ်းသာတွေကိုမှအဖတ်လုပ်တဲ့သူ၊ စပ်စုတဲ့သူ၊ မိန်းမပွေတဲ့သူ၊ စသည်စသည် စုံနေတာပဲ။ သူသဘောကျတဲ့သူကနည်းနည်းရယ် အဲဒီထဲက သူ့စကားအတွက် အသေခံရဲတဲ့သူငယ်၊ သူ့အဂ်လိပ်ဆရာ၊ ကျန်တာသဘောမကျတာချည်းပဲ။ သူ့ကိုလည်း သူတို့တွေက (သူသဘောမကျတဲ့သူတွေ) သဘောကျလိမ့်မယ်လို့တော့ မထင်ဘူး။ ဖတ်နေရင် ခံစားမိတာပါ။

ကျောင်းထုတ်ခံရတော့ အိမ်ကိုလည်းမပြန်ချင်ဘူး။ လျှောက်လှိမ့်နေတာ။ ဟိုဟာလုပ်ချင်တယ် ဒီဟာလုပ်ချင်တယ်နှင့် တကယ်လုပ်ရဲတာလည်းရှိတာမဟုတ်ဘူး။ (လူငယ်တိုင်းလိုလိုရဲ့ ပြဿနာ)

လိမ္မာလားဆိုတော့ မလိမ္မာဘူး။ မိုက်တဲ့လူငယ်လားဆိုတော့လည်း သူ့ကြည့်ရတာမိုက်ဖို့တောင် သတ္တိတောင်မရှိသေးဘူး။

ဟိုမလည်းမရောက် ဒီလည်းမရောက်လူငယ်တစ်ယောက်ရဲ့ ဘဝကို လူငယ်ဆန်ဆန်အရေးအသားနှင့် ရေးထားတာကို ပြောင်မြောက်တဲ့သာသာပြန်ဆရာရဲ့ လက်ရာပေါင်းကြည့်တဲ့အခါ ရလိုက်တဲ့ရသက အဖုံဖုံမို့ မဖတ်ရသေးတဲ့သူတွေရှိရင် ဖတ်လို့ကောင်းတဲ့စာအုပ်တစ်အုပ်ပါ။

ဖတ်ပြီးသွားရင်တော့ ဝေလည်လည်ဖြစ်နေတာ ငါတစ်ယောက်တည်းတော့မဟုတ်ဘူး ဆိုပြီး Motivation ရကောင်းရနိုင်ပါတယ်။

ရေးချင်တာကတော့ ဒီလောက်ပါပဲ။
ပိုသိချင် ပိုခံစားစီးမျှောချင်ရင် ကိုယ်တိုင်ဝယ်ဖတ်ပါ။

အရင်တုန်းက နှစ်ကူးချိန်ဆို ည ၁၂ နာရီထိ မအိပ်ပဲစောင့်ချင်တယ်တစ်ချို့နှစ်တွေဆို တစ်ညလုံးမအိပ်ပဲသူငယ်ချင်းတွေနှင့် ကဲဖူးတယ်...
01/01/2021

အရင်တုန်းက နှစ်ကူးချိန်ဆို
ည ၁၂ နာရီထိ မအိပ်ပဲစောင့်ချင်တယ်
တစ်ချို့နှစ်တွေဆို တစ်ညလုံးမအိပ်ပဲ
သူငယ်ချင်းတွေနှင့် ကဲဖူးတယ်။
အဲဒီအချိန်တုန်းကလည်းတစ်မျိုးပျော်ခဲ့ရတယ်။

အခုတော့ နှစ်သစ်ရဲ့ပထမဆုံးမနက်မှာ
လန်းလန်းဆန်းဆန်းနှင့် အိပ်ယာကထရတာကိုပိုနှစ်သက်မိတယ်။ ဒီလို လန်းလန်းဆန်းဆန်းကြိုဆိုရတာကိုတော့ ပိုကြေနပ်မိတယ်။

ဘာပဲဖြစ်ဖြစ် နှစ်တစ်နှစ်ရဲ့အစကို
ပျော်ပျော်ရွှင်ရွှင်နှင့် ကိုယ့်စိတ်ကြိုက်
ဖြတ်သန်းခွင့်ရတာကိုပဲ ကျေနပ်တယ်။

ဘာရယ်မဟုတ်ပါဘူး။
Happy New Year လို့ နုတ်မဆက်ရသေးလို့
လာနုတ်ဆက်တာ။
အားလုံးပဲ နှစ်သစ်မှာ
ကိုယ်၏ကျန်းမာခြင်း
စိတ်၏ချမ်းသာခြင်းတွေနှင့်အတူ
လိုအင်မှန်သမျှပြည့်စုံနိုင်ကြပါစေ။

ရိုသေခံချင်ရင် ရိုသေထိုက်အောင်နေပါ။ အတင်းအကြပ်မယူချင်ပါနှင့်။ ဘယ်သူ့ကိုရိုသေရမယ်ဘယ်သူ့ကိုလေးစားရမယ် ဆိုတာနှင့်ပတ်သက်ပြီး...
09/21/2020

ရိုသေခံချင်ရင် ရိုသေထိုက်အောင်နေပါ။ အတင်းအကြပ်မယူချင်ပါနှင့်။

ဘယ်သူ့ကိုရိုသေရမယ်
ဘယ်သူ့ကိုလေးစားရမယ် ဆိုတာနှင့်ပတ်သက်ပြီး
လူတိုင်းမှာကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိပါတယ်။

Address

Clarkston, GA

Alerts

Be the first to know and let us send you an email when SIAN SMART posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SIAN SMART:

Share