Playz Entertainment

09/17/2026

သရဲ မင်္ဂလာဆောင်

09/16/2026

ကွယ်လွန်သွားတဲ့မိန်းမအတွက်

ဒီပုံက ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ မြောင်းဖုံးတွေ ခိုးယူခံနေရတာတွေကြောင့် လူတွေမတော်တဆ ပြုတ်ကျမှုမဖြစ်စေဖို့ လုံခ...
09/15/2026

ဒီပုံက ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ မြောင်းဖုံးတွေ ခိုးယူခံနေရတာတွေကြောင့် လူတွေမတော်တဆ ပြုတ်ကျမှုမဖြစ်စေဖို့ လုံခြုံရေးပိုက်ကွန်တွေ တပ်ဆင်ပေးထားတာပါ။

ဒီပိုက်ကွန်တွေက အဖုံးမရှိတဲ့ မြောင်းတွေထဲ အထူးသဖြင့် ကလေးတွေ ပြုတ်ကျမသွားအောင် အရန်ကာကွယ်မှုအဖြစ် အသုံးပြုထားတာပါ။

ဘာလိုလဲဆိုတော့ မြောင်းဖုံးတွေက အသစ်ပြန်လာတပ်ပေးရင်လည်း ပြန်ခိုးခံတာကြောင့်ပဲဖြစ်ပါတယ်။

ဒါကြောင့် ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ် မာရီယမ် နာဝါဇ်က လမ်းတွေ၊ ရပ်ကွက်တွေနဲ့ အဓိကလမ်းမကြီးတွေမှာ ခိုင်ခံ့တဲ့ အဖုံးတွေနဲ့ အရည်အသွေးကောင်း လုံခြုံရေးပိုက်ကွန်တွေပါ တပ်ဆင်ဖို့ ညွှန်ကြားထားခဲ့တာပါ။

လူမှုကွန်ရက်အသုံးပြုသူတချို့ကတော့ ဒီစနစ်ကို “ 2-Factor Authentication” လို့ ဟာသလုပ်ခေါ်ကြပေမယ့်၊ တချို့ကတော့ အန္တရာယ်ရှိတဲ့ ဒီလိုအပေါက်တွေကို ဒီလို ကုန်ကျစရိတ်နည်းနည်းနဲ့ ကာကွယ်ထားတာက ဘာမှမလုပ်ထားတာထက် ပိုကောင်းတယ်လို့ ထောက်ခံခဲ့ကြပါတယ်။

09/15/2026

ပုရွက်ဆိတ်တွေဆောက်ပေးတဲ့ သင်္ချိုင်း

09/14/2026

လူပျိုကြီးရဲ့အချစ်ဇာတ်လမ်း

အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ်က နေ့စားအလုပ်သမားတစ်ဦးဖြစ်တဲ့ Bapurao Tajne ဟာ သူ့ဇနီး ရေခပ်ဖို့သွားတဲ့အခါ ရေခပ်ခွင့်မ...
09/14/2026

အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ်က နေ့စားအလုပ်သမားတစ်ဦးဖြစ်တဲ့ Bapurao Tajne ဟာ သူ့ဇနီး ရေခပ်ဖို့သွားတဲ့အခါ ရေခပ်ခွင့်မရဘဲ အရှက်ခွဲခံခဲ့ရတဲ့ ဖြစ်ရပ်ကြောင့် အလွန်စိတ်မကောင်းဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် သူက အငြင်းပွားဖို့ မရွေးချယ်ခဲ့ပါဘူး။ အဲဒီအစား သူ့အိမ်နားက မြေနေရာတစ်ခုကို ရွေးပြီး ကိုယ်တိုင် ရေတွင်းတူးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အထူးသဖြင့် ရေတွေ့မယ်ဆိုတာ ဘယ်သူမှ အာမခံထားတာမရှိပါဘူး။ အနီးအနားက ရေတွင်းတွေက ခြောက်သွေ့နေခဲ့တာကြောင့် ရွာသားတချို့ကလည်း သူ့ကို မဖြစ်နိုင်တဲ့အလုပ် လုပ်နေတယ်လို့ လှောင်ပြောင်ခဲ့ကြပါတယ်။

ဒါပေမယ့် Bapurao က မရပ်ခဲ့ပါဘူး။ နေ့စဉ် အလုပ်မသွားခင် လေးနာရီလောက် တူးပြီး အလုပ်ကပြန်ရောက်တဲ့အခါ နောက်ထပ် နှစ်နာရီလောက် ဆက်တူးခဲ့ပါတယ်။ စက်ယန္တရားမရှိဘဲ တူးဆွနဲ့ ကိုယ်တိုင် မြေကြီးနဲ့ ကျောက်တွေကို ဖောက်ပြီး တဖြည်းဖြည်း အနက်ထဲဆင်းခဲ့တာပါ။

ဒီလိုနဲ့ ရက်ပေါင်း ၄၀ ခန့် တူးပြီးတဲ့အချိန်မှာတော့ နောက်ဆုံး ရေထွက်လာခဲ့ပါတယ်။

အနက် ၁၅ ပေခန့်ရှိတဲ့ အဲဒီရေတွင်းဟာ သူ့မိသားစုတစ်စုတည်းအတွက်သာ မဟုတ်ဘဲ ရွာက မိသားစုတွေအတွက်ပါ ရေအသုံးပြုနိုင်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဇနီးသည် ရေတစ်ပုံးရဖို့တောင် အခက်အခဲကြုံခဲ့ရတဲ့နေ့က စတင်ခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ နောက်ဆုံးမှာ လူအများအတွက် ရေအရင်းအမြစ်တစ်ခု ဖြစ်လာခဲ့တာပါ။

တစ်ခါတလေ အခက်အခဲတစ်ခုကို ရင်ဆိုင်ရတဲ့အခါ ပြန်လည်တိုက်ခိုက်ဖို့ထက် ကိုယ်တိုင် ဖြေရှင်းချက်တစ်ခု ဖန်တီးလိုက်တာက ပိုပြီး အဓိပ္ပာယ်ရှိနိုင်ပါတယ်။

တစ်နေ့နေ့မှာ အခုခေတ်လူသားတွေ ပျောက်ကွယ်သွားပြီး နှစ်ပေါင်းတစ်ထောင်လောက်ကြာတဲ့အခါ ရှေးဟောင်းသုတေသနပညာရှင်တွေက ပင်လယ်အောက်...
09/13/2026

တစ်နေ့နေ့မှာ အခုခေတ်လူသားတွေ ပျောက်ကွယ်သွားပြီး နှစ်ပေါင်းတစ်ထောင်လောက်ကြာတဲ့အခါ ရှေးဟောင်းသုတေသနပညာရှင်တွေက ပင်လယ်အောက်မှာ ထူးဆန်းတဲ့ ကြေးရုပ်တုတစ်ခုကို ရှာတွေ့လာခဲ့ရင် သူတို့ ဘယ်လိုထင်ကြမလဲ။

ဒီမေးခွန်းကို တကယ်အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တဲ့ အမေရိကန်အနုပညာရှင်တစ်ယောက် ရှိပါတယ်။

Seattle မြို့အခြေစိုက် အနုပညာရှင်နဲ့ YouTuber Sunday Nobody ဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ အမြင့် ၃ မီတာခန့်ရှိတဲ့ ကြေးရုပ်တုတစ်ခုကို ဖန်တီးခဲ့ပါတယ်။

ဒီရုပ်တုကတော့ လူတော်တော်များများ သိကြတဲ့ SpongeBob ဇာတ်ကောင် Handsome Squidward ရဲ့ မျက်နှာကို ရှေးဂရိခေတ်က နာမည်ကျော် Discobolus ရုပ်တုရဲ့ ကိုယ်ဟန်အနေအထားနဲ့ ပေါင်းစပ်ဖန်တီးထားတာပါ။

ပြီးတော့ ရုပ်တုထုပြီးရုံနဲ့ အိမ်မှာထားမနေဘဲ ဂရိနိုင်ငံ Halkidiki ကျွန်းဆွယ်ဘက်ကို သယ်ဆောင်သွားပြီး Aegean ပင်လယ်ထဲကို တကယ်နစ်မြှုပ်လိုက်ပါတယ်။

ဒီပရောဂျက်တစ်ခုလုံးအတွက် ဒေါ်လာ ၂၅,၀၀၀ ဝန်းကျင် ကုန်ကျခဲ့ပြီး ကြေးရုပ်တုကြီးဟာ အလေးချိန် ပေါင် ၅၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။

ရုပ်တုကို ပင်လယ်ထဲချတဲ့အချိန်မှာတော့ သူနဲ့အဖွဲ့က ရုပ်တုကို ရာဘာလှေတွေနဲ့ ရေပေါ်မှာ သယ်ဆောင်ပြီး ကမ်းကနေ အနည်းငယ်ဝေးတဲ့နေရာအထိ ရောက်အောင် သွားခဲ့ပါတယ်။

နောက်ဆုံးမှာ ချည်ထားတဲ့ကြိုးတွေကို ဖြတ်ချလိုက်တဲ့အခါ ရုပ်တုဟာ ပင်လယ်အောက်ကို မီတာ ၉ ခန့် နစ်မြုပ်သွားခဲ့ပြီး အံ့သြစရာကောင်းတာက ပင်လယ်ကြမ်းပြင်ပေါ်မှာ မတ်တပ်ရပ်တဲ့ပုံစံနဲ့ ကျသွားခဲ့ပါတယ်။

သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးရှင်းရှင်းပါပဲ။

အနာဂတ်က ရှေးဟောင်းသုတေသနပညာရှင်တွေ ဒီရုပ်တုကို ရှာတွေ့တဲ့အခါ “ဒါဘာကြီးလဲ” ဆိုပြီး ဦးနှောက်ခြောက်သွားစေချင်တာပါ။

ဒါပေမယ့် သူက ပင်လယ်ပတ်ဝန်းကျင်ကို ထိခိုက်စေချင်တာတော့ မဟုတ်ပါဘူး။ ရုပ်တုကို ပင်လယ်ထဲမချခင် ကြေးထည်က ဆားငန်ရေထဲမှာ အချိန်ကြာကြာခံနိုင်မလားဆိုတာနဲ့ ရေသတ္တဝါတွေနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်မလားဆိုတာတွေကို ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် အင်တာနက်အသုံးပြုသူတွေကတော့ သူ့အစီအစဉ်မှာ အကြီးမားဆုံးပြဿနာတစ်ခုရှိတယ်လို့ ထောက်ပြခဲ့ကြပါတယ်။

အခုခေတ်က လူသားသမိုင်းမှာ အချက်အလက်အများဆုံး မှတ်တမ်းတင်ထားတဲ့ခေတ်ဖြစ်လို့… အနာဂတ်လူတွေက ဒီရုပ်တုကို ရှာတွေ့ခဲ့ရင်တောင် ဘယ်သူလုပ်ခဲ့တာလဲ၊ ဘာကြောင့်လုပ်ခဲ့တာလဲဆိုတာ အင်တာနက်မှတ်တမ်းတွေကနေ ပြန်ရှာတွေ့နိုင်ဖို့ အလားအလာများနေတာပါ။

ဒါပေမယ့် Sunday Nobody အတွက်တော့ ဒါက အရေးမကြီးပါဘူး။ သူက တကယ်ပဲ အနာဂတ်သိပ္ပံပညာရှင်တွေကို လှည့်စားနိုင်မယ်လို့ မမျှော်လင့်ထားဘဲ လူတွေကို ရယ်မောစေဖို့နဲ့ “ကျွန်တော်တို့ခေတ်က ဘာတွေကို အနာဂတ်အထိ ချန်ထားခဲ့မလဲ” ဆိုတဲ့အတွေးကို ဖြစ်စေချင်တာပါ။

သူ့ရဲ့ ထူးဆန်းတဲ့ပရောဂျက်တွေထဲမှာလည်း ဒါတစ်ခုတည်းမဟုတ်ပါဘူး။ အရင်ကလည်း Flamin' Hot Cheetos ပုံစံ ဧရာမအုတ်ဂူကြီးတစ်ခု ဖန်တီးတာ၊ Shrek ဇာတ်ညွှန်းတစ်ခုလုံးကို စက်နဲ့ လက်ရေးလိုက်ရေးစေတာ၊ Bee Movie ကို အခြေခံထားတဲ့ ဧရာမ maze တစ်ခု ဖန်တီးတာမျိုးတွေ လုပ်ခဲ့ဖူးပါတယ်။

အခုတော့ သူဖန်တီးထားတဲ့ Handsome Squidward ကြေးရုပ်တုကြီးက ဂရိနိုင်ငံ Aegean ပင်လယ်အောက်မှာ တကယ်ရှိနေပါပြီ။

ဒီနေ့ကနေ နှစ်ပေါင်းတစ်ထောင်ကြာပြီး တစ်နေ့နေ့မှာ တစ်ယောက်ယောက်က ဒီရုပ်တုကို ရှာတွေ့ခဲ့မယ်ဆိုရင်တော့

“လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်က လူသားတွေ ဘာကြောင့် ဒီလိုရုပ်တုကြီးကို ပင်လယ်ထဲချထားတာလဲ” ဆိုပြီး တကယ်ပဲ ဦးနှောက်ခြောက်ရမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်မှာ ကျောင်းသားကလေးတွေရဲ့ အသက်ကို ကိုယ့်အသက်ထက် ပိုဦးစားပေးခဲ့တဲ့ ကျောင်းယာဉ်မောင်းတစ်ဦးရ...
09/13/2026

အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်မှာ ကျောင်းသားကလေးတွေရဲ့ အသက်ကို ကိုယ့်အသက်ထက် ပိုဦးစားပေးခဲ့တဲ့ ကျောင်းယာဉ်မောင်းတစ်ဦးရဲ့ ဖြစ်ရပ်က လူအများရဲ့ စိတ်ကို ထိခိုက်စေခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှာ အသက် ၄၉ နှစ်အရွယ် ကျောင်းကားယာဉ်မောင်း ဆီမာလိုင်ယပ်ပန်ဟာ ကျောင်းသားကလေး ၂၀ ခန့်ကို ကျောင်းကနေ အိမ်ပြန်ပို့ပေးနေခဲ့ပါတယ်။

လမ်းပေါ်မှာကားကို မောင်းနှင်နေစဉ် ရုတ်တရက် ရင်ဘတ်အောင့်ပြီး ကျန်းမာရေးအရေးပေါ်အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့အတွက် အန္တရာယ်အလွန်များနေပြီဖြစ်ပေမယ့် ကားထဲမှာ ကလေးတွေရှိနေတယ်ဆိုတာကို မမေ့ခဲ့ပါဘူး။

သူဟာ နောက်ဆုံးခွန်အားကို အသုံးပြုပြီး ကားကို လမ်းဘေးမှာ အန္တရာယ်ကင်းကင်း ရပ်တန့်နိုင်အောင် ထိန်းချုပ်ခဲ့ပါတယ်။ ကလေးတွေအတွက် အန္တရာယ်မရှိတော့မှသာ သူကိုယ်တိုင် ကားထဲမှာ လဲကျသွားခဲ့ပါတယ်။

နောက်ပိုင်းမှာ သူ့ကို ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမယ့် ဆရာဝန်တွေက ရောက်ရှိချိန်မှာပဲ အသက်ဆုံးရှုံးနေပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ သူ့အလုပ်ကို ရိုးရိုးလုပ်ဆောင်ခဲ့တာထက် ပိုပြီး အဓိပ္ပါယ်ရှိခဲ့ပါတယ်။ ကိုယ်တိုင် အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာတောင် ကားထဲက ကလေးတွေရဲ့ ဘေးကင်းရေးကို အရင်ဆုံး စဉ်းစားပြီး သူလုပ်နိုင်သမျှ နောက်ဆုံးအချိန်အထိ လုပ်ဆောင်ပေးခဲ့တာပါ။

သူ့ရဲ့ နောက်ဆုံးလုပ်ရပ်ကြောင့် ကလေးတွေ ဘေးကင်းခဲ့ကြပြီး သူ့မိသားစုအတွက်လည်း တမီလ်နာဒူးပြည်နယ်ဝန်ကြီးချုပ် အမ်ကေ စတာလင်က ရူပီးငါးသိန်း ထောက်ပံ့ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

တချို့သူရဲကောင်းတွေဟာ သူတို့လုပ်ခဲ့တဲ့ ကောင်းမှုကို ကိုယ်တိုင်မြင်တွေ့ခွင့်တောင် မရခဲ့ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ နောက်ဆုံးလုပ်ရပ်ကတော့ သူတို့အသက်ရှင်နေခဲ့တဲ့အချိန်ထက်တောင် ပိုပြီး အဓိပ္ပါယ်ရှိနေတတ်ပါတယ်။ ဒီယာဉ်မောင်းရဲ့ နောက်ဆုံးအချိန်ကလည်း အဲဒီလို ဖြစ်ရပ်တစ်ခုပါပဲ။

09/12/2026

ဒီနေ့ အပြင်မှာ သွားစားကြမယ်

တစ်စုံတစ်ယောက် လမ်းပေါ်မှာ လဲကျနေတာတွေ့ရင် အများစုက အရင်ဆုံး ကူညီပေးဖို့ပဲ စဉ်းစားကြမှာပါ။ ဒါပေမယ့် တရုတ်နိုင်ငံမှာတော့ ...
09/11/2026

တစ်စုံတစ်ယောက် လမ်းပေါ်မှာ လဲကျနေတာတွေ့ရင် အများစုက အရင်ဆုံး ကူညီပေးဖို့ပဲ စဉ်းစားကြမှာပါ။ ဒါပေမယ့် တရုတ်နိုင်ငံမှာတော့ ကူညီပေးခဲ့တဲ့ ဆယ်ကျော်သက် မိန်းကလေး ၂ ယောက်အတွက် ဒီလိုလုပ်ပေးလိုက်တာက မမျှော်လင့်ထားတဲ့ ဥပဒေရေးရာပြဿနာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့က တရုတ်နိုင်ငံ Fujian ပြည်နယ်၊ Putian မြို့မှာ ဖြစ်ခဲ့တာပါ။

အသက် ၇၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ စက်ဘီးစီးလာရင်း လမ်းကွေ့အနီးမှာ ကားတစ်စီးထွက်လာတာကို ရှောင်ဖို့ကြိုးစားရင်း လဲကျသွားခဲ့ပါတယ်။

CCTV မှတ်တမ်းတွေကို စစ်ဆေးကြည့်တဲ့အခါ ကားနဲ့ အမျိုးသမီးကြားမှာ တိုက်မိမှုမရှိခဲ့သလို၊ အဲဒီအချိန် အနီးကဖြတ်သွားတဲ့ ဆယ်ကျော်သက် ၂ ယောက်ရဲ့ လျှပ်စစ်စက်ဘီးနဲ့လည်း တိုက်မိခြင်း မရှိခဲ့ပါဘူး။

အဲဒီဆယ်ကျော်သက် ၂ ယောက်ကတော့ လမ်းပေါ်မှာ လဲကျနေတဲ့ အမျိုးသမီးကိုတွေ့တဲ့အခါ ခဏရပ်ပြီး သူမကို ထူပေးခဲ့ကြသလို လဲကျနေတဲ့ စက်ဘီးကိုလည်း ပြန်တည့်ပေးခဲ့ကြပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ အမျိုးသမီးဘက်က သူမ လဲကျရတဲ့အကြောင်းရင်းဟာ ဆယ်ကျော်သက် ၂ ယောက်ရဲ့ လျှပ်စစ်စက်ဘီးက ရုတ်တရက် အနီးကိုရောက်လာတာကြောင့် လန့်ပြီး ဟန်ချက်ပျက်သွားတာလို့ ဆိုခဲ့ပါတယ်။

ယာဉ်ထိန်းရဲကလည်း ဒီဖြစ်ရပ်ကို “ထိတွေ့တိုက်မိမှုမရှိတဲ့ ယာဉ်မတော်တဆမှု” အဖြစ် သတ်မှတ်ခဲ့ပြီး စက်ဘီးစီးတဲ့ မိန်းကလေးတစ်ဦးမှာ တစ်စိတ်တစ်ပိုင်းတာဝန်ရှိတယ်လို့ သတ်မှတ်ခဲ့ပါတယ်။ နောက်တစ်ဦးကတော့ တာဝန်မရှိဘူးလို့ သတ်မှတ်ခံခဲ့ရပါတယ်။

အဲဒီနောက် အမျိုးသမီးက ဆယ်ကျော်သက် ၂ ယောက်နဲ့ သူတို့ရဲ့ အုပ်ထိန်းသူတွေထံကနေ ယွမ် ၂၂၄,၃၀၇ ကျော်၊ မြန်မာငွေ သိန်း ၁၅၀၀ ဝန်းကျင်နဲ့ညီမျှတဲ့ လျော်ကြေးငွေကို တောင်းဆိုပြီး တရာစွဲခဲ့ပါတယ်။

တောင်းဆိုမှုထဲမှာ ဆေးကုသစရိတ်၊ သူနာပြုစရိတ်၊ အာဟာရစရိတ်၊ မသန်စွမ်းမှုလျော်ကြေးနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် လျော်ကြေးတွေ ပါဝင်ခဲ့ပါတယ်။

ဒီသတင်းဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားပြီးနောက် “လမ်းပေါ်မှာ ဒုက္ခရောက်နေသူကို ကူညီပေးရင်တောင် ကိုယ်တိုင်ပြဿနာတက်နိုင်ပြီလား” ဆိုပြီး တရုတ်နိုင်ငံအတွင်း အငြင်းပွားမှုတွေ ပြင်းထန်လာခဲ့ပါတယ်။

ဆယ်ကျော်သက်တစ်ဦးရဲ့ မိခင်ကလည်း ဒီဖြစ်ရပ်ကြောင့် သမီးဖြစ်သူ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြီးမားခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီအမှုမှာ နောက်ဆုံးထူးခြားတဲ့အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ အမျိုးသမီးဘက်က တရားစွဲဆိုမှုကို ပြန်လည်ရုပ်သိမ်းခဲ့တာကြောင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ တရားရုံးကြားနာမှုလည်း မပြုလုပ်ဖြစ်တော့ပါဘူး။ ဒါကြောင့် ယွမ် ၂၂၄,၃၀၇ ကျော်ကို ဆယ်ကျော်သက် ၂ ယောက်က ပေးလိုက်ရတာမျိုးတော့ မရှိပါဘူး။

ဒီဖြစ်ရပ်ကတော့ ကူညီပေးလိုတဲ့ စိတ်ကောင်းတစ်ခုနဲ့ ဥပဒေရေးရာအငြင်းပွားမှုတွေကြားမှာ ဘယ်လောက်အထိ ရှုပ်ထွေးနိုင်သလဲဆိုတာကို ပြသခဲ့တဲ့ ဖြစ်ရပ်တစ်ခုအဖြစ် တရုတ်နိုင်ငံမှာ အတော်လေး လူပြောများခဲ့ပါတယ်။

Address

Clifton Park, NY
07012

Website

Alerts

Be the first to know and let us send you an email when Playz posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category