Lavender poems

Lavender poems 🌷🖤 When i shut my mouth and turn to 🖤🌷

🌷walkaway, it doesn’t mean you’ve won🌷

10/27/2025

🌷🍀 ဒီနေ့လည်းသိသင့်တယ်ထင်တဲ့ motivation tips လေးတွေကိုမျှဝေပေးပါရစေ🌷🍀

၁🍀 သင်ဂရုမစိုက်လေ၊ သင်ပိုပျော်ရွှင်ရလေပါပဲ၊ တခါတလေ လိုအပ်တာထက်ပိုပြီးအလေးနက်ထားလွန်းတဲ့အခါ နောက်ဆုံးနာကျင်ရမယ့်သူကကိုယ်ဆိုတာမမေ့ပါနဲ့၊ အဆိုအကောင်းဒွန့်တွဲးတဲ့သဘာဝတရာကြီးကိုမျှပြီးစိတ်ထားတတ်တာဟာကိုယ့်ကိုကိုယ်ကာကွယ်ခြင်းတစ်မျိုးပါ🩷
၂🌷🍀 သင့်အကြောင်းကို ကောလာဟလဘဲလုပ်ပြောချင်နေတဲ့သူမှာ သင့်ကောင်းကြောင်းပြောဖို့ရှိလာမှာမဟုတ်ဘူးပါ၊အဲတော့ကိုယ့်ကိုအမြဲဝေဖန်တိုက်ခိုက်နေတဲ့လူတစ်ချို့ကိုခွင့်ပြုပေးလိုက်ပါ၊သူတို့ရဲ့ mindsetကိုကဒီလောက်ဘဲရှိလို့ပါ၊ကိုယ့်ဘဝအတွက်ဆုံးကြိုးစားပြီးတောက်ပပြရမှာကမင်းတာဝန်ပါ
၃🌷🍀 ပြဿနာတွေကို အာရုံစိုက်လွန်းတဲ့အခါ ပြဿနာတွေဘဲပိုများလာလိမ့်မယ်၊ အဲတော့ပြဿနာတွေနဲ့ကြုံရတဲ့အခါအကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းတခုကိုဘဲအရင်စဉ်းစားပါ၊ ပြဿနာ ၃,၄ ခုဖြစ်နေရင်အားလုံးတခါတည်းရှင်းဖို့တော့မလွယ်ပါ၊ ဒါပေမဲ့ပြဿနာတစ်ခုရှင်းရင်းကျန်တဲ့၂ခုကိုပါလျော့နည်းအောင်လုပ်နိုင်ပါတယ်၊ အဓိကကိုယ်ရဲ့ရင့်ကျက်တည်ငြိမ်မှုနှင့်ဖြေရှင်းနည်းပါ၊ အကောင်းဘက်ကနေဘဲအာရုံစိုက်ဖြေရှင်းတဲ့အခါအခွင့်အလမ်းတွေ ပိုမြင်လာလိမ့်မယ်🩷
၄🌷🍀 အရာအားလုံးကို ကိုယ်ရေးကိုယ်တာလို့ မယူဆပါနဲ့၊ အလုပ်ခွင်မှာဖြစ်ဖြစ် လူမှုအသိုင်းဝိုင်းမှာဖြစ်ဖြစ် တခုခုဆိုကိုယ့်ကြောင့်လို့တွေးနေသူတွေရှိပါတယ်၊ဒီလိုလုပ်တာကတစ်ခြားသူတွေကိုယ့်ပေါ်လေးစားခြင်းကိုဆုံးရှုံးနိုင်သလို၊ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်းပျောက်ဆုံးနိုင်လို့ပါ၊အများနဲ့ကိစ္စကိုအများနှင့်အတူရှင်းလင်းပါ၊ မင်းရဲ့ကိုယ်ရေးကိုယ်ရေးကိုယ်တာနဲ့မဆိုင်တာကိုသတိပြုပါ🩷
၅🌷🍀 ဆက်သွယ်မှု အားနည်းတာက ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပျက်စီးစေနိုင်ပါတယ်၊ ဒီလိုပြောတာလူတကာနဲ့လိုက်ရောနေဖို့မဆိုလိုပါ၊ ကိုယ်ချစ်ခင်တဲ့သူတွေနဲ့ဆက်ဆံရေးကိုတန်ဖိုးထားဖို့ပါ၊ သူတို့အရင်စခေါ်မှဆိုတဲ့စိတ်ကကိုယ့်မိတ်ဆွေကောင်းတွေကိုဆုံးရှုံးစေနိုင်ပါတယ်၊ တကယ်ချစ်ခင်သူတွေဆီကနေအရင်ခေါ်ဖို့ကြီးဘဲမစောင့်ပါနဲ့ ကိုယ့်ဘက်ကလည်းစဆက်သွယ်ပြီးသာကြောင်းမာကြောင်းမေးမြန်းပါ🩷
၆🌷🍀ကိုယ့်အတွင်းရေးကိစ္စကိုအလွန်အကျွံ မမျှဝေပါနဲ့၊ကိုယ့်အတွင်းရေးနဲ့ပတ်သက်ရင်ပြောသင့်တာနဲ့မပြောသင့်တာကိုကိုယ်တိုင်ခွဲးခြားပါ၊လျှို့ဝှက်အပ်တဲ့အတွင်းရေးကိုဝေမျှမိတဲ့အခါမလိုအပ်တဲ့အန္တရာယ်တွေကိုလက်ကမ်းပေးနေမိတယ်ဆိုတာသတိပြုပါ၊ မနာလိုနေတဲ့သူကကိုယ်နဲ့အနီးဆုံးလူလည်းဖြစ်နိုင်လို့ပါ🩷

#💜JH💜


#

10/25/2025

🙅‍♀️❗️ဒီအရာတွေကိုသိထားတယ်ဆိုရင်တစ်နေ့မှာအသက်အန္တရာယ်ကနေသင့်ကိုသင့်ကာကွယ်နိုင်ပါတယ်🙅‍♀️❗️

၁🔺 အကြောင်းတစ်ခုခုကြောင့်သင့်ခေါင်းထိပြီး အိပ်
ချင်သလိုဖြစ်ရင် လုံးဝမအိပ်လိုက်ပါနဲ့၊ ဘာလို့လဲဆိုတော့ သင်အမှန်တကယ်သေသွားနိုင်ပါတယ်တဲ့
၂🔺 သင့်အိမ်မှာ ဓာတ်ငွေ့နံ့ရရင် မီးခလုတ်တွေကို ဖွင့်တာ ပိတ်တာမလုပ်ပါနဲ့ - ချက်ချင်းအပြင်ထွက်ပြီး အကူအညီတောင်းပါ၊
၃🔺 မိုးအုံ့ပြီးလျှပ်စီးတွေလက်နေတဲ့ချိန် သင့်
ဆံပင်တွေ ရုတ်တရက် ထောင်ထသလိုမျိုးဖြစ်သွားရင် (ကြက်သီးထသလိုမျိုး) လုံခြုံတဲ့နေရာကိုအမြန်ပြေးပါ မိုးကြိုးပစ်ခံရနိုင်လို့ပါ
၄🔺 ယေဘုယျအားဖြင့် အရောင်အသွေးစုံလင်တဲ့ တိရစ္ဆာန်တွေ ပိုပေါလေ၊ အဆိပ်သင့်နိုင်ခြေ ပိုများလေပါပဲ၊ အတတ်နိုင်ဆုံးသူတို့ကိုပွတ်သပ်ထိတွေ့တာမျိုးကိုရှာင်ပါ၊ တစ်ချို့ကတိရိစ္ဆာန်ကိုတွေ့တာနဲ့ထိတွေပွတ်သပ်ကြပါတယ်၊ဒါပေမဲ့ကိုယ့်ကျန်းမာရေးလုံခြုံမှုကလည်းပိုအရေးကြီးပါတယ်
၅🔺 တကယ်လို့အကြောင်းကြောင်း ကြောင့်သင့်ကား ရေထဲကျသွားရင် တံခါးအစား ပြတင်းပေါက်ကို ချက်ချင်းဖွင့်ပါ၊ ရေဖိအားကြောင့် တံခါးတွေ ဖွင့်လို့မရအောင် ဖြစ်တတ်ပါတယ်၊

#💜JH💜

10/24/2025

10/24/2025

👩‍❤️‍👨မိသားစုအတွင်းစောင့်ထိန်းအပ်တဲ့စည်းမျဉ်းတစ်ချို့ကို motivation tips အနေနဲ့ဖော်ပြပေးပါရစေ👩‍❤️‍👨

၁👩‍❤️‍👨 မိသားစုအတွင်းသဘောထားကွဲလွဲနေချိန်တွင်
ပင် လေးစားမှုဖြင့် ပြောဆိုနိုင်အောင်ကြိုးစားပါ ဒေါသနှင့်ဖြေရှင်းပြီးရလာတဲ့ကောင်းကျိုးဆိုတာလောကမှာမရှိပါဘူး အမြင်မတူတာတွေကိုသဘာဝတရာလို့လက်ခံနိုင်ရပါမယ် အထူးသဖြင့်မိသားစုအတွင်းမှာပါ🌷🫰
၂👩‍❤️‍👨 သူစိမ်းတွေကြားမှာ မိသားစုအချင်းချင်းကာကွယ်ပါ၊ ဒါကမိသားစုဝတ္တရားပါ၊ အပြင်လူတွေရှေ့မှာမိသားစုရဲ့ငယ်ကျိုးငယ်နာဖော်တာဟာအင်မတန်မှရှက်ဖို့ကောင်းပါတယ်၊မိသားစုအချင်းချင်းကြားစိတ်နာစေတဲ့လုပ်ရပ်တွေထဲထိပ်ဆုံးအချက်မှာပါပါတယ်၊ ​​ထောက်ပြပြုပြင်စေချင်တဲ့ကိစ္စတွေကိုမိသားစုသီးသန့်ချိန်တွင် ပွင့်ပွင့်လင်းလင်းထောက်ပြအကြံပြုပါ🌷🫰
၃👩‍❤️‍👨 မိသားစုထမင်းလက်ဆုံစားတဲ့အကျင့်ကမိသားစုနွေးထွေမှုအများကြီးကိုစွမ်းဆောင်နိုင်ပါတယ်၊ ဝမ်းချင်းဆုံဖို့မလွယ်လို့ကိုယ်ဆာရင်ကိုယ့်ဟာကိုယ်စားဆိုတဲ့အကျင့်ကရေရှည်မိသာစုသွေးအေးဖို့တွန်းအားပေးနိုင်ပါတယ်၊ အခုခေတ်အခြေနေအရအလုပ်ကြောင့်ဘာကြောင့်ဆိုတာရှိလို့နေ့တိုင်းအတူမစားနိုင်လည်း၂,၃ ရက်တစ်ကြိမ် အတူတူစားနိုင်
အောင်လုပ်သင့်ပါတယ်၊ မိသားစုရဲ့နွေးထွေးမှုနှင့်
စည်းလုံးခြင်းကို စားပွဲမှ ချိတ်ဆက်မှုစတင်ပါတယ်တဲ့🫰🌷
၄👩‍❤️‍👨 မြန်မြန်တောင်းပန်ပါ - မာနသည် အမှားတွေ
ထက် အချစ်လျော့လာဖို့ ဆက်ဆံရေးအေးစက်ဖို့ပိုမိုမြန်ဆန်ထိရောက်စေနိုင်ပါတယ်၊ တစ်ချို့ဆက်ဆံရေးတွေအေးစက်သွားတာ၊ ပြတ်စဲသွားတာမချစ်တော့လို့မဟုတ်ဘဲ မာနကြောင့်ပါ၊ မိသားစုကောင်းကျိုးအတွက်မာနရိုက်ချိုးနိုင်ဖို့လိုပါတယ်၊ အဲတော့အရင်တောင်းပန်ဖို့ဝန်မလေးပါနဲ့၊ အရင်တောင်းပန်တဲ့သူကပိုပြီးစိတ်ဓာတ်လှပသူပါ🫰🌷
၅👩‍❤️‍👨 မိသားစုတွေဆုံပြီးစကားစမြည်ပြောချိန်ဖုန်းကိုဝေးဝေးထားပါ - အခုခေတ်ကအရင်ခေတ်လိုမဟုတ်တော့လို့မိသားစုတွေရဲ့အားလပ်ချိန်တွေကလည်းမတူညီပါဘူး၊ အဲတော့မိသားစုတွေအတူရှိနေချိန်ကိုတန်ဖိုးထားလေးစားပါ၊ ဖုန်းနဲ့ပြောတာထက်လူချင်းတွေ့ပြီးမိသားစုရေးကိုလေးနက်စွာတိုင်ပင်ဆွေးနွေးပါ၊ ကိုယ့်အားလပ်ချိန်မှာမိသားစုတွေနှင့်
အတူရှိနေပေးခြင်းသည် စစ်မှန်သောလက်ဆောင်ပါ🫰🌷
၆👩‍❤️‍👨 ကိုယ့်မိသားစုထဲကအထူးအမြတ်နေ့နှင့် မိသားစုဝင်တယောက်ယောက်နေမကောင်းတဲ့ချိန်တွေကိုအလေးနက်ထားပါ၊ မေတ္တာဓာတ်ကအင်မတန်မှအစွမ်းထက်ပါတယ်၊ ငွေပေးရင်တာဝန်ပြီးသွားတာမဟုတ်ပါ၊ ထို့ပြင်မိသားစုဝင်တွေရဲ့အောင်မြင်မှုကိုအသိမှတ်ပြုပြီးဂုဏ်ယူကြောင်းပြောပြပါ၊ အောင်မြင်မှုကကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေအသိမှတ်ပြုပါ🫰🌷
၇👩‍❤️‍👨 မိသားစုဝင်ချင်းချင်း တစ်ယောက်နှင့် တစ်
ယောက်ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့၊ မတူညီတဲ့ညဏ်ရည်နှင့်ရုပ်ရည်ကိုသဘာဝအတိုင်းလက်ခံရပါမယ်၊ ပိုတော်တဲ့သူကိုတစ်မျိုး ၊ ပိုလှတဲ့သူကိုတစ်မျိုး၊ ငွေမရှာနိုင် ညဏ်ရည်သိပ်မတော်တဲ့သူကိုတစ်မျိုးဆက်ဆံတာကမိသားစုချင်းချင်းစိတ်ဓာတ်ရိုက်ချိုးပစ်တာပါ၊ အရည်ချင်း၊ ရုပ်ရည်နှင့်ငွေရှာနိုင်ခြင်း(အဲဒီအပေါ်ယံခြားနားခြင်းတွေ)ကမိသားစုရဲ့ချစ်ခြင်းမေတ္တာနှင့်စည်းလုံးခြင်းကိုမဖျတ်ဆီးမိဖို့အရေးကြီးပါတ🫰🌷
၈👩‍❤️‍👨 တုံ့ပြန်ရန်သာမက နားလည်ရန် နားထောင်ပါ၊ မိသားစုတွင်းဘာပြောပြောဆတ်ဆတ်ထိမခံတဲ့သူမျိုးတွေလည်းရှိတတ်ပါတယ်၊ အားလုံးကကိုယ့်စကားကိုဘဲနားထောင်ရမယ် ကိုယ်ကအမှန်ဆုံး ကိုယ့်ကိုယ်လာထိလို့မရဘူးလို့တွေးနေတာကမိသားစုစိတ်ဓာတ်လုံးဝမရှိတာနဲ့အတူတူပါ၊ မိသားစုတွေပြောဖို့ ရှင်းဖို့ကိစ္စတွေကြုံလာတဲ့ခါအရင်ဆုံးစိတ်ရှည်သီးခံသောသူကကိုယ်ဖြစ်ပါစေ၊ ကန့်ကန့်လန်အောင်ပြန်ပြောပြီးတစ်ဘက်သူတဲ့စကားကိုနားမထောင်ဂရုမစိုက် မလုပ်မိဖို့အရေးကြီးပါတယ်🫰🌷
၉👩‍❤️‍👨 တောင်းဆိုခြင်းမရှိဘဲ ကူညီပေးပါ - မိသားစုတွင်းမှာကိုယ့်ကိုလာပြောမှဆိုတဲ့အတ္တမာနကိုဖယ်ရပါမယ်၊ မိသားစုစိတ်ဓာတ်ရှိနေရင်အမြင်မတော်တာ ၊ ကိုယ်ပံ့ပိုးသင့်တာကိုကိုယ့်အသိတရာနဲ့လုပ်ပါ၊ မိသားစုတွင်း ချစ်ခြင်းမေတ္တာကို လုပ်ဆောင်ချက်ဖြင့် အကောင်းဆုံးပြသပါ၊ အရမ်းကိုဂုဏ်ယူစရာကောင်းတဲ့အရာပါ🫰🌷
၁၀👩‍❤️‍👨 ကြင်နာသောစကားများဖြင့်သာအိမ်ကနေထွက်ခွာပါ - သွားခါနီးလည်းဟိန်းလာဟောက်လာ ပြန်ရောက်လာတော့လဲပွစိပွစိမျက်နှာရှစ်ခေါက်ချိုးနဲ့ဆိုရင် အရမ်းကိုစိတ်ပျက်ဖို့ကောင်းပါတယ်၊ လူ့ဘဝဆိုတာခန့်မှန်းရခက်ပါတယ် ကိုယ်ဘယ်ချိန်ထိဘဲမိသားစုနဲ့နေနိုင်မယ်ဆိုတာကံတရားကဘဲသိပါတယ် ၊ မိသားစုစည်းလုံးခြင်း နှင့် မေတ္တာတွေကိုပိုပြီးဖန်တီးပေးနိုင်တဲ့သူကကိုယ်ဘဲ ဖြစ်ပါစေ🫰🌷၊
#💜JH💜

10/20/2025

👩🏻‍🔬🌻ဒီတစ်ခါလည်းကျန်းမာရေးဗဟုသုတလေးကိုမျှဝေပါရစေ၊သင့်ခန္ဓာကိုယ်ကို ပျက်စီးစေသော အသံတိတ်အမူအကျင့်များ👩🏻‍🔬🌻

1🧡🍀ဆီးကိုအကြာကြီးအောင့်ထားရင် ပြင်းထန်ကျောက်ကပ်ပိုးဝင်နိုင်ပါတယ်တဲ့

2🧡🍀အသက်ရှုကျပ်ခြင်းသည် အောက်ဆီဂျင် စားသုံးမှုကို လျော့နည်းစေပြီး အာရုံစူးစိုက်မှု အားနည်းစေပါတယ်တဲ့

3🧡🍀သင့်လက်ချောင်းများ ခဏခဏ crack လုပ်ခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ အရိုးအဆစ်များ အားနည်းသွားစေနိုင်ပါသတဲ့

4🧡🍀အစာစားနေစဉ် ရေအေးသောက်ခြင်းသည် အစာခြေခြင်းစနစ်ကို နှေးကွေးစေသည့်အပြင် ကိုယ်တွင်းအဆီခဲဖို့ပိုလွယ်ကူစေပါတယ်တဲ့

၅🧡🍀အကြာကြီးထိုင်ခြင်းက သွေးလည်ပတ်မှုမမှန်တော့တာ၊ သွေးခဲနိုင်ခြေကို တိုးစေပါတဲ့အပြင် ခန္ဓာကိုယ်ထုံထိုင်းစေပါသတဲ့

6🧡🍀သင့်ဖုန်းကို ခေါင်းအုံးအောက်တွင်ထားရှိခြင်းသည် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေသည့်အပြင် ခန္ဓာကိုယ်ရဲ့ energy ကိုပါဆုံးရှုံးနိုင်ချေရှိပါတယ်တဲ့

7🧡🍀အလွန်ပူသောအစာစားခြင်းသည် စားပြီးတိုင်းရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ပိုက်ပူပြီးဖောင်းနေတာအပြင် အစာမျိုပြွန်ကင်ဆာဖြစ်နိုင်ချေကို တိုးစေပါတယ်တဲ့

8🧡🍀နားအတွင်း ဂွမ်းစများကို အသုံးပြုခြင်းသည် အကြားအာရုံကို ထာဝရပျက်စီးစေနိုင်ပါသတဲ့🤔🤔

9🧡🍀မှောက်အိပ်တတ်တဲ့အကျင့်က ကျောရိုးကို ညောင်းညာစေပြီး နာတာရှည်နာကျင်စေပါတယ်တဲ့

🧡🖤ဒါတွေကို လျစ်လျူမရှုပါနဲ့။မယုံနိုင်စရာကောင်းပေမယ့် တကယ့်အဖြစ်မှန်တွေ🧡🖤1💞ခွေးများသည် ကင်ဆာကို အနံ့ခံနိုင်စွမ်းရှိပါတယ်တ...
10/19/2025

🧡🖤ဒါတွေကို လျစ်လျူမရှုပါနဲ့။
မယုံနိုင်စရာကောင်းပေမယ့် တကယ့်အဖြစ်မှန်တွေ🧡🖤

1💞ခွေးများသည် ကင်ဆာကို အနံ့ခံနိုင်စွမ်းရှိပါတယ်တဲ့
2💞လူသားနှင့် သစ်ကုလားအုတ်များတွင် လည်ပင်းအရိုးအရေအတွက် တူညီသည်သတဲ့
3💞မွေးကင်းစကလေးများသည် အသက်တစ်လမှ သုံးလအထိ မျက်ရည်မကျပါဘူးတဲ့🤔
4💞အစာစားပြီး ပီကေဝါးတာက ရင်ပူတာကို သက်သာစေပါတယ်တဲ့
5💞နေ့လယ်တစ်ရေးအိပ်တာက နှလုံးရောဂါဖြစ်
နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်တဲ့
6💞သင့်အစာအိမ်သည် 3-4 ရက်တိုင်းတွင် စည်းချက်အသစ်တစ်ခု ရရှိပါတယ်တဲ့
7💞ပျားရည်က ဘယ်တော့မှမပျက်စီးဘဲ- ထာဝရတည်တံ့နိုင်ပါတယ်တဲ့
8💞သင့်ဦးနှောက်သည် သင့်ခန္ဓာကိုယ်စွမ်းအင်၏ 20% ခန့်ကို အသုံးပြုတယ်လို့ဆိုပါတယ်
9💞နှာချေခြင်းသည် တစ်နာရီ မိုင် 100 အထိ သွားနိုင်ပါတယ်တဲ့😁
10💞0ctopuses တွင် နှလုံးသုံးလုံးနှင့် အပြာရောင်သွေးရှိပါသတဲ့
11💞ရယ်မောခြင်းက သင့်ကိုယ်ခံအားစနစ်ကို မြှင့်
တင်ပေးပါတယ်တဲ့
၁၂💞ရေသောက်တာက ဦးနှောက်စွမ်းအားနဲ့ စိတ်
ခံစားချက်ကို တိုးတက်စေပါတယ်တဲ့
13💞ဂီတသည် နာကျင်မှုနှင့် စိုးရိမ်ပူပန်မှုများကို လျှော့ချပေးနိုင်ပါတယ်တဲ့💃

10/18/2025

ကြည့်ပြီးခေါင်းမူး😂😆

အဲဒီအန်တီတွေလွန်တာပေါ့အေ😂😂
10/18/2025

အဲဒီအန်တီတွေလွန်တာပေါ့အေ😂😂

Address

Colorado Springs, CO

Website

Alerts

Be the first to know and let us send you an email when Lavender poems posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share