Usa & Korea Cosmetics Online Shop Myanmar

Usa & Korea Cosmetics Online Shop Myanmar မင်္ဂလာပါရှင့် .ဒီ page လေးကိုလာရောက်အားပေးတဲ့အယောက်ဆီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင့်

07/04/2023
05/08/2023
04/27/2023

#အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။

ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

ချွေးတွေအရမ်းထွက်ပါတယ်
ဆားတွေပါ ပါသွားပါတယ်။
ဆားတွေများများပါသွားလေလေ
ရေက မငတ်တော့လေလေ ပါပဲ။
ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ

အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယပ်ခပ်ရန်) အထူးလိုအပ်ပါတယ်


#အပူလျှပ်ခြင်း

Credit goes to the original post

04/23/2023
Job seekers တို့ ထမင်းစားရာမှာ တို့စရာအဖြစ်သော်လည်းကောင်း၊ ဟင်းလျာအဖြစ်ကြော်စားရာတွင် သော်လည်းကောင်း စားသုံးလေ့ရှိတဲ့ ရု...
04/20/2023

Job seekers တို့ ထမင်းစားရာမှာ တို့စရာအဖြစ်သော်လည်းကောင်း၊ ဟင်းလျာအဖြစ်ကြော်စားရာတွင် သော်လည်းကောင်း စားသုံးလေ့ရှိတဲ့ ရုံပတီသီးရဲ့ ကောင်းကျိုးတွေကိုသိပါသလား။ ရုံပတီသီးကို ကြိုက်နှစ်သက်လို့ပဲဖြစ်စေ၊ မကြိုက်နှစ်သက်သည်ဖြစ်စေ တတ်နိုင်သမျှ ပုံမှန်စားသုံးပေးမယ်ဆိုရင် အောက်ပါဖော်ပြပါအတိုင်း ကျန်းမာရေးနှင့်အလှအပဆိုင်ရာကောင်းမွန်မှုတွေကို ရရှိစေမှာဖြစ်ပါတယ်။

‘ ရုံပတီသီးဟာ အာဟာရများနှင့် ပြည့်နှက်နေသော အစိမ်းရောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်မြင့်မားစွာပါ၀င်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများရှိတာကြောင့် သင့်ဆံကေသာနှင့် အသားအရေထိန်းသိမ်းမှုအတွက် ကောင်းမွန်စေပါတယ်။ နေ့စဉ်အစားအစာများတွင် ရုံပတီသီးကို ပုံမှန်ထည့်သွင်းစားသုံးသင့်သော အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ ’

(JOB seekers Journal အတွဲ ၄ အမှတ် ၂တွင်ပါရှိသော ရုံပတီသီးကို ဘာကြောင့်ပုံမှန်စားသုံးသင့်သလဲ? ဆောင်းပါးမှ ကောက်နုတ်ချက်ဖြစ်ပါတယ်။)
-----------------------------------------------------
ရုံပတီသီးကို ဘာကြောင့်ပုံမှန်စားသုံးသင့်သလဲ?
JOB seekers Journal (Vol.4 No.2)

- ဆီးချိုရောဂါကို ကာကွယ်ပေးပါတယ်။
ရုံးပတီးသီးတွင် အမျှင်ဓာတ်နဲ့ ပျစ်ချွဲရည်များ ပါ၀င်တာကြောင့် သင့်အူအတွင်းရှိ သကြားစုပ်ယူမှု ကို ထိန်းသိမ်းပေးပြီး သွေးထဲရှိ သကြားအဆင့်ကို ထိန်းချုပ်ထားနိုင်ပါတယ်။ ထို့ကြောင့်ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်ပါတယ်။
- အစာခြေမှုကို ကောင်းမွန်စေပါတယ်။
အမျှင်ဓာတ်နဲ့ ပျစ်ချွဲရည်ပေါင်းစပ်ထားမှုက အစာခြေခြင်းအတွက် အလွန်ကောင်းမွန်ပါတယ်။ သင့်အူအတွင်းရှိ အစာလှုပ်ရှားမှုကို အဆင်ပြေ ချောမွေ့စေပြီး၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင် ပါတယ်။
- အသားအရေ ကောင်းမွန်စေပါတယ်။
ပုံမှန်၀မ်းသွားခြင်းကြောင့် ၀က်ခြံ၊ အနီကွက် များ၊အခြားအသားအရေပြဿနာများကို လျော့ကျ စေပြီး သင့်အသားအရေအခြေအနေကို ပိုမို တိုးတက်လာစေပါတယ်။ ရုံးပတီသီးရှိ ဗီတာမင် ဓာတ်များဟာ သင့်အသားအရေကို နုပျိုစေပါ တယ်။
- ဆံပင်ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။
ရုံးပတီသီးအချို့ကို ရေနွေးတွင်ပြုတ်၍ ပျစ်ချွဲ ရည်များကို သင့်ဆံပင်တွင် သုတ်လိမ်းပေးပါက ဆံပင်ချောမွေ့ စေပါတယ်။ ဦးရေပြားကို ရေဓာတ် ဖြည့်တင်းပေးပြီး ဦးရေခြောက်သွေ့ခြင်း၊ ယားယံ ခြင်းကင်း၍ ဗောက်ပျောက်စေပါတယ်။
- ကိုယ်အလေးချိန်ကျစေပါတယ်။
ရုံးပတီသီးဟာ ကယ်လိုရီဓာတ်နည်း၍ အာဟာရ ပြည့်ဝသော ဟင်းသီးဟင်းရွက် ဖြစ်ပါတယ်။ကယ်လိုရီအနည်းဆုံး ဟင်းသီးဟင်းရွက်ဖြစ်တာ ကြောင့် ကိုယ်အလေးချိန်ကျလိုသူများအတွက် အသင့်လျော်ဆုံးဖြစ်ပါတယ်။ ရုံးပတီသီးပုံမှန်စား သုံးခြင်းဟာ အ၀လွန်ခြင်းကို တားဆီးနိုင်ပါတယ်။
- ကိုယ်လက်စထရောကို လျှော့ချပေးနိုင်ပါ တယ်။
ရုံးပတီသီးတွင် ကိုလက်စထရော မပါ၀င်ရုံ သာမက သင့်အစာခြေစနစ်အတွင်းရှိ ကိုလက်စ ထရောကအဆင့်ကို လျှော့ချပေးနိုင်ပါတယ်။ ကိုလက်စထရောစုပ်ယူမှုကို ကာကွယ်ပေး၍ အဆီပိတ်ရောဂါနဲ့ နှလုံးရောဂါဖြစ်ပွာခြင်းကို တားဆီးပေးပါတယ်။
- စိတ်ကျန်းမာရေးကို တိုးတက်စေပါတယ်။
ရုံးပတီသီးစားသုံးခြင်းဟာ မောပန်းနွမ်းနယ် ခြင်း၊ အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်းများကို သက်သာစေပါတယ်။
- သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။
ရုံးပတီသီးဟာ သံဓာတ်မြင့်မားတာကြောင့် ခန်္ဓာကိုယ်တွင်း သွေးနီဥဆဲလ်များ ထုတ်လုပ်မှုကို တိုးတက်စေပြီး သွေးအားနည်းရောဂါကို ကာကွယ် ပေးပါတယ်။
- အအေးမိခြင်း၊ ချောင်းဆိုးခြင်းများကို တားဆီး ပေးပါတယ်။
ရုံးပတီသီးတွင်ပါ၀င်သော ဗီတာမင် C ဟာ ရောဂါပိုးခုခံနိုင်စွမ်းကို တိုးတက်စေပြီး ကူးစက် ရောဂါများ၊ အအေးမိခြင်း၊ ချောင်းဆိုးခြင်းများကို တားဆီးပေးပါတယ်။
- ပန်းနာရင်ကျပ်ရောဂါကို လျှော့ချပေးပါတယ်။
ရုံးပတီသီးပုံမှန်စားသုံးခြင်းဟာ သင့်ပန်းနာ ရောဂါကိုသက်သာစေပြီး ရေဂါဖြစ်ပွားနှုန်း လျော့ချ ပေးနိုင်ပါတယ်။
- အရိုးများကို သန်မာစေပါတယ်။
ရုံးပတီသီးဟာ ဖောလစ်အက်ဆစ်မြင့်မားစွာ ပါ၀င်တာကြောင့် အရိုးများကိုသန်မာစေ၍ အရိုး ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ အရိုးသိပ်သည်းဆကို မြှင့်တင်ပေး၍ အရိုးကြွပ် ဆတ်ရောဂါ စသောအခြေအနေများကို ကာကွယ် ပေးပါတယ်။
- အမြင်အာရုံကောင်းမွန်စေပါတယ်။
ရုံးပတီသီးတွင် ဗီတာမင် ဗ၊ ဗီတာကရိုတင်း၊ လူတိန်းစသည်တို့များစွာပါ၀င်ပြီး သင့်အမြင်အာရုံ ကို ကောင်းမွန်စေ၍ မျက်လုံးရေတိမ်ရောဂါ စသော ပြဿနာများကို ကာကွယ်ပေးနိုင်ပါတယ်။
- ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။
ရုံးပတီသီးဟာ ရောဂါပိုးခုခံနိုင်စွမ်းကို မြှင့်တင် ပေးပြီး ကင်ဆာဖြစ်စေနိုင်သော ဆဲလ်များပြောင်း လဲမှုကို ကာကွယ်ပေးပါတယ်။ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ ခံတွင်းကင်ဆာများကို ကာ ကွယ်ပေးနိုင်ပါတယ်။
- ကိုယ်၀န်ဆောင်များအတွက် ကောင်းမွန်ပါ တယ်။
ရုံးပတီသီးတွင်ပါ၀င်သော ဖောလစ်အက် ဆစ်ဟာ သနေ်္ဓသားရဲ့ အာရုံကြောအဖွဲ့အစည်း ချို့ယွင်းချက်များကို လျှော့ချပေးတာကြောင့် ကိုယ်၀န်ဆောင်စဉ် စားသုံးသင့်တဲ့ အစားအစာ ဖြစ်ပါတယ်။
(Ref: healthmeup.com)


Credit to job seekers journa

Address

S26th
Detroit, MI
53215

Telephone

+14142045542

Website

Alerts

Be the first to know and let us send you an email when Usa & Korea Cosmetics Online Shop Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share