Coach Nang Zar

Coach Nang Zar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Coach Nang Zar, Digital creator, Taunggyi, IN.

ကိုယ့်ကိုယ်ချစ်ဖို့ မမေ့ပါနဲ့💝
04/28/2026

ကိုယ့်ကိုယ်ချစ်ဖို့ မမေ့ပါနဲ့💝

မင်္ဂလာပါ 🙏အခုက world ထဲမှာ AI ကို business တွေအတွက် သုံးနေပြီ။ဘာကြောင့်လဲဆိုတော့—✅ အလုပ်ကို မြန်စေတယ်✅ စိတ်ဖိစီးမှု လျေ...
02/11/2026

မင်္ဂလာပါ 🙏
အခုက world ထဲမှာ AI ကို business တွေအတွက် သုံးနေပြီ။
ဘာကြောင့်လဲဆိုတော့—

✅ အလုပ်ကို မြန်စေတယ်
✅ စိတ်ဖိစီးမှု လျော့စေတယ်
✅ marketing ကို လွယ်ကူစေတယ်
✅ work-life balance ပိုကောင်းစေတယ်

AI ဆိုတာ လူကို အစားထိုးတာ မဟုတ်ပါဘူး။
လူရဲ့အလုပ်ကို system နဲ့ ကူညီပေးတာပါ။

သင့် business မှာ အခုအချိန် အခက်ခဲဆုံးက ဘာလဲ?
(1) marketing
(2) customer follow-up
(3) time management
ဘယ် တစ်ခုက သင့်အတွက် အသုံး တဲ့သလဲ ဆိုတာ comment လေးရေးသွားလို့ရပါတယ်။

Next topic မှာ ပြန်တွေ့ကြမယ်။

ကျမ ရင့်ကျတ်သွားပြီထင်ပါတယ်။ဟုတ်ပါတယ်…. ကျမ တကယ်ကိုရင့်ကျတ် နေပါပြီ။အရင်လို စကားတွေအများကြီးမပြောတော့ဘူး။ရယ်ရင်တောင် အား...
12/30/2025

ကျမ ရင့်ကျတ်သွားပြီထင်ပါတယ်။

ဟုတ်ပါတယ်…. ကျမ တကယ်ကို

ရင့်ကျတ် နေပါပြီ။

အရင်လို စကားတွေအများကြီး

မပြောတော့ဘူး။

ရယ်ရင်တောင် အားရပါးရ ရယ်တတ်တဲ့ ကျမ

ပြုံးရုံလေးပဲ ပြုံးတော့တယ်။

တခုခုဆို မျက်ရည်လွယ်တဲ့ ကျမ

ရင်ဖွင့်ဖော် ရှာလေ့ရှိတဲ့ ကျမ

သက်ပြင်းတချက်နဲ့ ဖြေရှင်းတတ်နေပြီ။

ဘာပဲဖြစ်လာဖြစ်လာ ဒူး… ဒိုင်း… နဲ့

ဖြေရှင်းလိုက်ရမှ ကျေနပ်တဲ့ ကျမ

ထားလိုက်ပါလေ… ဆိုပြီး

ဥပေက္ခာ ပြုတတ်လာပြီ။

တခုခုဆိုရင် ထိလွယ်ရှိလွယ်တဲ့ထိ ခံစားတတ်တဲ့ ကျမ

ဟူးးးးးး… ဆိုပြီး မှုတ်ထုတ်မိလာပြီ။

မျှောမှန်းချက်၊ ရည်မှန်းချက်ကြီးလွန်းတဲ့ကျမ

အတ္တ​တွေ မဲ့လာတယ်။ ဒေါသ၊ မောဟ​တွေ

နည်းလာတယ်။ စိတ်ဓါတ်ကျတာများလား သံသယ

စိတနဲ့ ကျမကို ကျမ ပြန်သုံးသပ်ကြည့်မိ​တော့

မဟုတ်ဘူး….’ ကျမစိတ်ဓါတ်ကျ​နေတာ

မဟုတ်ဘူး….. အရှိအတိုင်း လက်ခံသွားတဲ့အထိကို

ကျမ ရင်ကျတ်သွားခဲ့တာပါ။

#နန်းသူဇာ

💙 2026 အတွက် စကားလက်ဆောင် 💙✅ ၁* အတိတ်က အဆိပ်တွေကို ထုတ်ခဲ့ပါ    လူတိုင်းက အမှားနဲ့ မကင်းကြဘူး🥰 ၂* ပစ္စုပ္ပန်မှာ တန်ဖိုးရ...
12/26/2025

💙 2026 အတွက် စကားလက်ဆောင် 💙

✅ ၁* အတိတ်က အဆိပ်တွေကို ထုတ်ခဲ့ပါ

လူတိုင်းက အမှားနဲ့ မကင်းကြဘူး

🥰 ၂* ပစ္စုပ္ပန်မှာ တန်ဖိုးရှိစွာ ရှင်သန်ပါ

ယခုလက်ရှိအချိန်က အသေချာဆုံးနဲ့

တန်ဖိုးအရှိဆုံးပဲ

🙏 ၃* မိဘတွေကို အရင်ကထက် ပိုချစ်ပါ

မရှိတော့ရင် အစားထိုးလို့ မရဘူး

😍 ၄* ပျော်ရွှင်ရီမောဖို့ မမေ့ပါနဲ့

ဒုက္ခမိုးတွေက ကိုယ်တစ်ယောက်ထဲကိုမှ

ကွက်ရွာချတတ်တဲ့ ကွက်ကြားမိုး မဟုတ်ဘူး

👩🏻‍🦰 ၅* ကိုယ့်ရဲ့ဖြစ်တည်မှုကို ကျေနပ်စွာ လက်ခံပါ

သူက သူ ကိုယ်က ကိုယ်ပါပဲ

👌 ၆* နဂိုအပူထက် အပိုအပူတွေ မယူမိပါစေနဲ့

ဘဝက တိုတောင်းလွန်းတယ်

🙏🙏 ၇* ကုသိုလ်ပြုဖို့ အချိန်ပေးပါ

ကုသိုလ်က နုပျိုစေတယ်

✍️✍️ ၈* စာဖတ်ပြီး ကမ္ဘာပတ်ခရီးထွက်ပါ

သက်မဲ့အရာတွေထဲမှာ စာပေက သစ္စာအရှိဆုံးပဲ

🤫🤗 ၉* လူတွေရှေ့မှာ သိပ်မပွင့်လင်းပါနဲ့

ကွယ်ရာကျ မဲ့ကာပြတဲ့သူတွေက များတယ်

😎 ၁၀* ကိုယ့်အကြောင်း ကိုယ်သိအောင်လုပ်ပါ

👉 များသောအားဖြင့် လူတွေက သူများအကြောင်းပဲ သိအောင် ကြိုးစားပြီး ကိုယ့်အကြောင်းကို ဘာမှ မသိပဲ ကြွေလွင့်သေဆုံးသွားကြတာ များတယ်

👇👇👇
ခေတ်ကာလက ရောဂါတွေပို အသက်တွေတိုလာပြီ

ဘယ်လောက်နေရမလဲမသိတဲ့ နောက်ဆုံးလက်ကျန်

နေ့ရက်လေးတွေမှာ ဘယ်သူကိုမှ မထိခိုက်ဘဲ

ကိုယ်လိုချင်တာကို ရနေသလိုမျိုး ဘဝကို လွတ်လပ်

ပေါ့ပါးပျော်ရွှင်စွာနဲ့ ရီမောနေထိုင်သွားကြရအောင်နော်💪

🥰🥰

If you have $20 in your wallet and zero debt, you’re wealthier than 25% of Americans.Not because you’re rich… but becaus...
04/23/2025

If you have $20 in your wallet and zero debt, you’re wealthier than 25% of Americans.

Not because you’re rich… but because debt has so many people buried.

လူဆိုတာ ရည်မှန်းချက် ရှိရမယ်။
04/17/2025

လူဆိုတာ ရည်မှန်းချက် ရှိရမယ်။

အရင်က သိပ်မသိဘူး ခုတော့နားမလည်နေဘူးလို့စ်
04/17/2025

အရင်က သိပ်မသိဘူး ခုတော့နားမလည်နေဘူးလို့စ်

လမ်းခွဲလိုက်ပါ...🚶‍♂️****************ဖတ်ကြည့်နော်…🚶‍ကိုယ်ဆက်ဆံသလိုပြန်မဆက်ဆံတဲ့ သူတွေနဲ့လမ်းခွဲလိုက်ပါ။🚶‍♂️ကိုယ်ကောင်းသလ...
04/10/2025

လမ်းခွဲလိုက်ပါ...🚶‍♂️
****************
ဖတ်ကြည့်နော်…

🚶‍ကိုယ်ဆက်ဆံသလို
ပြန်မဆက်ဆံတဲ့ သူတွေနဲ့
လမ်းခွဲလိုက်ပါ။

🚶‍♂️ကိုယ်ကောင်းသလို
ပြန်မကောင်းနိုင်တဲ့ သူတွေနဲ့
လမ်းခွဲလိုက်ပါ။

🚶‍♂️ကိုယ့်စေတနာကို
ဝေဒနာဖြစ်အောင်လုပ်တဲ့ သူတွေနဲ့
လမ်းခွဲလိုက်ပါ။

🚶‍♂️ကိုယ်ချစ်သလို
ပြန်မချစ်နိုင်တဲ့ သူတွေနဲ့
လမ်းခွဲလိုက်ပါ။

🚶‍♂️ဘယ်အရာမှမမြဲတဲ့
လောကကြီးမှာ
ကြိုးစား ဆုပ်ကိုင်ထားရတာ
ပင်ပန်းတယ် မဟုတ်လား-?

🚶‍♂️လွှတ်ချပေးလိုက်ပါ။
အဲဒီလိုလူတွေက
သူတို့လိုလူမျိုးနဲ့ ပြန်တွေ့မှ
ကိုယ့်တန်ဖိုးကို
နားလည်နိုင်တာပါ။

🚶‍♂️ဒီလောက်ဆိုရင်...
မင်းပေးခဲ့တာတွေ
လုံလောက်ပြီ မဟုတ်လား-?

မင်းနာကျင်ခဲ့တာတွေ
လုံလောက်ပြီ မဟုတ်လား-?

မင်းချစ်ပေးခဲ့တာတွေ
လုံလောက်ပြီ မဟုတ်လား-?

🚶‍♂️ဒါဆိုရင်
လမ်းခွဲလိုက်ပါတော့…

မင်းအကောင်းဆုံး လုပ်ပေးခဲ့တဲ့
အတွက်
မင်းလိပ်ပြာ မင်းလုံနေပါပြီ။

Credit
မေတ္တာများစွာဖြင့်


#ဆရာအောင်သင်း_စာပေ
#စာပေဗဟုသုတများ
#ဘဝစာပေနှင့်ဗဟုသုတများ

ငါတို့ရှာတဲ့ငွေဟာ သိမ်းထားဖို့မလိုဘူး။ ငါတို့ရှင်စဉ် သုံးစွဲဖို့နဲ့ ငါတို့မသေခင် ငါတို့တွက်ရှင်သန်ရပ်တည်နေဖို့ ပါ။သိပ်ကိ...
04/06/2025

ငါတို့ရှာတဲ့ငွေဟာ သိမ်းထားဖို့မလိုဘူး။ ငါတို့ရှင်စဉ် သုံးစွဲဖို့နဲ့ ငါတို့မသေခင် ငါတို့တွက်ရှင်သန်ရပ်တည်နေဖို့ ပါ။

သိပ်ကိုချမ်းသာတဲ့သူဌေးကြီး ဆုံးပါးသွားတဲ့အခါ သူ့ရဲ့ဇနီးက သူတို့ရဲ့ ဒရိုင်ဘာနဲ့ လက်ထပ်သွားတယ်။ ဒရိုင်ဘာက
“ ငါက တသက်လုံးပဲ သူများအတွက် အလုပ်လုပ်ပြီးရပ်တည်သွားရမယ်ထင်ထားတာ။ ငါ့အတွက်အလုပ်
လုပ်ပေးသွားတဲ့ သူရှိနေသေးတာပဲကိုး”

ငါသေတဲ့အခါ လက်ဗလာ
ဥစ္စာပစ္စည်း အနတ္တိ။

ငါလာတဲ့အခါ လက်ဗလာ
အဝတ်ဗလာ အနတ္တိ။

ရှင်နေချိန်မှာ ကြိုးစားရှာ
ပါသွားဖို့လည်း စွန့်ကြပါ။

✍️CoachNTZ
Digital Business Coach

Address

Taunggyi, IN

Alerts

Be the first to know and let us send you an email when Coach Nang Zar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Coach Nang Zar:

Share