Myanmar Muslims in Canada

Myanmar Muslims in Canada لكل شئ عمادو وعماد هذالدين الفقه . " إنّ هذا العلم دين؛ فانظروا عمّن تأخذون دينكم"(صحيح مسلم مقدمه)

🕌 သာသနာ့ကျောင်းနှင့် ဗလီတည်ဆောက်ရေးအတွက် ကုသိုလ်ပြုပါဝင်နိုင်ပါပြီ 🕌အလ္လာဟ်အရှင်မြတ်၏ ကူညီစောင်မမှု၊ အားလုံး၏ ဒိုအာမေတ္တ...
06/07/2026

🕌 သာသနာ့ကျောင်းနှင့် ဗလီတည်ဆောက်ရေးအတွက် ကုသိုလ်ပြုပါဝင်နိုင်ပါပြီ 🕌
အလ္လာဟ်အရှင်မြတ်၏ ကူညီစောင်မမှု၊ အားလုံး၏ ဒိုအာမေတ္တာများဖြင့် မြန်မာပြည်သား မွတ်စလင်မ်များ ကိုယ်ထူကိုယ်ထ ကြိုးပမ်းတည်ဆောက်နေသော သာသနာ့ကျောင်းနှင့် ဗလီပူးတွဲစီမံကိန်းအတွက် မြေကွက်ကို အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့ပြီဖြစ်ပါသည်။
ယခုအခါ အဆိုပါမြေကွက်ပေါ်တွင် အဆောက်အဦးကို စတင်ဆောက်လုပ်နေပြီဖြစ်ပြီး လိုအပ်ချက်များစွာ ရှိနေပါသေးသည်။ ထို့ကြောင့် နည်းများမဆို မိမိတို့ တတ်စွမ်းသရွေ့ ပါဝင်လှူဒါန်းပြီး ထာဝရကုသိုလ် (ثواب) ယူကြပါရန် ရိုသေလေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
📍 တည်နေရာ - Rangsit Khlong Nueng, Khlong Luang District, Pathum Thani, Thailand (ထိုင်းနိုင်ငံ)
အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်နှင့် လင့်ခ်မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ 👇
👤 တာဝန်ခံ - ဟာဂျီ အီစမိုင်အီလ်
📱 ဖုန်းနံပါတ် - +66 80-496-3025
💬 Facebook Messenger မှ ဆက်သွယ်ရန် - https://www.facebook.com/share/1CWF6xDraF/?mibextid=wwXIfr
အားလုံးရဲ့ ပါဝင်ကူညီမှုအတွက် အလ္လာဟ်အရှင်မြတ် အကောင်းဆုံးသော အကျိုးဆပ်ပေးသနားတော်မူပါစေ။ 🤲
🕌 Support the Construction of Our Madrasa & Masjid 🕌
Alhamdulillah! With the help of Almighty Allah and the continuous Duas of our community, Myanmar Muslims have successfully purchased land on a self-help basis to build a combined Madrasa (Islamic School) and Masjid.
Construction is currently underway, and we are in need of financial support to complete this project. We humbly request you to contribute whatever you can, big or small, to earn eternal Thawab (ثواب) for this noble cause.
📍 Location: Rangsit Khlong Nueng, Khlong Luang District, Pathum Thani, Thailand
To donate or inquire for more details, please reach out to the contact below: 👇
👤 Person in Charge: Haji Ismail
📱 Phone: +66 80-496-3025
💬 Contact via Facebook Messenger: https://www.facebook.com/share/1CWF6xDraF/?mibextid=wwXIfr
May Allah reward you abundantly for your generous contributions! 🤲

ဒီရက်ပိုင်း စိတ်ရှုပ်စရာတွေ၊ ပတ်ဝန်းကျင်က အရှုပ်အထွေးတွေနဲ့ မောပန်းနေကြလားဗျာ?ဒီနေ့ တမန်တော်မြတ် (ﷺ) ရဲ့ ဟဒီးစ်တော်တစ်ခု...
05/25/2026

ဒီရက်ပိုင်း စိတ်ရှုပ်စရာတွေ၊ ပတ်ဝန်းကျင်က အရှုပ်အထွေးတွေနဲ့ မောပန်းနေကြလားဗျာ?
ဒီနေ့ တမန်တော်မြတ် (ﷺ) ရဲ့ ဟဒီးစ်တော်တစ်ခု ဖတ်မိရင်း အခုလိုခေတ်ကာလနဲ့ တပ်အပ်ကျနေလို့ အားလုံးအတွက် သတိရဆင်ခြင်စရာ ဖြစ်အောင် ပြန်မျှဝေပေးချင်ပါတယ်။
အဲဒီခေတ်က ဆွဟာဗီတစ်ပါးက တမန်တော်မြတ် (ﷺ) ကို မေးခဲ့တယ်:
အို... တမန်တော်မြတ် (ﷺ)၊ ရှေ့လျှောက် အုပ်စုကွဲမှုတွေ၊ ပဋိပက္ခတွေနဲ့ မငြိမ်သက်မှု (ဖိသ်နဟ်) တွေ ကြုံလာရရင် ကျွန်တော်တို့ ဘာလုပ်ရမလဲ?”**
အဲဒီအခါ တမန်တော်မြတ် (ﷺ) ပေးခဲ့တဲ့ အဖြေက ရိုးရိုးလေးပဲ၊ ဒါပေမဲ့ တကယ့်ကို အဖိုးတန်တဲ့ လမ်းညွှန်ချက်တွေပါ:
၁။ မိမိအိမ်မှာပဲ အေးအေးဆေးဆေးနေပါ** 🏠 (မလိုအပ်ဘဲ အပြင်ထွက် အရှုပ်အထွေးထဲ မပါမိစေနဲ့)
၂။ နှုတ်လျှာကို ထိန်းပါ** 🤫 (သူတစ်ပါးအတင်းပြောတာ၊ ကောလာဟလတွေ ဖြန့်တာမျိုး ရှောင်ပါ)
၃။ မှန်ကန်ကောင်းမွန်တာကိုပဲ လုပ်ပါ** ✅
၄။ မကောင်းဘူးလို့ သိတဲ့အရာကို ဝေးဝေးရှောင်ပါ ❌
၅။ မိမိရဲ့ အီမာန်နဲ့ သာသနာရေးကိုပဲ အဓိက ဂရုစိုက်ပါ 👤 (ကိုယ့်စိတ်ကိုယ် ဖြူစင်အောင် အရင်လုပ်ပါ)
၆။ လောကီအရှုပ်အထွေးတွေထဲ လိုက်မစွက်ဖက်ပါနဲ့👥
နောက်ထပ် လှပတဲ့ တင်စားချက်တစ်ခုကတော့ **“မိမိအိမ်ရဲ့ ဖျာကြမ်းလေးတစ်ခုလို ဖြစ်နေပါ”** တဲ့။ ဆိုလိုတာက ဖျာဆိုတာ အိမ်ထဲမှာပဲ အမြဲရှိနေသလိုမျိုး၊ အပြင်က ပဋိပက္ခတွေကြားထဲ လျှောက်မပါဘဲ အိမ်မှာပဲ ငြိမ်ငြိမ်သက်သက် နေထိုင်ခြင်းနဲ့ မိမိကိုယ်ကို ကာကွယ်ပါလို့ ဆိုလိုတာပါ။
အပြင်က ကမ္ဘာကြီး ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ၊ ကိုယ့်အိမ်၊ ကိုယ့်စိတ်နဲ့ ကိုယ့်အီမာန်ကိုပဲ အေးချမ်းအောင် ထိန်းသိမ်းနိုင်ကြပါစေဗျာ။ 🤲
(ကျမ်းကိုး - ဂျာမိအ်သိရ်မိဇီ၊ ဟစန် ဆွဟီးဟ်)
ဘာသာပြန် Md,Ramzan Ali (Binoria)Canada
Jami` at-Tirmidhi
باب الفتن

عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ:
قَالَ رَسُولُ اللَّهِ ﷺ:
“سَتَكُونُ فِتَنٌ وَاخْتِلَافٌ”
فَقَالَ رَجُلٌ: يَا رَسُولَ اللَّهِ، فَمَا تَأْمُرُنِي؟
قَالَ:
“الْزَمْ بَيْتَكَ، وَامْلِكْ عَلَيْكَ لِسَانَكَ، وَخُذْ مَا تَعْرِفُ، وَدَعْ مَا تُنْكِرُ، وَعَلَيْكَ بِأَمْرِ خَاصَّةِ نَفْسِكَ، وَدَعْ عَنْكَ أَمْرَ الْعَامَّةِ”
وَفِي رِوَايَةٍ:
“كُنْ حِلْسَ بَيْتِكَ

📖 ترمذی شریف
📚 کتاب: الفتن
⭐ درجۂ حدیث: حسن صحيح

🇨🇦 Alhamdulillah, the Dhul Hijjah moon has been sighted in Canada 🌙According to the Hilal Committees of Canada & North A...
05/18/2026

🇨🇦 Alhamdulillah, the Dhul Hijjah moon has been sighted in Canada 🌙

According to the Hilal Committees of Canada & North America,
Monday, May 18, 2026 is the 1st of Dhul Hijjah.

🌙 The Day of Arafah will be on Tuesday, May 26, 2026.

🐐 Eid al-Adha will be on Wednesday, May 27, 2026, InshaAllah 🤍

Those planning to perform Qurbani should avoid cutting their hair and nails until after the sacrifice 🌙

Myanmar Muslims in Canada

🇨🇦 Canada မှာ 🌙 Dhul Hijjah လဆန်း တွေ့ပြီ AlhamdulillahHilal Committees of Canada & North America အရMonday, May 18, 2026...
05/18/2026

🇨🇦 Canada မှာ 🌙 Dhul Hijjah လဆန်း တွေ့ပြီ Alhamdulillah

Hilal Committees of Canada & North America အရ
Monday, May 18, 2026 သည် Dhul Hijjah 1 ရက်နေ့ ဖြစ်ပါသည်။

ယခုနှစ် 🌙 “အာရဖဟ်နေ့” (Day of Arafah) သည်
🗓️ May 26, 2026 (Tuesday) တွင် ကျရောက်မည်ဖြစ်ပြီး

🐐 “ကုရ်ဘာနီ အီးဒ်နေ့” (Eid al-Adha) သည်
🗓️ May 27, 2026 (Wednesday) တွင် ကျရောက်မည်ဖြစ်ပါသည် InshaAllah 🤍

Qurbani လုပ်မယ့်သူတွေ ✂️ ဆံပင်၊ လက်သည်း မဖြတ်ဘဲ စောင့်ကြပါ 🌙

05/16/2026

InshaAllah Canadaတွင် မနက်ဖြန်
📅 Sunday, May 17, 2026
🌅 နေဝင်ပြီးနောက် Dhul Hijjah လအတွက် လဆန်း (Hilal) ကြည့်မှာဖြစ်ပါတယ်

🌙 အီးဒ်လမြင်ပြီဆိုတာနဲ့... ကျွန်တော်တို့ ဝတ်ပြုမှုတွေ ပြီးဆုံးသွားပြီလား?အစ္စလာမုအလိုင်းကွမ်း ဝရဟ်မသုလ္လာဟိ ဝဗရကားသုဟ်၊ရ...
03/20/2026

🌙 အီးဒ်လမြင်ပြီဆိုတာနဲ့... ကျွန်တော်တို့ ဝတ်ပြုမှုတွေ ပြီးဆုံးသွားပြီလား?
အစ္စလာမုအလိုင်းကွမ်း ဝရဟ်မသုလ္လာဟိ ဝဗရကားသုဟ်၊
ရမ်ဇန်လ တစ်လလုံး အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ကို နာခံပြီး တီဗီတွေပိတ်၊ သီချင်းတွေမဖွင့်ဘဲ နေခဲ့ကြတယ်။ ဒါပေမဲ့ "အီးဒ်လမြင်ပြီ" ဆိုတာနဲ့ အပျော်အပါးနဲ့ သီချင်းသံတွေကြားထဲမှာ ချက်ချင်း နစ်မြောသွားတတ်ကြတာဟာ တကယ့်ကို ဝမ်းနည်းစရာ ကောင်းလှပါတယ်။
⚠️ ဒါကို သတိပြုမိကြပါသလား?
ဟဒီးဆ်တော်မှာ လာရှိတာကတော့ အီးဒ်ညဟာ "Lailatul Jaiza" (ဆုလာဘ်တော်များ ချီးမြှင့်သည့်ည) ဖြစ်ပါတယ်။
စဉ်းစားကြည့်ရအောင် -
အလုပ်သမားတစ်ယောက်ဟာ တစ်လလုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ပြီး၊ လကုန်လို့ လုပ်ခလစာ ထုတ်ရမယ့်အချိန်ကျမှ အလုပ်ရှင်ရှေ့မှာ သွားပြီး မသင့်တော်တာတွေ လုပ်ပြလိုက်မယ်ဆိုရင် အဲ့ဒီအလုပ်သမားဟာ သူ့ရဲ့ လုပ်ခကို အပြည့်အဝ ရနိုင်ပါဦးမလား?
ကျွန်တော်တို့လည်း ရမ်ဇန်လ တစ်လလုံး ရိုဇာကို ထိန်းသိမ်းခဲ့ပြီး၊ ဆုလာဘ်တွေ ပေးသနားမယ့် အဲ့ဒီ "အီးဒ်လမြင်တဲ့ည" မှာမှ အလ္လာဟ်အရှင်မြတ် မနှစ်သက်တဲ့ အပျော်အပါးတွေ၊ သီချင်းတွေနဲ့ အချိန်ဖြုန်းလိုက်မယ်ဆိုရင် မိမိတို့ရဲ့ အားထုတ်မှုတွေက ဘာဖြစ်သွားမလဲ?
✨ အီးဒ်ညကို ဘယ်လိုဖြတ်သန်းမလဲ?
• အီးဒ်လမြင်ပြီ ဆိုတာနဲ့ ဝမ်းသာအားရ အီးဒ်မုဘာရတ် လုပ်ကြပါ။
• ဒါပေမဲ့ အဲ့ဒီညဟာ ဆုတောင်း (ဒိုအာ) အလွန်ပဲ ကဗူးလ်ဖြစ်တဲ့ (ပြည့်ဝတဲ့) ညဆိုတာ မမေ့ပါနဲ့။
• သီချင်းသံတွေအစား ဇိကိရ် အသ်ကာရ်တွေနဲ့ နှလုံးသားကို အေးချမ်းစေပြီး ဆုလာဘ်တွေကို တောင်းခံကြပါ။
မိမိတို့ ရရှိမယ့် ဆုလာဘ်တော်တွေကို အပျော်အပါးတွေနဲ့ အလဲအလှယ် မလုပ်လိုက်ကြဖို့ အားလုံးကို မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
Eid Mubarak to everyone! 🌙
လေးစားစွာဖြင့် -
Md, Ramzan Ali [Binoria] Canada

 ြင်ပါသည်
03/20/2026

ြင်ပါသည်

03/19/2026

Canada တွင်လမြင်ပါသည်

🕌 သေသူ(မိုင်ယသ်)တစ်ဦးအပေါ် ဂျေနာဇဟ်နမာဇ် (၂) ကြိမ်ဖတ်ခြင်းဆိုင်ရာ အစ္စလာမ့်ဓမ္မသတ်မေးခွန်း -မြို့ပေါ်မှာနေထိုင်တဲ့သူတစ်ဦ...
03/15/2026

🕌 သေသူ(မိုင်ယသ်)တစ်ဦးအပေါ် ဂျေနာဇဟ်နမာဇ် (၂) ကြိမ်ဖတ်ခြင်းဆိုင်ရာ အစ္စလာမ့်ဓမ္မသတ်
မေးခွန်း -
မြို့ပေါ်မှာနေထိုင်တဲ့သူတစ်ဦး ကွယ်လွန်သွားတဲ့အခါ သူ့ရဲ့သားသမီးနဲ့ ဆွေမျိုးတွေက ရုပ်အလောင်းကို ဇာတိရွာမှာ နံနက် ၁၀ နာရီမှာ ဂျေနာဇဟ်ဖတ်ဖို့ စီစဉ်ပါတယ်။ ဒါပေမဲ့ မြို့က အိမ်နီးချင်းတွေကလည်း သူတို့ရပ်ကွက်မှာ ဂျေနာဇဟ်တစ်ကြိမ် ဖတ်ပေးဖို့ တောင်းဆိုလာပါတယ်။ အမွေစားအမွေခံ (ဝလီ) တွေက အာလင်ပညာရှင်တွေကို မေးမြန်းတဲ့အခါ ပညာရှင်များက "ခွင့်ပြုကြောင်းနဲ့ တစ်ဦးချင်းစီအနေနဲ့ ဂျေနာဇဟ်နမာဇ်မှာ တစ်ကြိမ်ပဲ ပါဝင်ခွင့်ရှိကြောင်း" မိန့်ကြားပါတယ်။
ဒါကြောင့် မနက် ၈:၃၀ မှာ မြို့ရပ်ကွက်ထဲမှာ ဂျေနာဇဟ်တစ်ကြိမ် အရင်ဖတ်ပါတယ်။ အဲဒီမှာ အမွေစားအမွေခံတစ်ဦး ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ ရွာမှာပဲ ဖတ်ကြပါတယ်။ ဒီကိစ္စအပေါ် လူအချို့က သံသယဖြစ်နေကြတဲ့အတွက် ဒီပြဿနာရဲ့ အဖြေ၊ စည်းကမ်းချက်နဲ့ အထောက်အထားများကို ရှင်းလင်းပေးစေလိုပါတယ်။
အဖြေ -
အစ္စလာမ့်ဓမ္မသတ်အရ အခြေခံမူမှာ "ဂျေနာဇဟ်နမာဇ်သည် တစ်ကြိမ်သာ ဖတ်ရမည်" ဖြစ်သည်။ တစ်ကြိမ်ထက်ပို၍ ဖတ်ခြင်းမှာ မူလကပင် ခွင့်ပြုချက်မရှိပါ။
အကယ်၍ ကွယ်လွန်သူ၏ "ဝလီ" (အနီးကပ်ဆုံး အမွေစားအမွေခံ/အုပ်ထိန်းသူ) ကိုယ်တိုင် ဦးဆောင်ဖတ်ပြီးသားဖြစ်စေ၊ သို့မဟုတ် သူ၏ခွင့်ပြုချက်ဖြင့် ဖတ်ပြီးသားဖြစ်စေ ဂျေနာဇဟ်နမာဇ်မှာ အထမြောက်သွားပြီဖြစ်ပြီး "ဖရ်ဇေကေဖာယဟ်" (တာဝန်) ကျေပွန်သွားပြီ ဖြစ်သည်။ ထို့ကြောင့် နောက်တစ်ကြိမ် ထပ်မံဖတ်ခြင်းမှာ မမှန်ကန်ပါ။
သို့သော် အကယ်၍ ဦးစွာဖတ်ခဲ့သူများသည် ကွယ်လွန်သူအပေါ် ဦးဆောင်ပိုင်ခွင့် (ဝလာယသ်) မရှိသူများဖြစ်ပြီး၊ "ဝလီ" (အုပ်ထိန်းသူ) ကိုယ်တိုင်လည်း မပါဝင်သလို ခွင့်ပြုချက်လည်း မပေးခဲ့ဘူးဆိုလျှင်တော့ "ဝလီ" အနေဖြင့် နောက်တစ်ကြိမ် ပြန်လည်ဖတ်ခွင့်ရှိသည်။ သို့သော် အဆိုပါ ဒုတိယအကြိမ်တွင် ပထမအကြိမ်၌ ပါဝင်ခဲ့သူများ ထပ်မံပါဝင်ခွင့်မရှိဘဲ ပထမအကြိမ်တွင် မပါဝင်ခဲ့သူများသာ ပါဝင်ရမည်ဖြစ်သည်။
သုံးသပ်ချက် -
ယခုမေးခွန်းပါ အဖြစ်အပျက်တွင် ပထမအကြိမ် (မြို့၌ဖတ်စဉ်) ကွယ်လွန်သူ၏ "ဝလီ" တစ်ဦး ပါဝင်ခဲ့ပြီး ဖြစ်သည့်အတွက်လည်းကောင်း၊ ဝလီများ၏ ခွင့်ပြုချက်ဖြင့် ဖတ်ခဲ့ခြင်းဖြစ်သည့်အတွက်လည်းကောင်း၊ ဂျေနာဇဟ်နမာဇ်မှာ ပြီးမြောက်သွားပြီဖြစ်သည်။ ထို့ကြောင့် ဒုတိယအကြိမ် (ရွာ၌) ထပ်မံဖတ်ခြင်းမှာ ဓမ္မသတ်အရ မှန်ကန်မှုမရှိပါ။ "ဝလီ" အားလုံး မပါဝင်သော်လည်း တစ်ဦးပါဝင်ခြင်း သို့မဟုတ် ခွင့်ပြုခြင်းဖြင့်ပင် လုံလောက်သွားပြီဖြစ်သည်။

✍️ဘာသာပြန်
MD,Ramzan Ali[Binoria]Canada
ကျမ်းကိုးအထောက်အထားများ

‎و لو صلّى علیه الولي، و للمیت أولیاء أخر بمنزلته، لیس لهم أن یعیدوا، کذا في الجوهرة النیرة."
‎(الفتاویٰ الهندیة، کتاب الصلاة، الباب الحادي و العشرون في الجنائز، الفصل الخامس في الصلاة على المیت، (1/164) ط: رشیدیه کوئٹه)
‎وفي الدر المختار:
‎"فإن صلی غیره أي غیر الولي ممن لیس له حق التقدم علی الولي و لم یتابعه الولي أعاد الولي ولو علی قبره".
‎(الدرالمختار ، باب صلاة الجنائز، ۲/۲۲۲ ط سعید)
‎وفي مراقي الفلاح شرح نور الإيضاح:
‎"ولمن له حق التقدم أن يأذن لغيره فإن صلى غيره أعادها إن شاء ولا يعيد معه من صلى مع غيره.
‎ولمن له حتى التقدم أن يأذن لغيره" لأن له إبطال حقه وإن تعدد فللثاني المنع والذي يقدمه الأكبر أولى من الذي يقدمه الأصغر "فإن صلى غيره" أي غير من له حق التقدم بلا إذن ولم يقتد به "أعادها" هو "إن شاء" لعدم سقوط حقه وإن تأدى الفرض بها "ولا" يعيد "معه" أي مع من له حق التقدم "من صلى مع غيره" لأن التنفل بها غير مشروع كما لا يصلي أحد عليها بعده وإن صلى وحده." (ص: 220الناشر: المكتبة العصرية)
‎وفي حاشية الطحطاوي على مراقي الفلاح شرح نور الإيضاح:
‎"أما إذا أذن له أو لم يأذن ولكن صلى خلفه فليس له أن يعيد لأنه سقط حقه بالأذن أو بالصلاة مرة وهي لا تتكرر ولو صلى عليه الولي وللميت أولياء آخرون بمنزلته ليس لهم أن يعيدوا لأن ولاية الذي صلى متكاملة."
‎ (ص: 591الناشر: دار الكتب العلمية بيروت - لبنان)
‎ فقط واللہ اعلم
Jamia Uloom-ul-Islamia, Banuri Town
ဖတ်တွာနံပါတ် : 144207201159

03/10/2026

အောက်တန်းကျတဲ့ စိတ်ဓာတ်တွေက အောက်တန်းစား အုပ်ချုပ်သူကို မွေးထုတ်ပေးတတ်တယ်။ လူအချင်းချင်း နှိမ်ချဆက်ဆံတတ်တဲ့ အသိုင်းအဝိုင်းမှာ အဲ့ဒီလို အုပ်ချုပ်သူမျိုးရှိနေတာဟာ... တိုက်ဆိုင်မှုမဟုတ်ဘူး၊ ထိုက်တန်မှု ပဲ။
✍️Wai Phyo Aung[Canada]

Address

301-235 Rebecca Street Hamilton, ON
Long Beach, CA
L8R3H4

Website

Alerts

Be the first to know and let us send you an email when Myanmar Muslims in Canada posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Muslims in Canada:

Shortcuts

Share