Star of David - Alternative Missionart

Star of David - Alternative Missionart Catholic Missionary Work base on "A Theologico-Pastoral Study on the Encounter between the Good News of Jesus Christ and the Buddhist Burmese Culture"!

12/06/2024
12/01/2024

December 7, 2024, 7:00 pm, CST, LIVE Burmese American Catholics for Peace and Justice

မြန်မာနိုင်ငံ၌ စစ်ဘေးရင်ဆိုင်နေရသော ပြည်သူများအတွက် BACPJ မှ ဦးစီးကျင်းပသော On Line ရံပုံငွေမြှင့်တင်ပွဲလေးကို Anegga, P...
12/01/2024

မြန်မာနိုင်ငံ၌ စစ်ဘေးရင်ဆိုင်နေရသော ပြည်သူများအတွက် BACPJ မှ ဦးစီးကျင်းပသော On Line ရံပုံငွေမြှင့်တင်ပွဲလေးကို Anegga, Phyu Phyu Kyaw Thein , Chan Chan , Freddy Lynn, Xandria Lynn တို့ ပါဝင်ကြလျှက်ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၇ နာရီ CST, USA, အချိန်တွင် စတင်မှာဖြစ်ပါတယ်။ ဝိုင်းဝန်းပါဝင်ကြရန်နှင့် အများသူငှါ သိရှိနိင်ဖို့ ကူညီမျှဝေပေးရန် တိုက်တွန်းအပ်ပါသည်။ Page Link Burmese American Catholics for Peace and Justice

11/25/2024

မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများအတွက် ရံပုံငွေမြှင့်တင်ခြင်း။
ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၇ နာရီ (CST) အချိန်တွင် Burmese American Catholics for Peace and Justice ပေ့ချ်မှ လိုက်ဗ်လွှင့်ပြီး ကံစမ်းမဲများနိုက်ယူကြေညာပေးမှာဖြစ်ပါတယ်။ ဝိုင်းဝန်းကူညီ ပါဝင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

Live ဟောကြားမှာဖြစ်ပါတယ်။ မပါဝင်ဖြစ်လျှင် VERBUM DOMINI Mandalay YouTube မှာ ပြန်သွားကြည့်လို့ရပါတယ်။ အပတ်စဉ် ကြာသာပတေးန...
10/31/2024

Live ဟောကြားမှာဖြစ်ပါတယ်။ မပါဝင်ဖြစ်လျှင် VERBUM DOMINI Mandalay YouTube မှာ ပြန်သွားကြည့်လို့ရပါတယ်။ အပတ်စဉ် ကြာသာပတေးနေ့ ည ၈ နာရီ ၄၅ မိနစ်မှာ အတူကျမ်းစာတော်မြတ်ကြားနာပြီး ၁၅ မိနစ်ခန့် ဩဝါဒ ဟောကြားမှာဖြစ်ပါတယ်။

နေ့ရွှေ့ ညရွှေ့နဲ့ တစ်နေ့နေ့တော့ အလုပ်အကြွေးတွေ ကင်းတဲ့ ဘဝနဲ့ နေချင်ပါရဲ့။
04/16/2024

နေ့ရွှေ့ ညရွှေ့နဲ့ တစ်နေ့နေ့တော့ အလုပ်အကြွေးတွေ ကင်းတဲ့ ဘဝနဲ့ နေချင်ပါရဲ့။

လွန်ခဲ့တဲ့ ၄-၅- နှစ်က ကို ဖရယ်ဒီ ဘာစာမှ မပါပဲ ဓါတ်ပုံလေးပို့ပေးလာတော့ အမှတ်တမဲ့ ဘာလို့ပို့တာလည်းဆိုပြီး ကွက်ရှင်မတ်ခ်လေး...
04/03/2024

လွန်ခဲ့တဲ့ ၄-၅- နှစ်က ကို ဖရယ်ဒီ ဘာစာမှ မပါပဲ ဓါတ်ပုံလေးပို့ပေးလာတော့ အမှတ်တမဲ့ ဘာလို့ပို့တာလည်းဆိုပြီး ကွက်ရှင်မတ်ခ်လေး နဲ့ ပြန်မေးလိုက်တယ်။ သူက သေချာကြည့်လေဆိုမှ။ အန်တီလက်ထဲက ကျွန်တော်တို့ ကပြခဲ့တဲ့ နာဇရက်မြို့သားယေဇူး ဗီဒီယိုခွေလေးကို မြင်မိတယ်။

04/01/2024

ပန်းချီမှာ ဆေးစက်ကျရာ အရုပ်ထင်တယ်လို့ ပြောကြတယ်။ ပြီးတော့ realism and abstract ဆိုပြီးလည်း သိသာစွာ ကွဲပြားနေတယ်။ တူရိယာ သံစဉ်တွေမှာ မြူးစစ်အမျိုးမျိုးရှိပေမဲ့ abstract ဆိုပြီးတော့ ဘယ်သူမှ ဖန်တီးမှုမပြုလုပ်ကြဘူးလို့ထင်တယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ abstract တွေရှိနေတယ်။
ခရစ်ယန်များရဲ့ အခါကြီးရက်ကြီးမှာ ခံစားရတဲ့ ဘုရားရှင်ရဲ့ ချစ်ခြင်း၊ နာကြင်ခြင်း ဝေဒနာ၊ ကြောက်ရွံ့ခြင်း၊ သစ္စာဖောက်ခံရခြင်း၊ မတရားမှု၊ ခွင့်လွတ်ခြင်း၊ နူးညံ့ခြင်း၊ သေခြင်းနဲ့ မျှော်လင့်ခြင်း၊ လူအုပ်ရဲ့ အမျက်ဒေါသနဲ့ ဆူညံသံတွေ အားလုံးဟာ ဆေးစက်ကျရာအရုပ်ထင်သလို လက်ချောင်းလေးတွေနဲ့ ခံစားမှုတွေ ရောယှက်သွားပြီး ချမရေးနိုင်တဲ့ သံစဉ်တွေကို ဖမ်းယူထားမိတယ်။ ဒါဟာ မြူးစစ်ရဲ့ abstract တစ်ခုပဲဖြစ်တယ်။ နောက်တစ်ခေါက်ဒီအတိုင်းဘယ်လိုမှ ပြန်မတီးနိုင်ဘူး။

All are welcome. No RSVP required for Thanksgiving Mass and Dinner, April 6, 2024, at St. Martin, Piqua.
03/26/2024

All are welcome. No RSVP required for Thanksgiving Mass and Dinner, April 6, 2024, at St. Martin, Piqua.

ည ၈ နာရီကျော်ဆိုတာ တော်တော်များများအတွက် အနားယူတဲ့အချိန်၊ ဖေ့ဘွခ်၊ တီဗီအရှေ့မှာ အချိန်ဖြုန်းတဲ့ အချိန်ဖြစ်တတ်ပါတယ်။ အဲ့သ...
03/07/2024

ည ၈ နာရီကျော်ဆိုတာ တော်တော်များများအတွက် အနားယူတဲ့အချိန်၊ ဖေ့ဘွခ်၊ တီဗီအရှေ့မှာ အချိန်ဖြုန်းတဲ့ အချိန်ဖြစ်တတ်ပါတယ်။ အဲ့သလို အချိန်မှာ Verbum Domini နာမည်လေးနဲ့ ဘာသာတူတွေဟာ အတူ ကျမ်းစာလေ့လာခဲ့တာ ၂ နှစ်ကျော်လာခဲ့ပါပြီ။ YouTube မှာ တင်ပေးခဲ့တဲ့ သင်ကြားခြင်းတွေ နာရီ ၁၀၀ ကျော်ရှိသွားပြီး မတင်ပေးတဲ့ သင်ကြားခြင်းတွေ နဲ့ဆို နာရီ ၂၀၀ ကျော်လောက် ရှိသွားပါပြီ။ ဒီလို လုပ်ဖြစ်တာ ဆရာတော်ဘုရားနဲ့ တောင်းဆိုမှုနဲ့ အတူ မြန်မာနိုင်ငံရဲ့ အခြေအနေဆိုးကြားမှာ ဝိညာဉ်ခွန်အားနဲ့ ရင်ဆိုင်နိုင်ဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ အတူ ပါဝင်ဆုတောင်းရန် ဖိတ်ကြားအပ်ပါတယ်။

Address

310 N Jefferson
Iola, KS
66749

Telephone

+16207571047

Website

Alerts

Be the first to know and let us send you an email when Star of David - Alternative Missionart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Star of David - Alternative Missionart:

Share

Category