Æñôñymōûs Chæññêl

Æñôñymōûs Chæññêl မိမိသိရှိရှိသောTechnology,Facebookဆိုင်ရာအချက်
(2)

➡️အခုချိန်အထိ Click နည်းမသိသေးတဲ့ သူတွေအတွက်Click နည်း link လေးတွေ စုပေးထားပါတယ် ။🔹Pic For Donate (Free For Clickers Eve...
07/27/2022

➡️အခုချိန်အထိ Click နည်းမသိသေးတဲ့ သူတွေအတွက်
Click နည်း link လေးတွေ စုပေးထားပါတယ် ။

🔹Pic For Donate (Free For Clickers Event's)
https://www.facebook.com/110981628270045/posts/118534154181459/

🔹ShweChat (စိန်ဂန်းကဒ်နှင့်အတူ ၅သိန်းလှူခွင့်ရ)
https://www.facebook.com/1121131314709284/posts/2227484100740661/

🔹UG VPN (Special Version 3.0)
https://www.facebook.com/100206339140501/posts/164119909415810/

🔹V4C VPN (ကလစ်တိုက်ပွဲဝင် အွန်လိုင်းတပ်သား)
https://www.facebook.com/103075695741173/posts/106277458754330/

🔹Play2Donate (၇သိန်းခွဲကျော်ထိ ရရှိနေဆဲ)
https://www.facebook.com/101006472353166/posts/172004078586738/

🔹Click2donate (၁၄၈သိန်းကျော်ထိ ရရှိနေဆဲ)
https://www.facebook.com/100355732302759/posts/303898865281777/

🔹Tha Din (သတင်းအစုံဖတ်ရင်း ထောက်ပို့ကူ)
https://www.facebook.com/100206339140501/posts/162362812924853/

🔹Doh Khit (၁သိန်း၈သောင်းကျော်ထိ ရရှိနေဆဲ)
https://www.facebook.com/102526602263127/posts/155695103612943/

🔹Padaythar Pin (Clickနည်း ပေါင်းချုပ်)
https://www.facebook.com/108055945041917/posts/154712193709625/

🔹Ecosia (သစ်ပင်စိုက်ရင်း ကလစ်ကြမယ်)
https://www.facebook.com/100206339140501/posts/158795953281539/

🔹Z Click (ZPDFအတွက် ကလစ်ရင်းထောက်ပို့)
https://www.facebook.com/100206339140501/posts/159401316554336/

🔹The PDF Game (၄၅သိန်းကျော်ထိ ရရှိနေဆဲ)
https://www.facebook.com/106491401996101/posts/125452273433347/

🔹Freedom From Fear (၆.၅၆ယူရိုထိ ရရှိနေဆဲ)
https://www.facebook.com/108647044980859/posts/155998290245734/

🔹လှူကြမယ် (သီချင်းနားထောင်ရင်း ကလစ်)
https://www.facebook.com/100911158924677/posts/307335728282218/

🔹အချိန်ခဏပေးပါ (တရားတော်များ ပူဇော်ရင်းလှူ)
https://www.facebook.com/109409868047504/posts/303866531935169/

🔹Ahlu Shin (83USDထိ ရရှိနေဆဲ)
https://www.facebook.com/100248409316934/posts/124086340266474/

🔹Shoot and Support (ဂိမ်းအသစ်ထွက်တော့မယ်)
https://www.facebook.com/101648008873002/posts/174949458209523/

🔹We Are Clickers❗️
https://www.facebook.com/100206339140501/posts/157393433421791/

VPNကိစ္စ အရေးကြီးပါသည်။


▶️တိုးဂိတ်တွင် မိုင်းဆင်ထားသော ဆိုင်ကယ်ဖင်ထိုင်ခုံလှပ်မိပြီး ရဲ ၁ ဦး နှင့် စစ်သား ၂ ဦးသေဆုံး🔹ရေစကြို ၊ ဇူလိုင် ၂၇ ၊ ၂၀၂၂...
07/27/2022

▶️တိုးဂိတ်တွင် မိုင်းဆင်ထားသော ဆိုင်ကယ်ဖင်ထိုင်ခုံလှပ်မိပြီး ရဲ ၁ ဦး နှင့် စစ်သား ၂ ဦးသေဆုံး

🔹ရေစကြို ၊ ဇူလိုင် ၂၇ ၊ ၂၀၂၂။

🔹ရေစကြိုမြို့နယ်၊ ကျောက်လှေခါးရွာအနီးရှိ GTC နည်းပညာကျောင်းတွင် တပ်စွဲနေသော စစ်သားများအား GTC ကျောင်းအနီးတိုးဂိတ်တွင် ဆိုင်ကယ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့‌ကြောင်း Yesagyo Revolution Group - 2 ဖောက်ခွဲရေး တာဝန်ခံ ကို Zero က မြေလတ်အသံကိုပြောသည်။

🔹ယနေ့ဇူလိုင်လ ၂၇ ရက်နေ့ နေ့လည် ၂ နာရီခန့်မှစတင်ကာ ဆိုင်ကယ်အား မိုင်းတပ်ဆပ်ပြီး တိုးဂိတ် ဖြင့် ကိုက် ၁၀၀ အကွာတွင် ရပ်တန့်ထားရာ ၂ နာရီခွဲခန့်ကြာမြင့်ချိန်တွင် စစ်ကောင်စီတပ်သားက ဆိုင်ကယ်ကို တွန်းယူကာ ဖွင့်လှစ်စဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🔹၂ နာရီခွဲလောက်အကြာမှာ တိုးဂိတ်မှာ စစ်ဆေးနေတဲ့ ၁ ကောင်က ရပ်ထားတဲ့ဆိုင်ကယ်ကို ယူပြီးတော့ GTC ကျောင်းထဲကို တွန်းသွားတာ၊ ဒါပေမဲ့သူတို့ဆီမှာရှိတဲ့ ဗိုလ်က ကျောင်းဝိုင်းထဲကိုမတွန်းခဲ့ပါနဲ့ လို့ စစ်ဆေးရေးဂိတ်နားမှာပဲ ဆိုင်ကယ်ရဲ့တူးဘောက်ကိုလှပ်ပါလို့ပြောလို့ လှပ်လိုက်တဲ့အချိန်မှာထကွဲလို့ လှပ်တဲ့သူကအလောင်းပါပျောက်ပြီး ပွဲခြင်းပြီးသေဆုံးတယ်၊ ဘေးနားမှာရှိတဲ့စစ်ဆေးရေးဂိတ်ကသူတွေကတော့ ထိခိုက်ဒဏ်ရာရပြီးဆေးရုံမှာ ၂ ကောင်ထပ်သေဆုံးတယ်" ဟု တာဝန်ခံ ကို Zeroက ပြောသည်။

🔹ဆိုင်ကယ်ဖင်ထိုင်ခုံလှပ်စဉ် မိုင်းထိသေဆုံးသူမှာ ရဲတပ်သားဖြစ်ပြီး ဆေးရုံတွင်သေဆုံးသူ ၂ ဦးမှာ စစ်သေားများ ဖြစ်ကြောင်း ထပ်မံပြောသည်။

ဖောက်ခွဲမှုအား Yesagyo Revolution Group - YRG၊ Urban Underground Revolution Force -UURF၊ Shwe Nyar Myae - PDF နှင့် Zarmani Blood Guerilla Army - Myaing တို့ပူးပေါင်းလုပ်‌ဆောင်ခဲ့ကြောင်းသိရသည်။

#မြေလတ်အသံ

▶️၂၀၂၂/၂၃ ပညာသင်နှစ် မြို့နယ်အချို့မှ Non _ CDM များစာရင်းအချို့ ထုတ်ပြန်ကြေညာခြင်း။🔹အောက်ဖော်ပြပါ စာရင်းဇယားသည် Non _ C...
07/27/2022

▶️၂၀၂၂/၂၃ ပညာသင်နှစ် မြို့နယ်အချို့မှ Non _ CDM များစာရင်းအချို့ ထုတ်ပြန်ကြေညာခြင်း။

🔹အောက်ဖော်ပြပါ စာရင်းဇယားသည် Non _ CDM ကျောင်းသား/သူများဖြစ်၍ စစ်ကျွန်ပညာရေးကို အားပေးအားမြှောက်ပြုလုပ်၍ ကျောင်းတက်နေကြသူများဖြစ်သောကြောင့် Non _ CDM စာရင်းတွင်ထည့်သွင်းလိုက်သည် ။

🔹မှတ်ချက် ။ ။ ယခုစာရင်းတွင် ပါဝင်နေပြီး အကယ်၍ CDM ကျောင်းသား/သူ အစစ်မှန်ဖြစ်ပါက မိမိတို့ Email သို့ပေးပို့၍ အကြောင်းကြားနိုင်ပါသည်။

Email _ [email protected]



➡️👇👇👇https://www.facebook.com/100835912579290/posts/146228241373390/

🔹သေဒဏ်ကျခံနေရသူ အမျိုးသမီး (၉)ဦး အပါအဝင် စုစုပေါင်း (၇၄)ဦး စာရင်း။😥(၁) မောင်ငြိမ်း (၂) မောင်ခုံး(၃) အောင်သီဟဟိန်း(၄) အော...
07/27/2022

🔹သေဒဏ်ကျခံနေရသူ အမျိုးသမီး (၉)ဦး အပါအဝင် စုစုပေါင်း (၇၄)ဦး စာရင်း။😥

(၁) မောင်ငြိမ်း
(၂) မောင်ခုံး
(၃) အောင်သီဟဟိန်း
(၄) အောင်အောင်ထက် ခေါ် အောင်ထက်
(၅) ဘိုဘိုသူ
(၆) စိုင်းခေး ခေါ် အိုက်ခေး ခေါ် ကေကေ
(၇) တင်ထွန်းအောင် ခေါ် မိုးလျှံ
(၈) မြင့်မြင့်အေး
(၉) ဝင်းကိုကို ခေါ် အူဝဲ
(၁၀)နိုင်နိုင် ခေါ် ရွှေငါး
(၁၁)စောရဲနိုင် ခေါ် ရဲလေး
(၁၂)ခိုင်မြဲ ခေါ် သော်ဇင်နိုင်
(၁၃)စိုးပြည့်အောင် ခေါ် အောင်အောင်
(၁၄)အောင်မျိုးလင်း ခေါ် ကြက်ဖ
(၁၅)အေးငြိမ်းအောင်
(၁၆)မိုးမိုးမြင့်အောင် ခေါ် မမိုးမြင့်
(၁၇)ရာကျော်
(၁၈)ထွန်းကိုကို ခေါ် ကိုကို
(၁၉)ဝေယံဝင်းမြင့် ခေါ် ဝေယံ
(၂၀)လပြည့်ဝန်း ခေါ် လပြည့်
(၂၁)စိုးမိုးပိုင် ခေါ် ရခိုင်လေး ခေါ် နံဂျပ်ကူ
(၂၂)ရန်နိုင်စိုး ခေါ် ကရင်
(၂၃)ကျော်ကျော်နိုင် ခေါ် ကျော်နိုင်
(၂၄)ဇင်မာထွန်း
(၂၅)လှလှနိုင် ခေါ် မနိုင်
(၂၆)ဝင်းလွင်ဦး
(၂၇)ဇင်မင်းကျော်
(၂၈)အောင်မင်းသူ ခေါ် ကိုသူ
(၂၉)အောင်ကိုမင်း ခေါ် လင်းညို
(၃၀)ထက်ပိုင်စိုး ခေါ် ဖိုးထက်
(၃၁)ဝေယံထွန်း ခေါ် ဝေယံ
(၃၂)ချစ်ကိုကို ခေါ် နဂါး
(၃၃)မျိုးဇင်အောင် ခေါ် ကိုမျိုး
(၃၄)နေသွေး
(၃၅)ဟိန်းထက်အောင် ခေါ် ဈာန်ရဲ
(၃၆)အာကာသိန်း ခေါ် အာကာ
(၃၇)အောင်ချမ်းမြေ့
(၃၈)ဆောင်းလေပြေ ခေါ် ဇူးဇူး
(၃၉)ကျော်စည်သူ
(၄၀)သက်ထက်အောင် ခေါ် လပြည့်
(၄၁)ကျော်ကျော်မင်းခန့် ခေါ် မင်းခန့် ခေါ် ဖက်တီး
(၄၂)ခင်ဝင့်ကျော်မောင်
(၄၃)ဇွဲဝေယံထွဋ် ခေါ် အက်ဒီဇင်
(၄၄)ဝင်းလှိုင်ထွန်း ခေါ် ညီလေး
(၄၅)ဇော်လင်းထွန်း ခေါ် ကိုဇွဲ ခေါ် ဒီမွန်
(၄၆)မြဌေးကို
(၄၇)အောင်ကောင်းခန့်
(၄၈)ကောင်းကောင်း ခေါ် ကောင်းမြတ် ခေါ် စောကောင်းမြတ် ခေါ် ဖြိုးမောင်မောင်
(၄၉)ရဲနိုင် ခေါ် ကိုရဲ
(၅၀)ဖြိုးကျော်ဇင် ခေါ် ကိုဖြိုး
(၅၁)ဆုဝေနှင်း
(၅၂)ဆုမြတ်သွယ်
(၅၃)ခိုင်မင်းထွန်း ခေါ် နေမင်း
(၅၄)ဉာဏ်လင်းထက် ခေါ် ဉာဏ်ဟိန်းထက် ခေါ် ကိုထက်
(၅၅)ပြည့်ဖြိုးသူ ခေါ် ကိုစိုင်း
(၅၆)ရဲရင့်ဖြိုး ခေါ် ပီတာပို
(၅၇)ကျော်ကျော်နိုင်
(၅၈)လှိုင်မင်းကျော်
(၅၉)ဇော်ဝင်းမြင့်
(၆၀)ဇင်မင်းထွန်း
(၆၁)အောင်မြင့်သွင်
(၆၂)အောင်ကိုကိုဇော်
(၆၃)ဖြိုးမင်းထွန်း ခေါ် ကိုဖြိုး
(၆၄)ကိုလတ်
(၆၅)ဖိုးသား
(၆၆)စိုးမိုး
(၆၇)သန့်ဇင်
(၆၈)ဒေဝ
(၆၉)အသေးလေး
(၇၀)ချိုချို
(၇၁)အိုက်ဆိုင်မိန်း
(၇၂)ဂျိုးဇက်
(၇၃)စိုးသူ ခေါ် နိုင်လင်း ခေါ် အောင်ဇေယျ ခေါ် အာကြီး
(၇၄)အံ့မောင် ခေါ် ဖိုးသာထူး


ော်ပြချက်များကိုကူးယူဖော်ပြပေးပါတယ်။

သတိလမ်းပေါ်တွင် အမှိုက်များကို ပရမ်းပတာ မပစ်ရ။
05/10/2022

သတိ

လမ်းပေါ်တွင် အမှိုက်များကို

ပရမ်းပတာ မပစ်ရ။

▶️ ဝန်ထမ်းတွေကြောက်တဲ့ အင်တာဗျုး 📃🔹လုပ်ငန်းခွင်တိုင်းမှာ နေ့စဉ်အင်တာဗျူးတဲ့သူ သောင်းနဲ့ချီရှိပါတယ်။ 🔹အဲ့ထဲကမှ အယောက်ထောင...
03/30/2022

▶️ ဝန်ထမ်းတွေကြောက်တဲ့ အင်တာဗျုး 📃

🔹လုပ်ငန်းခွင်တိုင်းမှာ နေ့စဉ်အင်တာဗျူးတဲ့သူ သောင်းနဲ့ချီရှိပါတယ်။

🔹အဲ့ထဲကမှ အယောက်ထောင်ကျော်လောက်ကပဲ အလုပ်ရကြပါတယ် ။

🔹 အင်တာဗျူးကြောင့်ဆုံးရှုံးလိုက်ရတဲ့အထဲမှာ အလုပ်တခုထဲမဟုတ်ပါဘူး လူတိုင်းအကောင်အထည်ဖော်ချင်တဲ့ ရည်မှန်းချက်နဲ့ပန်းတိုင်တွေပါ ပါနေပါတယ်

🔹 လူတယောက်အပေါ်မှာ မှီခိုနေတဲ့မိသားစုတွေရဲ့ စားဝတ်နေရေး

🔹 ရေဖိုး မီးဖိုး ကျောင်းသားတယောက်ရဲ့ကျောင်းလခ အိမ်ငှါးခ

🔹 အပိုအလျှံထွက်ငွေအပြင် အသုံးအဆောင်ပစ္စည်းကနေ ကျန်းမာရေးအတွက် ဆေးကုသစရိတ်တွေကိုပါ အင်တာဗျူးမှာဆုံးရှုံးလိုက်ရပါတယ်

🔹 ယနေ့ခေတ်မှာ ကိုယ်ပိုင်အရည်အချင်းထက် ပညာအရည်အချင်းကို ဦးစားပေးနေတာဟာ မှားတယ်လို့မြင်ပါတယ်

🔹 လုပ်ငန်းခွင်တခုမှ ၁၀နှစ်ကျော်လုပ်လာတဲ့ အတွေ့အကြုံကို ပညာအရည်အချင်းကြောင့် အလကားလွှင့်ပစ်လိုက်ရပါတယ်

🔹 ဘွဲ့လက်မှတ်တွေ အောင်လက်မှတ်တွေက ကိုယ်ပိုင်အရည်အချင်းကို အမှန်မပြနိုင်ပါဘူး ဒါကြောင့်မလို့ မြန်မာနိုင်ငံမှာရှိတဲ့ တချို့သောကုမဏီများဟာ ပညာအရည်အချင်းထက် ကိုယ်ပိုင်အရည်အချင်းကို အလေးထားကြပါတယ် ဒါပေမယ့် ကုမဏီအနည်းငယ်သာ ခွင့်ပြုတာပါ

🔹 ပညာအရည်အချင်းနဲ့လုပ်ရတဲ့ရာထူးကို ပညာအရည်အချင်းနဲ့တန်ဖိုးဖြတ်ရင် အတက်ပညာ လက်မှုပညာနဲ့လုပ်ရတဲ့ရာထူးကို ဘာလို့အတွေ့အကြုံ ကျွမ်းကျင်မှုနဲ့ တန်ဖိုးမဖြတ်နိုင်ကြရတာလဲ

🔹 ဘွဲ့ရပညာတက်တွေကို အခွင့်အရေးပေးခဲ့ရင် အလယ်အလတ်တန်းစား အတက်ပညာရှင်လေးတွေကိုလည်း ရက်အကန့်အသတ် လကန့်အသတ်နဲ့ သူတို့ဘာလုပ်နိုင်တယ် ကိုယ့်လုပ်ငန်းမှာဘယ်နေရာကနေဘယ်လိုထောက်ပံ့ပေးနိုင်တဲ့ဆိုတဲ့ သူတို့ရဲ့ကိုယ်ပိုင်အရည်အချင်းအတွက် အခွင့်အရေးပေးသင့်ပါတယ်

🔹 စာမတက်လို့ကားမောင်းတဲ့သူက ဆယ်တန်းမအောင်ဘွဲ့မရလို့ အလုပ်မရကြဘူး

🔹 အရောင်းနယ်ပယ်မှာကျွမ်းကျင်တဲ့ လူတယောက်ဟာ ဘွဲ့မရလို့ ကိုယ့်ရဲ့ကျွမ်းကျင်မှုကို အသုံးချခွင့်မရှိဘူး

🔹 ဝါသနာပါတဲ့လုပ်ငန်းကို လုပ်ချင်တဲ့ လူငယ်တယောက်ဟာ သူ့ရဲ့ဝါသနာနဲ့ရည်မှန်းချက်တွေကို လက်မှတ်လေးတခုအတွက်နဲ့ စွန့်လွှတ်လိုက်ရတယ်

🔹 ပညာအရည်အချင်းနဲ့လူကိုပဲ အလုပ်ခန့်မယ်ဆိုတာမျိုးက အယူသီးတဲ့ အယူအဆလို့ပြောလို့ရပါတယ်

🔹 တကယ့်ဝန်ထမ်းကောင်းတွေသည် သူတို့ရဲ့ကျွမ်းကျင်မှုနဲ့အတွေ့အကြုံကိုအသုံးချပြီး လုပ်ငန်းရှင်လေးဘဝကနေ လုပ်ငန်းရှင်ကြီးတယောက်ဘဝကိုရောက်အောင် တွန်းပို့ပေးခဲ့ကြတာပါ

🔹 အခုချိန်မှာ သူတို့ရဲ့မပြေလည်မှုကိုထည့်ပြီးတွက်ပေးမယ်ဆိုရင် အပေါ်ကပြောခဲ့သလို အင်တာဗျုးတခုမှာဆုံးရှုံးလိုက်ရတာဟာ အလုပ်တခုထဲမဟုတ်ပါဘူး နောက်ဆက်တွေအများကြီးပါပဲ

🔹 လုပ်ငန်းရှင်ကသူ့ရဲ့စီးပွားရေးကိုဘယ်လိုချဲ့ထွင်းရမလဲဆိုတာလေုက်ပဲ တွေးတက်တာပါ ဒါပေမယ့် လုပ်ငန်းရှင်လက်အောက်က ရာထူးအနိမ့်အမြင့်ဝန်ထမ်းအားလုံးဟာ အထက်တန်းစား အလယ်အလတ်လူတန်းစား အောက်ခြေလူတန်းစားတို့ရဲ့ ဘဝတွေကို သူဌေးထက်ပိုနားလည်ပါတယ်

🔹 အခက်အခဲ ဖြစ်နေကြတဲ့လူတချို့မှာ မနက်ဖြန်အတွက်တောင် ခိုလှုံအတွက် နေရာတောင်မရှိကြတော့ပါဘူး

#မူရင်းရေးသားသူအားCrdပေးပါသည်။

▶️ UG ဆိုတာ ဘာလဲ❔❔▶️ မြို့ပြပြောက်ကျားတဲ့...ဘယ်သူတွေလဲ ❔❔🔹 UG ဆိုတာ...🔹 Online ပေါ်မှာ သေနတ်တွေထမ်း၊ယူနီဖောင်းကျကျနနဝတ် ...
03/10/2022

▶️ UG ဆိုတာ ဘာလဲ❔❔

▶️ မြို့ပြပြောက်ကျားတဲ့...ဘယ်သူတွေလဲ ❔❔

🔹 UG ဆိုတာ...

🔹 Online ပေါ်မှာ သေနတ်တွေထမ်း၊ယူနီဖောင်း
ကျကျနနဝတ် Post အမျိုးမျိုးပေး ဓာတ်ပုံ
ရိုက်ခွင့်မရှိဘူး။

🔹 Public မှာ Post တင်အလှူခံဖို့မလွယ်ဘူး၊
Live လွှင့်ပြီး ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့ရယ်လို့
ချပြခွင့်မရှိဘူး။

🔹 ရန်သူနဲ့အနီးဆုံးမှာနေပြီး ရန်သူကို ထိတ်လန့်
တုန်လှုပ်စေခဲ့ကြတယ်၊ရန်သူဟာ မြိုပြမှာနေရင်း
သဲအိတ်ဘန်ကာကြားကမထွက်ရဲဘူး။

🔹 ရန်သူဟာ လူကြားသူကြားသွားလာဖို့ ကျောမ
လုံဘူး၊လုံးဝအုပ်ချုပ်ခွင့်မရစေရဆိုတဲ့စကားကိုအကောင်အထည်ဖော်ပေးနေတာ မြို့ပြပြောက်
ကျားတွေပါ။

🔹 သူတို့အိပ်ထဲကစိုက် ၊ သူတို့ပိုင်ဆိုင်တာလေးတွေ
အရင်းအနှီးပြု ၊ ယုံကြည်ရသူတချို့ရဲ့အကူအညီနဲ့ တိုက်ပွဲဝင်နေကြရတယ်။

🔹 သူတို့လုပ်လိုက်တယ်လို့ ကြေညာပေးလိုက်တယ်။
မီဒီယာမှာပါလာတယ်။အဖွဲ့အမည်ပဲသိရတယ်။
ငဖြူလား ငမဲလား ဘယ်သူမှမသိဘူး၊ တစ်ယောက်
အဖမ်းခံရရင် အဖွဲ့လိုက်ပါသွားတတ်ကြတယ်၊

🔹 သူတို့ဘယ်သူတွေလဲ ဘယ်ကလဲ၊ ဘယ်သူမှမမြင်ဖူး၊
သူတို့ ကျဆုံးသွားပြီလား ရှင်သန်နေသေးလား၊ဘာသတင်းမှမရနိုင်ဘူး။

🔹 တကယ်တော့ မြို့ပြပြောက်ကျားတွေဟာ လှူမယ့်
ကူမယ့်သူမရှိ၊လှူဖို့ရာ အကူအညီတောင်းဖို့ရာခက်၊
တောတွင်းကလူတွေလို သက်သေပြဖို့ လုပ်ဆောင်
မယ့်အရာတွေချပြဖို့ အဆင်ပြေမနေဘူး။

🔹 သူတို့ အဖမ်းခံရလဲလူသိပ်မသိ၊အသက်တွေပေး
လိုက်ရလဲ လူစိတ်မဝင်စား၊မြို့ပြပြောက်ကြားတွေ
ဟာ အများအမြင်မှာ အညတရတွေပေါ့။

🔹တကယ်တော့ သူတို့ဟာ နိုင်ငံအနှံ့က မြို့အသီးသီး
မှာ စစ်အာဏာရူးတွေရဲ့ဒေါက်တိုင်တွေ၊ဌာနတွေ၊
ဒလန်တွေကို တိုက်ခိုက်ရင်း ဒီတော်လှန်ရေးမှာ ပြည်သူဘက်ကအားသာအောင် ပေးဆပ်နေကြရသူတွေပါ။

🔹 ဒီလိုရေးတော့ တောတွင်းက တော်လှန်ရေးသမားတွေရဲ့အခန်းကဏ္ဍကအရေးမပါဘူးလား မေးနိုင်ပါတယ်၊

🔹 ဒါဟာ ပြည်သူ့တော်လှန်ရေးဖြစ်ပါတယ်၊ကျရာနေရာကပါဝင်နေကြသူတစ်ဦးချင်းစီတိုင်းကို လေးစားရပါတယ်။

🔹 ယခုတင်ပြလိုတာက မြို့ပြပြောက်ကျားတွေရဲ့ အခန်းကဏ္ဍနဲ့ လုပ်နိုင်စွမ်း၊ရင်ဆိုင်ကြရတဲ့အခက်အခဲတွေကို အလေးအနက်ထားစေချင်တာပါ။📌

🔹 ဒီနွေဦးတော်လှန်ရေးမှာ ဘယ်သူကပိုပြီးပေးဆပ်ရတယ်ဆိုတာမျိုး မပြောကြပဲ ညီညွတ်စွာ တိုက်ပွဲဝင်ကြရင် ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းနိုင်မှာပါ။

🔹 ဒီအတွက် NUG ကိုလဲလှူကြပါ၊ယုံကြည်ရတဲ့ PDF အဖွဲ့တွေဆီကိုလဲလှူပါ၊အဓိကကတော့ အလှူရှင်ရှားပါးတဲ့ မြို့ပြပြောက်ကျားတွေကိုလဲ အားဖြည့်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်၊။

ှကူးယူဖော်ပြပါသည်။

▶️ သမိုင်းလမ်းဆုံ၊ City Mart ရှေ့ ယာဉ်ထိန်းရဲကင်းတွင် ဗုံးပေါက်ပြီး စစ်သား ၂ ဦးသေဆုံး🔹 ဖေဖော်ဝါရီ ၂၁ 🔹ရန်ကုန်၊ သမိုင်းလမ...
02/21/2022

▶️ သမိုင်းလမ်းဆုံ၊ City Mart ရှေ့ ယာဉ်ထိန်းရဲကင်းတွင် ဗုံးပေါက်ပြီး စစ်သား ၂ ဦးသေဆုံး

🔹 ဖေဖော်ဝါရီ ၂၁

🔹ရန်ကုန်၊ သမိုင်းလမ်းဆုံ City Mart ရှေ့ရှိ ယာဉ်ထိန်းရဲကင်းတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ဗုံးပေါက်ကွဲပြီး စစ်သား ၂ ဦးသေဆုံးကြောင်း‌ ဒေသခံများ ပြောဆိုချက်အရ သိရသည်။

🔹"သမိုင်းလမ်းဆုံ City Mart ရှေ့မှာ အုန်းတာ။ စစ်ခွေး ၅ကောင်လောက်ထိတယ်။ သေလားတော့မသိဘူး။ ဆေးရုံကားတွေနဲ့ခေါ်သွားတယ်။ အခု ၂ကောင်တော့ သေပြီလို့ ပြောတယ်။ ၁ နာရီ ၃၀ မိနစ်က ဖြစ်တာပါ" ဟု ဒေသခံတစ်ဦးက ပြောသည်။

🔹လက်ရှိတွင် စစ်ကောင်စီတပ်များက ရန်ကုန်-အင်းစိန်လမ်း၊ ရွာမကျောင်းလမ်း၊ ကမ်းနားလမ်းများတွင် လုံခြုံရေးအပြည့်ချပြီး ကားများကို ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။


▶️ "ပြန်လည်စုရုံး နှစ်​ခြောက်လုံး"▶️ "ကျေးလက်ပုန်ကန် မြို့ပြဖီဆန်"🔹Silent strikeတို့ စည်ကားသပိတ်တို့စတဲ့လူထုလှုပ်ရှားမှု...
02/21/2022

▶️ "ပြန်လည်စုရုံး နှစ်​ခြောက်လုံး"
▶️ "ကျေးလက်ပုန်ကန် မြို့ပြဖီဆန်"

🔹Silent strikeတို့ စည်ကားသပိတ်တို့စတဲ့
လူထုလှုပ်ရှားမှုနှိုး​ဆော်ချက်​​တွေအတွက်
နည်းလမ်း​တွေကို စဉ်းစားစီစဉ်ကြသူ​တွေဟာ
​မြေပြင်မှာ ​နေ့စဉ်လိုလို သပိတ်​မှောက်ဆန္ဒပြ​နေကြတဲ့
လူငယ်​လေး​တွေအဓိကပါဝင်ပါတယ်။ သူတို့​တွေကိုယ်တိုင်က​တော့ စစ်​ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုအန္တရာယ်​တွေကြားမှာ အသက်​ရောဘဝပါရင်းပြီး အရဲစွန့်လမ်းထွက်​နေကြ​ပေမယ့် ပြည်သူလူထုကို ပါဝင်ဖို့နှိုး​ဆော်မယ်ဆိုရင်
ပြည်သူထိခိုက်မှာကို အရမ်းစိုးရိမ်တတ်ကြပါတယ်။ ဒါ​ကြောင့်မို့လို့ silent strike ဆိုရင်လည်း လူတိုင်းနီးပါး အန္တရာယ်အနည်းဆုံးနဲ့ ပါဝင်နိုင်​အောင်ဆိုပြီး သူတို့​တွေ လမ်း​ပေါ်ထွက်ဖို့လိုအပ်တဲ့ရက်​တွေမှာ​တောင် လူထုမထိခိုက်ဖို့ ဦးစား​ပေးစိတ်နဲ့ လုပ်ခဲ့ကြပါတယ်။

🔹အခုလည်း ၂၂.၂.၂၀၂၂ နှစ်​ခြောက်လုံး​နေ့မှာ လူထုတရပ်လုံးပါဝင်နိုင်မယ့် လှုပ်ရှားမှုအဖြစ် "စည်ကားသပိတ်" ရယ်လို့ နှိုး​ဆော်ကြပြန်ပါတယ်။

🔹လူထုကို စစ်​ကောင်စီက လက်ဖျားနဲ့ထိတာ​တောင် မခံ​စေချင်ကြတဲ့ သပိတ်​ခေါင်း​ဆောင်လူငယ်​တွေက "စည်ကားသပိတ်"မှာ တိုက်တွန်းတဲ့ နည်းလမ်းက ကိုယ့်မြို့ကိုယ့်ရွာရဲ့ စည်ကားတဲ့​နေရာ​​တွေမှာ ပြည်သူ​တွေ အင်နဲ့အားနဲ့ သွားလာပေးကြဖို့​လေးပဲ ​တောင်းဆိုပါတယ်။

🔹ဒီလိုစည်ကားသပိတ်မှာပါဝင်တဲ့အခါ တတ်နိုင်မယ်ဆိုရင်

(၁) ဦးထုပ်/ခ​မောက်​တွေ​ဆောင်းပြီး သွားလာကြဖို့

(၂) မျက်နှာမှာ သနပ်ခါးလိမ်းပြီး သွားလာကြဖို့

(၃) အဆင်​ပြေရင် ပန်း​ပွင့် ပန်းစည်း​လေးကိုင်ပြီး သွားလာကြဖို့ (ဒီထက်အဆင်​ပြေရင် စာရွက်တရွက်​ပေါ် ​​ကြွေး​ကြော်သံ​လေး​တခုရေးပြီ ပန်းပွင့်​တွေနဲ့အတူ ကြဲချခဲ့ဖို့)

(၄) ကိုယ်​ရောက်​နေတဲ့​နေရာက လုံခြုံ​ရေး အ​ခြေအ​နေ​ပေးရင် လက်၃​ချောင်း​ထောင် ​ကြွေး​ကြော်ကြဖို့

(၅) ည၈နာရီမှာ သံပုံး​တွေတီး​ပေးကြဖို့

အဲဒါ​တွေကို အဆင်​ပြေရင် အကုန်လုံးလုပ်ပြီး မ​ပြေရင်လည်း နိုင်သ​လောက်​လေးလုပ်​ပေးကြဖို့ နှိုး​ဆော်ထားကြတာ ​တွေ့ရပါတယ်။

🔹​ဒီလို လူထုလှုပ်ရှားမှုနှိုး​ဆော်ချက်​​တွေကို ပြည်သူလူထုက အင်တိုက်အားတိုက် ပါဝင်ကြတယ်ဆိုရင် ​မြေပြင်မှာ စွန့်စားပြီး သပိတ်ထွက်​နေကြတဲ့ လူငယ်​တွေ​​ရော မြို့ပြ​ပျောက်ကြား ရဲ​​​​​​ဘော်​တွေ​ရော တောထဲ​တောင်ထဲက လက်နက်ကိုင်လူငယ်​တွေ​ရောဟာ သူတို့အသက်​တွေရင်းပြီး လှုပ်ရှား​နေရတာကို​တောင်​မေ့ပြီး အတိုင်းမသိ​ပျော်ရွှင်ဝမ်း​မြောက်ကြပါတယ်။ သူတို့အတွက် လူထုရဲ့ ပူး​ပေါင်းပါဝင်မှုဟာ ဘယ်ဆရာဝန်ကမှ မ​ပေးနိုင်တဲ့ ခွန်အားဖြည့်​ဆေးကြီးပါပဲ။ ငါတို့ပြည်သူလူထုကြီးဟာ လူထုသပိတ်​တွေမှာ နိုင်သမျှနည်းနဲ့ပါဝင်​နေကြတာမို့ ငါတို့​တွေ အသက်နဲ့ရင်းရတာတန်တယ်။ ငါတို့​တွေ ​အဖမ်းခံ​ထောင်ကျခံ နှိပ်စက်ခံရရင်​တောင် ရဲရဲကြီး ရင်​ကော့ခံလိုက်မယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ လမ်း​မ​တွေ ​​​တော​တောင်​တွေထဲမှာ လူငယ်​တွေက တိုက်ပွဲဆက်ဝင်​နေကြတာဖြစ်ပါတယ်။

🔹ဒါ​ကြောင့် နိုင်ငံလုံးကျွတ်လူထုသပိတ်​တွေဟာ စကစကို တကြိမ်တည်းနဲ့ ဖြုတ်မချနိုင်​သေးရင်​တောင် တော်လှန်ပြည်သူလူထုအချင်းချင်း အထူးသဖြင့် အသက်နဲ့ရင်းတိုက်ပွဲဝင်​နေကြရတဲ့ ရှေ့တန်းစစ်မျက်နှာ​ပေါင်းစုံကလူငယ်ရဲ​ဘော်​တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ခွန်အားနဲ့တက်ကြွမှုကို
​မုချမ​သွေ ​ပေးစွမ်းနိုင်ပါတယ်။

🔹ကဲ! ဒီ​လောက်ဆိုရင် တော်လှန်​ရေး ရဲ​​​​​​ဘော်​တွေ ပြည်သူ​တွေအတွက် ရှေ့ဆက်နိုင်မယ့်ခွန်အား​တွေ​ပေးဖို့ လူထုသပိတ်​တွေမှာ တတ်နိုင်​သ​လောက်ပါဝင်ဖို့ ဆုံးဖြတ်လိုက်သင့်ပြီ မဟုတ်လား။

🔹၂၂.၂.၂၀၂၂ နှစ်​ခြောက်လုံး​နေ့မှာ လမ်းမ​တွေ​ပေါ်ထွက်ခဲ့လိုက်ပါ
"စည်ကားသပိတ်"နဲ့အတူ နှစ်​ခြောက်လုံး​နေ့မှာ ပြန်လည်စုစည်းပြီး ရုန်းထလိုက်ကြရအောင်ပါ။ ✊✊✊


▶️ သာကေတ မီတာရုံးအနီး ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်ကာ ဆေးရုံကားသံများကြားရ ၊ ၇ ဈေးမီးလောင်။🔹ဖေဖော်ဝါရီ ၁၉ 🔹ရန်ကုန်တိုင်း၊ ...
02/19/2022

▶️ သာကေတ မီတာရုံးအနီး ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်ကာ ဆေးရုံကားသံများကြားရ ၊ ၇ ဈေးမီးလောင်။

🔹ဖေဖော်ဝါရီ ၁၉

🔹ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်း မီတာရုံး အနီးတို့တွင် ယနေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်တွင် ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြောဆိုသည်။

🔹"မီတာရုံးနားမှာ ဗုံးပေါက်တယ်။ အဲဒါ ပြီးတော့ အဲဒီနားမှာ တပ်စွဲထားတဲ့ ခွေးတွေက ရမ်းသမ်းပစ်တယ်။ ဘယ်ကို ပစ်တာလည်းတော့မသိဘူး" ဟု မီတာရုံးအနီး နေထိုင်သူတစ်ဦးက ပြောသည်။

🔹ယင်းနောက် ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်သံများထွက်ပေါ်ပြီးနောက် သာကေတမြို့နယ် ၇ ဈေးတွင် မီးလောင်မှု ဖြစ်ပွားကြောင်း ၊ ယင်းနောက် မီးသတ်ကားများရောက်ရှိလာပြီး ငြိမ်းသတ်ရာ မီးငြိမ်းသွားသည်ဟု သိရှိရသည်။

🔹"၇ ဈေး မီးလောင်တာက အခုတော့ငြိမ်းသွားပြီ။ မြင်တော်သာလမ်းဘက်မှာ မီတာရုံးဘက်မှာ ဗုံးကွဲသံကြားရတယ် ပစ်ခတ်သံလည်းကြားရ။ ဈေးလည်း မီးလောင်တော့ လူတွေထိတ်လန့်ကုန်တာပေါ့။ ထိခိုက်ဒဏ်ရာ ရတယ်ထင်တယ်။ ဆေးရုံကားသံတွေကြားနေရတယ်။ ဗုံးပေါက်တယ်။ ပစ်တယ်။ မီးလောင်တယ်" ဟု ဈေးအနီး နေထိုင်သူက ပြောဆိုသည်။

🔹သာကေတမြို့နယ်တွင် ဆက်တိုက် ဗုံးပေါက်ပြီး ပစ်ခတ်သံတွေကြားရပြီးနောက် ရုပ်ရှင်ရုံလမ်းဆုံနှင့် ရုပ်ရှင်ရုံ ဘေးရှိမုန့်ဆိုင်များတွင် ကင်းပုန်းဝပ်လျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။


▶️ တိုက်လေယာဉ်ပျက်ကျရာတွင် သေဆုံးသွားသော လေယာဉ်မှူးမှာ ပြည်ထောင်စုနေ့က မဂ်လာဆွမ်းကျွေး။🔹စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ...
02/16/2022

▶️ တိုက်လေယာဉ်ပျက်ကျရာတွင် သေဆုံးသွားသော လေယာဉ်မှူးမှာ ပြည်ထောင်စုနေ့က မဂ်လာဆွမ်းကျွေး။

🔹စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ရေမျက်ကြီးအင်းတွင် ယနေ့နံနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ် တိုက်လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့သော လေယာဉ်မှူး ဗိုလ်ကြီးဟိန်းထက်အောင်မှာ ပြည်ထောင်စုနေ့ကမှ မဂ်လာဆွမ်းကပ်ပွဲကျင်းပခဲ့ကြောင်း ယုံကြည်စိတ်ချရသောသတင်းရင်းမြစ်များက ပေးပို့ချက်အရသိရသည်။

ဗိုလ်သင်တန်းအပတ်စဉ် (၅၁) ဆင်း ဗိုလ်ကြီးဟိန်းထက်အောင် လေ-၃၅၈၆ မောင်းနှင်သည့် တိုက်လေယာဉ်သည် မန္တလေးတံတားဦးလေတပ်စခန်းမှ ပျံတက်လာပြီး လေ့ကျင့်ပျံသန်းမှုပြုစဉ် လေယာဉ် စက်ချို့ယွင်းကာ ရေမျက်ကြီးအင်းထဲပျက်ကျသွားခြင်းဖြစ်သည်ဟုစစ်ကောင်စီကထုတ်ပြန်သည်။

ပျက်ကျသွားသည့် အကြမ်းဖက်စစ်အုပ်စု၏ တိုက်လေယာဉ်မှာ တရုတ်နိုင်ငံထုတ် A5C Fantan အမျိုးအစားဖြစ်သည်ဟု လေတပ်မှ CDM ဝင်ရောက်လာသည့် တပ်ကြပ်ကြီးတစ်ဦးက ပြောပြကြောင်းသိရသည်။


▶️ ရန်ကုန်အောင်မင်္ဂလာအဝေးပြေးရှေ့ စစ်ကြောရေးစခန်းနှင့် သန်လျင် သီလဝါ နယ်မြေရဲစခန်း တိုက်ခိုက်ခံရ ။🔹ဖေဖော်ဝါရီ ၁၄ 🔹ရန်ကု...
02/14/2022

▶️ ရန်ကုန်အောင်မင်္ဂလာအဝေးပြေးရှေ့ စစ်ကြောရေးစခန်းနှင့် သန်လျင် သီလဝါ နယ်မြေရဲစခန်း တိုက်ခိုက်ခံရ ။

🔹ဖေဖော်ဝါရီ ၁၄

🔹ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးဝင်းရှေ့ရှိ စစ်ကြောရေး စခန်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်းတွင် ဗုံးသစ်လက်နက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း Dictator Revolt Front (D.R.F)က ထုတ်ပြန်သည်။

🔹ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၈ နာရီ ၀၃ မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းရေ့ရှိ စစ်ကောင်စီ၏ စစ်ကြောရေးစခန်းကို ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်မှု အခြေအနေကို မသိရှိရသေးကြောင်း၊ ၁၀၇ နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အဖြစ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း D.R.F က ပြောဆိုထားသည်။

🔹ခရေပင်လမ်းခွဲအနီးတွင် နေထိုင်သူတစ်ဦးက "မနေ့ညက ပေါက်ကွဲသံ တော့ကြားရတယ်။ ပစ်ခတ်သံလည်းကြားရတယ်။ ည ၇ ခွဲကျော်ရင် လမ်းပေါ်မယ် လူက သိပ်မရှိတော့ဘူး" ဟု ပြောဆိုသည်။

🔹အလားတူ ယမန်နေ့ညပိုင်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် ကျောက်တန်း-သန်လျင် လမ်းမကြီး အောင်သပြေ(သီလဝါ)လမ်းဆုံ အနီးရှိ သီလဝါနယ်မြေခံ ရဲစခန်းကို တိုက်ခိုက်မှုတရပ်ဖြစ်ပွားကြောင်း ၊ ဗုံးသုံးလုံးဆင့်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသံကျယ်လောင်စွာကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။

🔹"ဗုံးပစ်သွားတယ်လို့တော့ကြားတယ်။ ဘယ်လိုတွေဖြစ်လဲ တိတိကျကျ မသိဘူး" ဟု သန်လျင်ဒေသခံတစ်ဦးက ပြောသည်။


▶️ မုံရွာ-ဘုတလင် လမ်းပိုင်းရှိ တိုးဂိတ်အား ဒေသခံကာကွယ်ရေးတပ်က မိုင်းခွဲ တိုက်ခိုက်🔹ဖေဖော်ဝါရီလ ၁၃ ရက်🔹စစ်ကိုင်းတိုင်း၊ ဘ...
02/13/2022

▶️ မုံရွာ-ဘုတလင် လမ်းပိုင်းရှိ တိုးဂိတ်အား ဒေသခံကာကွယ်ရေးတပ်က မိုင်းခွဲ တိုက်ခိုက်

🔹ဖေဖော်ဝါရီလ ၁၃ ရက်

🔹စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ဘုတလင် လမ်းပိုင်းရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေး တိုးဂိတ်ကို ဒေသခံကာကွယ်ရေးအဖွဲ့ YAN GYI AUNG(YGA) LPDF က ဖေဖော်ဝါရီ ၁၂ ရက် နေလယ်ပိုင်းမှာ ဝန်ထမ်းတွေကို ဘေးလွတ်ရာပြောင်းရွှေ့စေပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖောက်ခွဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူတွေနဲ့ အဖွဲ့သား‌တွေလည်း ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရှိရပါသည်။


▶️ 𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐓𝐨 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐀𝐮𝐧𝐠𝐒𝐚𝐧 🔹အခုချိန်သာ အသက်ရှင်သေးရင် လေးစားရတဲ့ ငါတို့ရဲ့ ခေါင်းဆောင် ယနေ့ အသက် ၁၀၇ နှစ်ပြည့်...
02/13/2022

▶️ 𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐓𝐨 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐀𝐮𝐧𝐠𝐒𝐚𝐧

🔹အခုချိန်သာ အသက်ရှင်သေးရင် လေးစားရတဲ့ ငါတို့ရဲ့ ခေါင်းဆောင် ယနေ့ အသက် ၁၀၇ နှစ်ပြည့်ပြီ။

🔹 ငါတို့စစ်တပ်ဟာ.
🔹 နိုင်ငံသူ/သားတွေကိုညှင်းဖို့မဟုတ်။
🔹 လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်။
🔹 စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။
🔹 နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံမဖြစ်ရဘူး။

ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်း လစ်လျှူရှုပြီး မအေလက လုပ်ချင်သလို လုပ်နေတာ။

🔹အရေးတော်ပုံကြီး အောင်မြင်ဖို့ လူတိုင်း နိုင်ရာတာဝန်ကို တဖက်တလှမ်းက ပါဝင်ကြပါ လို့ တိုက်တွန်းအပ်ပါတယ်။

#စစ်အာဏာရှင်စနစ်ကျရှုံးပါစေ
#မြန်မာနိုင်ငံသားတယောက်အနေဖြင့်ထာဝရလေးစားဂါရဝပြုလျက်



🎉13.2.2022🎉

Address

Los Angeles, CA
90012

Website

Alerts

Be the first to know and let us send you an email when Æñôñymōûs Chæññêl posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Æñôñymōûs Chæññêl:

Videos

Share


Other Media/News Companies in Los Angeles

Show All
#}