Geeta Sharma

Geeta Sharma Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Geeta Sharma, Digital creator, Los Angeles, CA.

 #လူကောင်းတွေကိုတန်ဖိုးထားကြပါလူကောင်းတွေက နှခါပြန်မရဘူး။ဘာလို့ဆို နောင်တမရှိလို့ သူ့ရဲ့ ကောင်းမွန်တဲ့စိတ်သဘောထားဟာ ဘယ်သ...
09/13/2025

#လူကောင်းတွေကိုတန်ဖိုးထားကြပါ

လူကောင်းတွေက နှခါပြန်မရဘူး။

ဘာလို့ဆို နောင်တမရှိလို့ သူ့ရဲ့ ကောင်းမွန်တဲ့စိတ်သဘောထားဟာ ဘယ်သူ နဲ့ရှိရှိလှနေမယ်ဆို တာသိနေလို့ပဲ။

ကိုယ်ဟာလူကောင်းတဦးလား..... ဒါဆို ကိုယ့်ရဲ့စိတ်သဘောထားနဲ့ မတန်တဲ့သူကိုနှခါပြန်အခွင့်အရေးမပေးနဲ့ အဲ့ဒီလူဆီ ထပ်မသွားနဲ့....

ဒါမှမဟုတ်ကိုယ်ဟာမကောင်းတဲ့သူလား ဒါဆို လူကောင်းတဦးကိုမဆုံးရှုံးခင် အပြု အမူတွေကိုပြင်ပါ။

ဆုံးရှုံးနေပြီဆိုရင်သူများဘဝကို သွားမရှုပ်နဲ့တော့ ကိုယ့်အပစ်ကိုသာပြန်သုံးသပ်ပြီး ပိုကောင်းတဲ့သူဖြစ်ဖို့ကြိုးစားပါ လူကောင်းတွေဟာလေ တခါလွဲရင် တသက်လုံးပဲ။

ဒါကြောင့်မို့

လူကောင်းတွေကိုမဆုံးရှုံးချင်ရင်တန်ဖိုး ထားကြပါ။
ာသား

09/12/2025

I got over 3,000 reactions on my posts last week! Thanks everyone for your support! 🎉

 #ဒီပုံပြင်လေးကိုဖတ်ပြီးခင်ဗျားတို့ပျော်ရွှင်မူတစ်ခုရလိမ့်မယ်၊ ကျီးကန်းတစ်ကောင်ဟာ သူ့ဘဝကို မကျေမနပ် ဖြစ်နေတဲ့အတွက် သစ်ပင...
09/12/2025

#ဒီပုံပြင်လေးကိုဖတ်ပြီးခင်ဗျားတို့ပျော်ရွှင်မူတစ်ခုရလိမ့်မယ်

၊ ကျီးကန်းတစ်ကောင်ဟာ သူ့ဘဝကို မကျေမနပ် ဖြစ်နေတဲ့အတွက် သစ်ပင် ပေါ်မှာ ငိုနေပါတယ်ထိုအချိန်မှာပဲ ရဟန်း တစ်ပါးကလည်း သစ်ပင်အောက်မှာ ထိုင် နေပါတယ်။ကျီးကန်းရဲ့ မျက်ရည်တစ်စက် ဟာ ရဟန်းရဲ့ ပါးပြင်ပေါ်ကိုကျသွားတဲ့ အခါ ရဟန်းက ခေါင်းမော့ကြည့်လိုက်တယ် ကျီးကန်းငိုနေတာကို မြင်လိုက်ရတဲ့ ရဟန်း ကဘာကြောင့်ငိုနေတာလဲ?"လို့ မေးပါတယ်။ ကျီးကန်းက"အို ပညာရှိရဟန်း၊ ကျွန်တော်ဟာ ကျွန်တော့်ဘဝကို အလွန်မ ကျေနပ်ပါဘူး။ ဘယ်သူမှ ကျွန်တော့်ကို မ ချစ်ကြပါဘူးလူတွေဟာကျွန်တော့်ကိုမြင် တာနဲ့အဝေးကို မောင်းထုတ်ကြပြီး ဘာမှမ ကျွေးပါဘူးလူတိုင်းက ကျွန်တော့်ကို မုန်း ကြပါတယ်။ ဒီလိုဘဝထက် သေတာက ကောင်းပါတယ်"လို့ ဖြေပါတယ်။

ကျီးကန်းရဲ့စကားကိုကြားရတဲ့ ရဟန်း ဟာ ကျီးကန်းအပေါ် ကရုဏာသက်ဝင် သွားပါတယ်သူက "ငါတို့ဟာ ဘယ်လို အခြေအနေမှာပဲရှိရှိ ပျော်ရွှင်တတ်ဖို့သင်ယူ သင့်တယ်"လို့ ပြောပါတယ်။ ဒါပေမယ့် ကျီးကန်းဟာ ရဟန်းရဲ့စကားကို နားမလည် ဘဲ ဆက်ငိုနေပါတယ်။ ရဟန်းက"စိတ်မညစ် ပါနဲ့ ငါ့ကို ပြောပြပြပါ၊ သင်ဘာဖြစ်ချင် တာ လဲ? ငါ့မန္တန်နဲ့ သင်ဖြစ်ချင်တာကို ဖြစ်အောင် လုပ်ပေးနိုင်တယ်"လို့ဆိုပါတယ်။

* ကျီးကန်းဟာ ပျော်သွားပြီး"အို၊ သင့် အနေနဲ့ ကျွန်တော့်ကို ကူညီ ချင်တယ်ဆို ရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ငန်းတစ် ကောင်အဖြစ် ပြောင်းပေးပါ" လို့ပြောပါ တယ်။ ရဟန်းက "ကောင်းပြီ၊ ငါမင်းကို ငန်းတစ်ကောင်အဖြစ် ပြောင်းပေးမယ်ဒါ ပေမယ့် အရင်ဆုံး ငန်းတစ် ကောင်ဆီသွား ပြီး သူဟာ သူ့ဘဝနဲ့ ပျော်ရွှင်လားဆိုတာ မေးကြည့် ရမယ် မင်းသွားပြီး စုံစမ်းလာ ခဲ့၊ ဒီအတောအတွင်း ငါဒီမှာ မင်းကို စောင့် နေမယ်" လို့ ပြောပါတယ်။´ ကျီးကန်းဟာ ပျော်ပျော်ကြီးနဲ့ ငန်းတစ်ကောင်ဆီပျံသွား ပါတယ်။ ငန်းဟာ ရေကန်ထဲမှာ ရေကူး နေတယ်။ ကျီးကန်းက "မင်းက အရမ်းလှ တယ် နို့အရောင်လိုအဖြူရောင်ပဲလူတိုင်း က မင်းကိုချစ်ကြတယ်။ မင်းဟာ ကမ္ဘာပေါ် မှာ အပျော်ရွှင်ဆုံးငှက်ဖြစ်မယ်" လို့ ပြော ပါတယ်။ ငန်းက "မဟုတ်ဘူးဗျာ၊ ငါမပျော် ဘူးကမ္ဘာပေါ်မှာ အရောင်စုံငှက်တွေ အများ ကြီးရှိတယ်၊ ဒါပေမယ့် ငါ့မှာ ဘာအရောင် မှမရှိဘူးအဖြူဆို တာ ဘာမှမဟုတ်ဘူး ကြက်တူရွေးဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင် ဆုံး ငှက်ဖြစ်မယ်လို့ ငါထင်တယ်"လို့ပြောပါ တယ်။

ဒါကိုကြားပြီး ကျီးကန်းဟာ ကြက်တူရွေး ဆီကိုပျံသွားပြန်ပါတယ်"အို ကြက်တူရွေး၊ မင်းက အရောင်စုံလို့ အရမ်းလှတယ်မင်း ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးငှက်ဖြစ် မယ်"လို့ပြောပါတယ်။ ကြက်တူရွေးက "မဟုတ်ဘူးဗျာ၊ ငါမပျော်ဘူးလူတွေက ကြက်တူရွေးတွေကို လှောင်အိမ်ထဲထည့် ထားတယ်။ တစ်ယောက်ယောက်က ငါ့ကို ဖမ်းပြီး လှောင်အိမ်ထဲထည့်လိုက်မှာကို အ မြဲကြောက်နေရတယ်။ ဒေါင်းဟာ ငါ့ထက် အရောင်ပိုစုံလို့ သူကအပျော်ရွှင်ဆုံးဖြစ် မယ်" လို့ပြောပါတယ်။

* ဒါကိုကြားပြီး ကျီးကန်းဟာ ဒေါင်းကို ရှာဖို့ ထပ်ပျံသွားပါတယ်။ နောက်ဆုံးမှာ သူ ဟာ တိရ စ္ဆာန်ရုံထဲက လှောင်အိမ်တစ်ခုထဲ မှာ ဒေါင်း တစ်ကောင်ကို တွေ့ပါတယ်။ လူ ပေါင်းရာချီဟာ သူ့ကိုကြည့်ဖို့ စုရုံးနေ ကြ တယ်။ လူတွေသွားပြီးတဲ့နောက် ကျီးကန်း ဟာ ဒေါင်းဆီချဉ်းကပ်ပြီး "ချစ်ရတဲ့ ဒေါင်း၊ မင်းက အရမ်းလှတယ်။ လူထောင်ချီကမင်း ကိုကြည့်ဖို့လာကြတယ်။ ငါ့ကိုကြည့်ရင် လူ တွေက ချက်ချင်းမောင်း ထုတ်ကြတယ်။ မင်းဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးငှက် ဖြစ်မယ်"လို့ပြောပါတယ်။

ဒေါင်းက "ငါဟာ ကမ္ဘာပေါ်မှာ အလှပဆုံးနဲ့ အပျော်ရွှင်ဆုံးငှက် လို့ အမြဲထင်ခဲ့တယ်။ ဒါ ပေမယ့် ငါ့အလှတရားကြောင့် ဒီတိရ စ္ဆာန်ရုံ ထဲမှာပိတ်မိနေတယ်။ လူတွေက အလှဆင် ပစ္စည်းတွေလုပ်ဖို့ ငါ့ရဲ့ အမွေးအတောင်တွေ ကို နှုတ်ယူတဲ့အခါ အရမ်းနာတယ်။ ငါမ ပျော် ဘူး"လို့ ပြန်ဖြေပါတယ်။ ဒါကိုကြားပြီး ကျီးကန်းဟာ အံ့အားသင့် သွားပါတယ်။ သူက "မင်းမ ပျော်ဘူးဆိုရင် ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးငှက်က ဘယ် သူလဲ?"လို့ မေးပါတယ်။ ဒေါင်းက "ငါ ဟာ တိရစ္ဆာန်ရုံကို အသေအချာလေ့လာ ကြည့်ပြီးနောက် မင်းက တစ်ခုတည်းသော လှောင်အိမ်ထဲ အထည့်မ ခံရတဲ့ငှက်ဖြစ် တယ်ဆိုတာ သိလိုက်ရတယ်။ လူတွေက မင်းကိုဖမ်းဖို့ မကြိုးစားကြဘူး။ မကြာ သေးခင်ကအထိ ငါစဉ်းစားနေတာက ငါ သာ ကျီးကန်းဖြစ်ခဲ့ရင် ဘယ်နေရာမဆို လွတ်လွတ်လပ်လပ်သွားပြီး ပျော် နိုင်မှာ ပဲ"လို့ ဖြေပါတယ်။

* ဒါကိုကြားပြီး ကျီးကန်းဟာ ရဟန်း ဆီပြန်လာပါတယ်။ ပထမဆုံး အကြိမ် ကျီးကန်းဟာကျီးကန်းဖြစ်ရတာကို ပျော် ရွှင်လာပါတယ်။ သူက "အို ပညာရှိရဟန်း၊ ကျွန်တော်အခြား ဘာမှမဖြစ်ချင်တော့ပါ ဘူးဘူး။ ကျွန်တော်ဟာ ကျွန်တော်ဖြစ်နေတဲ့ အတိုင်းပဲကျေနပ်ပါပြီ" လို့ ပြောပါတယ်။ ဒီပုံပြင်လေးကနေတစ်ဆင့် ကျွန်နော်တို့ကို ပြောပြနေတာက

** ဘဝမှာ မလိုအပ်ဘဲ အခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြပြီး ဒီ အချက်ကြောင့်ပဲ လူအများစုဟာ မပျော်မရွှင်နိုင်ဖြစ်နေကြပါ တယ်။

ကိုယ့်မှာမရှိတာကိုကြည့်မယ့်အစား ကိုယ့်မှာရှိတာနဲ့ ပျော်ရွှင် တတ်ဖို့ သင်ယူသင့် ပါတယ်။

**ကမ္ဘာပေါ်မှာ သင့်ထက်ပိုပြီးဉာဏ်ပညာရှိတဲ့လူပိုတော်တဲ့လူ၊ ပိုချမ်းသာတဲ့လူဆိုတာ၊ ပိုလှတဲ့သူဆိုတာ အမြဲရှိနေမှာပါအကယ်၍ သင်ဟာအမြဲတမ်းအခြားသူတွေနဲ့ နှိုင်းယှဉ် နေမယ်ဆိုရင်တော့သင်ဘယ်တော့မှ ပျော် ရွှင်နိုင်မှာမဟုတ်ပါဘူး။

ာသား

၁။ ဆိုင်နေရာကောင်းခြင်းဟာ     ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးတယ်။ ၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ      ဆိုင်နေရာထက် ပိုအရေ...
09/05/2025

၁။ ဆိုင်နေရာကောင်းခြင်းဟာ
ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးတယ်။

၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ
ဆိုင်နေရာထက် ပိုအရေးကြီးနေတတ် ပြန်တယ်။
👌
၃။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ
အရေးကြီးပါတယ်။
ဖောက်သည်ကို ပိုမြဲစေပါတယ်။

၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊
ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။

၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ
အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်
ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။
စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက
ထင်မြင်သွားစေလို့ပါ။

၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊
မဝယ်မချင်းတိုက်တွန်းနေတာမျိုးရှောင်ကြဉ်ပါ။

၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ သူကိုလည်း
ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့သူလိုပဲ မျှမျှတတ ဆက်ဆံ
ပါ ။

၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။

၉။ ဝယ်သူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို
ဆဲဆိုအပြစ်တင်ခြင်းဟာ ဝယ်သူကို မောင်းထုတ်
တာပါ။

၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို
အမျိုးလို သဘောထားပါ။
တတ်နိုင်သမျှ သူတို့ရဲ့တောင်းဆိုချက်ကို
ဖြည့်ဆည်း ပေးပါ။

၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ
ဖောက်သည်ကို လျစ်လျူရှုတာ ၊
စော်ကားတာနဲ့ အတူတူပဲ။

၁၂။ စျေးနူန်းတစ်ခုတည်း ဖြစ်ပါစေ ။
တစ်ခုခုကြောင့် စျေးလျှော့ရောင်း ခြင်းဟာ
စိတ်ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။
ကတိကို ထိခိုက်နိုင်စေပါတယ်။

၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုပါနဲ့ ။
ဝယ်သူ ကြိုက်တဲ့ပစ္စည်းဟာ
ဝယ်သူ အကျိုးရှိစေတဲ့ ပစ္စည်းလည်း ဖြစ်ပါစေ ။

၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊
လက်ဆောင်ကို လူတိုင်းနှစ်သက်တတ်ကြပါတယ်။

၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။
ဝယ်သူများက ကလေးကို ခေါ်ဆောင်လာတာပဲ
ဖြစ်ဖြစ်၊
ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်
ပေးပါ။
(ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်း
မလုပ်ဘူး) ဆိုတာ သိပါစေ။

၁၆။ အသစ်ထွင်ပါ။
ဝယ်သူကို ဆွဲဆောင်နိုင်အောင်အမြဲ ကြိုးစားပါ။

၁၇။ အရောင်းအဝယ် ကြီးကြီးသေးသေး
အစွမ်းကုန် ကြိုးစားပါ။
ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။
ဝယ်သူ များလာအောင်
ဆွဲဆောင်နိုင်ကြပါလိမ့်တယ်။

ဘဝမှာ တစ်ယောက်ယောက် ကြောင့်နာကျင်မှုတွေ ကြုံခဲ့ရင် ကိုယ် ယူခဲ့တာ ပြန်ပေးလိုက်ရတာပဲလို့သဘောထားလိုက်ပါ။ကိုယ်ပါသွားလို့ပြန်...
09/02/2025

ဘဝမှာ
တစ်ယောက်ယောက် ကြောင့်
နာကျင်မှုတွေ ကြုံခဲ့ရင်
ကိုယ် ယူခဲ့တာ ပြန်ပေးလိုက်ရတာပဲလို့
သဘောထားလိုက်ပါ။

ကိုယ်ပါသွားလို့
ပြန်ယူမယ်ဆိုတဲ့ စိတ်မျိုးမမွေးပါနဲ့
သံသရာတွေ ထပ်ရှည်တတ်လို့ပါ။

ကိုယ်ခံလိုက်ရပြီလို့ သိလိုက်တဲ့ အချိန်မှာ
အကြွေး တစ်ခု ဆပ်ခွင့်ရလိုက်တာပဲလို့
ဖြေကြည့်လိုက်ပါ။

ကိုယ် ခံစားရသလို
ပြန် ခံစားစေရမယ် ဆိုတဲ့
စိတ်မျိုးတော့ မဖြစ်ပါစေနဲ့ ။

အတုံ့အလှည့်တွေက
ထပ်လာနေအုံးမှာပဲလေ …
ကိုယ့်မှာခံစားရတဲ့
ဒုက္ခတွေ ကကြီးလွန်းတဲ့ အခါ
ဝဋ်ကြွေးတွေ ဆပ်နေရတာပဲ လို့
သဘာထားပါ။

အတိုး မများခင်ဆပ်ရတာ
ကောင်းတယ်လို့ ကျေနပ်လိုက်ပါ။

ကိုယ်ဒုက္ခကြီးသလို
သူတို့တွေလည်း ကြီးပါစေ
ဆိုတာမျိုးနဲ့တော့ မတုန့်ပြန်ပါနဲ့
ဒုက္ခကြီးတွေ ထပ်တိုးနေဦးမယ်။

တကယ်တမ်းတော့
သတ္တဝါတွေမှာ
❝ ကံသာ ❞ အားကိုးရှိတာပါ။
ကိုယ့် သံသရာ ကောင်းဖို့
ကိုယ်ပဲလုပ်ရ မှာလေ
ကိုယ့်သံသရာ ပြတ်ဖို့လဲ
ကိုယ်ပဲ ဖြတ်ရ မှာ
ကိုယ့် ဝဋ်ကြွေးတွေ ကျေဖို့
ကိုယ်ပဲ ဆပ်ရမှာလေ ။

အကြွေးဆပ်ရင်း
အကြွေးတွေ ထပ်မတင်အောင်ပဲ
သတိနဲ့ ရှောင်ဖို့ပါပဲလေ ။
ာသား
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

အေးချမ်း နေချင်စရာကောင်းတဲ့နေရာလေး🍀🏡
09/02/2025

အေးချမ်း နေချင်စရာကောင်းတဲ့နေရာလေး🍀🏡

 #နောင်တမရအောင်ဖတ်ထားသင့်တယ်အသက် (၁၈) နှစ်မှ (၂၆) နှစ်အတွင်း ငွေရှာနည်းငွေစုရတာဟာ ငွေရှာရတာထက်ပိုခက်ပါတယ် ငွေစုရတာဟာ ပညာ...
09/01/2025

#နောင်တမရအောင်ဖတ်ထားသင့်တယ်

အသက် (၁၈) နှစ်မှ (၂၆) နှစ်အတွင်း ငွေရှာနည်း

ငွေစုရတာဟာ ငွေရှာရတာထက်ပိုခက်ပါတယ် ငွေစုရတာဟာ ပညာပါပဲ ။

သူများလက်ထဲဘယ်တော့မှ မထားပါနဲ့

ချမ်းသာချင်ရင် စုဗူးနဲ့စုပါ။

စားသမျှ ချီးဖြစ်တယ်ဆိုတာ မမေ့ပါနဲ့ ။

လူတန်းစေ့မနေနိုင်ခင် လူတန်းစေ့မစားချင်ပါနဲ့ ။

အဟာရဖြစ်အောင် ကျန်းမာအောင်ပဲစားပါ။

ထမင်းနှပ်မှန်အောင်စားရဖို့ ကြိုးစားနေတဲ့အချိန် အကောင်းဆုံးအလှကုန်တွေသုံးဖို့ မစဉ်းစားပါနဲ့

လူတစ်ယောက်အသက်ရှင်ဖို့ အရေးကြီးဆုံးလိုအပ်ချက်ထဲ မှာ ( စား ၊ ဝတ် ၊ နေ ) ရေးပဲ ပါပါတယ် ။

မအောင်မြင်ခင် မလှချင်ပါနဲ့အုံး။

အောင်မြင်လာရင် လှလာပါလိမ့်မယ်( မယုံရင် ယနေ့

အောင်မြင်လာသူတွေရဲ့ အရင်ရုပ်ကို ပြန်လေ့လာကြည့်ပါ)

အိပ်တယ်ဆိုတာ သေခြင်းတစ်မျိုးပါပဲအသက်(၆၀) မှာ

သေသွားရင် သင်တကယ်အသက်ရှင် တာ အသက်(၄၀) ပဲ

ရှိပါတယ် သင့်အသက်ရှင်အချိန်ရဲ့ (၃)ပုံ (၁)ပုံဟာ အိပ်ယာ

ထဲမှာ ကုန်ဆုံးသွားတယ်ဆိုတာ သတိထားမိပြီလား။

သူများ မနေနိုင်သလို နေနိုင်ချင်ရင်

သူများမစားရသလို စားရချင်ရင်

သူများအိပ်နေတဲ့အချိန် သင်အိပ်နေ သမျှတော့ သူများနဲ့ တန်းတူပဲ ဖြစ်နေအုံးမှာပါပဲ။

သူများ ဖောက်တဲ့လမ်းကို မလျှောက်ပါနဲ့ ကိုယ်လမ်းကို

ဖောက်ပြီး ကိုယ်လမ်းကို လျှောက်ပါ ဒါဆို ဘယ်တော့မှ ဘေးမရောက်ဘူးဆိုတာ မှတ်ထားပါ။ ကိုယ်ဖောက်ထားတဲ့လမ်းကို သူများလျှောက်တဲ့ခါ ရန် မ ကုယဖောကထာ လုပ်ပါနဲ့ အရှက်မခွဲပါနဲ့ ဒါဟာ ဂုဏ်ယူစရာဆိုတာ သိ ထား ပါ။

စိတ်ဓာတ်ကို မြင့်မြင့်မားမားထားပါ စိတ်ထားဆိုတာ မြင့်မှ မြတ် တာပါ။ ဘာပဲ လုပ်လုပ် အဆင်ပြေချင်ရင် စေတနာ လေးထားပြီးလုပ် ပါ ။

အကျိုးအမြတ်ကိုရှေ့တန်းတင်နေသမျှ သင်ဘယ်တော့မှမ ကြီးပွားလာနိုင်မှာမဟုတ်ဘူး။ ထောင် မြင်ရင် ရာစွန့်ရမယ်သေးငယ်တဲ့ လိုအင်ဆန္ဒတွေ ကြောင့် ကြီးမားတဲ့ ရည်မှန်းချက်တွေကို အပျက်စီးမခံပါနဲ့

အသေးဖွဲ့ကိစ္စလေးတွေအဆင်မပြေတာကြောင့်စိတ် သောကအရောက်မခံနဲ့ အချိန်ကုန်မခံနဲ့ စွန့်လွှတ်သင့်တာ ရဲရဲကြီး စွန့်လွှတ်တတ်ပါစေ။

အိမ်မပိုင်သေးဘဲ ကားဝယ်မစီးပါနဲ့ .ကားက ဘာနဲ့သွား သွား လိုရာခရီးရောက်ရင်ပြီးတာပါ ပဲ ( လူဇိမ်မခံနိုင်သေး ခင် ဖင်စိမ်မခံချင်ပါနဲ့ )နေစရာရှိရင် စားဖို့ပူစရာမလိုဘူး လူ မသေငွေမရှားပါကိုယ်ပိုင်ကားမစီးနိုင်သေးခင် IPhone ဝယ်မကိုင်ချင်ပါနဲ့( IPhone ၄လုံးဆို ကားတစ်စီးဝယ်လို့ရ ပြီနော် )

I phone မကိုင်နိုင်တာ ရှက်စရာမဟုတ်သလို IPhone က ဘဝတွက် မဖြစ်မနေလိုအပ်တဲ့အရာမဟုတ်ဘူးလေ။

ရတနာ မစုဆောင်းနိုင်ခင်မှာ Branded တွေကို မကိုင်ချင်ပါနဲ့။

ရတနာဆိုတာ ရှိ တန်ဆာ မရှိ ဝမ်းဆာ အချိန်မရွေး ငွေ ဖော် ရလွယ်တယ်ဆိုတာ မမေ့ပါနဲ့။

မိဘကို လက်ဝတ်ရတနာ မဆင်မြန်းနိုင်သေးခင် ကိုယ်တိုင် မဝတ်ဆင်ပါနဲ့

( သိပ်ကို ရှက်စရာကောင်းပါတယ် )

လူအထင်ကြီး ခံရဖို့ အပင်ပန်းခံမကြိုးစားပါနဲ့။ ( ကိုယ့်မရှိ ရင် ဘယ်သူမှ ဆန်တစ်လုံးလာမပေးပါဘူး )

လူတွေလေးစားအားကျပြီး အတုယူလာတဲ့အထိ ကြိုးစား ပြလိုက်စမ်းပါ။

လက်ညှိုးထိုးတာ သူ့အလုပ်

လက်မထောင်နိုင်အောင် ကြိုးစားရမှာ ကိုယ့်အလုပ်

သင့်မှာအချိန်များကြီးရှိပါသေးတယ်
( နောက်ဆုံးအချိန်ထိ ကြိုးစားပိုင်ခွင့်ရှိတယ်။

မိတ်ဆွေ အကောင်းဆုံးချိန်ဆိုတာ ဒီအချိန် ပါပဲ ချက်ချင်း ပြောင်းလဲလိုက်ပါ..

ာသား

09/01/2025

I got over 500 reactions on one of my posts last week! Thanks everyone for your support! 🎉

ငါ့အေနအထားကြီးနဲ့မလုပ်လို့မရတော့ဘူး ငါ့အခြေနေငါပဲသိတယ်
08/31/2025

ငါ့အေနအထားကြီးနဲ့မလုပ်လို့မရတော့ဘူး ငါ့အခြေနေငါပဲသိတယ်

ပူလောင်ခြင်းနှင့်အဝေးဆုံး တောရွာလေးမှာပဲ တစ်နေ့တော့အ​ခြေချပြီးလတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်ပင်လေးတွေနဲ့ အေးအေးချမ်းချမ်း နေသွ...
08/31/2025

ပူလောင်ခြင်းနှင့်အဝေးဆုံး တောရွာလေးမှာပဲ တစ်နေ့တော့အ​ခြေချပြီးလတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်ပင်လေးတွေနဲ့ အေးအေးချမ်းချမ်း နေသွားချင်ပါတယ်🏡🍀

လူများတဲ့နေရာတွေကိုမကြိုက်ဘူး စိတ်ရှုပ်တဲ့နေရာတွေကိုမကြိုက်ဘူး အေးချမ်းပြီး အပူပင်ကင်းတဲ့နေရာမှာပဲတစ်ယောက်တည်းနေရတာကိုအရ...
08/31/2025

လူများတဲ့နေရာတွေကိုမကြိုက်ဘူး
စိတ်ရှုပ်တဲ့နေရာတွေကိုမကြိုက်ဘူး
အေးချမ်းပြီး အပူပင်ကင်းတဲ့နေရာမှာပဲ
တစ်ယောက်တည်းနေရတာကိုအရမ်းသဘောကျတယ်။🍀🏡

ရှင့်ထက်မိုက်လို့ ရှင့်မယားလုပ်နေတာစော၊က်ကြောတော့ လာမတင်းနဲ့
08/30/2025

ရှင့်ထက်မိုက်လို့ ရှင့်မယားလုပ်နေတာ
စော၊က်ကြောတော့ လာမတင်းနဲ့

Address

Los Angeles, CA

Website

Alerts

Be the first to know and let us send you an email when Geeta Sharma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share